ကျောက်ကပ်ဆေးခြင်း ( Dialysis )

ကျောက်ကပ်ဆေးခြင်း ( Dialysis )

နောက်ဆုံးအဆင့်ကျောက်ကပ်ပျက်စီးတဲ့လူနာတွေမှာ ရွေးချယ်စရာကုသစရာအနေနဲ့ အဓိကအားဖြင့် ၃ မျိုးရှိပါတယ်။

(၁) ကျောက်ကပ်ဆေးခြင်း (သို့) သွေးသန့်စင်ခြင်း

သွေးကြောမှ သွေးသန့်စင်ခြင်း

– ဝမ်းဗိုက်မှ သွေးသန့်စင်ခြင်း

(၂) ကျောက်ကပ်အစားထိုးကုသခြင်း

(၃) လက္ခဏာဝေဒနာများကိုသာ ကုသပေးခြင်း

ဒီအထဲကမှ ကျောက်ကပ်ဆေးခြင်း (သွေးသန့်စင်ခြင်း)ဟာ အသုံးများပြီး တွင်တွင်ကျယ်ကျယ်လည်း ကုသမှုခံယူနေကြတဲ့ နည်းလမ်းတစ်မျိုး ဖြစ်ပါတယ်။

..

..

???? ကျောက်ကပ်ရောဂါဖြစ်ရင် ဘာကြောင့် သွေးသန့်စင်ရသလဲ ?

ကျောက်ကပ်ဟာ ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေးတွေ ၊ ပိုလျှံနေတဲ့ ဓာတ်ပစ္စည်းတွေ အရည်တွေကို ဖယ်ရှားပေးပါတယ်။ ကျောက်ကပ် အလွန်ပျက်စီးတဲ့အခါ အဲဒါတွေကို မဖယ်ရှားနိုင်တော့တာမို့ အသက်အန္တရာယ် ထိခိုက်စေနိုင်ပါတယ်။ ဒီအခါမှာ ကျောက်ကပ်တုပါဝင်တဲ့စက်နဲ့ ကျောက်ကပ်ရဲ့လုပ်ငန်းဆောင်တာတွေကို တာဝန်ယူဆောင်ရွက်ပေး ပြီး ခန္ဓာကိုယ်တွင်းက သွေးတွေကိုသန့်စင်ပေးပါတယ်။

..

???? သွေးသန့်စင်ခြင်းအမျိုးအစား ဘယ်နှစ်မျိုးရှိလဲ ?

အဓိကအားဖြင့် သွေးကြောမှ သွေးသန့်စင်ခြင်းနဲ့ ဝမ်းဗိုက်မှ သွေးသန့်စင်ခြင်းတို့ ရှိပါတယ်။

– သွေးကြောမှ သွေးသန့်စင်ခြင်းဟာ သွေးကြောအတွင်းကသွေးကို ကျောက်ကပ်အတုမှာ သန့်စင်ပြီး ၊ သန့်စင်ထားတဲ့သွေးကို ခန္ဓာကိုယ်အတွင်းသို့ ပြန်လည် ပေးပို့ခြင်း ဖြစ်ပါတယ်။

ဝမ်းဗိုက်မှ သွေးသန့်စင်ခြင်းဟာ ဝမ်းဗိုက်အတွင်းကို ဆေးရည်ထည့်ပြီး သွေးကိုသန့်စင်ပေးခြင်း ဖြစ်ပါတယ်။

..

???? သွေးသန့်စင်ဖို့ ဘာတွေ ပြင်ဆင်ရမလဲ ?

သွေးကြောမှတစ်ဆင့် သွေးသန့်စင်ဖို့အတွက် သွေးကြောမွေးဖို့ လိုအပ်ပါတယ်။ သွေးကြောမွေးဖို့ အချိန် ၃ လခန့် ယူရတတ်ပါတယ်။ ဒါမှမဟုတ် သွေးကြောမကြီးထဲကို ပြွန်ထည့်ပြီး သွေးသန့်စင်ခြင်းလည်း ပြုလုပ်လို့ရပါတယ်။ သွေးကြောပြွန်ဟာ ရောဂါပိုးဝင်နိုင်ခြေများတဲ့အတွက် တတ်နိုင်သမျှတော့ ရှောင်ရှားသင့်ပါတယ်။

..

???? သွေးသန့်စင်ဖို့ အချိန်ဘယ်လောက်ပေးရသလဲ ?

အကြမ်းဖျဉ်းအားဖြင့် သွေးသန့်စင်ခန်းမှာ သွေးသန့်စင်ဖို့ တစ်ကြိမ်ကို ၄ နာရီခန့် ကြာမြင့်ပြီး တစ်ပတ်ကို ၂-၃ ကြိမ်ခန့် သန့်စင်ဖို့လိုပါတယ်။ တစ်ကြိမ် ၄ နာရီ တစ်ပတ် ၃ ကြိမ် သွေးသန့်စင်ခြင်းဟာ ပုံမှန် အလုပ်လုပ်နေတဲ့ကျောက်ကပ်​ရဲ့ ၁၀-၁၅% သာ သန့်စင်မှု ပြုလုပ်နိုင်ပါတယ်။

..

???? ဘေးထွက်ဆိုးကျိုးတွေက ဘာတွေလဲ?

သွေးသန့်စင်ရာမှာ အသုံးပြုတဲ့ သွေးကြော ၊ ပြွန်တို့ ပိတ်တတ်ပါတယ်။ အဲ့လိုပိတ်ရင် သွေး​ကြောဖွင့်ခြင်း၊ ပြွန်လဲလှယ်ခြင်းတို့ ပြုလုပ်ရတတ်ပါတယ်။ သွေးသန့်စင်နေချိန် သွေးပေါင်ကျခြင်း ၊ နှလုံးခုန် မမှန်ခြင်း ၊ ကြွက်တက်ခြင်း ၊ ပျို့အန်ခြင်း ၊ မူးဝေခြင်း ၊ သတိလစ်ခြင်းတို့ ဖြစ်နိုင်ပါတယ်။

..

???? ကျောက်ကပ်ဆေးတဲ့အပြင် ဘာလုပ်ရဦးမလဲ ?

ခန္ဓာကိုယ်က ခံနိုင်တာထက် အရည်ကိုပိုထုတ်မိရင် အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးတွေ ပိုပြီးဖြစ်နိုင်ပါတယ်။ ပိုတက်ဆီယမ်ဓာတ် အလွန်များနေရင်လည်း ဓာတ်ပစ္စည်း အပြောင်းအလဲကြောင့် နှလုံးပုံမှန်အလုပ်မလုပ်ခြင်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကျောက်ကပ်သွေးသန့်စင်ဖို့ လိုအပ်သူများဟာ အစားအသောက်ဆင်ခြင်ဖို့ ၊ အရည်လျှော့သောက်ဖို့နဲ့ လိုအပ်သလို ပုံမှန်သွေးသန့်စင်ဖို့ လိုအပ်ပါတယ်။

ကျောက်ကပ်အထူးကုဆရာဝန်နဲ့ ပုံမှန်ပြသပြီးလမ်းညွှန်ချက်များကို လိုက်နာသင့်ပါတယ်။ အစားအသောက်ကိုလည်း ဆားဓာတ်များသော ၊ ပိုတက်ဆီယမ်မြင့်သော၊ ဖော့စ်ဖရက်စ်ဓာတ်မြင့်သော အစားအစာတွေကို လျှော့ပြီး စားသုံးရပါမယ်။ အသားဓာတ်များတဲ့ အစားအစာတွေကို ပိုပြီး စားသုံးနိုင်ပါတယ် ။

” ကျောက်ကပ်ပျက်စီးသောလူနာများ စနစ်တကျကုသမှုခံယူပြီး ကျန်းမာသောဘဝများ ပိုင်ဆိုင်နိုင်ကြပါစေ​ “

Reference ????

Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp. ( page 298 )

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine

#teleconsultation#တယ်လီကျန်းမာ

#dialysis#ကျောက်ကပ်ဆေးခြင်း

Ministry of Health,

National Unity Government.

Published on: 28 December 2022
Last Updated: 28 December 2022

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

ဖောက်ပြန်ခံရတဲ့အခါ ….

ပတ်ဝန်းကျင်မှာ ဒါမှမဟုတ် ဆိုရှယ်မီဒီယာမှာ ခဏခဏ မြင်ဖူး၊ ကြားဖူးကြပါလိမ့်မယ်။ အိမ်ထောင်ဖက် ဒါမှမဟုတ် ချစ်သူက ဖောက်ပြန်သွားတဲ့အခါ.... ဖောက်ပြန်ခံရတဲ့သူကပဲ "ငါ ဘာတွေ လိုအပ်သွားလို့လဲ"၊ "ငါ့မှာ ဘာအားနည်းချက်ရှိလို့လဲ"၊ "ငါ့အပြစ်တွေပဲ" ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်ရှာ၊ လက်ညှိုးထိုးတတ်ကြပါတယ်။ တကယ်တော့ အမှားလုပ်တာက တစ်ဖက်လူဖြစ်ပြီး နာကျင်ရတာက...

ဒိုပါမင်း အလွန်အကျွံလှုံ့ဆော်မှုကို ခဏတာဖြတ်တောက်ခြင်း Dopamine Fasting

ဖုန်းသုံးနေရင်း social media ပေါ်က short videos တွေကို တစ်ခုပြီးတစ်ခု ပွတ်နေရင်း အချိန်တွေကုန်မှန်းမသိ ကုန်သွားတာမျိုး ကြုံဖူးပါသလား။ ဒီလိုဖြစ်ရတဲ့ အဓိကတရားခံကတော့ ဦးနှောက်ထဲက ဒိုပါမင်း (Dopamine) ဓာတ်တွေ အလွန်အကျွံ လှုံ့ဆော်ခံနေရလို့ပဲ ဖြစ်ပါတယ်။ ဒိုပါမင်း (Dopamine) ဆိုတာ အလွယ်ပြောရရင် ကျွန်မတို့...

သွေးစစ်ဖို့ နောက်မကျပါစေနဲ့

ဆေးခန်းရှေ့ရောက်မှ ရင်တွေတအားခုန်လာပြီး နောက်ပြန်လှည့်ပြေးချင်စိတ် ပေါက်ဖူးလား။ "အဖြေတစ်ခုခု ထွက်လာရင် ငါဘယ်လို ရှေ့ဆက်ရမလဲ" ဆိုတဲ့ အတွေးက လူကို အတော်လေး မွန်းကျပ်စေတာ အမှန်ပဲ။ HIV လို၊ ကာလသားရောဂါလို ကိစ္စတွေမှာ သွေးသွားစစ်ဖို့ ကြောက်နေတာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ လူတိုင်းလိုလို ဒီခံစားချက်ကို ဖြတ်သန်းဖူးကြတာချည်းပဲ။ ဒါပေမယ့်...

အယူအဆလွဲများ (၃၇)

❌ အယူအဆလွဲ >>> နှာခေါင်းသွေးယိုတဲ့အခါ သွေးတွေ အပြင်ကို ထပ်မထွက်လာစေဖို့ ခေါင်းကို အနောက်ဘက်ကို မော့ပစ်လိုက်တာ ဒါမှမဟုတ် ပက်လက်လှန်အိပ်ခိုင်းလိုက်တာ။ ☑️ အမှန် >>> ခေါင်းကို အနောက်ကို မော့လိုက်တဲ့အခါ နှာခေါင်းထဲက သွေးတွေဟာ အပြင်ကို မစီးတော့တာ မှန်ပေမယ့် အဲဒီသွေးတွေဟာ လည်ချောင်းထဲမှတစ်ဆင့်...