“E.coli ပိုးဝင်ခြင်း” (April 2023)

“E.coli ပိုးဝင်ခြင်း”

E.coli ဆိုတာ အူလမ်းကြောင်းမှာ ပုံမှန်အတိုင်းရှိတတ်တဲ့ ဘတ်တီးရီးယားပိုးဖြစ်ပြီး အစားအစာတွေကို ​ချေဖျက်တဲ့နေရာမှာ ကူညီပေးပါတယ်။ အချို့ E.coli မျိုးကွဲတွေကတော့ ရောဂါဖြစ်စေနိုင်ပြီး အခြားသူတွေကိုလည်း ကူးစက်စေနိုင်ပါတယ်။

မသန့်ရှင်းတဲ့အစားအစာတွေကနေ ဒါမှမဟုတ် ရောဂါရှိတဲ့လူနဲ့ တိရစ္ဆာန်တွေကနေတစ်ဆင့် ကူးစက်နိုင်ပါတယ်။ ရောဂါပိုးကူးစက်ခံရတဲ့အခါ ဝမ်းလျှောစေပြီး သွေးဝမ်းသွားတဲ့အထိ ဖြစ်တတ်ပါတယ်။ တစ်ခါတလေ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ အဆုတ်ရောင် နမိုးနီးယားရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ သွေးတွင်းဘတ်တီးရီးယားပိုးဝင်ခြင်းနဲ့ ပိုးဆိပ်တက်ခြင်းတို့ကိုလည်း ဖြစ်စေနိုင်ပါတယ်။

အသက်ငယ်လွန်း၊ ကြီးလွန်းတဲ့သူတွေနဲ့ ကိုယ်ခံအားမကောင်းတဲ့သူတွေမှာ ရောဂါလက္ခဏာတွေက ပြင်းထန်တတ်ပါတယ်။ ကျန်းမာတဲ့သူတွေမှာတော့ ကုသမှုတောင်မလိုဘဲ ပျောက်ကင်းသွားတတ်ကြပါတယ်။

..

..

????E.coli ရောဂါပိုးက ဘယ်လိုကူးစက်နိုင်သလဲ ?

အဓိကအားဖြင့် မသန့်ရှင်းတဲ့အစားအစာတွေ စားမိရာကနေ ရောဂါပိုးကူးစက်ခံရပါတယ်။

ကျက်အောင်မချက်ထားတဲ့ အမဲသားတွေ၊ နွားချေးလိုမျိုး တိရစ္ဆာန်မစင်ကို မြေဩဇာအဖြစ်သုံးပြီး စိုက်ပျိုးထားတဲ့သီးနှံတွေကို ရေစင်အောင်မဆေးမိတာ၊ မသန့်ရှင်းတဲ့ရေကို သုံးမိတာနဲ့ မကျိုချက်ထားတဲ့နွားနို့ကို သောက်မိတာတွေဟာ အဖြစ်များဆုံး ရောဂါပိုးကူးစက်နိုင်တဲ့နည်းလမ်းတွေ ဖြစ်ပါတယ်။

မသန့်ရှင်းတဲ့လက်နဲ့ အရာဝတ္ထုတွေ ကိုင်တွယ်မိတာ၊ မသန့်ရှင်းတဲ့ရေမှာ ရေကူးမိတာ၊ တိရစ္ဆာန်တွေကို ထိတွေ့ကိုင်တွယ်မိတာတွေက တစ်ဆင့်လည်း လူအချင်းချင်း ရောဂါပိုးကူးစက်နိုင်ပါတယ်။

‼️ ဒီလို E.coli ရောဂါပိုးဟာ လူအများကြီးကိုကူးစက်သွားပြီး outbreak ဖြစ်တတ်ပါသေးတယ်။

များသောအားဖြင့် လူအများကြီးက တူညီတဲ့ မသန့်ရှင်းတဲ့အစားအသောက်တွေကို စားမိတဲ့အခါမျိုးမှာ ဖြစ်နိုင်ပါတယ်။ ရောဂါပိုးဟာ ပိုးကူးစက်ခံရတဲ့လူက ဝမ်းလျှောနေတဲ့တစ်လျှောက် တခြားလူကို ပိုးကူးစက်စေနိုင်ပါသေးတယ်။

..

..

????ဘယ်လိုရောဂါလက္ခဏာတွေ ခံစားရနိုင်လဲ ?

▪️ အချို့ E.coli မျိုးစိတ်တွေက အူလမ်းကြောင်းနံရံတွေကို ပျက်စီးထိခိုက်စေနိုင်တဲ့ အဆိပ်အတောက်တွေထုတ်ပေးပါတယ်။

▪️ ဗိုက်အောင့်တာ၊ အန်တာနဲ့ ဝမ်းလျှောတာတွေ ဖြစ်စေပါတယ်။ တစ်ခါတလေ ဝမ်းထဲသွေးပါတာမျိုးတွေပါ ဖြစ်နိုင်ပြီး ဝမ်းလျှောတာများတဲ့အခါ ရေဓာတ်ခမ်းခြောက်တာမျိုးပါ ဖြစ်လာနိုင်ပါတယ်။ ဒီလိုလက္ခဏာတွေက ရောဂါကူးစက်ခံရပြီး (၃) ရက်ကနေ (၄) ရက်အတွင်းမှာ ခံစားရတတ်ပြီး တစ်ပတ်လောက်မှာ သက်သာသွားတတ်ပါတယ်။

▪️ လူအများစုက လုံးဝသက်သာပျောက်ကင်းသွားတတ်ပေမယ့် အချို့မှာတော့ ကျောက်ကပ်နဲ့ သွေးပြဿနာတွေဖြစ်တတ်ပါတယ်။ အဲ့ဒါကို Hemolytic Uremic Syndrome လို့ခေါ်ပါတယ်။ ဆီးသွားနည်းလာတာ၊ ဖြူဖျော့လာတာ၊ ဖောလာတာ၊ ခန္ဓာကိုယ်ပေါ်မှာ သွေးခြေဥဒဏ်ရာတွေဖြစ်လာတာ၊ သွားဖုံးသွေးယိုတာ၊ မောပန်းတာနဲ့ လေဖြတ်တာတွေပါ ဖြစ်နိုင်ပါတယ်။ Hemolytic Uremic Syndrome ဟာ အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ဖြစ်စေနိုင်တာကြောင့် ဆေးရုံမှာ ကုသမှုခံယူသင့်ပါတယ်။

..

..

????ဘယ်လို စစ်ဆေးကုသမှုတွေ လုပ်ရမလဲ ?

▪ E.coli ပိုးကို စစ်ဆေးဖို့ stool test နဲ့ အခြားသောသွေးစစ်တာတွေ လုပ်နိုင်ပါတယ်။

▪ ပိုးသတ်ဆေးနဲ့ ဝမ်းပိတ်ဆေးတွေဟာ ရောဂါလက္ခဏာတွေကို ပိုဆိုးသွားစေနိုင်တာကြောင့် သတိထားသင့်ပါတယ်။

▪ အဓိကက သေချာအနားယူပြီး အရည်များများသောက်ဖို့ အရေးကြီးပါတယ်။

▪ ရေဓာတ်ခမ်းခြောက်တဲ့လူတွေမှာဆို ပါးစပ်က လုံလုံလောက်လောက် မသောက်နိုင်ရင် အကြောဆေးသွင်းဖို့ လိုနိုင်ပါတယ်။

▪ Hemolytic Uremic Syndrome ဖြစ်ခဲ့ရင်တော့ ကျောက်ကပ်ဆေးတာနဲ့ သွေးသွင်းတာတွေပါ လုပ်ရနိုင်ပါတယ်။

ရောဂါလက္ခဏာတွေ ပြန်ကောင်းသွားပြီး (၂) ပတ်ခန့်အတွင်းမှာ ရေကူးတာ၊ ရေလွှာလျှောစီးတာတွေ ရှောင်သင့်ပါတယ်။

..

..

????E.coli ရောဂါပိုး ကူးစက်မခံရအောင် ဘယ်လိုကာကွယ်ကြမလဲ ?

စနစ်တကျ သန့်ရှင်းစွာ အစားအစာပြင်ဆင်ခြင်းဟာ E. coli ကူးစက်မှုမှကာကွယ်ရန် အဓိကခြေလှမ်းဖြစ်ပါတယ် ။

▪️ အသားတွေကို ၎င်းတို့ရဲ့အထူဆုံးနေရာမှာ အနည်းဆုံး 160°F/70°C အပူချိန်ရောက်သည်အထိ ကျက်အောင်ချက်ပြုတ်ပါ။

▪️ အသားစိမ်းနှင့် ထိတွေ့မိသမျှကို သေချာဆေးကြောသန့်စင်ပါ။

▪️ ပိုးသတ်ထားသောဖျော်ရည်များနှင့် နို့ထွက်ပစ္စည်းများကို ရွေးချယ်ပါ။

▪️ အသီးအနှံအစိမ်းတွေကို မစားခင် သေချာဆေးကြောသန့်စင်ပါ။

▪️ လက်ဆေးဖို့ အရေးကြီးတယ်ဆိုတာလည်း မမေ့ပါနဲ့။ အထူးသဖြင့် ရေချိုးခန်းအိမ်သာသွားပြီးနောက်၊ တိရစ္ဆာန်များကို ထိတွေ့ပြီးနောက်၊ အပြင်မှပြန်လာပြီးနောက်၊ အစာမစားမီ (သို့မဟုတ်) အစားအစာပြင်ဆင်ခြင်းမပြုမီ လက်ကို မကြာခဏဆေးကြောပါ။

▪️ ရေကူးနေစဉ် ရေမျိုချခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။

.

‼️ အထူးသဖြင့် ဗိုက်နာတာ ရက်ကြာတာနဲ့ ဝမ်းလျှောသွေးပါနေရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ရေဓာတ်ခမ်းခြောက်ခြင်း လက္ခဏာတွေ (ဥပမာ – ပုံမှန်ထက် ဆီးသွားနည်းခြင်း) ဒါမှမဟုတ် မကြာသေးမီက အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာတစ်ခု ရှိခဲ့ရင်၊ ဒါမှမဟုတ် hemolytic uremic syndrome ရောဂါလက္ခဏာတွေ တွေ့ရှိရင်တော့ အမြန်ဆုံး ကုသမှုခံယူသင့်ပါတယ်။

Reference: ????

https: //kidshealth. org/en/teens/e-coli.html

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် (https://m.me/telehealthmm) ကို နှိပ်ပါ

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

#nugmoh#telekyanmar#telemedicine

#teleconsultation#တယ်လီကျန်းမာ#Telekyanmar

#Ecoli#Infection

Ministry of Health,

National Unity Government.

Published on: 20 April 2023

Last updated: 20 April 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

ဖောက်ပြန်ခံရတဲ့အခါ ….

ပတ်ဝန်းကျင်မှာ ဒါမှမဟုတ် ဆိုရှယ်မီဒီယာမှာ ခဏခဏ မြင်ဖူး၊ ကြားဖူးကြပါလိမ့်မယ်။ အိမ်ထောင်ဖက် ဒါမှမဟုတ် ချစ်သူက ဖောက်ပြန်သွားတဲ့အခါ.... ဖောက်ပြန်ခံရတဲ့သူကပဲ "ငါ ဘာတွေ လိုအပ်သွားလို့လဲ"၊ "ငါ့မှာ ဘာအားနည်းချက်ရှိလို့လဲ"၊ "ငါ့အပြစ်တွေပဲ" ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်ရှာ၊ လက်ညှိုးထိုးတတ်ကြပါတယ်။ တကယ်တော့ အမှားလုပ်တာက တစ်ဖက်လူဖြစ်ပြီး နာကျင်ရတာက...

ဒိုပါမင်း အလွန်အကျွံလှုံ့ဆော်မှုကို ခဏတာဖြတ်တောက်ခြင်း Dopamine Fasting

ဖုန်းသုံးနေရင်း social media ပေါ်က short videos တွေကို တစ်ခုပြီးတစ်ခု ပွတ်နေရင်း အချိန်တွေကုန်မှန်းမသိ ကုန်သွားတာမျိုး ကြုံဖူးပါသလား။ ဒီလိုဖြစ်ရတဲ့ အဓိကတရားခံကတော့ ဦးနှောက်ထဲက ဒိုပါမင်း (Dopamine) ဓာတ်တွေ အလွန်အကျွံ လှုံ့ဆော်ခံနေရလို့ပဲ ဖြစ်ပါတယ်။ ဒိုပါမင်း (Dopamine) ဆိုတာ အလွယ်ပြောရရင် ကျွန်မတို့...

သွေးစစ်ဖို့ နောက်မကျပါစေနဲ့

ဆေးခန်းရှေ့ရောက်မှ ရင်တွေတအားခုန်လာပြီး နောက်ပြန်လှည့်ပြေးချင်စိတ် ပေါက်ဖူးလား။ "အဖြေတစ်ခုခု ထွက်လာရင် ငါဘယ်လို ရှေ့ဆက်ရမလဲ" ဆိုတဲ့ အတွေးက လူကို အတော်လေး မွန်းကျပ်စေတာ အမှန်ပဲ။ HIV လို၊ ကာလသားရောဂါလို ကိစ္စတွေမှာ သွေးသွားစစ်ဖို့ ကြောက်နေတာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ လူတိုင်းလိုလို ဒီခံစားချက်ကို ဖြတ်သန်းဖူးကြတာချည်းပဲ။ ဒါပေမယ့်...

အယူအဆလွဲများ (၃၇)

❌ အယူအဆလွဲ >>> နှာခေါင်းသွေးယိုတဲ့အခါ သွေးတွေ အပြင်ကို ထပ်မထွက်လာစေဖို့ ခေါင်းကို အနောက်ဘက်ကို မော့ပစ်လိုက်တာ ဒါမှမဟုတ် ပက်လက်လှန်အိပ်ခိုင်းလိုက်တာ။ ☑️ အမှန် >>> ခေါင်းကို အနောက်ကို မော့လိုက်တဲ့အခါ နှာခေါင်းထဲက သွေးတွေဟာ အပြင်ကို မစီးတော့တာ မှန်ပေမယ့် အဲဒီသွေးတွေဟာ လည်ချောင်းထဲမှတစ်ဆင့်...