မိခင်နို့တိုက်ကျွေးခြင်း၏ အကျိုးကျေးဇူး နှင့် ဆောင်ရန်ရှောင်ရန်များ Benefits of Breast Feeding ( July, 2022)

မိခင်နို့တိုက်ကျွေးခြင်း၏ အကျိုးကျေးဇူး နှင့် ဆောင်ရန်ရှောင်ရန်များ ( July, 2022 )

လူသားတစ်ဦးအတွက် မိခင်ဝမ်းမှထွက်ပြီး ပထမဦးဆုံးစားသုံးရသောအရာမှာ မိခင်နို့ပင်ဖြစ်ပေသည်။ မိခင်နို့ရည်သည် ကလေးဘဝကျန်းမာရေး အတွက်အတွက်သာမက ၊ ကလေးအရွယ်ရောက်ချိန်အထိ ကျန်းမာရေးအတွက်အရေးကြီးပါသည်။

✅ မိခင်နို့ တိုက်ကျွေးခြင်းရဲ့ အကျိုးကျေးဇူးက ဘာတွေဖြစ်မလဲ ?

မိခင်နို့တိုက်ကျွေးခြင်းဟာ ကလေးအတွက်ရော မိခင်အတွက်သာမက မိသားစုအတွက် ၊ နိုင်ငံ့အတွက်ပါ အကျိုးကျေးဇူးများစွာပေးပါတယ်။

???????? ကလေးအတွက် ရရှိနိုင်တဲ့အကျိုးကျေးဇူးတွေကတော့ –

(၁) မိခင်နို့ရည်ဟာ ကလေးရဲ့ခန္ဓာကိုယ်ဖွံ့ဖြိုးကြီးထွားခြင်းသာမက ဇီဝကမ္မဖြစ်စဉ်ဖွံဖြိုးခြင်းတို့အတွက် အရေးကြီးပါတယ်

(၂) မိခင်နို့ရည်ဟာ ကလေးရဲ့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပါတယ် ????????

(၃) ၅ နှစ်အောက်ကလေးများ အဓိကသေဆုံးရခြင်းရဲ့အကြောင်းအရင်းဖြစ်တဲ့ အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းနှင့် ဝမ်းပျက်ဝမ်းလျောခြင်းတို့ကို မိခင်နို့ရည်က ကာကွယ်ပေးပါတယ်

(၄) မိခင်နိုရည် တိုက်ကျွေးခြင်းအားဖြင့် အာဟာရချို့တဲ့သည့်ရောဂါ ၊ တစ်နှစ်အောက်ကလေးတွင်ဖြစ်ပေါ်လေ့ရှိတဲ့ ဓါတ်မတည့်မှု (Allergy)တို့ကို ကာကွယ်ပေးပါတယ် ????????

(၅) မိခင်နို့ရည်တိုက်ကျွေးခြင်းဖြင့် မိခင်နှင့် ကလေး ရင်းနှီးမှုကိုပိုတိုးစေပါတယ် ????‍????‍????

???????? မိခင်အတွက် ရရှိတဲ့အကျိုးကျေးဇူးတွေကတော့ –
(၁) ကလေးမွေးဖွားပြီးနောက်သွေးသွန်ခြင်း ၊ မိခင် သွေးအားနည်းခြင်းတို့ကို ကာကွယ်ပေးပါတယ် ✔️

(၂) မိခင်နို့ရည်ဟာ သဘာဝအလျောက်ရရှိတဲ့အတွက် ငွေရေးကြေးရေးပြဿနာများကိုပူစရာမလိုပါဘူး ✔️

(၃) အမေရဲ့ ခန္ဓာကိုယ်ခုခံအားစနစ်ကိုလည်း တိုးမြှင့်ပေးပါတယ် ✔️

(၄) မိခင်နို့တိုက်ကျွေးခြင်းဟာ သဘာဝအလျောက်ကိုယ်ဝန်တားစေတဲ့အရာ ဖြစ်ပါတယ် ✔️

(၅) သွေးချိုရောဂါအခံရှိတဲ့ မိခင်တွေအတွက်လည်း insulin (အင်ဆူလင်) လိုအပ်မှုကိုလျော့ချပေးပါတယ် ✔️

(၆) ရင်သားကင်ဆာ ၊ သားဥအိမ်ကင်ဆာနဲ့ အရိုးပွ အရိုးကြွပ်ဆတ် ရောဂါတို့ကိုလည်း ကာကွယ်ပေးပါတယ် ✔️

????‍????‍???? ကိုယ့်မိသားစုအတွက် အကျိုးတွေက ဘာတွေရမလဲဆိုတော့ –

(၁) မိခင်နို့ရည်ဟာ သဘာဝကရရှိတဲ့အတွက် ငွေကုန်ကြေးကျများမှုကို လျော့ချပေးပါတယ်

(၂) ကလေးအတွက်လည်း အချိန်ပိုပေးဖြစ်တာကြောင့် မိသားစုဆက်ဆံရေးကို ပိုပြီးတိုးပွားစေပါတယ်

???????? နိုင်ငံအတွက် ဘာတွေ အကျိုးပြုမလဲ ဆိုတော့ –

(၁) နိုင်ငံတစ်နိုင်ငံရဲ့ ၅ နှစ်အောက်ကလေးသေနှုန်း ကိုလျော့ချပေးပါတယ် ????

(၂) အနာဂတ်အတွက် ကျန်းမာတဲ့ နိုင်ငံ့အကျိုးပြုသားလောင်းများကို မွေးထုတ်ပေးစေပါတယ် ????

❓မိခင်နို့ရည်မှာ အာဟာရတွေအပြင် တခြားဘာတွေပါသေးလဲ

မိခင်နို့ရည်မှာ ကလေးရဲ့ ခုခံအားစနစ်အတွက်လိုအပ်တဲ့ခုခံအားများ ( Immunoglobulin ) နဲ့ ရောဂါပိုးများကိုတိုက်ထုတ်ပေးတဲ့ သွေးဖြူဥ များစွာပါရှိပါတယ်

✅ မိခင်နို့ရည်ကို ဘယ်အချိန် ကနေ ဘယ်အချိန်ထိ တိုက်သင့်သလဲ ? ????

– ကလေးမွေးဖွားပြီးနာရီဝက်အတွင်း နို့ဦးရည်ကို စတိုက်သင့်ပါတယ်။ နို့ဦးရည်ဟာ ကလေးအတွက် ရောဂါကာကွယ်ပေးတဲ့ ခုခံအားစနစ်အများဆုံးပါတဲ့ အရည်ဖြစ်ပါတယ်။

– ကလေးအသက် ပထမဆုံးခြောက်လမှာ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်သင့်ပါတယ်။ ရေဆာတယ်ဆိုရင်တောင် ရိုးရိုးရေအစား မိခင်နို့သာတိုက်ကျွေးသင့်ပါတယ်။ ပထမခြောက်လမှာ မိခင်နို့တစ်မျိုးတည်းကလွဲပြီး ရိုးရိုးရေရော ဖြည့်စွက်စာတွေရော မတိုက်ကျွေးသင့်ပါဘူး။ ????‍♂️

– မိခင်နို့ရည်ကို နေ့ရောညရော ကလေးဆာတဲ့အခါတိုင်း တိုက်သင့်ပါတယ်။

– မိခင်နို့ရည်ကို ကလေးအသက် ၂ နှစ် အထိ တိုက်သင့်ပါတယ်။

✅ ဘယ်လိုအခြေအနေတွေမှာ မိခင်နို့ကို လုံးဝရှောင်သင့်သလဲ ? ????

(၁) မိခင်ဟာ ရောဂါတစ်စုံတစ်ခုကြောင့် ဓာတ်ကင်နေရတဲ့အခြေအနေ

(၂) မိခင်ဟာ ကင်ဆာဆေးသောက်နေရချိန်

(၃) ကလေးကိုထိခိုက်စေနိုင်တဲ့ တခြားသော ဆေးဝါးများ သောက်သုံးနေရတဲ့အချိန်တွေမှာမတိုက်သင့်ပါ ????

( သတိပြုရန် ။ ။ မိခင်သည် အကြောင်းတစ်စုံတစ်ခုကြောင့် ဆေးရုံ ၊ ဆေးခန်း ပြသရသောအခါ ဆရာဝန်မှဆေးညွှန်ကြားခြင်းမပြုခင် မိခင်နို့တိုက်ကျွေးနေရကြောင်း ပြောပြရပါမယ်)

❗️ဘယ်လိုအခြေအနေတွေမှာ သတိထားရမလဲ ?

(၁) မိခင်ဟာ HIV / AIDS ကူးစက်ခံထားရသူဖြစ်ပါက ဆရာဝန်နဲ့သေချာတိုင်ပင်ပြီးမှ နို့ရည်တိုက်ကျွေးသင့်ပါတယ်။

(၂) မိခင်ဟာ အကြောင်းအမျိုးမျိုးကြောင့် စိတ်ဒဏ်ရာရရှိ (စိတ်ကျန်းမာရေး ချွတ်ယွင်းနေပါက) ဆရာဝန်နဲ့သေချာဆွေးနွေးပြီးမှသာ တိုက်ကျွေးရန်သင့်/မသင့်ကို ဆုံးဖြတ်သင့်ပါတယ်။

(၃) မိခင်ဟာ အိမ်နဲ့ဝေးတဲ့နေရာမှာ အလုပ်လုပ်နေရရင် အလုပ်မသွားခင် မိခင်နို့ရည်ကို ညှစ်ခဲ့ပေးရပါမယ်။ ညှစ်ပြီးသားနို့ရည်ကိုလည်း ၈ နာရီ အတွင်းသာ တိုက်သင့်ပါတယ် ။ တိုက်တဲ့အခါမှာလည်း လက်ဖက်ရည်ဇွန်း (သို့မဟုတ်) ဇွန်းအပျော့နှင့်သာ တိုက်ကျွေးသင့်ပါတယ်။

✅ မိခင်နို့တိုက်ကျွေးရာတွင် ဘယ်လို ပုံစံအနေအထားနှင့် တိုက်ကျွေးသင့်ပါသလဲ ?

– နို့ရည်တိုက်ကျွေးတဲ့အခါ မိခင်ဟာ တစောင်းလဲလျောင်း၍သော်လည်းကောင်း ၊ ထိုင်၍သော်လည်းကောင်းတိုက်နိုင်ပါတယ်။

– ကလေးရဲ့ခေါင်းနဲ့ခန္ဓာကိုယ်ဟာ တပြေးတည်းရှိနေရပါမယ်။ ဒါမှသာ ကလေး နို့ရည်မျိုချတဲ့အခါ ရှောရှောရှူရှူဖြစ်ပါမယ်။

– အမေဟာကလေးနဲ့ ကပ်လျှက်နေပြီး လက်နှင့် ကလေးအနောက်မှ ပံ့ပိုးထားပေးရပါမယ်။

– မိခင်ရဲ့ နို့သီးခေါင်းသာမက နို့အဝိုင်းကွင်းပါ ကလေးပါးစပ်နဲ့ ငုံမိနေရပါမယ်။ ကလေးကို မိခင်နို့အုံဘက်ကို အတင်းကပ်ပြီးတိုက်ဖို့မလိုပါဘူး။ ( ကလေးဟာ မိခင်နို့အုံနဲ့ပိမိနေပြီး အသက်ရှူမရတဲ့အန္တရာယ် ကြုံလာနိုင်လို့ပါ )

???? မိခင်နို့ တိုက်ကျွေးခြင်းအားဖြင့် ကျန်းမာသော အနာဂတ် လူငယ်များကို မွေးထုတ်နိုင်ပါစေကြောင်းဆုတောင်းလျက် …. ????????‍♂️

Reference ????????

-Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.
– ObstetricsTen Teachers 20th Edition
– Pediatric Management Guideline 3rd Edition
– Pediatric for Undergraduate 2nd Edition

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***
( နေ့စဉ် မနက် ၈နာရီမှ ညနေ၆နာရီအထိ )

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

ချက်ချင်း တန်းစီ၍ ဆေးခန်းပြရန်အတွက် ( https://t.me/TelehealthMM )ကို နှိပ်ပါ

Ministry of Health,

National Unity Government.

  Published on: 26 July 2022
Last Updated: 26 July 2022

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

အလုံပိတ်နေရာကို ကြောက်တဲ့ Claustrophobia အကြောင်း သိကောင်းစရာ

"အလုံပိတ်နေရာကို ကြောက်တဲ့ Claustrophobia အကြောင်း သိကောင်းစရာ" ဓာတ်လှေကားထဲ ခြေချမိတိုင်း ရင်ဘတ်က တင်းကျပ်လာတာ၊ အသက်ရှူကျပ်လာတာမျိုး ကြုံဖူးပါသလား။ ဒါမှမဟုတ် အခန်းကျဉ်းကျဉ်းလေးထဲ ရောက်သွားရင် ချက်ချင်း အော်ဟစ်ထွက်ပြေးချင်စိတ်‌ ပေါ်ဖူးပါသလား။ ဒီနေ့မှာတော့ စိတ်ကျန်းမာရေး ဗဟုသုတအနေနဲ့ အလုံပိတ်နေရာတွေကို ကြောက်ရွံ့ရတဲ့ Claustrophobia အကြောင်းကို မျှဝေပေးပါရစေ။...... Claustrophobia ဆိုတာ...

“ဆေးမပါရင် ဝမ်းမသွားတော့လို့ပါ ဆရာ”

တစ်နေ့သ၌ ကျွန်တော်ရှိသော ဆေးခန်းလေးသို့ လူနာ ကိုမှတ်တစ်ယောက် ရောက်လာလေသည်။ သူ၏မျက်နှာတွင် စိုးရိမ်ပူပန်မှုများ အပြည့်နှင့်။ လူနာ - "ဆရာရယ်... ကျွန်တော် ဝမ်းနုတ်ဆေး သောက်လာတာ နှစ်နဲ့ချီနေပြီ။ အခုဆို ဝမ်းနုတ်ဆေး မသောက်ရင် လုံးဝ ဝမ်းမသွားတော့ဘူး။ ဆေးကို အမြဲအားကိုးနေရတာ စိတ်လည်းညစ်လာပြီ။ တစ်ခုခုဖြစ်မှာလည်း...

နွားနိုနဲ့ သံပရာသီးက တကယ်ပဲ မတည့်တာလား

🥛နွားနို့နဲ့ 🍋‍🟩သံပရာသီးက တကယ်ပဲ မတည့်တာလား သင်္ဘောသီးထောင်းလေးကို ချဥ်ချဥ်စပ်စပ်လေး သံပရာသီးလေး ညှစ်စားပြီး ခဏနေတော့ လက်ဖက်ရည်ဆိုင်မှာ နွားနို့ပူပူလေးတစ်ခွက် မှာသောက်ဖို့ကြံနေတုန်း "ဟဲ့... နွားနို့နဲ့ သံပရာသီး တွဲစားရင် ဗိုက်ထဲမှာ နို့တွေခဲပြီး သေတတ်တယ်နော်" ဆိုတဲ့ လူကြီးတွေ ပြောစကားကို နားထဲ ကြားယောင်လာတယ်။ တချို့ကလည်း...

အယူအဆလွဲများ (၄၂)

❌ အယူအဆလွဲ >>>> အတက်ရောဂါ (ဥပမာ - ဝက်ရူးပြန်ရောဂါ) ကြောင့် တက်နေတဲ့သူကို လျှာကိုက်မိပြီး သွေးထွက်မှာစိုးလို့ ပါးစပ်ထဲကို ဇွန်း၊ တုတ် ဒါမှမဟုတ် လက်ချောင်းတွေ ထည့်ပြီး ကိုက်ထားခိုင်းလေ့ ရှိကြတာ။ ☑️ အမှန် >>>> တက်နေတဲ့အချိန်မှာ မေးရိုးကြွက်သားတွေက အလွန်အားပြင်းပါတယ်။...