Obesity

“ကိုယ်အလေးချိန်များခြင်း (Overweight) နဲ့ အဝလွန်ခြင်း (Obesity) ဟာ ရောဂါတစ်ခုလား”

Overweight နဲ့ Obesity ဆိုတာဟာ ကျန်းမာရေးကိုထိခိုက်စေတဲ့ ပုံမှန်မဟုတ်သော (သို့မဟုတ်) ပိုကဲသော အဆီများစုပုံခြင်းလို့ အဓိပ္ပါယ်သတ်မှတ်ပါတယ်။

အရွယ်ရောက်ပြီးသူတွေမှာ Overweight နဲ့ Obesity ကို အမျိုးအစားခွဲဖို့အတွက် အများအားဖြင့် အသုံးပြုလေ့ရှိတဲ့ အညွှန်းကိန်းကတော့ Body mass index (BMI) ဖြစ်ပါတယ်။

လူတစ်ယောက်ရဲ့ ကိုယ်အလေးချိန် (Kilogram) ကို အရပ်အမြင့် (meter²) နဲ့ အချိုးချစားခြင်းဖြင့် BMI ကို တွက်နိုင်ပါတယ်။

BMI = weight(kg) / height(m²)

အရွယ်ရောက်ပြီးသူတွေအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO က…

• BMI 23 (ဒါမှမဟုတ်) 23 နဲ့အထက်ကို Overweight

• BMI 28 (ဒါမှမဟုတ်) 28 နဲ့အထက်ကို Obesity လို့ သတ်မှတ်ထားပါတယ်။

BMI ဟာ အရပ်နဲ့ ကိုယ်အလေးချိန်ကို မူတည်ပြီးတွက်ထားကာ ကျား/မ မခွဲခြားတာကြောင့် အရွယ်ရောက်ပြီးသူတိုင်းအတွက် Overweight နဲ့ Obesity ကို လူဦးရေအဆင့်တိုင်းတာဖို့အတွက် အကောင်းဆုံး ညွှန်းကိန်းတစ်ခု ဖြစ်ပါတယ်။

ဒါပေမယ့် လူတစ်ယောက်ချင်းစီရဲဲ့ အဆီပမာဏဟာ မတူညီနိုင်တဲ့အတွက် BMI ကို အကြမ်းဖျဥ်းလမ်းညွှန်လို့ပဲ ယူဆသင့်ပါတယ်။

ကလေးတွေမှာတော့ Overweight နဲ့ Obesity ကို သတ်မှတ်တဲ့အခါ BMI for age လို့ခေါ်တဲ့ Graph ဇယားနဲ့ တိုင်းတာလေ့ရှိပြီး အသက်အရွယ်ကို ထည့်သွင်းစဥ်းစားဖို့ လိုအပ်ပါတယ်။
..
..

???? Overweight နဲ့ Obesity ကို ဘာတွေက ဖြစ်စေတာလဲ ?

Overweight နဲ့ Obesity ရဲ့ အခြေခံအကြောင်းရင်းကတော့ စားသုံးတဲ့ကယ်လိုရီနဲ့ ခန္ဓာကိုယ်က သုံးစွဲလိုက်တဲ့ ကယ်လိုရီတွေကြား စွမ်းအင်မညီမျှလို့ ဖြစ်ပါတယ်။

• အဆီနဲ့ သကြားဓာတ်များတဲ့ အစားအစာတွေကို စားသုံးမှုများလာခြင်း

• အထိုင်များတဲ့ အလုပ်အကိုင်ပုံစံများ၊ သယ်ယူပို့ဆောင်မှုပုံစံများ ပြောင်းလဲလာခြင်း၊ မြို့ပြအဖြစ် တိုးမြင့်လာခြင်းတို့ကြောင့် ကိုယ်လက်လှုပ်ရှားမှု မရှိခြင်း ( Sedentary Lifestyle)

• မျိုးရိုးဗီဇ (Genetics)… စတာတွေကြောင့် ဖြစ်စေနိုင်ပါတယ်။

..
..

???? Overweight နဲ့ Obesity ရဲ့အဖြစ်များတဲ့ ကျန်းမာရေးဆိုးကျိုးတွေက ဘာတွေလဲ ?

လူကြီးတွေမှာ BMI များနေရင် နာတာရှည်ရောဂါတွေ ဖြစ်နိုင်ခြေပိုများပါတယ်။

• နှလုံးသွေး​ကြောဆိုင်ရာရောဂါတွေ (အဓိကအားဖြင့် နှလုံးရောဂါနှင့် လေဖြတ်ခြင်း)

• သွေးတိုးနှင့် ဆီးချို

• ကြွက်သားနှင့် အရိုးဆိုင်ရာရောဂါများ (အထူးသဖြင့် အရိုးကျီးပေါင်းတက်ခြင်း)

• အချို့ ကင်ဆာရောဂါများ (သားအိမ်၊ ရင်သား၊ သားဥအိမ်၊ ဆီးကျိတ်၊ အသည်း၊ သည်းခြေအိတ်၊ ကျောက်ကပ် နှင့် အူမကြီး) …. စတာတွေဟာ အဝလွန်တာရဲ့ နောက်ဆက်တွဲအနေနဲ့ ဆက်စပ်မှုရှိတာကို လေ့လာချက်များအရတွေ့ရပါတယ်။
.

ကလေးတွေမှာ ဆိုရင်တော့….

ကလေးဘဝတည်းက ပုံမှန်ထက် ကိုယ်အလေးချိန်များနေတာဟာ အရွယ်ရောက်တဲ့အချိန်မှာ အဝလွန်တာ၊ အရွယ်မတိုင်မီ သေဆုံးတာနဲ့ မသန်စွမ်းဖြစ်နိုင်ခြေ မြင့်မားတာတွေနဲ့ ဆက်စပ်နေပါတယ်။

ဒါ့အပြင် အဝလွန်တဲ့ ကလေးတွေမှာ အသက်ရှူရခက်ခဲခြင်း၊ အရိုးကျိုးလွယ်ခြင်း၊ သွေးတိုးရောဂါ၊ နှလုံးသွေးကြောဆိုင်ရာရောဂါများ၊ သွေးတွင်းသကြားဓာတ်ထိန်းပေးသော အင်ဆူလင် ဟော်မုန်းကို ခန္တာကိုယ်မှ တုံ့ပြန်မှုမရှိသဖြင့် ဆီးချိုဖြစ်လာခြင်း (insulin resistance) နှင့် စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုများ တိုးလာခြင်းကို ​ကြုံတွေ့ရနိုင်ပါတယ်။
..
..

???? Overweight နဲ့ Obesity ကို ဘယ်လိုလျှော့ချနိုင်မလဲ ?

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို ရွေးချယ်စားသုံးခြင်းနဲ့ ပုံမှန်ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းဖြင့် ၀ခြင်း နှင့် အ၀လွန်ခြင်းကို လျှော့ချနိုင်ပါတယ်။

• အဆီနဲ့ သကြား လျှော့စားပါ။

• သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ ပဲ၊ အစေ့အဆန်တွေနဲ့ အခွံမာသီးတွေကို များများစားပေးပါ။

• ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ပါ။
(ကလေးတွေအတွက် တစ်နေ့ကို မိနစ် ၆ဝ နဲ့ လူကြီးတွေအတွက် တစ်နေ့ကို ၃၀ မိနစ်ခန့်၊ တစ်ပတ်ကို အနည်းဆုံး မိနစ် ၁၅၀ လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ)

မိမိရဲ့ BMI ကို တစ်နှစ်ကို အနည်းဆုံးတစ်ကြိမ် စစ်ဆေးသင့်ပါတယ်။

..
..

???? ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသရမလဲ ?

ကိုယ့် BMI တိုင်းတာမှုက 28 (ဒါမှမဟုတ်) 28 နဲ့အထက်ရှိနေပြီး ကိုယ်အလေးချိန်နဲ့ပတ်သက်တဲ့ ကျန်းမာရေးပြဿနာတွေကို စိုးရိမ်လာရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

ဆရာဝန်က အဝလွန်တာနဲ့ ဆက်စပ်တဲ့ ကျန်းမာရေးအန္တရာယ်တွေကို အကဲဖြတ်ပေးပါလိမ့်မယ်။ ဒါ့အပြင် အဝလွန်တာကို ထိန်းညှိဖို့ နည်းလမ်းတွေကို ပြောပြပြီး ကိုယ်အလေးချိန်လျှော့ချနိုင်ဖို့ရာ ရွေးချယ်စရာနည်းလမ်းတွေကိုလည်း အသေးစိတ်ဆွေးနွေးနိုင်ပါတယ်။

Reference ????
https://www.who.int/…/fac…/detail/obesity-and-overweight

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် ( https://m.me/telehealthmm ) ကို နှိပ်ပါ

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ#Telekyanmar
#overweight#obesity#အဝလွန်ခြင်

Ministry of Health,

National Unity Government.

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

ဖောက်ပြန်ခံရတဲ့အခါ ….

ပတ်ဝန်းကျင်မှာ ဒါမှမဟုတ် ဆိုရှယ်မီဒီယာမှာ ခဏခဏ မြင်ဖူး၊ ကြားဖူးကြပါလိမ့်မယ်။ အိမ်ထောင်ဖက် ဒါမှမဟုတ် ချစ်သူက ဖောက်ပြန်သွားတဲ့အခါ.... ဖောက်ပြန်ခံရတဲ့သူကပဲ "ငါ ဘာတွေ လိုအပ်သွားလို့လဲ"၊ "ငါ့မှာ ဘာအားနည်းချက်ရှိလို့လဲ"၊ "ငါ့အပြစ်တွေပဲ" ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်ရှာ၊ လက်ညှိုးထိုးတတ်ကြပါတယ်။ တကယ်တော့ အမှားလုပ်တာက တစ်ဖက်လူဖြစ်ပြီး နာကျင်ရတာက...

ဒိုပါမင်း အလွန်အကျွံလှုံ့ဆော်မှုကို ခဏတာဖြတ်တောက်ခြင်း Dopamine Fasting

ဖုန်းသုံးနေရင်း social media ပေါ်က short videos တွေကို တစ်ခုပြီးတစ်ခု ပွတ်နေရင်း အချိန်တွေကုန်မှန်းမသိ ကုန်သွားတာမျိုး ကြုံဖူးပါသလား။ ဒီလိုဖြစ်ရတဲ့ အဓိကတရားခံကတော့ ဦးနှောက်ထဲက ဒိုပါမင်း (Dopamine) ဓာတ်တွေ အလွန်အကျွံ လှုံ့ဆော်ခံနေရလို့ပဲ ဖြစ်ပါတယ်။ ဒိုပါမင်း (Dopamine) ဆိုတာ အလွယ်ပြောရရင် ကျွန်မတို့...

သွေးစစ်ဖို့ နောက်မကျပါစေနဲ့

ဆေးခန်းရှေ့ရောက်မှ ရင်တွေတအားခုန်လာပြီး နောက်ပြန်လှည့်ပြေးချင်စိတ် ပေါက်ဖူးလား။ "အဖြေတစ်ခုခု ထွက်လာရင် ငါဘယ်လို ရှေ့ဆက်ရမလဲ" ဆိုတဲ့ အတွေးက လူကို အတော်လေး မွန်းကျပ်စေတာ အမှန်ပဲ။ HIV လို၊ ကာလသားရောဂါလို ကိစ္စတွေမှာ သွေးသွားစစ်ဖို့ ကြောက်နေတာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ လူတိုင်းလိုလို ဒီခံစားချက်ကို ဖြတ်သန်းဖူးကြတာချည်းပဲ။ ဒါပေမယ့်...

အယူအဆလွဲများ (၃၇)

❌ အယူအဆလွဲ >>> နှာခေါင်းသွေးယိုတဲ့အခါ သွေးတွေ အပြင်ကို ထပ်မထွက်လာစေဖို့ ခေါင်းကို အနောက်ဘက်ကို မော့ပစ်လိုက်တာ ဒါမှမဟုတ် ပက်လက်လှန်အိပ်ခိုင်းလိုက်တာ။ ☑️ အမှန် >>> ခေါင်းကို အနောက်ကို မော့လိုက်တဲ့အခါ နှာခေါင်းထဲက သွေးတွေဟာ အပြင်ကို မစီးတော့တာ မှန်ပေမယ့် အဲဒီသွေးတွေဟာ လည်ချောင်းထဲမှတစ်ဆင့်...