See our latest stories

written by our lovely staff members

Introvert Vs Extrovert

လူတိုင်းမှာ သူတို့ရဲ့ ပြင်ပသွင်ပြင်လက္ခဏာသာမကဘဲ စိတ်နေစိတ်ထား (Personality) တွေလည်း မတူကြပါဘူး။ အကြမ်းဖျင်းအားဖြင့်တော့ Introvert (I) နဲ့ Extrovert (E) ဆိုပြီး နှစ်မျိုးရှိတယ်လို့ ပြောနိုင်ပါတယ်။ တချို့က မွေးကတည်းက သူ့သဘာဝအတိုင်း Introvert သို့မဟုတ် Extrovert ဖြစ်နေပေမယ့်၊ တချို့ကတော့ ကြီးပြင်းလာပုံ၊...

Mercy k-i-l-l-i-n-g

"Mercy k-i-l-l-i-n-g" သနားသဖြင့် that လိုက်ခြင်းပေါ့။ တကယ်ကြုံခဲ့၊ လုပ်ပေးခဲ့ရပါတယ်။မှန်သလား၊ မှားသလား ကျွန်တော်လည်း မသိပါဘူး။ လုပ်ပြီးသွားပြီ။ မှန်သလား၊ မှားသလား လွတ်လပ်စွာ သဘောထား ကွဲလွဲလို့ရပါတယ်။ ခင်ဗျားတို့ ကြုံခဲ့ရရင်ရော ဘယ်လိုဆုံးဖြတ်မလဲ သိချင်မိပါတယ်။…… အသက်က ၁၆ နှစ်၊ သားဦးကိုယ်ဝန်၊ ကျွန်တော်တို့နဲ့ တစ်ခါမှ ဗိုက်အပ်မထားဘူးပါဘူး။ ကိုယ်ဝန်သက်တမ်း ၃၇...

ဘိန်းစာရွက် (Kratom) နဲ့ ပတ်သက်တဲ့ ကောင်းကျိုးဆိုးကျိုးများ

သတင်းတစ်ခုမှာ ကျောင်းသားလူငယ်တွေ ဘိန်းစာရွက်ကို အသုံးများလာကြတာရယ်၊ ရောင်းတဲ့ဆိုင်တွေလည်း တိုးလာကြတယ်ဆိုတာ ဖတ်ရတော့ . . . ဘိန်းစာရွက် (Kratom) နဲ့ ပတ်သက်တဲ့ ကောင်းကျိုးဆိုးကျိုးလေးတွေအကြောင်း ရေးချင်စိတ်လေး ဖြစ်လာပါတယ်။ ___ 🍃 ဘိန်းစာရွက်လို့ခေါ်ကြတဲ့ (Kratom) ဟာ အရှေ့တောင်အာရှဒေသတွေမှာ ပေါက်ရောက်တဲ့အပင်တစ်မျိုးဖြစ်ပြီး၊ သိပ္ပံနာမည် ခရေတမ် (Kratom)...

မေမေတွေကို မဆူမိပါစေနဲ့

ကျွန်မဟာ ကလေးအမေဖြစ်လာမှ ကိုယ့်ကိုယ်ကိုယ် သတိထားမိတဲ့ မကောင်းတဲ့အချက်တစ်ချက် တွေ့လာရပါတယ်။ အဲဒါကတော့ public health မှာ တာဝန်ထမ်ဆောင်စဥ်ကာလမှာရော၊ ဒီကာလအတောအတွင်း မြေပြင်မှာ Health care ပေးစဥ်အချိန်မှာရော… ကလေးလေးတွေ (အထူးသဖြင့် ငါးနှစ်အောက်ကလေးလေးတွေ) မရူနိုင်မကယ်နိုင်ဖြစ်မှ ဆေးခန်းရောက်လာရင် ကလေးအတွက် စိတ်ပူတဲ့ဇောနဲ့ မိဘ (အထူးသဖြင့်)...

Dexa (ဒက်ခ်ဆာ)ကို ခဏခဏ သောက်သင့်သလား

မေး။ Dexa (ဒက်ခ်ဆာ) ကို စားဝင်အိပ်ပျော်ဖို့ ခဏခဏ သောက်ဖြစ်နေတယ်။ ဈေးလည်းသက်သာ၊ ဝယ်ရလည်းလွယ်တာမို့ အမြဲလိုသောက်ဖို့ သင့်တော်ပါသလား။ ဖြေ။ Dexamethasone (ဒက်ခ်ဆာမီသာဇုမ်း) ဟာ Steroid (စတီးရွိုက်) အုပ်စုဝင် ဆေးဝါးဖြစ်ပါတယ်။ ဒီအုပ်စုထဲမှာ အခြားအသုံးများတဲ့ ဆေးတစ်မျိုးကတော့ Prednisolone (ပရက်ဒနီဆိုလုမ်း) လို့လည်း ခေါ်ပါတယ်။...

အအေးမိခြင်း

ဆရာဝန်။ မင်္ဂလာပါ… ကျွန်တော် တာဝန်ကျဆရာဝန်ပါ ခင်ဗျ။ ဆေးခန်းပြလိုတဲ့ အကြောင်းရင်းလေး ပြောပါဦးဗျ။ မေမေ။ ဆရာရေ ကျွန်မသားလေးကိုစိတ်ပူလို့ လာပြတာပါ။ ညနေက မိုးရေထဲကစားပြီးတဲ့နောက် နှာခဏခဏချေနေတယ် ဆရာ။ ညဆိုရင်တော့ နေမကောင်းဖြစ်တော့မယ် ထင်တယ်။ ဆရာဝန်။ ဟုတ်ကဲ့ပါဗျ။ အမေ စိုးရိမ်နေတာကိုနားလည်ပါတယ်။ မိဘအတော်များများလည်း ဒီလိုပဲစိတ်ပူတတ်ကြပါတယ်။ ဒါပေမယ့်...

“ချီးကျူးဖိုကို မတွန့်ဆုတ်ပါနဲ့…”

ကျွန်မတို့ရဲ့ လူ့ဘောင်အဖွဲ့အစည်းမှာ တစ်နည်းအားဖြင့် ကျွန်မတို့ယဉ်ကျေးမှု Culture မှာ တစ်ယောက်ကိုတစ်ယောက် ချီးကျူးဂုဏ်ပြုဖို့၊ ချီးမွမ်းစကားပြောဖို့၊ အသိအမှတ်ပြုပေးဖို့ကို တော်တော်လေး အားနည်းကြတာကို တွေ့ရပါတယ်။ မိမိကလည်း Affirmation (ချီးကျူးဂုဏ်ပြုခြင်း/အသိအမှတ်ပြုခြင်း၊ ရိုးရိုးရှင်းရှင်းပြောရရင် အားပေးစကားပြောခြင်း) ဆိုတာမျိုးကို လုပ်လေ့မရှိသလို၊ သူများက ကိုယ့်ကို ချီးကျူးလာရင်လည်း ဘယ်လိုတုံ့ပြန်ရမှန်းမသိ၊ အနေခက်ပြီး...