See our latest stories

written by our lovely staff members

အယူအဆအလွဲများ (၂)

အယူအဆအလွဲ >>> လက်ဆစ်ချိုးခြင်းက အဆစ်အမြစ်ရောင်ရောဂါကို ဖြစ်စေနိုင်တယ်။ အမှန် >>> လက်ဆစ်ချိုးတဲ့ အသံဟာ အဆစ်တွေထဲကအရည် (Synovial Fluid) မှာရှိတဲ့ ဓာတ်ငွေ့ပူဖောင်းလေးတွေ မြန်မြန်ဆန်ဆန် ထွက်သွားခြင်းကြောင့် ဖြစ်ပါတယ်။ လက်ဆစ်ချိုးခြင်းနဲ့ အဆစ်အမြစ်ရောင်ရောဂါ ဖြစ်ခြင်းကြားမှာ သိပ္ပံနည်းကျ ဆက်စပ်မှုမရှိဘူးလို့ ဆိုပါတယ်။ သို့သော် လက်ဆစ်ချိုးခြင်းဟာ အဆစ်အမြစ်ရောင်ရောဂါလို ကြီးမားတဲ့ရောဂါကို...

ပထမအိပ်မက်

ရယ်ရမလို၊ ငိုရမလို ကြုံခဲ့ရတဲ့ ဟာသလိုလို ဘာလိုလို ဘယ်လိုခံစားမှူမျိုးလည်း ပြောမပြတတ်တဲ့ လူနာတစ်ယောက်အကြောင်း ပြောပြချင်ပါတယ်။ တိုင်းပြည်ကြီး မကျန်းမာနေမှန်း၊ ပျော်စရာကောင်းမနေမှန်းလည်း သိပါတယ်။ ခဏစိတ်ထွက်ပေါက်ရပြီး တစ်ချက်ပြုံးလိုက်မိကြရင် တစ်ရက်အသက်ရှည်ပါစေဆိုတဲ့ ကျွန်တော့်လို guilty of survivors များအတွက်ပါ။. တစ်နေ့သ၌ပေါ့လေ။ ပြင်ပလူနာဌာန အရေးပေါ်တာဝန်ကျ လက်ထောက်ဆရာဝန်က ဖုန်းနဲ့...

PrEP (Pre-Exposure Prophylaxis) HIV ကြိုတင်ကာကွယ်ဆေးအကြောင်း

"PrEP (Pre-Exposure Prophylaxis) HIV ကြိုတင်ကာကွယ်ဆေးအကြောင်း" တုပ်ကွေးကာကွယ်ဆေး၊ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးတွေလို PrEP ဆိုတာလည်း ကာကွယ်ဆေးတစ်မျိုးပါပဲ။ သူ့ကိုတော့ HIV ဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်းမှ ကြိုတင်ကာကွယ်ဖို့အတွက် ထုတ်လုပ်ထားတာပါ။ ဒါပေမယ့် PrEP ဆေးတွေဟာ ဆေးဝါးအသစ်တွေဖြစ်တာကြောင့် ဘယ်လိုလူတွေ သောက်သင့်လဲ၊ ဘယ်လိုကာကွယ်ပေးနိုင်လဲ၊ ခန္ဓာကိုယ်အပေါ် ဘယ်လိုသက်ရောက်မှုရှိလဲဆိုတဲ့ မေးခွန်းပေါင်းများစွာတော့...

ကျန်းမာရေးနဲ့ လိမ်လည်လှည့်ဖျားမှုများ (ကျားဖျန့် နှင့် ဆေးအတုများ)

ကျွန်တော်တို့ပတ်ဝန်းကျင်ရဲ့ တီဗီ၊ အင်တာနက်၊ ကြော်ငြာတွေကနေ လူတစ်ဦးမဟုတ်တစ်ဦး မိနစ်တိုင်းမှာ ကျန်းမာရေး လိမ်လည်လှည့်ဖျားမှုတွေ ခံနေရပါတယ်။ ဒါကြောင့် ကျန်းမာရေး လိမ်လည်လှည့်ဖြားမှုတွေကို သိရှိပြီး သတိထားဆင်ခြင်နိုင်ဖို့ လေ့လာကြည့်ရအောင်။. ကျန်းမာရေး လိမ်လည်လှည့်ဖြားမှု ဆိုတာဘာလဲ။ လိမ်လည်လှည့်ဖြားပြီး ကျန်းမာရေးပစ္စည်းတွေ အတုရောင်းချကာ လိမ်ညာနေတာမျိုးတွေ ရှိသလို ဆေးခန်းအတု၊ ဆေးရုံအတုတွေကနေ ဆရာဝန်အတု...

တီတီနှင့် ဒေါက်ပီ

"တီတီနှင့် ဒေါက်ပီ" တစ်ခုသော ညနေခင်း၏ ကျေးလက်ဆေးခန်းလေးတွင် ဖြစ်သည်။ ဒေါက်ပီတစ်ယောက် လူနာတွေ တစ်ယောက်ပြီးတစ်ယောက်ကြည့်နေရင်း အသက် ၂၀ ကျော်အမျိုးသမီးငယ်တစ်ဦး မွေးကင်းစ ကလေးငယ်ကိုချီပြီး ဆေးခန်းအဝတွင်ထိုင်ကာ အထဲသို့လှမ်းလှမ်းကြည့်နေသည်ကို သတိထားမိသည်။ မျက်နှာတွင်လည်း ကလေးငယ်ကို စိုးရိမ်နေသည့် ပုံစံတွေ့ရ၏။ ဤသို့ဖြင့် သိပ်မကြာခင် ထိုကလေးချီထားသော အမျိုးသမီးငယ် အလှည့်ရောက်၍ ဆေးခန်းထဲ...

ရင်မောင်၊ သိန်းဆောင်နှင့် နံနံပင်

"နံနံလေးတွေ လှတယ်နော်" လက်ထဲကိုင်ထားသည့် နံနံပင်ကို ကြည့်ပြီးပြောတာလိုလို… ဈေးသည်ကောင်မလေးကို ကြည့်ပြီး ပြောတာလိုလိုဖြင့် သိန်းဆောင်တစ်ယောက် ဟိုဟိုဒီဒီလုပ်ရင်း ကောင်မလေး၏ မျက်နှာကို လှမ်းအကဲခတ်လိုက်သည်။ "ဟုတ်တယ် အစ်ကို… ဒီနေ့ နံနံတွေလတ်တယ်။ တခြားအရွက်တွေလည်း လှတယ်လေ။ ဒီနေ့ ဈေးကားရောက်တာစောသလို အသီးအနှံလည်းစုံတယ်။ ကြည့်ကြည့်ပါဦး" "ဟုတ်ပ ဟုတ်ပ… ဘာကြည့်ကြည့်… ဘယ်လိုကြည့်ကြည့်ကို...

ကလေးမချစ်တတ်ခြင်း

ဒီရက်ပိုင်း လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ "လူတိုင်း ကလေးမချစ်တတ်ဘူး" ဆိုတဲ့ အကြောင်းအရာလေးကို ကျွန်မလည်း ဖတ်လိုက်ရပါတယ်။ အမှန်ပါပဲ။လူတိုင်းဟာ ကလေးတွေကို အလိုအလျောက် ချစ်တတ်ကြတာ မဟုတ်ပါဘူး။ ကြောင်မချစ်တတ်သူ ရှိသလို၊ ခွေးမချစ်တတ်သူလည်း ရှိပါတယ်။ ဒါဟာ လူတစ်ဦးချင်းစီရဲ့ ကိုယ်ပိုင်စိတ်နေစိတ်ထားနဲ့ ခံယူချက်အပေါ် မူတည်ပါတယ်။ တချို့လူတွေမှာ အရင်က ကလေးတွေကို သိပ်မချစ်ပေမယ့်...

လိင်အင်္ဂါ စီလီကွန်ဆေးထိုးခြင်း Penile Silicone Injection

"အမျိုးသားကျန်းမာရေးအတွက် ညီလေးကြီးဖို့ မလိုပါ" သင်ဟာ လိင်တံကြီးထွားအောင် ဆီလီကွန်ဆေးထိုးထားသူ တစ်ယောက်လား။ သင်ဟာ လိင်တံကြီးထွားအောင် ဆီလီကွန်ဆေး ဒါမှမဟုတ် အခြားဓာတုဆေးဝါးတစ်ခုခု ထိုးထားသူတစ်ယောက်ဆိုရင် ဆေးပညာရှင်များနဲ့ အမြန်ဆုံး တိုင်ပင်ဖို့လိုပါမယ်။ အထူးသဖြင့် လိင်တံပြန်လည်ပြုပြင်ခြင်းနှင့် ဆီလီကွန်ဖယ်ရှားခြင်း အတွေ့အကြုံရှိတဲ့ ခွဲစိတ်ဆရာဝန်နဲ့တိုင်ပင်ဖို့ အရေးကြီးပါတယ်။ ဒါမှသာ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး တိကျတဲ့လမ်းညွန်စောင့်ရှောက်မှုတွေ...