Fever ( အဖျားတက်ခြင်း )(December, 2022)

Fever ( အဖျားတက်ခြင်း )

ဖျားတယ်ဆိုတာ ဘာအဓိပ္ပါယ်လဲ ?

ပုံမှန်ခန္ဓာကိုယ်အပူချိန်ဟာ (ပါးစပ်ကနေတိုင်းရင်) ၃၇ ဒီဂရီ ဆဲလ်စီယပ် (သို့) စင်တီဂရိတ် (37°C) လောက်ရှိပါတယ်။

မနက်ကို 37.5°C ထက် ကျော်သွားရင်၊ ကျန်တဲ့အချိန်မှာ 37.8°C ထက် ကျော်သွားရင် အဖျားရှိတယ်လို့ ပြောနိုင်ပါတယ်။

ဘာ့ကြောင့် ဖျားရလဲ ?

အများအားဖြင်းတော့ ရောဂါပိုးကူးစက်လို့ ဖျားကြတာပါ။ ဗိုင်းရပ်စ်ပိုး (virus) ကြောင့် အဖြစ်များပြီး ဘက်တီးရီးယားပိုး (bacteria) ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီရောဂါပိုးတွေကိုတိုက်ဖို့ ခန္ဓာကိုယ်က ထုတ်လွှတ်လိုက်တဲ့ ဓာတုပစ္စည်း (chemicals)တွေကြောင့် ဖျားတာပါ။ ရောဂါကူးစက်မှု မရှိတော့တဲ့အခါ ကိုယ်အပူချိန် ပုံမှန်ပြန်ဖြစ်သွားပါတယ်။

ဖျားခြင်းရဲ့ အကျိုးကျေးဇူးများ

တကယ်တော့ ဖျားတယ်ဆိုတာ ရောဂါပိုးတွေကို တိုက်ဖို့အတွက် ခန္ဓာကိုယ်ရဲ့ ခုခံတုံ့​​ပြန်မှုတစ်မျိုး ဖြစ်ပါတယ်။ အဖျားငွေ့ငွေ့လေး (39°C) လောက်က ရောဂါပိုးတွေကို ဖယ်ရှားနိုင်ဖို့ ကိုယ်ခံအားကို အထောက်အကူ ဖြစ်စေပါတယ်။

ဖျားတဲ့အခါ ကြုံတွေ့ရတဲ့ ရောဂါလက္ခဏာတွေကတော့…

– ပူအိုက်တာ၊ ချွေးပျံတာ
– လေးလံထိုင်းမှိုင်းတာ၊ နေလို့မကောင်းတာ
– မျက်နှာ နီမြန်းတာ
– ချမ်းပြီး တုန်တာ
– သွားကြိတ်တာတွေ ဖြစ်တတ်ပါတယ်။
..
..

ကလေးတွေမှာဖြစ်တဲ့ အဖျားရောဂါ

ကလေးတွေမှာ မကြာခဏပိုဖျားတတ်ပါတယ်။ ဖျားရင်လည်း အချိန်တိုအတွင်းမှာ 38.5°C နဲ့အထက် ဖြစ်တတ်ပါတယ်။ ဒါဟာ ရောဂါပြင်းထန်နေတာတော့ မဆိုလိုပါဘူး။ ကလေးတွေ ( အထူးသဖြင့် မွေးကင်းစတွေနဲ့ လမ်းလျှောက်ခါစအရွယ် )ဟာ တစ်နှစ်ကို အနည်းဆုံး ၅ ကြိမ်၊ ၆ ကြိမ်လောက် ဖျားတတ်ပါတယ်။

ဖျားတာကြောင့် ဘယ်အချိန်မှာ အန္တရာယ်ဖြစ်နိုင်လဲ ?

41.5°C ထက်ကျော်ရင် အန္တရာယ်ဖြစ်နိုင်ပါတယ်။ ကလေးတွေမှာတော့ အဲ့လောက်ထိတက်တာ မတွေ့ရ သလောက်ပါဘဲ။

ဖျားတဲ့အခါ ခန္ဓာကိုယ်တွင်း ရေဓာတ်ကုန်ခမ်းတာ (dehydration)ဖြစ်တတ်ပါတယ်။ ဒါကြောင့် ရေများများသောက်ဖို့ လိုပါတယ်။

အဖျားသက်သာဖို့ ဘာတွေလုပ်လို့ရလဲ ?

လူကြီးတွေဆိုရင်

– ဖြစ်နိုင်သလောက် အနားယူပါ။
– အဝတ်အစား အထပ်ထပ်ဝတ်တာ၊ စောင်ခြုံတာ စတဲ့ အပူလွန်ကဲစေတာတွေ ရှောင်ပါ။
– ရေများများသောက်ပေးပါ။
– အရက်၊ လက်ဖက်ရည် နဲ့ ကော်ဖီတွေ မသောက်သင့်ပါ။ (ရေဓာတ်ကုန်ခမ်းတာကို ပိုဆိုးစေပါတယ်။)
– အဖျားသက်သာစေဖို့ paracetamol, ibuprofen နဲ့ aspirin သောက်လို့ ရပါတယ်။
– ရေအေးနဲ့ ရေချိုးခြင်းကို ရှောင်ပါ။

အောက်ပါ အခြေအနေတွေမှာ ဆေးသောက်ဖို့ လိုပါလိမ့်မယ်။

– ခေါင်းအရမ်းကိုက်တာ (သို့မဟုတ်) လည်ပင်းကြွက်သားတွေ တောင့်တင်းပြီး နာတာ
– ကြွက်တက်တာ၊ ခိုက်ခိုက်တုန်တာ
– အရေပြားမှာ အနီစက်တွေ ပေါ်လာတာ
– ခေါင်းအရမ်းမူးတာ၊ ခေါင်းနောက်တာ
– သင့်ကို စိုးရိမ်စေတဲ့ တခြားလက္ခဏာတွေ ရှိနေတာ
– မကြာသေးမီက နိုင်ငံခြားခရီးသွားထားတာ
..
..

ကလေးများအတွက်…

– ကလေးတွေကို ပေါ့ပေါ့ပါးပါး ဝတ်ဆင်ပေးပါ

– ပူအိုက်လွန်းစေမယ့် အဝတ်အစားတွေ ဝတ်ပေးတာ၊ စောင်ခြုံပေးတာတွေ မလုပ်သင့်ပါဘူး။

– ကလေးကို အေးအေးဆေးဆေး ထားပါ။ လေတိုက် မခံရအောင် ထားပါ။

– ရေနည်းနည်းနဲ့ အကြိမ်ကြိမ် တိုက်ပေးပါ။ ကလေး အစာမစားရင် စိတ်မပူပါနဲ့။

– ငွေ့ငွေ့လေးဘဲ ဖျားပြီး တခြားဘာရောဂါလက္ခဏာမှ မရှိရင် ဆေးတိုက်ဖို့ မလိုပါဘူး။

– အဲ့လိုမဟုတ်ဘဲ ကလေးက ဖျားပြီး အားပြတ်နေမယ်ဆိုရင်တော့ paracetamol ဆေးရည်ကို ၆ နာရီခြား တိုက်နိုင်ပါတယ်။ ၁၆ နှစ်အောက် ကလေးတွေမှာ aspirin မသုံးရပါ။

— အဖျားကျအောင် ရေပတ်တိုက်ပေးပါ။ အထူးသဖြင့် ချိုင်းကြားနဲ့ ပေါင်ခြံတွေကို မကြာခဏ ရေပတ်တိုက်ပေးပါ။

– ကလေးတွေကို သေချာဂရုစိုက်ပေးပါ။ အားပေးစကားတွေ ပြောပေးပါ။

– ကိုယ်အပူချိန် လျော့သွားဖို့ အဝတ်အစားတွေ ချွတ်ပေးတာ၊ ပန်ကာလေခံတာ မလုပ်သင့်ပါ။ အန္တရာယ် ဖြစ်စေနိုင်ပါတယ်။
..
..

ကလေးတွေဖျားတဲ့အခါ ချက်ချင်းဆေးခန်းပြရမယ့် အခြေအနေများ

– ခေါင်းအရမ်းကိုက်တာ၊ လည်ပင်း ကြွက်သားတွေ တောင့်တင်းတာ
– အလင်းကြောင့် မျက်စိကျိန်းလာတာ
– ခနခန ပျို့အန်တာ
– ကြွက်တတ်တာ၊ ရုတ်တရက် ကျုံ့သွားတာ
– ကလေးက ထူးထူးဆန်းဆန်း ပြုမူတာ
— မိခင်နို့ ကောင်းကောင်းမစို့တာ
– အိပ်ယာနှိုးဖို့ ခက်လာတာ
– ခေါင်းမူးတာ
– ရေသောက်ဖို့ ငြင်းဆန်တာ
– ပိုပြီး နေမကောင်းဖြစ်လာတာ
– အရေပြားမှာ အနီစက်တွေ ထွက်လာတာ
– လျော့ရဲသလို ဖြစ်နေတာ
– ဖြူဖတ်ဖြူရော် ဖြစ်လာတာ
– ၄၈ နာရီအတွင်း မသက်သာသေးတာ
– နားကိုက်တာ၊ တခြားသော ဝေဒနာတွေ
– (40°C) ထက် ပိုဖျားတာ
– အသက်ရှူရခက်တာ
..
..

အဓိက အချက်များ

• ဖျားတယ်ဆိုတာ ရောဂါပိုးတွေကို တိုက်နေတာပါ
• ကလေးတွေမှာ ပိုဖျားပါတယ်
• Paracetamol သို့မဟုတ် ibuprofen ကို ၆ နာရီခြား တိုက်လို့ရပါတယ်
• ရေပတ်တိုက်ပေးပါ
• ဖျားနေသူကို ကောင်းကောင်းအနားယူပါစေ
• ရေဓာတ် ဖြည့်တင်းပေးပါ

Reference: ????
Murtagh,J ,2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.272

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#fever#အဖျားတက်ခြင်း

Ministry of Health,

National Unity Government.

Published on: 22 December 2022
Last Updated: 22 December 2022

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

ဖောက်ပြန်ခံရတဲ့အခါ ….

ပတ်ဝန်းကျင်မှာ ဒါမှမဟုတ် ဆိုရှယ်မီဒီယာမှာ ခဏခဏ မြင်ဖူး၊ ကြားဖူးကြပါလိမ့်မယ်။ အိမ်ထောင်ဖက် ဒါမှမဟုတ် ချစ်သူက ဖောက်ပြန်သွားတဲ့အခါ.... ဖောက်ပြန်ခံရတဲ့သူကပဲ "ငါ ဘာတွေ လိုအပ်သွားလို့လဲ"၊ "ငါ့မှာ ဘာအားနည်းချက်ရှိလို့လဲ"၊ "ငါ့အပြစ်တွေပဲ" ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်ရှာ၊ လက်ညှိုးထိုးတတ်ကြပါတယ်။ တကယ်တော့ အမှားလုပ်တာက တစ်ဖက်လူဖြစ်ပြီး နာကျင်ရတာက...

ဒိုပါမင်း အလွန်အကျွံလှုံ့ဆော်မှုကို ခဏတာဖြတ်တောက်ခြင်း Dopamine Fasting

ဖုန်းသုံးနေရင်း social media ပေါ်က short videos တွေကို တစ်ခုပြီးတစ်ခု ပွတ်နေရင်း အချိန်တွေကုန်မှန်းမသိ ကုန်သွားတာမျိုး ကြုံဖူးပါသလား။ ဒီလိုဖြစ်ရတဲ့ အဓိကတရားခံကတော့ ဦးနှောက်ထဲက ဒိုပါမင်း (Dopamine) ဓာတ်တွေ အလွန်အကျွံ လှုံ့ဆော်ခံနေရလို့ပဲ ဖြစ်ပါတယ်။ ဒိုပါမင်း (Dopamine) ဆိုတာ အလွယ်ပြောရရင် ကျွန်မတို့...

သွေးစစ်ဖို့ နောက်မကျပါစေနဲ့

ဆေးခန်းရှေ့ရောက်မှ ရင်တွေတအားခုန်လာပြီး နောက်ပြန်လှည့်ပြေးချင်စိတ် ပေါက်ဖူးလား။ "အဖြေတစ်ခုခု ထွက်လာရင် ငါဘယ်လို ရှေ့ဆက်ရမလဲ" ဆိုတဲ့ အတွေးက လူကို အတော်လေး မွန်းကျပ်စေတာ အမှန်ပဲ။ HIV လို၊ ကာလသားရောဂါလို ကိစ္စတွေမှာ သွေးသွားစစ်ဖို့ ကြောက်နေတာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ လူတိုင်းလိုလို ဒီခံစားချက်ကို ဖြတ်သန်းဖူးကြတာချည်းပဲ။ ဒါပေမယ့်...

အယူအဆလွဲများ (၃၇)

❌ အယူအဆလွဲ >>> နှာခေါင်းသွေးယိုတဲ့အခါ သွေးတွေ အပြင်ကို ထပ်မထွက်လာစေဖို့ ခေါင်းကို အနောက်ဘက်ကို မော့ပစ်လိုက်တာ ဒါမှမဟုတ် ပက်လက်လှန်အိပ်ခိုင်းလိုက်တာ။ ☑️ အမှန် >>> ခေါင်းကို အနောက်ကို မော့လိုက်တဲ့အခါ နှာခေါင်းထဲက သွေးတွေဟာ အပြင်ကို မစီးတော့တာ မှန်ပေမယ့် အဲဒီသွေးတွေဟာ လည်ချောင်းထဲမှတစ်ဆင့်...