MENU

See our latest stories

written by our lovely staff members

စိတ်ဖိစီးမှုများနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ အသုံးဝင်မယ့် ဝင်လေထွက်လေ ညီမျှအောင် စည်းချက်ကျကျ အသက်ပြင်းပြင်းရှူသွင်းရှူထုတ်နည်း Box Breathing (October,2023)

Box Breathing နေ့စဉ်ဘဝမှာ စိတ်ဖိစီးမှုများနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ အသုံးဝင်မယ့် အသက်ရှူလေ့ကျင့်ခန်းလေးတစ်ခုကို မျှဝေပေးလိုက်ပါတယ်နော်။ Box breathing လို့ခေါ်တဲ့ ဝင်လေထွက်လေ ညီမျှအောင် စည်းချက်ကျကျ အသက်ပြင်းပြင်းရှူသွင်းရှူထုတ်နည်းဟာ အလွန်ထိရောက်တဲ့ စိတ်ဖိစီးမှုဖြေလျှော့တဲ့နည်းလမ်း (relaxation techniques) လေးတစ်ခုပါ။ ဒီလို ရှူသွင်းရှူထုတ်လုပ်ခြင်းဟာ သင့်ကို စိတ်ပြေလျော့စေပြီး အာရုံစူးစိုက်မှုကို ကောင်းစေပါတယ်။...

ရုံးအလုပ်သမားတွေမှာ ဖြစ်တတ်တဲ့ ရောဂါလက္ခဏာစုတစ်ခု Office Syndrome (October,2023)

Office Syndrome ဆိုတာကတော့ ရုံးအလုပ်သမားတွေ၊ အထူးသဖြင့် အချိန်အကြာကြီး ထိုင်ပြီး အလုပ်လုပ်ရတဲ့သူတွေမှာ ဖြစ်တတ်တဲ့ ရောဂါလက္ခဏာအစု တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် office syndrome လို့ ခေါ်ဆိုတာ ဖြစ်ပါတယ်။ ရောဂါထက် လက္ခဏာအစုလို့ပြောရင် ပိုမှန်ပါလိမ့်မယ်။ ဘာကြောင့် ဖြစ်တာလဲဆိုတော့ အချိန်အကြာကြီး ထိုင်နေရာကနေ...

အဖြစ်များနေတဲ့ မျက်စိနာခြင်းအကြောင်း (Video)(October,2023)

ခုတလော ရာသီအကူးအပြောင်းမှာ ရာသီတုတ်ကွေးတွေအဖြစ်များနေသလို မျက်စိနာတာတွေလည်း အဖြစ်များတာ တွေ့ရပါတယ်။ အဲသည်လို မျက်စိနာ‌တာတွေက ဘာကြောင့်ဖြစ်တာလဲ၊ မျက်စိနာလာရင်ဘယ်လိုပြုမူနေထိုင်ကုသရမလဲ၊ ဘယ်လိုအပြုအမူတွေကြောင့် တယောက်နဲ့တယောက် မျက်စိနာရောဂါကူးစက်ကြသလဲ စတဲ့ သိထားသင့်တဲ့ အကြောင်းအရာတွေကို ဒေါက်တာဆုတောင်းပြည့်က မျှဝေပေးထားပါတယ်။ Ministry of Health, National Unity Government. https://youtu.be/BoyhCUG7EaI?si=fzQIeQXyOwJg1HoP

ဆေးခန်းပြသည့်အခါ လိုက်နာသင့်သည်များ (October,2023)

"ဒီဆေးက ဘာဆေးလဲဟင်" "ဒါကရော သောက်လို့ရလား... အတူတူပဲလား" လာပြတဲ့ဟာလေးတွေ ကြည့်လိုက်တော့ ဆေးလုံးဖြူဖြူလေးတွေ၊ ဝါဝါလေးတွေ၊ တချို့ အစိမ်း...တချို့ ဘာညာ ဟယ်... ဒါမျိုးတွေ တို့ အကုန်မခွဲခြားတတ်ပါဘူးနော် ???? ဖြူနီပြာဝါ ရောင်စုံဆေးပန်းခင်းကြီးထဲ တို့တွေကို မလွှတ်ပါနဲ့.... တကယ် မသိလို့ပါ ???? ထုတ်လုပ်သူ ဆေးဝါးစက်ရုံမျိုးစုံ၊ ဖြန့်ဝေသူ ကုမ္မဏီမျိုးစုံတွေအကြား ဆေးပုံစံလေးတွေဟာ ဝိုင်းဝိုင်းလေးတွေ၊...

အမျိုးသမီးအများစုအတွက် Beauty Standards (September,2023)

Beauty Standards ဝလာလိုက်တာ၊ အသားမည်းတယ်နော်၊ ခါးကလည်းပျောက်နေပြီ စတဲ့ အလှအပဆိုင်ရာ ဝေဖန်သံတွေက နေ့စဉ်ဘဝ ကြားနေကျ အသံတွေဆိုလည်း မမှားပါဘူးနော်... အခုခေတ်မှာ Social Media ခေတ်စားလာတဲ့ အချိန် ... Models တွေရဲ့ အသားအရေ ဖြူဝင်းလှပတာ၊ ကိုယ်ခန္ဓာအချိုးအစား ကောက်ကြောင်းပေါ်တာ စတာတွေပေါ် မူတည်ပြီး...

ကျန်းမာရေးနဲ့ ညီညွတ်ချင်ရင် ကိုယ်ရှာနိုင်တာထက် ပိုသုံးပါ (September,2023)

"ကျန်းမာရေးနဲ့ ညီညွတ်ချင်ရင် ကိုယ်ရှာနိုင်တာထက် ပိုသုံးပါ" (ကျားမလေး - တယ်လီကျန်းမာ၊ စက်တင်ဘာ ၂၀၂၃) ဟာ . . . ဟင် ဘယ်လို . . . ဘယ်လို ပေါက်တတ်ကရတွေ ပြောနေတာလား အဲလိုသာ သုံးနေလို့ကတော့ အကုန် မွဲကုန်မှာပေါ့ ???? ... ... ဪ... အင်း ပေါက်တတ်ကရ မဟုတ်ပါဘူးနော် အတည်ပြောတာပါ။ ဒီလိုပါ... ကိုယ်ရှာနိုင်တာထက် ပိုသုံးပါဆိုတာ...

အစာမကြေခြင်း Indigestion (Video) (September,2023)

အစာမကြေခြင်းဟာ လူအတော်များများမှာဖြစ်လေ့ရှိတဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါတယ်။ အစာမကြေတာဟာ တခါတလေမှာ စိတ်အနှောင့်အယှက်ဖြစ်တဲ့ အခြေအနေဖြစ်ပြီး အစာအိမ်ရောဂါ၊ မုန့်ချိုအိတ်ရောင်ရောဂါနဲ့ အစာအိမ်ကင်ဆာစတာတွေနဲ့လည်း ဆက်စပ်နေနိုင်တာကြောင့် မပေါ့ဆသင့်တဲ့ရောဂါတစ်ခုဖြစ်ပါတယ်။ ဒီတပတ်မှာတော့ အစာမကြေဖြစ်ခြင်းရဲ့ အကြောင်းရင်း၊ အစာမကြေခြင်းမဖြစ်အောင် လိုက်နာသင့်တဲ့ဆောင်ရန်ရှောင်ရန်အချက်တွေနဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့လူနေမှုပုံစံတွေကို ဒေါက်တာဆုတောင်းပြည့်က မျှဝေပေးထားပါတယ်။ Ministry of Health, National Unity Government. https://youtu.be/KX32rPo3FFw?si=z6I0t0hoACTgUY1Y

စောင့်ကြည့်ရမယ့် ကျန်းမာရေးစောင့်ရှောက်မှု Healthcare Trend(Telehealth) (September,2023)

ဒီနှစ်ရဲ့ Fashion Trend, Skin Care Trend, Make up Look Trend, Color Trend တွေဆိုပြီး Trend တွေရှိသလို... စောင့်ကြည့်ရမယ့် ကျန်းမာရေးစောင့်ရှောက်မှု (Health care trends to watch in 2023 )...