ကလေးတွေ မကြာခဏ ငိုယိုသောင်းကျန်း၊ ဂျီကျတဲ့ အကြောင်းအရင်း ၄ ချက် ( June,2022)

ကလေးတွေ မကြာခဏ ငိုယိုသောင်းကျန်း၊ ဂျီကျတဲ့ အကြောင်းအရင်း ၄ ချက် ( June,2022)

(ကလေးအပြုအမူဆိုင်ရာ ပြသနာများ)

လမ်းလျောက်တတ်စကနေ ကျောင်းနေစကလေးတွေ အော်ဟစ် ငိုယိုသောင်းကျန်းကြတဲ့ အကြောင်းရင်းအများအပြားရှိပါတယ်။ အများအားဖြင့် ထူးထူးထွေထွေ ပြသနာတွေကြောင့်မဟုတ်ဘဲ

– ဗိုက်ဆာလို့

– အိပ်ရေးမဝလို့

– စိတ်လှုပ်ရှားလို့

– စိတ်ရှုပ်ထွေးလို့

– ပျင်းလို့

– လိုချင်တာမရလို့ စတဲ့ ပြဿနာအသေးလေးတွေကြောင့်ဖြစ်တာများပါတယ်။

ကလေးက တစ်ခါတရံမဟုတ်ဘဲ မကြာခဏ ငိုယိုသောင်းကျန်းဂျီကျလွန်းနေရင်တော့ အောက်ပါ အချက် (၄)ချက်နဲ့ တိုက်ဆိုင်စစ်ဆေးကြည့်ပါ။

(၁) အပြောင်းအလဲကြီးကြီးမားမားကြုံရခြင်း

ကလေးတွေအတွက် သူ့ရဲ့အိမ်၊ မိဘပတ်ဝန်းကျင်အသိုင်းအဝိုင်းသေးသေးလေးက သူ့ရဲ့ကမ္ဘာလေးဖြစ်နေတဲ့အတွက် တချို့သော အပြောင်းအလဲတွေက လူကြီးတွေအတွက် သာမာန်ကိစ္စတွေဖြစ်နေတတ်ပေမယ့် ကလေးတို့မှာ လက်မခံနိုင်လောက်တဲ့ အပြောင်းအလဲမျိုးအထိ ခံစားရတတ်ပါတယ်။ ဥပမာ ကလေးအငယ်တယောက် ထပ်မွေးတာ၊ အိမ်ပြောင်းတာ၊ ကျောင်း/ မူကြိုပြောင်းတာ၊ ကျောင်း/ မူကြိုစတက်ရတာ၊ ပုံမှန်ထိန်းနေတဲ့ အဘိုး၊အဘွား၊ အဒေါ်၊ ကလေးထိန်းပြောင်းသွားတာ၊ခရီးထွက်သွားတာ။

(၂) သင်ကိုယ်တိုင် ပင်ပန်းခက်ခဲတဲ့ အခြေအနေတွေကို ကြုံတွေ့နေရခြင်း

ကလေးတွေဟာ မိသားစုထဲမှာ ပြဿနာတခုခုဖြစ်နေတာ၊ သင့်မှာ စိတ်ရှုပ်စရာတွေရှိနေတာကို အံ့ဩစရာကောင်းလောက်အောင် ခပ်မြန်မြန်သတိပြုမိတတ်ကြပြီး မိဘတွေရဲ့ အပူမီးကူးပြီး စိတ်မလုံခြုံတော့တာ၊ အားငယ်တာတွေခံစားတတ်ကြပါတယ်။ ဒါပေမယ့် ကလေးတွေက သူတို့ခံစားချက်တွေ၊ ပြဿနာတွေကို ထုတ်မပြောပြတတ်တော့ ပုံမှန်ထက်ပိုပြီး ဂျီကျတာ၊ ဒေါသပိုကြီးလာတာစတဲ့ အပြုအမူတွေကို သူတို့ရဲ့ ခံစားချက်အနေနဲ့ ထုတ်ပြလာတတ်ကြပါတယ်။ ပြဿနာပေါင်းသောင်းခြောက်ထောင်ရှင်းနေရချိန် ကလေးကလဲ မပြီးနိုင်မစီးနိုင် ဆူပူသောင်းကျန်းနဲ့ဆိုတော့ မိဘတွေအနေနဲ့လဲ စိတ်မရှည်နိုင်တော့ဘဲ ဒေါသတကြီးဆက်ဆံမိတာတွေကနေ အိမ်ထောင်ရေးပြဿနာတွေ အထိဖြစ်လာနိုင်ပါတယ်။

(၃) အရင်တုန်းက ကလေးဂျီကျရင် မိဘတွေရဲ့ ဖြေရှင်းနည်းကြောင့်

ဒီတစ်ချက်ကတော့ မိဘတော်တော်များများလုပ်မိတတ်ပါတယ်။ အထူးသဖြင့် သားဦး၊ မြေးဦး၊ ဖူးဖူးမှုတ်အလိုလိုက်ခံထားရတဲ့ကလေးတွေမှာ မြင်ရလေ့ရှိပါတယ်။ ဥပမာအားဖြင့် စျေးဝယ်သွားလို့ အရုပ်တန်းရောက်တဲ့အချိန် အော်ဟစ်ပူဆာတာကို ကလေးအငိုတိတ်ပြီးရော ဝယ်ပေးခဲ့ဖူးရင် ဒါမျိုးလုပ်တာက သူလိုချင်တာကို ရအောင်တောင်းတဲ့အောင်မြင်တဲ့နည်းလမ်းအဖြစ် ကလေးစိတ်ထဲမှာစွဲနေတတ်ပြီး နောက်ပိုင်းကိစ္စတွေမှာလဲ သူက ငိုယိုဂျီကျတဲ့လက်နက်ကိုပဲသုံးတဲ့အကျင့်ဖြစ်လာတတ်ပါတယ်။

(၄) မိဘတွေရဲ့ ဂရုစိုက်မှုလိုချင်လို့

ငိုတတ်တဲ့ကလေး နို့စို့ရ ဆိုတဲ့စကားလိုပဲ အေးအေးဆေးဆေးနေတတ်တဲ့ကလေးထက် ဂျီကျတတ်တဲ့ကလေးတွေကို မိဘအများစုက ကိုယ်တိုင်သတိမပြုမိဘဲ ပိုပြီးဂရုတစိုက်ဆက်ဆံတတ်ကြပါတယ်။ ဥပမာအားဖြင့် အိပ်ရာနိုးလာလို့ ဗြဲကနေအော်ငိုတာနဲ့ တစ်ယောက်ယောက်က အပြေးအလွှားရောက်လာပြီး ကောက်ချီချော့မြူတဲ့အကျင့်ရှိရင် ငိုလိုက်တာနဲ့ ချက်ခြင်းရောက်လာမယ်လို့ ကလေးရဲ့မသိစိတ်မှာ ဖြစ်နေတတ်ပါတယ်။ မိဘတွေအနေနဲ့ ကလေးက ကောင်းကောင်းမွန်မွန်နေရင် ဂရုစိုက်မှုပိုပြပြီး မလိုအပ်ဘဲ အရမ်းငိုယိုဂျီကျနေရင် သဲသဲလှုပ်ဂရုစိုက်ပြတာမျိုးမလုပ်မိဖို့လိုပါတယ်။

Reference:

NHS: Dealing with child behavior problems

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိ ***

( နေ့စဉ် မနက် ၈နာရီမှ ညနေ၆နာရီအထိ )

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

ချက်ချင်း တန်းစီ၍ ဆေးခန်းပြရန်အတွက် ( https://t.me/TelehealthMM )ကို နှိပ်ပါ

Ministry of Health,

National Unity Government.

Published on: 22 June 2022
Last Updated: 22 June 2022

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

ဖောက်ပြန်ခံရတဲ့အခါ ….

ပတ်ဝန်းကျင်မှာ ဒါမှမဟုတ် ဆိုရှယ်မီဒီယာမှာ ခဏခဏ မြင်ဖူး၊ ကြားဖူးကြပါလိမ့်မယ်။ အိမ်ထောင်ဖက် ဒါမှမဟုတ် ချစ်သူက ဖောက်ပြန်သွားတဲ့အခါ.... ဖောက်ပြန်ခံရတဲ့သူကပဲ "ငါ ဘာတွေ လိုအပ်သွားလို့လဲ"၊ "ငါ့မှာ ဘာအားနည်းချက်ရှိလို့လဲ"၊ "ငါ့အပြစ်တွေပဲ" ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်ရှာ၊ လက်ညှိုးထိုးတတ်ကြပါတယ်။ တကယ်တော့ အမှားလုပ်တာက တစ်ဖက်လူဖြစ်ပြီး နာကျင်ရတာက...

ဒိုပါမင်း အလွန်အကျွံလှုံ့ဆော်မှုကို ခဏတာဖြတ်တောက်ခြင်း Dopamine Fasting

ဖုန်းသုံးနေရင်း social media ပေါ်က short videos တွေကို တစ်ခုပြီးတစ်ခု ပွတ်နေရင်း အချိန်တွေကုန်မှန်းမသိ ကုန်သွားတာမျိုး ကြုံဖူးပါသလား။ ဒီလိုဖြစ်ရတဲ့ အဓိကတရားခံကတော့ ဦးနှောက်ထဲက ဒိုပါမင်း (Dopamine) ဓာတ်တွေ အလွန်အကျွံ လှုံ့ဆော်ခံနေရလို့ပဲ ဖြစ်ပါတယ်။ ဒိုပါမင်း (Dopamine) ဆိုတာ အလွယ်ပြောရရင် ကျွန်မတို့...

သွေးစစ်ဖို့ နောက်မကျပါစေနဲ့

ဆေးခန်းရှေ့ရောက်မှ ရင်တွေတအားခုန်လာပြီး နောက်ပြန်လှည့်ပြေးချင်စိတ် ပေါက်ဖူးလား။ "အဖြေတစ်ခုခု ထွက်လာရင် ငါဘယ်လို ရှေ့ဆက်ရမလဲ" ဆိုတဲ့ အတွေးက လူကို အတော်လေး မွန်းကျပ်စေတာ အမှန်ပဲ။ HIV လို၊ ကာလသားရောဂါလို ကိစ္စတွေမှာ သွေးသွားစစ်ဖို့ ကြောက်နေတာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ လူတိုင်းလိုလို ဒီခံစားချက်ကို ဖြတ်သန်းဖူးကြတာချည်းပဲ။ ဒါပေမယ့်...

အယူအဆလွဲများ (၃၇)

❌ အယူအဆလွဲ >>> နှာခေါင်းသွေးယိုတဲ့အခါ သွေးတွေ အပြင်ကို ထပ်မထွက်လာစေဖို့ ခေါင်းကို အနောက်ဘက်ကို မော့ပစ်လိုက်တာ ဒါမှမဟုတ် ပက်လက်လှန်အိပ်ခိုင်းလိုက်တာ။ ☑️ အမှန် >>> ခေါင်းကို အနောက်ကို မော့လိုက်တဲ့အခါ နှာခေါင်းထဲက သွေးတွေဟာ အပြင်ကို မစီးတော့တာ မှန်ပေမယ့် အဲဒီသွေးတွေဟာ လည်ချောင်းထဲမှတစ်ဆင့်...