ကျောက်ကပ်ဆေးနေသူတွေနဲ့ အာဟာရချို့တဲ့မှု Dietary Advices for Dialysis Patient (November, 2022)

ကျောက်ကပ်ဆေးနေသူတွေအနေနဲ့ အာဟာရချို့တဲ့မှုဖြစ်ဖို့ ပိုလွယ်တာ သိပါရဲလား ?

ကျောက်ကပ်ဆေးသူတွေမှာ တစ်ခါတစ်ခါဆေးတိုင်း စွန့်ပစ်ရည်ထဲ ပရိုတင်းလို့ခေါ်တဲ့ အသားဓာတ်တွေ ပါသွားတဲ့အတွက် အသားဓာတ်ကို တစ်နေ့တာ လိုအပ်ချက်ပြည့်မှီအောင် စားပေးရပါမယ်

နာတာရှည် ကျောက်ကပ်ဝေဒနာသည်တွေဟာ
???? ကျောက်ကပ်တစ်ခါတစ်ခါ ဆေးဖို့အတွက် သွားလာရတာ ပင်ပန်းတာ၊ မောတာ
???? ယူရီးယားလို အသားဓာတ်တက်တာတွေ
???? ကိုယ်တွင်း မသိမသာ ရောင်ရမ်းမှုတွေရှိတာကြောင့်

❗️ ခံတွင်းမတွေ့ ဖြစ်လွယ်တာ
❗️ အာဟာရဆုံးရှူံးမှုဖြစ်တာ
❗️ ပျို့လွယ် အန်လွယ် အစာမကြေဖြစ်လွယ်၊ လေပွလေထ ဖြစ်လွယ်တာတွေကြောင့်

????????တနေ့တာ အစာစားတာကို နည်းနေတတ်ပါတယ်။

အာဟာရချို့တဲ့တာ ကြာလာတော့ ကြွက်သားတွေ ဆုံးရှုံး ၊ ကိုယ်ခံအားကျလွယ်ပီး နေမကောင်းခဏခဏ ဖြစ်တတ်ပါတယ်။

ဘာဖြည့်စွက်စာတွေစားလို့ရလဲ၊❓

အစားစားရခက်နေသူတွေ ၊ အစားနည်းသူ အစားမ၀င်သူတွေမှာတော့ အာဟာရမှုန့်ကဲ့သို့ ဖြည့်စွက်စာများကို မှီ၀ဲလို့ ရပါတယ်….သို့သော် Ensure ၊ Glucerna လို မျိုးကို မသောက်သင့်ပါ…
( ကျောက်ကပ်လူနာများသည် ကျောက်ကပ်သီးသန့်ထုတ်ထားတာကိုသာ ၀ယ်သူသုံးစွဲရပါမယ်… )

ကျောက်ကပ် မဆေးနေသူတွေ ၊ ပရိုတင်းကန့်သတ်စားရမယ့်သူများမှာတော့ Nephrisol, Nepro-LP, Fresubin Renal စတဲ့ (၃) မျိုးထဲကပဲ ရပါတယ်။

ကျောက်ကပ်ဆေးနေလို့ ပိုများများ စားဖို့လိုအပ်ပေမယ့် မစားနိုင်သူတွေမှာတော့ Nephrisol -D , Nepro- HP, Fresubin 2kcal drink, Supportanစတာ တွေ သောက်လို့ရပါတယ်။

ကျောက်ကပ်ဆေးရသူတစ်ယောက်အဖို့ အာဟာရလိုအပ်ချက်ဘယ်လိုတွက်မလဲ…ဘာရှောင်…ဘာဆောင်ရမလဲ။❓

ကျောက်ကပ်ဆေးပြီးချိန်မှာ တိုင်းတဲ့ dry weight လို့ခေါ်တဲ့ ကိုယ်အလေးချိန်ကိုမှတ်ထားပါ (သို့မဟုတ် သင့်ရဲ့ ရှိသင့်တဲ့ အသင့်တော်ဆုံးကိုယ်အလေးချိန်ကို ပြသနေသောဆရာဝန်ထံမေးပါ) ။

ပရိုတင်းလိုအပ်ချက်ကို တွက်လိုပါက ထို ကိုယ်အလေးချိန် ( ကီလိုဂရမ် ) ကို 1.2 နဲ့ မြှောက်ပါ
⁃ ဥပမာ သင့် dry weight က ပေါင် 154 ပေါင်= 70 ကီလိုဂရမ်ဆိုပါစို့။

တစ်နေ့တာကို 1.2 x 70 = 84 ဂရမ် အသားဓါတ်စားပေးဖို့ လိုပါတယ် ။
လက်(၂)လုံးအရွယ် အသားတုံး တနေ့ (၈)တုံးလောက်အထိကို စားပေးရပါမယ်။

ဒီပမာဏဟာ မြန်မာလူမျိုးတစ်ယောက် နေ့စဉ်စားနေကျ ပရိုတင်းဓာတ်ထက် တော်တော်များတဲ့အတွက် တွက်ချက်မှတ်သားစားသောက်ပါမှ ပရိုတင်းလုံလောက်ပါမယ်။

တစ်နေ့တာလိုအပ်တဲ့ အာဟာရဓါတ် – ကယ်လိုရီကတော့ 33 နဲ့ dry weight -အခုနက အလေးချိန်ကိုမြှောက်ပါ။

70 ကီလိုရှိတဲ့သူဆို 2300 ကယ်လိုရီ တစ်နေ့တာလိုအပ်ပါတယ်..
ဒါ့ကြောင့် တစ်နေ့တာ လိုအပ်တဲ့ အာဟာရဓါတ် ၊ အသားဓါတ်ကို လုံလောက်အောင်စားပေးရပါမယ်။

တစ်ဘက်မှာလည်း တစ်နေ့တာ သောက်တဲ့အရည်နဲ့ရေပမာဏကို တွက်ချက်ပြီး ကွက်တိသောက်ရသလို ၊ ဆိုဒီယမ် ဆားများတဲ့အစားအစာတွေလည်း မများဖို့ လိုအပ်ပါတယ်။

( လိုတဲ့ဟာတွေ လုံလောက်ရသလို ရှောင်သင့်တာလည်းရှောင်ရတဲ့အတွက် လွယ်ကူလှတာမဟုတ်လို့ တစ်ယောက်ချင်းအလိုက် အာဟာရဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်တာအကောင်းဆုံးပါ )
….
….

ကျောက်ကပ်ဆေးနေရသူတို့အဖို့ နမူနာ စားပုံစားနည်းလေးကို ဖော်ပြရရင်တော့…

မနက်စာ >>> ထမင်းပန်းကန်လုံး ၁လုံး၊ အသားဖတ် လက်၂လုံး အရွယ် ၂ တုံး၊ အသီးအရွက်ကြော် ဟင်းခတ်ဇွန်း ၁ ဇွန်း၊ ဟင်းအနှစ် ၃-၄ဇွန်း

နေ့လည်စာ >>> ထမင်းပန်းကန်လုံး ၁လုံး၊ အသားဖတ် လက်၂လုံး အရွယ် ၃ တုံး၊ အသီးအရွက်ကြော် ဟင်းခတ်ဇွန်း ၁ ဇွန်း၊ ဟင်းအနှစ် ၃-၄ဇွန်း

ညစာ >>> ထမင်းပန်းကန်လုံး ၁လုံး၊ အသားဖတ် လက်၂လုံး အရွယ် ၃ တုံး၊ အသီးအရွက်ကြော် ဟင်းခတ်ဇွန်း ၁ ဇွန်း၊ ဟင်းအနှစ် ၃-၄ဇွန်း

အဆာပြေ >>> နွားနို့ ခွက် တစ်၀က်, သစ်သီး၀လံ – ပန်းသီး.သစ်တော်သီး. မာလကာသီး . ငှက်ပျောသီး တစ်လုံးခန့်တို့ စားသုံးသင့်ပါကြောင်း ဖော်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။

အာဟာရဆိုင်ရာအထူးကုဆရာဝန်ကြီးတစ်ဦး
Telekyanmar

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#renal_dialysis#nutriution#အာဟာရ

Ministry of Health,

National Unity Government.

Published on: 12 November 2022
Last Updated: 12 November 2022

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

အလုံပိတ်နေရာကို ကြောက်တဲ့ Claustrophobia အကြောင်း သိကောင်းစရာ

"အလုံပိတ်နေရာကို ကြောက်တဲ့ Claustrophobia အကြောင်း သိကောင်းစရာ" ဓာတ်လှေကားထဲ ခြေချမိတိုင်း ရင်ဘတ်က တင်းကျပ်လာတာ၊ အသက်ရှူကျပ်လာတာမျိုး ကြုံဖူးပါသလား။ ဒါမှမဟုတ် အခန်းကျဉ်းကျဉ်းလေးထဲ ရောက်သွားရင် ချက်ချင်း အော်ဟစ်ထွက်ပြေးချင်စိတ်‌ ပေါ်ဖူးပါသလား။ ဒီနေ့မှာတော့ စိတ်ကျန်းမာရေး ဗဟုသုတအနေနဲ့ အလုံပိတ်နေရာတွေကို ကြောက်ရွံ့ရတဲ့ Claustrophobia အကြောင်းကို မျှဝေပေးပါရစေ။...... Claustrophobia ဆိုတာ...

“ဆေးမပါရင် ဝမ်းမသွားတော့လို့ပါ ဆရာ”

တစ်နေ့သ၌ ကျွန်တော်ရှိသော ဆေးခန်းလေးသို့ လူနာ ကိုမှတ်တစ်ယောက် ရောက်လာလေသည်။ သူ၏မျက်နှာတွင် စိုးရိမ်ပူပန်မှုများ အပြည့်နှင့်။ လူနာ - "ဆရာရယ်... ကျွန်တော် ဝမ်းနုတ်ဆေး သောက်လာတာ နှစ်နဲ့ချီနေပြီ။ အခုဆို ဝမ်းနုတ်ဆေး မသောက်ရင် လုံးဝ ဝမ်းမသွားတော့ဘူး။ ဆေးကို အမြဲအားကိုးနေရတာ စိတ်လည်းညစ်လာပြီ။ တစ်ခုခုဖြစ်မှာလည်း...

နွားနိုနဲ့ သံပရာသီးက တကယ်ပဲ မတည့်တာလား

🥛နွားနို့နဲ့ 🍋‍🟩သံပရာသီးက တကယ်ပဲ မတည့်တာလား သင်္ဘောသီးထောင်းလေးကို ချဥ်ချဥ်စပ်စပ်လေး သံပရာသီးလေး ညှစ်စားပြီး ခဏနေတော့ လက်ဖက်ရည်ဆိုင်မှာ နွားနို့ပူပူလေးတစ်ခွက် မှာသောက်ဖို့ကြံနေတုန်း "ဟဲ့... နွားနို့နဲ့ သံပရာသီး တွဲစားရင် ဗိုက်ထဲမှာ နို့တွေခဲပြီး သေတတ်တယ်နော်" ဆိုတဲ့ လူကြီးတွေ ပြောစကားကို နားထဲ ကြားယောင်လာတယ်။ တချို့ကလည်း...

အယူအဆလွဲများ (၄၂)

❌ အယူအဆလွဲ >>>> အတက်ရောဂါ (ဥပမာ - ဝက်ရူးပြန်ရောဂါ) ကြောင့် တက်နေတဲ့သူကို လျှာကိုက်မိပြီး သွေးထွက်မှာစိုးလို့ ပါးစပ်ထဲကို ဇွန်း၊ တုတ် ဒါမှမဟုတ် လက်ချောင်းတွေ ထည့်ပြီး ကိုက်ထားခိုင်းလေ့ ရှိကြတာ။ ☑️ အမှန် >>>> တက်နေတဲ့အချိန်မှာ မေးရိုးကြွက်သားတွေက အလွန်အားပြင်းပါတယ်။...