သုက်လွှတ်​မြန်ခြင်း “Premature Ejaculation” (May 2023)

သုက်လွှတ်​မြန်ခြင်းဆိုတာ ဘာလဲ ?

သုက်လွှတ်မြန်တယ်ဆိုတာ အမျိုးသားတွေမှာ ဖြစ်လေ့ရှိတဲ့ မိမိလက်တွဲဖော်နဲ့ အတူနေစဥ်အတွင်း လိုချင်တာထက် ပိုစောပြီး ခန္ဓာကိုယ်မှ သုက်ရည်ထွက်ခြင်းကို ခေါ်ပါတယ်။ သုက်လွှတ်မြန်ခြင်းဟာ အဖြစ်များတဲ့ လိင်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုဖြစ်ပြီး အမျိုးသား (၃) ဦးမှာ (၁) ဦး ဖြစ်လေ့ရှိတယ်လို့ ဆိုပါတယ်။

သုက်လွှတ်မြန်ခြင်းဟာ မကြာခဏ မဖြစ်ရင် စိုးရိမ်စရာ မရှိပါဘူး။ ဒါပေမယ့် …

ထိုးသွင်းဆက်ဆံပြီး (၁) မိနစ်မှ (၃) မိနစ်အတွင်း အမြဲတမ်း (သို့မဟုတ်) အမြဲတမ်းလိုလို သုက်လွှတ်နေရင်

– အတူနေစဥ်အတွင်း အချိန်တိုင်း (သို့မဟုတ်) အချိန်တိုင်းနိီးပါး အချိန်ကြာအောင်ထိန်းထားဖို့ မစွမ်းနိုင်ရင်

– စိတ်ဖိစီးခြင်းနဲ့ စိတ်ပျက်ခြင်းတို့ကို ခံစားရပြီး အကျိုးဆက်အနေနဲ့ လိင်မှုကိစ္စကို ရှောင်ရှားလာရင်တော့….. သုက်လွှတ်မြန်တဲ့ပြဿနာ ရှိနေပြီလို့ ဆိုနိုင်ပါတယ်။

သုက်လွှတ်မြန်တာကို ကုသပျောက်ကင်းနိုင်ပါတယ်။ ဆေးဝါးတွေ၊ ဆွေးနွေးအကြံဉာဏ်ယူတာတွေနဲ့ သုက်လွှတ်တာကို နှောင့်နှေးစေတဲ့ နည်းလမ်းတွေက သင်နဲ့ သင့်လက်တွဲဖော်အတွက် အတူနေခြင်းကို အဆင်ပြေကောင်းမွန်စေပါတယ်။

..

..

???? သုက်လွှတ်မြန်ခြင်းရဲ့ လက္ခဏာများ

သုက်လွှတ်​မြန်ခြင်းရဲ့ အဓိကလက္ခဏာကတော့ ထိုးသွင်းဆက်ဆံအပြီး (၃) မိနစ်ကြာအောင် သုက်လွှတ်ခြင်းကို မထိန်းထားနိုင်တာ ဖြစ်ပါတယ်။

လိင်ပိုင်းဆိုင်ရာ အခြေအနေအားလုံးမှာ ဖြစ်နိုင်ပြီး တစ်ကိုယ်ရေ အာသာဖြေနေချိန်မှာတောင် ဖြစ်နိုင်ပါတယ်။

..

..

???? သုက်လွှတ်မြန်ခြင်းကို အောက်ပါအတိုင်း ခွဲခြားနိုင်ပါတယ်။

• တစ်သက်တာလုံး သုက်လွှတ်မြန်ခြင်း (Lifelong premature ejaculation)

Lifelong premature ejaculation ဟာ ပထမဦးဆုံး အတူနေခြင်းမှ အစပြုပြီး အချိန်တိုင်း (သို့) အချိန်တိုင်းနီးပါး ဖြစ်လေ့ရှိပါတယ်။

.

• အချိန်တစ်ခုရောက်မှ ဖြစ်လာသော သုက်လွှတ်မြန်ခြင်း (Acquired premature ejaculation)

Acquired premature ejaculation ဟာ ယခင် အတူနေတဲ့အတွေ့အကြုံတွေမှာ သုက်လွှတ်ခြင်းနဲ့ပတ်သတ်ပြီး ပြဿနာမရှိဘဲ အခုမှဖြစ်လာခြင်းမျိုး ဖြစ်ပါတယ်။

အမျိုးသား အများစုအနေနဲ့ သူတို့မှာ သုက်လွှတ်မြန်တဲ့ လက္ခဏာတွေရှိတယ်လို့ ခံစားရပေမယ့် တကယ်တမ်းမှာတော့ အဲ့ဒီ့ လက္ခဏာတွေဟာ ရောဂါအမည်တပ်ဖို့ သတ်မှတ်စံနှုန်းတွေနဲ့ ကိုက်ညီလေ့မရှိတာကို တွေ့ရပါတယ်။ သုက်လွှတ်မြန်ခြင်းကို တစ်ခါတစ်ရံ ခံစားရလေ့ရှိတတ်တာက ပုံမှန်သာဖြစ်ပါတယ်။

..

..

???? သုက်လွှတ်မြန်ခြင်းကို ဘာတွေက ဖြစ်စေတာလဲ ?

သုက်လွှတ်မြန်ခြင်းကို ဖြစ်စေတဲ့ တိကျတဲ့ အကြောင်းရင်းကို မသိရသေးပါဘူး။

အရင်တုန်းကတော့ စိတ်ပိုင်းဆိုင်ရာပြဿနာတစ်ခုတည်းကြောင့်ဖြစ်တာလို့ ထင်မှတ်ခဲ့ကြပေမယ့် သုက်လွှတ်စောခြင်းဟာ စိတ်ပိုင်းဆိုင်ရာနဲ့ ဇီဝကမ္မဆိုင်ရာ အကြောင်းရင်းတွေရဲ့ ရှုပ်ထွေးတဲ့ အပြန်အလှန်အကျိုးသက်ရောက်မှုတွေ ပါ၀င်ကြောင်း ကျန်းမာရေးစောင့်ရှောက်မှုပေးသူတွေက ယခုနောက်ပိုင်းမှာ လေ့လာတွေ့ရှိထားကြပါတယ်။

..

..

❗ စိတ်ပိုင်းဆိုင်ရာ အကြောင်းတရားများ

အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်နိုင်တဲ့ စိတ်ပိုင်းဆိုင်ရာအကြောင်းရင်းတွေကတော့ ….

– အသက်ငယ်ရွယ်စဥ် စောစီးစွာ ခံစားကြုံတွေ့ခဲ့ရသော လိင်ပိုင်းဆိုင်ရာအတွေ့အကြုံများ (Early sexual experience)

– လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားခံရခြင်း (Sexual abuse)

– ခန္ဓာကိုယ်ပုံပန်းသွင်ပြင် ချို့တဲ့ခြင်း (Poor body image)

– စိတ်ကျရောဂါ (Depression)

– သုက်လွှတ်မြန်မှာကို ကြိုတင် စိုးရိမ်နေခြင်း

– အတူနေခြင်းကို အလျင်စလိုဖြစ်စေနိုင်တဲ့ အပြစ်ရှိသော ခံစားချက်များ…. စတာတွေ ပါဝင်ပါတယ်။

..

..

❗အခြားဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေအနေနဲ့…

• ပန်းသေပန်းညှိုးခြင်း (Erectile dysfunction) နဲ့

• လိင်တံကြာရှည်စွာ ထောင်မတ်နိုင်ရန်အတွက် မစွမ်းဆောင်နိုင်တာ (ဒါမှမဟုတ်) ကြာရှည်မထိန်းထားနိုင်တာကလည်း သုက်လွှတ်မြန်စေပါတယ်။

ဒါ့အပြင် လိင်တံမထောင်မတ်တော့မှာ ပူပန်နေခြင်းက ကိုယ်တိုင် သတိထားမိသည်ဖြစ်စေ၊ သတိမထားမိသည်ဖြစ်စေ အတူနေခြင်းကို အလျင်စလို ဖြစ်စေနိုင်ပါတယ်။

..

..

စိုးရိမ်ပူပန်မှု (Anxiety)

သုက်လွှတ်မြန်ခြင်းနဲ့ စိုးရိမ်ပူပန်မှုတို့ဟာ အတူတူဖြစ်လေ့ရှိပြီး အဖြစ်များပါတယ်။

စိုးရိမ်သောကဟာ လိင်ပိုင်းဆိုင်ရာလုပ်ဆောင်မှု (ဒါမှမဟုတ်) အခြားပြဿနာတွေနဲ့ ပတ်သက်နိုင်ပါတယ်။

ဘဝရဲ့ မည်သည့်နယ်ပယ်မှာမဆို စိတ်ခံစားမှုနဲ့ စိတ်ပိုင်းဆိုင်ရာ တင်းမာမှုတွေက သုက်လွှတ်မြန်ခြင်းမှာ ပါဝင်နိုင်ပြီး၊ စိတ်ဖိစီးမှုဟာ အတူ​နေစဉ်အချိန်အတွင်း စိတ်လျှော့ပြီး အာရုံစိုက်နိုင်စွမ်းကို ကန့်သတ်စေနိုင်ပါတယ်။

.

လက်တွဲဖော်နဲ့ နှစ်ဦးကြား ဆက်ဆံရေး ပြဿနာများ (Relationship problems)

ပေါင်းသင်းဆက်ဆံရေး ပြဿနာတွေဟာလည်း သုက်လွှတ်မြန်ခြင်းကို ​ဖြစ်စေတဲ့ အကြောင်းခံ ဖြစ်နိုင်ပါတယ်။

..

..

❗ ဇီဝကမ္မဆိုင်ရာ အကြောင်းတရားများ

– ဟော်မုန်းပမာဏ ပုံမှန်မဟုတ်ခြင်း

– ဦးနှောက်ထဲရှိ ဓာတုပစ္စည်းများ ပမာဏ ပုံမှန်မဟုတ်ခြင်း

– ဆီးကျိတ် (သို့မဟုတ်) ဆီးစွန့်ပြွန် ရောင်ရမ်းခြင်းနှင့် ပိုးဝင်ခြင်း

– မျိုးရိုးလိုက်ခြင်း

..

..

???? နောက်ဆက်တွဲဆိုးကျိုးများ

သုက်လွှတ်မြန်ခြင်းဟာ သင့်ကိုယ်ပိုင်ဘ၀မှာ အချို့ပြဿနာတွေလည်း ဖြစ်စေနိုင်ပါတယ်။

– စိတ်ဖိစီးမှုနှင့် ဆက်ဆံရေးပြဿနာများ

သုက်လွှတ်မြန်ခြင်းရဲ့ အဖြစ်များတဲ့ နောက်ဆက်တွဲပြဿနာကတော့ လက်တွဲဖော်နဲ့ ပေါင်းသင်းဆက်ဆံရေး ဖိစီးမှု (Relationship stress) ဖြစ်ပါတယ်။

.

– သန္ဓေအောင်ခြင်း ပြဿနာများ

သုက်လွှတ်မြန်ခြင်းဟာ တစ်ခါတစ်ရံမှာ လက်တွဲဖော်အတွက် ကိုယ်ဝန်ရရန် ခက်ခဲစေပြီး၊ မိန်းမကိုယ်တွင်း သုက်လွှတ်ခြင်း မရှိတာကလည်း အကြောင်းရင်းတစ်ခု ဖြစ်လာစေပါတယ်။

..

..

???? ဘယ်အချိန်မှာ ဆရာဝန်သွားပြရမလဲ ?

အတူနေချိန်အများစုမှာ သင့်ဆန္ဒထက် စောလျင်စွာ သုက်ထွက်နေရင် ဆရာဝန်နဲ့ ဆွေးနွေးပါ။

မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးရာမှာ ရှက်ရွံ့မှု ခံစားရလေ့ရှိတတ်ပေမယ့်လည်း ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ဖို့ ဝန်မလေးပါနဲ့။

သုက်လွှတ်စောခြင်းဟာ အဖြစ်များပြီး ကုသနိုင်ပါတယ်။

ဆရာဝန်နဲ့ စကားပြောဆိုခြင်းက စိုးရိမ်ပူပန်မှုတွေကို လျော့ပါးစေနိုင်ပါတယ်။

ဥပမာအားဖြင့် သုက်လွှတ်မြန်တာကို ရံဖန်ရံခါ ခံစားရတာဟာ ပုံမှန်သာဖြစ်​ပြီး၊ ရောဂါမဟုတ်ကြောင်း ကြားသိရတာဟာ စိတ်အေးစရာ ဖြစ်နိုင်ပါတယ်။

အတူနေချိန်အစမှ သုက်လွှတ်ချိန်အထိ ပျမ်းမျှကြာချိန်ဟာ သာမာန်အမျိုးသားတွေမှာတောင် ငါးမိနစ်ခန့်သာဖြစ်ကြောင်းကို သိရှိဖို့လည်း ကူညီပေးနိုင်ပါတယ်။

ကြင်စိုးလို “တက်ထွက်” ဖြစ်ခြင်းမှ အမျိုးသားတိုင်း ကင်းဝေးနို​င်စေဖို့ မျှဝေပေးလိုက်ပါတယ် ။ ။

Source – https://www.mayoclinic.org/…/symptoms…/syc-20354900….

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် (https://m.me/telehealthmm) ကို နှိပ်ပါ

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

#nugmoh#telehealth#telemedicine

#teleconsultation#တယ်လီကျန်းမာ#Telekyanmar

#premature_ejaculation#သုက်လွှတ်မြန်ခြင်း

Ministry of Health,

National Unity Government.

Published on: 15 May 2023

Last updated: 15 May 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

စိုးရိမ်စိတ်တွေနှင့် နေခဲ့ဖူးသူတစ်ယောက် – အပိုင်း (၃)(မုန်တိုင်းအလွန်က မျှော်လင့်ချက်ရောင်ခြည်လေး)

စိုးရိမ်စိတ်တွေနှင့် နေခဲ့ဖူးသူတစ်ယောက် - အပိုင်း (၃)(မုန်တိုင်းအလွန်က မျှော်လင့်ချက်ရောင်ခြည်လေး) ဘယ်လောက်ကြာကြာ ကျွန်တော် ဟန်ဆောင်နေနိုင်မှာလဲဆိုတာကို ကျွန်တော် မသိဘူး။ လူတွေရှေ့မှာ သန်မာဟန်ဆောင်ရင်း အတွင်းစိတ်မှာတော့ နေ့စဉ်နဲ့အမျှ အစိတ်စိတ်အမွှာမွှာ ပြိုကွဲနေရတဲ့ ဘဝဟာ တစ်နေ့မှာတော့ ရပ်တည်နိုင်စွမ်း အကန့်အသတ်ကို ရောက်လာခဲ့ပါတယ်။ နေ့တိုင်း ရင်ဆိုင်ရလွန်းတဲ့အခါ ကျွန်တော့်ရဲ့ စိတ်ဝိညာဉ်ဟာ...

ရာသီဥတု ပူပြင်းနေချိန်တွင် အရက်သောက်ပါက(မေလ၊ ၂၀၂၆ ခုနှစ်)

▪️ ရေဓာတ်ခန်းခြောက်ပြီး အရေးပေါ် အပူလျှပ်ခြင်း (Heat stroke) ကို ပိုမို ဖြစ်စေနိုင်သည်။▪️ အရက်ကို အလွန်အကျွံ မသောက်ပါနှင့်။▪️ အရက်ကို လုံးဝရှောင်ကြဉ်ပါ သိုမဟုတ် လျှော့သောက်ပါ။▪️ ရေများများ သောက်ပါ။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

တဖြည်းဖြည်းနဲ့ ပလတ်စတစ်ဖြစ်လာသော လူသားများ

"တဖြည်းဖြည်းနဲ့ ပလတ်စတစ်ဖြစ်လာသော လူသားများ" ပလတ်စတစ်ကို ရှာဖွေတွေ့ရှိပြီး အသုံးပြုလာကြတာတော့ (၂၀) ရာစု အစပိုင်းမှာပါ။ တဖြည်းဖြည်းနဲ့ ကျယ်ပြန့်စွာ နေ့စဥ်ဘ၀ထဲ ရောက်ရှိလာတာတော့ ဒုတိယကမ္ဘာစစ်အတွင်း လိုအပ်ချက်တွေကြောင့်လို့ပြောရမှာပဲ။ အသုံး၀င်တယ်။ သုံးလို့လည်း ကောင်းတာကိုး။ ဒီလိုနဲ့ ပလတ်စတစ်တွေ သုံးလာလိုက်ကြတာ ပလတ်စတစ်အမှိုက်တွေ စုပြုံပြီး ဘယ်လိုစွန့်ပစ်ရမလဲလို့ အခက်တွေ့ကြတဲ့အထိပါပဲ။ မယုံမရှိပါနဲ့။...

စိုးရိမ်စိတ်တွေနှင့် နေခဲ့ဖူးသူတစ်ယောက် – အပိုင်း (၂)(ဟန်ဆောင်မျက်နှာဖုံးအောက်က မမြင်ရသော စစ်ပွဲများ)

လူတွေက Anxiety ကို စိတ်ထားမတတ်လို့ ဖြစ်တာလို့ ထင်တတ်ကြတယ်။ တကယ်တော့ Anxiety ဆိုတာ စိတ်ကနေ စတင်ပြီး ခန္ဓာကိုယ် တစ်ခုလုံးကို ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်တဲ့ မမြင်ရတဲ့ ရောဂါဆိုးကြီး တစ်ခုပါ။ အပြင်ပန်းက ကြည့်ရင် အကောင်းပကတိလို ဖြစ်နေပေမယ့် ဝေဒနာရှင်ရဲ့ အတွင်းစိတ်နဲ့...