Ascites (ရေဖျဉ်းအကြောင်း) (December, 2022)

“ ဗိုက်ကြီးဖောင်းပြီး ရေဖျဉ်းဘာလို့စွဲလဲသိလား…
အဲတာ ထမင်းစားပြီးပြီးချင်း ရေချိုးလို့ ဖြစ်တာ…
နောက်ကို ထမင်းစားပြီးပြီးချင်း ရေမချိုးနဲ့နော် ”

( ငယ်ငယ်က အစာစားပြီးရေချိုးရင် အစာမကြေမှာစိုးလို့ လူကြီးတွေက ခြောက်လှန့်ပြောတဲ့စကား )

ခုတော့ ခေတ်အခါတွေပြောင်းလာပြီ။ ကလေးတွေကို ခြောက်လှန့်စကားတွေ၊ ဂျင်းတွေထည့်လို့မရတော့သလို ပြည်သူတွေကလည်း ကျန်းမာရေးဗဟုသု‌တတွေကို စိတ်၀င်တစားရှာမှီးလာကြတဲ့ခေတ် ဖြစ်လာပါပြီ။ ဒီတော့လည်း ရေဖျဉ်းအကြောင်း တစေ့‌တစောင်းလေး မျှဝေလိုက်ရပါတယ်။
..
..

????‍???? ရေဖျဉ်းစွဲတယ်ဆိုတာ ဘာကိုခေါ်တာပါလဲ?

????‍⚕️ ရေဖျဉ်းစွဲတယ်ဆိုတာ ဗိုက်ထဲအရည်တွေစုမိတာပါ။ ဗိုက်ကြီးဖောင်းပြီး နေရခက်ပါတယ်။ အရမ်းတင်းရင် အသက်ရှုရပါခက်တတ်ပါတယ်။
..

????‍???? ရေဖျဉ်းဘာလို့ စွဲတာပါလဲ?

????‍⚕️ ဖြစ်စေတဲ့အကြောင်းရင်း အများကြီးထဲမှာမှ အဖြစ်အများဆုံးက အသည်းခြောက်လို့ပါ။ အရက်အရမ်းသောက်တာနဲ့ အသည်းရောင်အသားဝါ ဘီပိုး၊စီပိုးတွေကြောင့် အသည်းခြောက်ပြီး ရေဖျဉ်းစွဲတတ်ပါတယ်။

နောက်အကြောင်းရင်းတစ်ခုကတော့ ကင်ဆာကြောင့်ဖြစ်တဲ့ ရေဖျဉ်းပါ။ အများအားဖြင့် ကင်ဆာ အဆင့်မြင့်တဲ့အနေအထားတွေမှာ ရေဖျဉ်းစွဲတတ်ပါတယ်။

ကျန်တဲ့ နှလုံးရောဂါ၊ ကျောက်ကပ်ဆေးတဲ့သူတွေ၊ ပိုး၀င်တာ(ဥပမာ တီဘီ)နဲ့ အသားဓာတ်နည်းတဲ့သူတွေမှာလည်း ရေဖျဉ်းစွဲတတ်ပါတယ်။
..

????‍???? ရေဖျဉ်းစွဲရင် ဘာတွေခံစားရတတ်ပါလဲ?

????‍⚕️ ရေဖျဉ်းစွဲရင်

– ဗိုက်ဖောင်းမယ်

– ကိုယ်အလေးချိန်တက်မယ်

– ပြည့်အင့်အင့်ဖြစ်မယ်

– လေးတယ်

– ပျို့ချင်၊ အစာမကြေချင်တွေဖြစ်မယ်

– အန်မယ်

– ခြေထောက်ရောင်မယ်

– အသက်ရှုမ၀ဘူး

– လိပ်ခေါင်းပါတွဲတွေ့ရတတ်ပါတယ်။
..

????‍???? ရေဖျဉ်းစွဲရင် ဘာလုပ်ရမလဲ?

????‍⚕️ ရေဖျဉ်းစွဲရင် ဖြစ်ရတဲ့အကြောင်းရင်းကိုရှာပြီး ကုသဖို့အတွက် ဆရာ၀န်နဲ့သေချာတိုင်ပင်ဖို့လိုပါတယ်။

???? မိမိကိုယ်ကို ရေဖျဉ်းမများဖို့/ ထိန်းဖို့/ သက်သာဖို့အတွက်…

(၁) ဆားလျော့စားပါ။ အငန်လျော့စားပါ။

(၂) ရေသောက်တဲ့ပမာဏကို လျော့ချပါ။
(တစ်နေ့တာသောက်သုံးတဲ့ ရေ+အရည်ပမာဏသည် ဆီးပမာဏ+၅၀၀စီစီထက် မပိုသင့်ပါ။ ဥပမာ မနေ့က ဆီး ၁၀၀၀စီစီ(ရေသန့်တစ်ဘူး)သွားထားရင် ဒီနေ့ ရေ+အရည် ၁၅၀၀စီစီထက် ပိုမသောက်သင့်ပါ။)

(၃) အရက်မသောက်ပါနဲ့။ အရက်ဖြတ်ပါ။

(၄) အသားဓာတ်များများစားပါ။
( ကြက်ဥအကာ မကျက်တကျက်/ အကျက် သို့ တနည်းနည်း လုပ်စားပါ။) ချွင်းချက်- အသည်းပန်းနေချိန် (hepatic encephalopathy)တွင်တော့မရပါ။

???? ဆရာ၀န်တွေကလည်း

(၁) ဆီးဆေးပေးလေ့ရှိပါတယ်။

(၂) လိုအပ်ရင် ဗိုက်ကအရည်ကို ဖောက်ထုတ်ပေးပါတယ်။

(၃) တချို့သောအခြေအနေတွေမှာတော့ သွေးကြောကုထုံးတစ်မျိုး (TIPSS) လုပ်ဖို့လိုတတ်ပါတယ်။
..

????‍???? ရေဖျဥ်းစွဲတာကအန္တရာယ်ရှိလား ?

????‍⚕️ ရေဖျဉ်းစွဲတော့ စားရသောက်ရ လှုပ်ရှားရ ခက်ပါတယ်။ အရမ်းတင်းရင် အသက်ရှူရလည်းခက်သလို ပိုး၀င်နိုင်၊ ကျောက်ကပ်ထိနိုင်ပါတယ်။ ချက်နဲ့ပေါင်ခြံမှာလည်း အူကျွံတတ်ပါတယ်။
..

????‍???? ရေဖျင်းမစွဲအောင် ကာကွယ်လို့ရလား?

????‍⚕️ အချို့သော အသည်းမခြောက်အောင်ဆင်ခြင်နည်း၊ ကင်ဆာရောဂါမဖြစ်အောင် ဆင်ခြင်နည်းတွေကရေဖျဉ်းမစွဲအောင်ကူညီပေးနိုင်ပါတယ်။

(၁) အရက်ဖြတ်ပါ။

(၂) ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကိုယ်အလေးချိန်မှာပဲ ထိန်းထားပါ။

(၃) လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။

(၄) ဆေးလိပ်‌မသောက်ပါနဲ့။

(၅) အငန်/ဆားလျော့စားပါ။

(၆) အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုးမကူးအောင် အတူနေရင် အကာအကွယ်သုံးပါ။ ဘီပိုးကာကွယ်ဆေး မထိုးရသေးရင် ထိုးထားပါ။

(၇) စိတ်ကိုယစ်မူးစေသောဆေးဝါးများ မသုံးစွဲပါနဲ့။

ရေဖျဥ်းစွဲလာခဲ့ရင်လည်း မိမိကိုယ်ကိုဆင်ခြင်နေထိုင်ပြီး ဆရာ၀န်ညွှန်ကြားချက်အတိုင်းလိုက်နာပါ ၊ ဆေးသောက်ပါ။ရေဖျဉ်းပိုများလာရင် ဆရာဝန်နဲ့ပြန်လာပြပါလို့ ပြောကြားရင်း ရေဖျဉ်းနဲ့အတူ နေထိုင်နည်းကို တင်ပြလိုက်ရပါတယ်။

Reference ????
https://www.hopkinsmedicine.org/…/conditions…/ascites…

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

( နေ့စဉ် မနက် ၈နာရီမှ ညနေ၁၀နာရီအထိ )

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

ချက်ချင်း တန်းစီ၍ ဆေးခန်းပြရန်အတွက် ( https://t.me/TelehealthMM )ကို နှိပ်ပါ

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#ascities#ရေဖျဉ်း

Ministry of Health,

National Unity Government.

Published on: 17 December 2022
Last Updated: 17 December 2022

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

အလုံပိတ်နေရာကို ကြောက်တဲ့ Claustrophobia အကြောင်း သိကောင်းစရာ

"အလုံပိတ်နေရာကို ကြောက်တဲ့ Claustrophobia အကြောင်း သိကောင်းစရာ" ဓာတ်လှေကားထဲ ခြေချမိတိုင်း ရင်ဘတ်က တင်းကျပ်လာတာ၊ အသက်ရှူကျပ်လာတာမျိုး ကြုံဖူးပါသလား။ ဒါမှမဟုတ် အခန်းကျဉ်းကျဉ်းလေးထဲ ရောက်သွားရင် ချက်ချင်း အော်ဟစ်ထွက်ပြေးချင်စိတ်‌ ပေါ်ဖူးပါသလား။ ဒီနေ့မှာတော့ စိတ်ကျန်းမာရေး ဗဟုသုတအနေနဲ့ အလုံပိတ်နေရာတွေကို ကြောက်ရွံ့ရတဲ့ Claustrophobia အကြောင်းကို မျှဝေပေးပါရစေ။...... Claustrophobia ဆိုတာ...

“ဆေးမပါရင် ဝမ်းမသွားတော့လို့ပါ ဆရာ”

တစ်နေ့သ၌ ကျွန်တော်ရှိသော ဆေးခန်းလေးသို့ လူနာ ကိုမှတ်တစ်ယောက် ရောက်လာလေသည်။ သူ၏မျက်နှာတွင် စိုးရိမ်ပူပန်မှုများ အပြည့်နှင့်။ လူနာ - "ဆရာရယ်... ကျွန်တော် ဝမ်းနုတ်ဆေး သောက်လာတာ နှစ်နဲ့ချီနေပြီ။ အခုဆို ဝမ်းနုတ်ဆေး မသောက်ရင် လုံးဝ ဝမ်းမသွားတော့ဘူး။ ဆေးကို အမြဲအားကိုးနေရတာ စိတ်လည်းညစ်လာပြီ။ တစ်ခုခုဖြစ်မှာလည်း...

နွားနိုနဲ့ သံပရာသီးက တကယ်ပဲ မတည့်တာလား

🥛နွားနို့နဲ့ 🍋‍🟩သံပရာသီးက တကယ်ပဲ မတည့်တာလား သင်္ဘောသီးထောင်းလေးကို ချဥ်ချဥ်စပ်စပ်လေး သံပရာသီးလေး ညှစ်စားပြီး ခဏနေတော့ လက်ဖက်ရည်ဆိုင်မှာ နွားနို့ပူပူလေးတစ်ခွက် မှာသောက်ဖို့ကြံနေတုန်း "ဟဲ့... နွားနို့နဲ့ သံပရာသီး တွဲစားရင် ဗိုက်ထဲမှာ နို့တွေခဲပြီး သေတတ်တယ်နော်" ဆိုတဲ့ လူကြီးတွေ ပြောစကားကို နားထဲ ကြားယောင်လာတယ်။ တချို့ကလည်း...

အယူအဆလွဲများ (၄၂)

❌ အယူအဆလွဲ >>>> အတက်ရောဂါ (ဥပမာ - ဝက်ရူးပြန်ရောဂါ) ကြောင့် တက်နေတဲ့သူကို လျှာကိုက်မိပြီး သွေးထွက်မှာစိုးလို့ ပါးစပ်ထဲကို ဇွန်း၊ တုတ် ဒါမှမဟုတ် လက်ချောင်းတွေ ထည့်ပြီး ကိုက်ထားခိုင်းလေ့ ရှိကြတာ။ ☑️ အမှန် >>>> တက်နေတဲ့အချိန်မှာ မေးရိုးကြွက်သားတွေက အလွန်အားပြင်းပါတယ်။...