MENU

See our latest stories

written by our lovely staff members

ကလေးအူစွပ်ခြင်း Childhood Intussusception ( April, 2022 )

ကလေးအူစွပ်ခြင်း ကလေးအူစွပ်တယ်ဆိုတာ အရမ်းအဖြစ်များတဲ့ ရောဂါတွေထဲ မပါပါဘူး။ ဒါပေမယ့် ဖြစ်ရင်လည်း အသက်အန္တရာယ်ရှိလို့ အရေးကြီးပါတယ်။ အချိန်မှီသိပြီးကုသမှုခံယူရင် လုံးဝပျောက်ကင်းအောင်ကုသလို့ရတဲ့ ရောဂါပါ။ အများအားဖြင့် သုံးလကနေ တစ်နှစ်အတွင်းကလေးတွေမှာ ဖြစ်လေ့ရှိပါတယ်။ ဘယ်လိုဖြစ်တာလဲ ??ပုံမှန်ရွေ့လျားနေတဲ့ အူတစ်စိတ်တပိုင်းက အကြောင်းတစ်ခုခုကြောင့် လှုပ်လျားမှုကမောက်ကမဖြစ်ပြီးနောက် အူတစ်ပိုင်းထဲကို ကျန်အူက တယ်လီစကုပ်လိုမျိုး စွပ်ဝင်သွားတာပါ။ အဲဒီ့စွပ်ဝင်သွားတဲ့...

ကလေးများတွင်ဖျားပြီး အနီစက်ထွက်ခြင်း Fever With Rash In Children ( April, 2022 )

ကလေးများတွင်ဖျားပြီး အနီစက်ထွက်ခြင်း ဖျားပြီး အ​ရေပြားမှာ အနီစက်တွေ ၊ အကွက်တွေ ထွက်တာဟာ က​လေးငယ်​တွေမှာအဖြစ်များပြီး မိဘ​တွေကလဲ စိတ်ပူတတ်ကြပါတယ်။ အများစုက​​တော့ virus ပိုး​​​တွေ​ကြောင့်ဖြစ်တတ်ပြီး အန္တရာယ်မ​ပေးတတ်ပါဘူး။ ဖျား​ပေမယ့် က​လေးကလန်းဆန်းမယ်၊ အစား​ပုံမှန်ဝင်မယ်၊ အရည်/နို့​ကောင်း​ကောင်းဝင်မယ်၊ ကစားနိုင်မယ်၊ အိပ်နိုင်မယ်ဆိုရင် စိတ်ပူစရာမလိုပါဘူး။ အဲ့ဒီလို အန္တရာယ်မရှိတဲ့ အနီစက်​တွေဟာ...

စာလေ့လာမှုခက်ခဲခြင်း Dyslexia ( April, 2022 )

Dyslexia (စာလေ့လာမှုခက်ခဲခြင်း ) ဖေဖေ မေမေတို့ရဲ့ သားသမီးရတနာလေးတွေ စာပေလေ့လာမှုမှာ ခက်ခဲနေတာမျိုးရှိသလားဆိုတာကို ဆန်းစစ်ကြည့်ပြီးပြီလား❓ ကလေးတွေ ကျောင်းမှာစာလေ့လာရတာအဆင်ပြေရဲ့လား၊ အိမ်စာတွေလုပ်နိုင်ရဲ့လား၊ စာလိုက်နိုင်ရဲ့လားဆိုတာဟာ မိဘတိုင်း စိတ်ပူရတဲ့ကိစ္စဖြစ်ပါတယ်။ Dyslexia (စာလေ့လာမှုခက်ခဲခြင်း) ဆိုတာဟာ စာဖတ်ခြင်း၊ စာရေးသားခြင်း နဲ့ စာလုံးပေါင်းခြင်းတို့မှာ အခက်အခဲရှိနေခြင်းဖြစ်ပါတယ်။ ဥပမာအားဖြင့်​ Book , Cat...

ဘောင်းဘီထဲ အီးထွက်ကျတတ်တဲ့ကလေး Encopresis (March, 2022)

???? ဘောင်းဘီထဲ အီးထွက်ကျတတ်တဲ့ကလေး (Encopresis) ???? အပြင်သွားခါနီး ရေချိုးအဝတ်အစားလဲပြီးချိန်/ မိတ်ဆွေသူငယ်ချင်းတွေနဲ့ စားသောက်နေတဲ့အချိန် “အီးပါချလိုက်ပြီ” ဆိုပြီး ကိုယ့်ကလေးက မျက်နှာငယ်လေးနဲ့ လာပြောတာကို ကြုံဖူးကြပါမှာပါ။ အီးပါ၊ရှူးပေါက်ချင်ရင် ပြောပြတတ်အောင် သင်ပေးထားရက်နဲ့ ဘောင်းဘီထဲ အီးအီးပါချလိုက်တာက ဖေဖေ၊ မေမေတို့အတွက် တော်တော်လေး စိတ်ကသိကအောက် ဖြစ်စေမှာပါ။...

ချော့မရအောင် ငိုတဲ့ကလေးကို လုပ်ပေးရမယ့် အချက် ၃ ချက် Soothing A Crying Baby ( March, 2022 )

???? ချော့မရအောင် ငိုတဲ့ကလေးကို လုပ်ပေးရမယ့် အချက် ၃ ချက် ???? တချို့ကလေးတွေဟာ တခြားကလေးတွေထက် ပိုပြီးငိုလွန်းတာမျိုး/ ချော့ဖို့လိုအပ်တာမျိုးရှိပါတယ်။ တကယ်တော့ ကလေးတစ်ယောက်နဲ့ တစ်ယောက် ခံစားချက်တွေ၊ ပတ်ဝန်းကျင် အခြေအနေတွေကို တုန့်ပြန်ပုံခြင်းမတူကြလို့ပါ (ဥပမာတခုအနေနဲ့ပြောရရင် တချို့လူတွေက စကားကို တိုးတိုးပြောတတ်ပေမယ့် တချို့က ကျယ်ကျယ်ပြောတတ်တယ်၊ တချို့အချင်းချင်းစိတ်ဆိုးစိတ်ကောက်ကြရင်...

ကြမ်းကြမ်းတမ်းတမ်း ခါယမ်းခြင်းကြောင့် ကလေးများတွင် ဖြစ်နိုင်သည့် အန္တရာယ်များ Shaken Baby Syndrome ( March, 2022 )

???? Shaken Baby Syndrome သို့မဟုတ် ကြမ်းကြမ်းတမ်းတမ်း ခါယမ်းခြင်းကြောင့် ကလေးများတွင် ဖြစ်နိုင်သည့် အန္တရာယ်များ ???? ၂၀၀၀ ခုနှစ် ဒီဇင်ဘာ (၇) ရက်နေ့ မတိုင်ခင်အထိ အသက် (၂) နှစ်ခွဲအရွယ် Austin လေးဟာ သာမန်ကလေးတွေလိုပဲ လမ်းလျှောက်တယ်၊ ကစားရတာကြိုက်တယ်၊...

ကလေးတွေမှာ ဦးခေါင်းအနည်းငယ်ထိခိုက်ဒဏ်ရာရခြင်း Minor Head Injuries in Children ( February 2022 )

ကလေးတွေမှာ ဦးခေါင်းအနည်းငယ်ထိခိုက်ဒဏ်ရာရခြင်း တစ်ခါတလေ ကလေးတွေဆော့ကစားရင်းဖြစ်စေ မတော်တဆဖြစ်စေ ခေါင်းကိုထိခိုက်မှုဖြစ်တဲ့အခါ မိဘအုပ်ထိန်းသူတွေအနေနဲ့ ဆေးရုံပို့ရမှာလား၊ ဦးနှောက်ထိပြီး ဉာဏ်ရည်များနိမ့်သွားတော့မှာလား၊ အသက်အန္တရာယ်များရှိလား စသဖြင့် စိုးရိမ်ပူပန်မှုများစွာ ဖြစ်စေပါတယ်။ ဦးခေါင်းအနည်းငယ် ထိခိုက်ဒဏ်ရာရတယ်ဆိုတာ ဘာလဲ ? သဘာဝတရားကြီးက အရမ်းနုနယ်တဲ့ဦးနှောက်ကို ကာကွယ်ဖို့အတွက် ဦးခေါင်းခွံမာကြီးနဲ့ အုပ်ပေးထားပါတယ်။ ခေါင်းကို တစ်ခုခုနဲ့ဆောင့်မိတဲ့အခါ ဦးနှောက်က အနည်းငယ်ခါယမ်းသွားပြီး...

ကလေးပါးစပ်တွင်းက မှက်ခရု Childhood Oral Candidiasis

"ကလေးပါးစပ်တွင်းက မှက်ခရု" မှက်ခရုကတော့ Candida လို့ခေါ်တဲ့ Yeast မှိုတစ်မျိုးကြောင့်ဖြစ်တာပါ။ အဖြူဖတ်လေးကို ဖယ်လိုက်ရင် သွေးထွက်တတ်ပါတယ်။ အဖြူဖတ်တွေရဲ့ အောက်ခြေမှာ ရောင်နေတတ်တာကြောင့် (တစ်ခါတစ်ရံ) လျာ/ခံတွင်း နာကျင်ခြင်း၊ မအီမသာဖြစ်ခြင်၊း အစားအသောက်ပျက်ခြင်း၊ နို့ မစို့နိုင်ခြင်းတို့ ဖြစ်နိုင်ပါတယ်။ ရောဂါကူးစက်ပုံ Candida က လူတို့၏ အရေပြား၊...