Tonsillitis(အာသီးရောင်ခြင်း)( November, 2022)

အာသီးရောင်ခြင်း (November, 2022)

အာသီးရောင်ခြင်း(Tonsillitis)ဟာ လူတော်တော်များများမှာ သာမာန်ဖြစ်လေ့ဖြစ်ထရှိပေမယ့် အရမ်းကြီးလည်းမပေါ့သင့်ပါဘူး။

အာသီးဟာ အာခေါင်အနောက်ဘက် လျှာခင်ရဲ့ဘေးတစ်ဘက်တစ်ချက်စီမှာရှိပါတယ်။ ( ခံတွင်းရဲ့အလယ်မှာ တွဲကျနေတဲ့ အဖုအလုံးလေးကို ဆိုလိုတာ မဟုတ်ပါဘူး )

အာသီးဟာ ကိုယ်ခံအားစနစ်အတွက်အရေးကြီးတဲ့ ပြန်ရည်ကျိတ်ရဲ့တစ်စိတ်တစ်ပိုင်းလည်းဖြစ်ပါတယ်။

????အာသီးရောင်စေသောအချက်များ

– ဗိုင်းရပ်စ်ပိုး တိုက်ရိုက်ဝင်ရောက်ခြင်း(influenza,flu virus)

– ဘက်တီးရီးယားပိုး တိုက်ရိုက်ဝင်ရောက်ခြင်း

– လည်ချောင်းပိုးဝင်ခြင်း၏ နောက်ဆက်တွဲအနေဖြင့် ရောဂါပိုးပျံ့ပွားကာ အာသီးရောင်ခြင်း စသည်တို့ဖြစ်ပါတယ်

ဒီအထဲမှာမှ ရာသီတုပ်ကွေးဗိုင်းရပ်စ်(Influenza,flu virus)ကြောင့်အာသီးရောင်တာဟာ အဖြစ်အများဆုံးပါ

????အာသီးရောင်ခြင်းလက္ခဏာများ

– လည်ချောင်းနာခြင်း

– အစာ (သို့မဟုတ်) ရေမျိုချလျှင် နာခြင်း

– ဖျားခြင်း

– ခံတွင်းနံံ့ဆိုးခြင်း

– အာသီးတွင်အဖြူ (သို့) အဝါဖတ်များတွေ့ခြင်း

– မေးရိုးအောက်တွင် အဖုလေးတစ်ဘက် တစ်ဖုစီတွေ့ခြင်း(ပြန်ရည်ကျိတ်ရောင်ခြင်း)

– ပင်ပန်းနွမ်းနယ်ခြင်း

– အန်ခြင်း

????ကလေးများတွင်အာသီးရောင်ပါက ပြတတ်သော အခြားလက္ခဏာများ

– အန်ခြင်း

– ဗိုက်အောင့်ခြင်း

– အစားမစားခြင်း

– သွားရည်ကျနေခြင်း

ကလေးတွေက လူကြီးတွေထက် အာသီးရောင်နိုင်ချေ ပိုများကြပါတယ်။ အသက် (၅) နှစ်ကနေ (၁၅)နှစ်အရွယ်တွေမှာ ဘက်တီးရီးယားပိုးဝင်ရောက်ခြင်းကြောင့် အာသီးရောင်တာ ပိုအဖြစ်များတတ်ပါတယ်။

❗️အာသီးရောင်ခြင်း၏နောက်ဆက်တွဲဆိုးကျိုးများ

– အာသီးရောင်တာမပျောက်ဘဲရေရှည်ဖြစ်နေခြင်း

– ခဏခဏ အာသီးပြန်ရောင်ခြင်း

– နား ၊ နှာခေါင်းတို့ကိုပါ ပိုးကူးစက်လာခြင်း

– ထိပ်ကပ်နာဖြစ်ခြင်း

– လည်ချောင်းထဲတွင် ပြည်တည်ခြင်း

*** Streptococcus bacteria ကြောင့်အာသီးရောင်ပါက မကုသပဲထားလျှင် သွေးလေးဘက်နာ၊ထိပ်ကပ်နာတို့ကို ဖြစ်စေနိုင်ပါသည် ***

✔️ အိမ်တွင်ကုသနိုင်သော နည်းလမ်းများ

• အနားယူပါ

• လည်ချောင်းနာသက်သာစေရန် ရေနွေးနွေးလေးသောက်ပေးပါ

• အစာပျော့ပျော့စားပါ

• ဆားရည်ဖြင့်လည်းပလုတ်ကျင်းနိုင်သည်

• အကိုက်အခဲပျောက်ဆေး (Paracetamol or ibuprofen)သောက်ခြင်း

• ငုံဆေးငုံပေးခြင်းတို့ ပြုလုပ်နိုင်ပါသည်။

အကယ်၍ မသက်သာပါက နီးစပ်ရာဆေးခန်းမှဆရာဝန်နှင့်ကုသမှုခံယူပါ။

????အာသီးမရောင်စေရန်ကာကွယ်ခြင်း

– လက်မှန်မှန်ဆေးခြင်း

– တစ်ကိုယ်ရေသုံးပစ္စည်းများကို လူအများနှင့်မျှမသုံးခြင်း ( ဥပမာ..သွားတိုက်တံ၊လက်ကိုင်ပဝါ )

– အာသီးရောင်၊လည်ချောင်းနာနေသူများနှင့်နီးနီးကပ်ကပ်မနေခြင်း…စသည်တို့ဟာ အာသီးရောင်ခြင်းကို အထိုက်အလျောက် ကာကွယ်ပေးနိုင်ပါတယ်။

Reference ????

Murtagh,J,2016.Murtagh’s patient education.6th Ed.Australia:Mcgraw-Hill Australia,pp.156

https://www.webmd.com

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#tonsillitis#အာသီးရောင်ခြင်

Ministry of Health,

National Unity Government.

Published on: 16 November 2022
Last Updated: 16 November 2022

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

အလုံပိတ်နေရာကို ကြောက်တဲ့ Claustrophobia အကြောင်း သိကောင်းစရာ

"အလုံပိတ်နေရာကို ကြောက်တဲ့ Claustrophobia အကြောင်း သိကောင်းစရာ" ဓာတ်လှေကားထဲ ခြေချမိတိုင်း ရင်ဘတ်က တင်းကျပ်လာတာ၊ အသက်ရှူကျပ်လာတာမျိုး ကြုံဖူးပါသလား။ ဒါမှမဟုတ် အခန်းကျဉ်းကျဉ်းလေးထဲ ရောက်သွားရင် ချက်ချင်း အော်ဟစ်ထွက်ပြေးချင်စိတ်‌ ပေါ်ဖူးပါသလား။ ဒီနေ့မှာတော့ စိတ်ကျန်းမာရေး ဗဟုသုတအနေနဲ့ အလုံပိတ်နေရာတွေကို ကြောက်ရွံ့ရတဲ့ Claustrophobia အကြောင်းကို မျှဝေပေးပါရစေ။...... Claustrophobia ဆိုတာ...

“ဆေးမပါရင် ဝမ်းမသွားတော့လို့ပါ ဆရာ”

တစ်နေ့သ၌ ကျွန်တော်ရှိသော ဆေးခန်းလေးသို့ လူနာ ကိုမှတ်တစ်ယောက် ရောက်လာလေသည်။ သူ၏မျက်နှာတွင် စိုးရိမ်ပူပန်မှုများ အပြည့်နှင့်။ လူနာ - "ဆရာရယ်... ကျွန်တော် ဝမ်းနုတ်ဆေး သောက်လာတာ နှစ်နဲ့ချီနေပြီ။ အခုဆို ဝမ်းနုတ်ဆေး မသောက်ရင် လုံးဝ ဝမ်းမသွားတော့ဘူး။ ဆေးကို အမြဲအားကိုးနေရတာ စိတ်လည်းညစ်လာပြီ။ တစ်ခုခုဖြစ်မှာလည်း...

နွားနိုနဲ့ သံပရာသီးက တကယ်ပဲ မတည့်တာလား

🥛နွားနို့နဲ့ 🍋‍🟩သံပရာသီးက တကယ်ပဲ မတည့်တာလား သင်္ဘောသီးထောင်းလေးကို ချဥ်ချဥ်စပ်စပ်လေး သံပရာသီးလေး ညှစ်စားပြီး ခဏနေတော့ လက်ဖက်ရည်ဆိုင်မှာ နွားနို့ပူပူလေးတစ်ခွက် မှာသောက်ဖို့ကြံနေတုန်း "ဟဲ့... နွားနို့နဲ့ သံပရာသီး တွဲစားရင် ဗိုက်ထဲမှာ နို့တွေခဲပြီး သေတတ်တယ်နော်" ဆိုတဲ့ လူကြီးတွေ ပြောစကားကို နားထဲ ကြားယောင်လာတယ်။ တချို့ကလည်း...

အယူအဆလွဲများ (၄၂)

❌ အယူအဆလွဲ >>>> အတက်ရောဂါ (ဥပမာ - ဝက်ရူးပြန်ရောဂါ) ကြောင့် တက်နေတဲ့သူကို လျှာကိုက်မိပြီး သွေးထွက်မှာစိုးလို့ ပါးစပ်ထဲကို ဇွန်း၊ တုတ် ဒါမှမဟုတ် လက်ချောင်းတွေ ထည့်ပြီး ကိုက်ထားခိုင်းလေ့ ရှိကြတာ။ ☑️ အမှန် >>>> တက်နေတဲ့အချိန်မှာ မေးရိုးကြွက်သားတွေက အလွန်အားပြင်းပါတယ်။...