ဒေါသကိုင်တွယ်ဖြေရှင်း နည်းလမ်းများ Anger Management ( October, 2022)

ကျွဲမြီးကလေး မတိုစေချင် (Anger Management)

ခုလိုချိန်ခါမှာ တယ်လီကျန်းမာ စာဖတ်ပရိတ်သတ်ကို “Anger Management” “ဒေါသကိုင်တွယ်ဖြေရှင်း နည်းလမ်းများ” အကြောင်း တင်ဆက်ရတာ အင်မတန် အားနာမိပါတယ်….

ဟိုတစ်နေ့ကတောင် facebook ကနေ ကာတွန်းရုပ်ပြောင်ကလေးတစ်ခု ဖတ်လိုက်ပြီး သဘောကျမိသေး….

“ဟဲ့ နင် အရင်လို မဆဲတော့ပါလား”

“မဆဲဆို ဆဲစရာ ဆဲနည်း ကုန်သွားပြီကိုး” တဲ့လေ

ဒါလည်းဟုတ်တာပဲ….

ကျွန်တော်တို့မှာ နိုင်ငံရေး၊ စားဝတ်နေရေး၊ ရပ်တန့်ထားရတဲ့အိပ်မက်တွေကိုယ်စီ၊ စကားနဲ့ဖော်ပြမရတဲ့ဆုံးရှုံးမှုတွေ…

အားလုံးဟာ ဒေါသထွက်စရာ အကြောင်းတရားတွေချည်း….

စာရေးသူငယ်ငယ်က ဘေးအိမ်က ဒေါသတကြီးငိုတတ်တဲ့ ကလေးမလေးကို သူ့အမေက “ခုမျိုချ၊ အဲ့ ဒေါသတွေကို ခုမျိုချ” ဆိုပြီး တုတ်တစ်ချောင်းနဲ့ အငိုတိတ်အောင် လုပ်ခိုင်းသလို ဒေါသတွေကို မျိုချပစ်လို့ ရရင်ကောင်းသားနော်….????
…
…

” ​ဒေါသဆိုတာ လူပိီသတဲ့ ခံစားချက်ကလေး “

ဒေါသထွက်တယ်/ စိတ်တိုစိတ်ဆိုးတယ်ဆိုတာ ပုံမှန်ခံစားချက်… လူတိုင်းဒေါသဖြစ်တတ်ကြတယ်။ စိတ်အနှောက်အယှက်ဖြစ်ရုံ/ စိတ်ဆတ်ရုံလေးကနေ ဒေါသတကြီးထပေါက်ကွဲတဲ့အဆင့်အထိ ဒေါသ​ ရေချိန်လေးပဲ ကွာခြားလိမ့်မယ်။

ဒေါသရဲ့ လောင်စာ ????

ဒေါသဖြစ်စေတဲ့ အကြောင်းတရားတွေကို ဆန်းစစ်ကြည့်တော့ နှစ်မျိုးသွားတွေ့တယ် …

Internal events (စိတ်ကလေးကိုယ်တိုင်ကပြဿနာ)

– စိတ်မလုံခြုံမှု၊ စိုးရိမ်ပူပန်မှု၊ ကြောက်ရွံမှု စသည်

External events (ပြင်ပ ပြဿနာတွေ)

– ကားလမ်းပိတ်တာ၊ ရထားမမီတာက စလို့ လုပ်ငန်းခွင် အဆင်မပြေမှုတွေ၊ ငြင်းခုံရတာတွေ စသည် စသည်

ပေါက်ကွဲလွယ်တဲ့ လက်လုပ်မိုင်းကလေးတွေ ????

တချို့သော လူတွေက ဘာလို့ အခြားသူတွေထက် ဒေါသထွက်လွယ်ကြတာလဲ/ ဒေါသထွက်ရင်လည်း အဆုံးစွန်သော ထိန်းမနိုင်သိမ်းမရ ပေါက်ကွဲတဲ့အဆင့်ထိ ရောက်လွယ်ကြသလဲ ????

လေ့လာချက်တွေအရတော့-

✔ ဒေါသကြီးတတ်တဲ့ မျိုးရိုးကဆင်းသက်လို့ (Genetic factors)

✔ ဒေါသထွက်လွယ်သူတွေဟာ Broken family လို အဆင်မပြေတဲ့ မိသားစု၊ ပေါင်းသင်းဆက်ဆံရေးမကောင်းလှတဲ့ မိသားစုကနေ လာလေ့ရှိကြပါသတဲ့

✔ ဒါမှမဟုတ် Anti-social personality လို ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ ပြဿနာရှိသူတွေလည်းဖြစ်နေနိုင်သေးတယ်။
…
…

” ကျွဲမြီးတိုတို ဒုက္ခပို “

???? ကိုယ် နဲ့ စိတ် ကိုလည်း ဒုက္ခပေးတယ်

ဒေါသထွက်တဲ့အခါ ခန္ဓာကိုယ်ထဲကနေ Stress Hormone (ဥပမာ- Adrenaline) တွေထွက်တယ်။ ဒီအခါ Insomnia (အိပ်မရခြင်း)၊ Depression (စိတ်ဓာတ်ကျခြင်း)၊ Anxiety (စိုးရိမ်ပူပန်ခြင်း)၊ ခေါင်းကိုက်ခြင်း၊ သွေးပေါင်တက်ခြင်း၊ ရင်ပူခြင်း၊ အစာခြေစနစ်ကိုထိခိုက်ခြင်း စတာတွေအပြင် ရုတ်တရက်နှလုံးဖောက်သေဆုံးခြင်း၊ ဦးနှောက်သွေးကြောပေါက်ခြင်း နဲ့ လေဖြတ်ခြင်းတွေအထိ ဖြစ်စေနိုင်တယ်။

???? Social လည်း ပျက်ပြားစေတယ်

အချင်းများတာ၊ ပုဂ္ဂိုလ်ရေးအဆင်မပြေရတာ၊ ကောင်းမွန်တဲ့ဆက်ဆံရေးတွေ ပျက်စီးရတာ စသည်ဖြင့်ပေါ့

” ကိုယ့်စိတ်ကလေးမို့ ကိုယ့်ဘာသာ အဖြေရှာ ???? “

ဒေါသထွက်တဲ့အခါ ဘာကြောင့်ဒေါသထွက်ရတယ်ဆိုတာကို ကိုယ်တိုင်မေးခွန်းထုတ်ကြည့်ပါ။ နောက်ပြီး ဘယ်လိုအရာတွေက ဒေါသအားကောင်းအောင် ပံ့ပိုးနေသလဲ ရှာဖွေကြည့်ပါ။ တစ်ဦးနဲ့ တစ်ဦးမတူနိုင်တဲ့အတွက် ကိုယ်နဲ့အဆင်ပြေမယ့် စိတ်ပြေလျော့စရာ နည်းလမ်းကို ကျင့်သုံးပါ။ ဒီမှာ Diary (ဒိုင်ယာရီ) ရေးတဲ့ အလေ့အကျင့်လေးကလည်း ခံစားချက်တွေကို သုံးသပ်ဖို့ အထောက်အကူဖြစ်လိမ့်မယ် ????

” ကိုယ်တိုင်မရရင် အကူအညီရှာ ???? “

– Relaxation Techniques (Meditation/ Yoga) (စိတ်ဖြေလျော့မှုနည်းလမ်းတွေ)

– Problem Solving (ပြဿနာကိုင်တွယ်ဖြေရှင်းနည်း)

– CBT လို့ခေါ်တဲ့ Cognitive Behavioural Therapy စတဲ့ နည်းတွေဟာ Anger Management မှာ များစွာအကူအညီဖြစ်စေတယ်။

ဒီနည်းတွေကို အထူးပြုတတ်ကျွမ်းတဲ့ Psychologist (စိတ်ပညာရှင်) ၊ Psychiatrist (စိတ်ရောဂါအထူးကုပညာရှင်)၊ Counsellor (နှစ်သိမ့်ဆွေးနွေးပညာရှင်) စတဲ့ ပညာရှင်တွေရဲ့ အကူအညီရယူပါ
…
…

လက်တွေ့ကျတဲ့ ဒေါသကိုင်တွယ်ဖြေရှင်းနည်းလမ်းများ

❌ အရက်ကိုရှောင်

ပုံမှန်လူတွေတောင် အရက်ကြောင့် ထိန်းမရအောင် ဒေါသကြီးလာတတ်တာမို့ ကိုယ်ကဒေါသကြီးတတ်သူဆိုရင် အရက်နဲ့ စိတ်ကိုပြောင်းလဲစေတဲ့အရာတွေကို လျော့ပါ။အကောင်းဆုံးကတော့ ရှောင်ပါ။

✔ အေးအေးလူလူ အနားယူ

ဆိတ်ငြိမ်တဲ့နေရာမှာ တိတ်တိတ်လေးထိုင်နေလိုက်တာ၊ သီချင်းတွေအော်ဆိုပြီး ရေချိုးတာ၊ စိတ်ပြေလက်ပျောက်လမ်းလျှောက်/ ချွေးထွက်အောင် ပြေး/ အားကစားတစ်ခုခုလုပ်ပါ။ ဒီအချိန်မှာ ကိုယ့်အကြိုက် သီချင်းကလေးတစ်ပုဒ်၊ ရုပ်ရှင်လေးတစ်ကားကလည်း စိတ်ပြောင်းပေးနိုင်မှာပဲ။

✔ မအားအောင်နေ၊ ကိုယ့်အိုးကလေးကို ရေအရင်ဖြည့်

စိတ်ရှုပ်/ စိတ်ငြီးငြူစရာ၊ စိတ်ဆိုးချင်စရာ လူတွေ၊ အခြေအနေတွေဆီကနေ ထွက်ခဲ့လိုက်ပါ။ ကိုယ့်ကိုယ်ကို ဂရုစိုက်၊ Gym ဆော့၊ ရေကူး ဒါမှမဟုတ် အားကစားတစ်ခုခုလုပ်၊ ဝါသနာပါတာတွေအတွက် အချိန်ပေး၊ ပညာရပ်အသစ်အသစ်တွေသင်ယူ စသည် စသည်… ။

ကိုယ်တိုင်စိတ်ပျော်မှ တစ်ပါးသူကို အပျော်ကူးစေမယ်၊ ပျော်စေနိုင်မယ်။

✔ ယုံကြည်ရသူတွေ၊ ချစ်ရသူတွေဆီ ရင်ဖွင့်

✔ အကူအညီပေးတဲ့ Relaxation Techniques တွေ

အထက်ကဆိုခဲ့သလို စိတ်​​ငြိမ်အောင် တရားထိုင်တာ၊ Yoga ကျင့်တာ၊ ကိုယ်က ဘာသာရေးလိုက်စားသူဆိုရင် ဘာသာရေးလုပ်တာ စသည်။

✔ အထောက်အကူပေးတဲ့ Problem Solving Skills

-​ ဒေါသဖြစ်ချင်စရာ အချင်းများစေမယ့် စကားဝိုင်းတွေ၊ ငြင်းခုံမှုတွေ၊ အခြေအနေတွေ၊ လူတွေကို အတတ်နိုင်ဆုံးရှောင်ပါ။

– ဒေါသဖြစ်ရရင်လည်း နည်းမှန်လမ်းမှန် နဲ့ ဒေါသကိုဖော်ပြတတ်ပြီး အကြမ်းမဖက် ဖြေရှင်းပါ။

– တစ်ဘက်လူရဲ့အမြင်ကိုလေးစားပြီး တစ်ချိန်တည်းမှာ မိမိခံစားချက်/ မိမိဒေါသဖြစ်ရသည့်အရာ/ မိမိအမြင်ကို ပွင့်လင်းစွာပြောပြ ညှိနှိုင်းပါ။

– မိမိမကြိုက်သည့်အရာကို ကောင်းမွန်စွာတုံ့ပြန် ငြင်းဆိုရန် ဝန်မလေးပါနှင့်။

– စိတ်နောက်စေတဲ့ Burnout (အလုပ်ဖိစီးမှု) မဖြစ်ရအောင် Work-Life Balance (အလုပ် နဲ့ အနားယူခြင်း) မျှတပါစေ။

✔ အလုပ်ဖြစ်မယ့် ဒေါသဖြေလျော့နည်းလေးတစ်ခု

​ဒေါသ ထိန်းမရတဲ့အခါ အနီးက ခေါင်းအုံးတစ်လုံးကို လက်သီးနဲ့ထိုး၊ ဒါမှမဟုတ် အနားမှာ ရှိတဲ့ ဘောလုံးကို အဝေးကို ကန်ထုတ်ပစ်ပါ။ ဒီလိုမှ စိတ်ဖြေလို့မရင် ဒေါသဖြစ်စရာ အခြေအနေ​တွေ၊ လူတွေ အနားကနေ အမြန်ဆုံး ထွက်သွားလိုက်ပါ။

ကဲ….
…
တယ်လီကျန်းမာ ပရိတ်သတ်တွေကို

ကျွဲမြီးကလေးဖြင့် မတိုစေချင်ပါ ????

ဒေါသကို အကောင်းဆုံး ထိန်းချုပ်တတ်နိုင်ပါစေ ဆုတောင်းပေးတယ်နော့ ????????

????Reference:
????John Murtagh’s Patient Education, Sixth Edition: Anger Management pg-218

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

Published on: 20 October 2022
Last Updated: 20 October 2022

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

စိတ်ကျန်းမာရေးကို ထိခိုက်စေသော နေ့စဉ်အလေ့အထများ

တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ် "ငါဘာလို့ ပင်ပန်းနေတာလဲ" လို့ မေးမိတယ်။ အိပ်လည်း အိပ်တယ်။ စားလည်း စားတယ်။ ဒါပေမယ့် စိတ်က နားလိုက်တယ်လို့ မခံစားရဘူး။ အဖြေကတော့ ကြီးမားတဲ့ အကြောင်းရင်းကြီးတွေ မဟုတ်ပါဘူး။ နေ့စဉ် သတိမထားမိတဲ့ ကိုယ့်ရဲ့ အလေ့အထအချို့တွေကြောင့်ပဲ ဖြစ်ပါတယ်။... ၁။ အိပ်ရာဝင်ပြီး ဖုန်းကြည့်ခြင်း ည...

ရင်သားကင်ဆာ ကာကွယ်ရေး

မနေ့က (အောက်တိုဘာ ၁၃ ရက်နေ့) ဟာ ရင်သားကင်ဆာ အသိပညာပေးနေ့လေး ဖြစ်ပါတယ်။ ဒီအတွက် ဟိုတစ်နေ့က ရင်သားကင်ဆာကို သတိပြုမိဖို့ ဆောင်းပါးလေးတစ်ပုဒ် တင်ဆက်ပြီးပြီဖြစ်ပါတယ်။ ဒီနေ့ကတော့ ရင်သားကင်ဆာအကြောင်းလေး နည်းနည်းပိုပြီး ပြောပြချင်လို့ ထပ်လောင်းရေးကြည့်လိုက်ပါတယ်။ ရင်သားကင်ဆာဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ကင်ဆာရောဂါတစ်ခု ဖြစ်ပါတယ်။...

စတီးရွိက် (Steroids) စပ်ဆေးများအကြောင်း

"ဆရာဝန်ပေးတဲ့ဆေးက မပျောက်ဘူး။ လမ်းထိပ်က ၅၀၀ တန် စပ်ဆေးထုပ်လေး သောက်လိုက်မှ ချက်ချင်း သက်သာတာ" ဆိုတဲ့ စကားမျိုး သင့်ပတ်ဝန်းကျင်မှာ ကြားဖူးပါသလား။ ဆရာဝန်တွေ မပေးရဲတဲ့ ဆေးစွမ်းထက်မှုကို ကွမ်းယာဆိုင်က ဘယ်လိုလုပ် ပေးနိုင်နေတာလဲဆိုတဲ့ ကြောက်စရာ ကောင်းတဲ့ လျှို့ဝှက်ချက်တစ်ခုကို အခုပဲ ပြောပြပေးပါမယ်။ "ကွမ်းယာဆိုင်က...

အယူအဆလွဲ (၄၃)

❌ အယူအဆလွဲ >>> ဆားခါး (Epsom Salt) သို့မဟုတ် ခြေစိမ်စက်/ရေနွေးထဲ ခြေထောက်စိမ်ထားရင် အရေပြားကနေတစ်ဆင့် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို စုပ်ထုတ်ပေးနိုင်တယ်။ (Spa တွေ ဒါမှမဟုတ် ခြေစိမ်စက်အချို့မှာ စိမ်ထားရင်း ရေတွေ မည်းနက်သွားတာ၊ ရေအရောင် ပြောင်းသွားတာကို ကြည့်ပြီး ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ...