ကိုယ်ဝန်ဆောင်ချိန် သံဓာတ်ချို့တဲ့ သွေးအားနည်းခြင်း Anaemia in Pregnancy (February, 2023)

မေမေများ သိကောင်းစရာ ကိုယ်ဝန်ဆောင်ချိန် သံဓာတ်ချို့တဲ့ သွေးအားနည်းခြင်း

အမျိုးသမီးများအတွက် ကိုယ်ဝန်ဆောင်နေစဥ်ကာလက အပင်ပန်းဆုံးကာလပဲ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ မိမိကိုယ်ကို ဂရုစိုက်ရတဲ့အပြင် လူ့ဘဝထဲကို ရောက်မလာသေးတဲ့ ကိုယ့်ရဲ့ သားသမီးရတနာလေးအတွက်ပါ အထူးသတိထားနေထိုင်ရလို့ပဲ ဖြစ်ပါတယ်။

ဒါကြောင့် ကိုယ်ဝန်ဆောင်နေစဥ်ကာလမှာတော့ သတိထားရမယ့် ရောဂါတွေထဲက တစ်ခုဖြစ်တဲ့ ကိုယ်ဝန်ဆောင်ချိန် သံဓာတ်ချို့တဲ့ သွေးအားနည်းခြင်းရောဂါနဲ့ ပတ်သက်ပြီး ပြောပြပေးသွားပါမယ်။

ကိုယ်ဝန်ဆောင်နေစဥ်ကာလမှာ သင့်ရဲ့ကလေးကို အောက်ဆီဂျင် ထောက်ပံ့ပေးဖို့အတွက် သွေးထဲမှာရှိတဲ့ သံဓာတ် (iron) တွေကို အသုံးပြုရပါတယ်။ ဒါကြောင့် မေမေတို့မှာ သံဓာတ်မပြည့်ဝဘူးဆိုရင် သံဓာတ်နည်းတဲ့ သွေးအားနည်းရောဂါ ဖြစ်နိုင်ချေများပါတယ်။

▪️ကိုယ်ဝန်ဆောင်နေစဥ်မှာ သွေးအားနည်းရင် ကလေးမှာ ဘယ်လိုသက်ရောက်နိုင်လဲ?

ပြင်းပြင်းထန်ထန် သွေးအားနည်းတဲ့အခါမှာ လမစေ့ဘဲ ကလေးမွေးတာ၊ ဒါ့အပြင် မွေးလာတဲ့ကလေးမှာ ပေါင်မပြည့်တာ၊ မိခင်က ကလေးမွေးပြီးနောက်ပိုင်း စိတ်ဓာတ်ကျတာ အစရှိတဲ့ နောက်ဆက်တွဲတွေ ဖြစ်နိုင်ပါတယ်။ မမွေးခင် သန္ဓေသားသေဆုံးတာ၊ မွေးကင်းစ ကလေးသေဆုံးတာ အစရှိတဲ့ နောက်ဆက်တွဲတွေနဲ့လည်း ကြုံတွေ့ရနိုင်ပါတယ်။

▪️ဘာကြောင့် ကိုယ်ဝန်ဆောင်စဥ်မှာ သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါဖြစ်ရသလဲ?

…အာဟာရမျှတအောင် မစားတာကြောင့်
…အရင်ကိုယ်ဝန်ဆောင်ဖူးတဲ့ မိခင်တွေမှာ ကလေးမီးမဖွားခင်နဲ့ မီးဖွားပြီးနောက် သွေးသွန်ဖူးတာကြောင့်
…သန်ရောဂါဖြစ်ဖူးတာကြောင့်
…သွေးနဲ့ပတ်သက်တဲ့ရောဂါရှိတာကြောင့်ပဲ ဖြစ်ပါတယ်။
…ဒါ့အပြင် ပထမကလေးကို မီးဖွားပြီးနောက် သိပ်မကြာခင်ပဲ ဒုတိယကိုယ်ဝန်လွယ်ရတဲ့ အခါမျိုးတွေမှာလည်း လိုအပ်တဲ့ သံဓာတ်ဖြည့်တင်းမှု မလုံလောက်တဲ့အခါ သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ ဖြစ်တတ်ပါတယ်။

▪️ကိုယ်ဝန်ဆောင်ကာလမှာ သွေးအားနည်းတာကြောင့် မိခင်မှာ ဘယ်လိုနောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်နိုင်လဲ?

…ကလေးမီးဖွားတဲ့အချိန်မှာ သွေးထွက်မှုဒဏ် ကို ခံနိုင်ရည်မရှိဖြစ်မယ်။
…ရောဂါပိုး ကူးစက်ဝင်ရောက်နိုင်မှု ပိုများလာမယ်။
…သွေးခဲနိုင်ခြေ ပိုများလာမယ်။
…အနာကျက်နှုန်း နှေးလာမယ်။
…နှလုံးရောဂါ ခံစားရမယ်။
…မိခင်သေနှုန်းများမယ်။
…ကလေးသေနှုန်း မြင့်လာမယ်။
…သားအိမ်တွင်း သန္ဓေသား သေဆုံးမယ် အစရှိတဲ့ နောက်ဆက်တွဲတွေ ဖြစ်နိုင်ပါတယ်။

▪️ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ?

နုံးမယ်။ ပင်ပန်းမယ်။ လှုပ်လှုပ်ရှားရှားလုပ်ရင် အလွယ်တကူ မောနေမယ်။ ခေါင်းမူးမယ်။ ရင်တုန်မယ်။ ရင်ဘတ်အောင့်မယ်။

အပေါ်မှာ ဖော်ပြထားခဲ့တဲ့ လက္ခဏာတွေ ရှိနေပြီဆိုရင် သွေးအားနည်းရောဂါ ခံစားနေရပြီဆိုတာ သိရှိဖို့ လိုပါတယ်။ ဒါကြောင့် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး ကုသဖို့ အလွန်အရေးကြီးပါတယ်။

▪️ကာကွယ်ခြင်းနှင့် ကုသခြင်း

– ကိုယ်ဝန်ရှိပြီဆိုတာနဲ့ အစားကိုမရှောင်ဘဲ အသားငါး အသီးအရွက် စုံလင်စွာနဲ့ အာဟာရပြည့်ဝစွာ စားဖို့ အရေးကြီးပါတယ်။
– ကိုယ်ဝန်ဆောင် အားဆေးတွေကိုလည်း ဆရာဝန်ညွှန်ကြားတဲ့အတိုင်း သောက်ရပါမယ်။
– ဗီတာမင်စီက သံဓာတ်စုပ်ယူမှုကို အားပေးတဲ့အတွက်ကြောင့် ဗီတာမင်စီပါဝင်တဲ့ အသီးအနှံတွေ စား‌ပေးဖို့လည်း အရေးကြီးပါတယ်။

▪️သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါဖြစ်ကြောင်း ဆရာဝန်က စစ်ဆေးတွေ့ရှိခဲ့ရင်တော့…

– သံဓါတ်ဖြည့်ဆေးနဲ့ အားဆေးတွေ သောက်ရပါလိမ့်မယ်။
– သောက်ဆေးဒဏ် မခံနိုင်တဲ့သူ‌တွေ၊ အစားမစားနိုင်ဘဲ အန်နေတဲ့သူတွေကို အကြောဆေးသွင်းဖို့ လိုတတ်တာမို့ ဆရာဝန် နဲ့ ရက်ချိန်း သေချာပြရပါမယ်။
– သံဓါတ်ပါတဲ့ အစားအစာတွေကိုလည်း များများစားပေးဖို့ လိုပါတယ်။

သံဓါတ်ကြွယ်ဝတဲ့ အစားအစာများကတော့ …

အခွံမာ ရေသတ္တဝါများ၊ ငါးအမျိုးမျိုး၊ ဟင်းနုနွယ်၊ ပဲအမျိုးမျိုး၊ အသားများ၊ ဖရုံစေ့၊ ပန်းပွင့်စိမ်း၊ တို့ဟူး စသည်တို့ပဲ ဖြစ်ပါတယ်။

????ဒါကြောင့် ကလေးမီးဖွားတော့မယ့် မေမေများအနေနဲ့ မိမိမှာ သွေးအားနည်းရောဂါရှိ၊ မရှိ စောစီးစွာ သိရှိနိုင်ဖို့အတွက် တတ်ကျွမ်းတဲ့ ဆရာဝန်၊ ဆရာမတွေနဲ့ ဗိုက်မှန်မှန်အပ်ဖို့ တိုက်တွန်းပါ‌ရစေ။

ကလေး မီးဖွားတော့မယ့် အချိန်မှာ ဆေးရုံမှာ မီးဖွားတာ ပိုအန္တရာယ်ကင်းပါတယ်။
မီးဖွားပြီးချိန်နှင့် နို့တိုက်ချိန်တို့တွင်လည်း သံဓာတ်အားဆေးတွေကို ဆရာဝန် ညွှန်ကြားတဲ့အတိုင်း ဆက်လက် သောက်သုံးဖို့ လိုပါတယ်။
အာဟာရမျှတအောင် စားသောက်ဖို့ လိုအပ်ပါတယ်။
ဒါ့အပြင် ကိုယ်၀န်တစ်ခုနှင့်တစ်ခု အရမ်းမနီးကပ်စေရန် သားဆက်ခြားနည်းလမ်းတွေ သုံးဖို့ အကြံပြုပါရစေ။

ဒီလောက်ဆို ကိုယ်ဝန်ဆောင်စဥ်မှာ သံဓာတ်ချို့တဲ့တဲ့ သွေးအားနည်းရောဂါအကြောင်းကို ထိုက်သင့်သလောက် ဗဟုသုတရရှိကြမယ်လို့ ထင်ပါတယ်။ ကိုယ်ဝန်ဆောင် မေမေတို့လည်း အထက်မှာ ဖော်ပြထားတဲ့ နည်းလမ်းတွေကို လိုက်နာပြီး ပျော်ရွှင်ကျန်းမာတဲ့ ကိုယ်ဝန်ဆောင်ကာလကို ပိုင်ဆိုင်နိုင်ကြပြီး ကျန်းမာတဲ့ ရင်သွေးရတနာများ မွေးဖွားနိုင်ကြပါစေ။

ကိုယ်၀န်ဆောင်မဟုတ်ဘဲ သံဓါတ်ချို့တဲ့သူများအတွက်တော့ ယခင် တင်ခန့်ဖူးသော ဆောင်းပါးကို အောက်ပါကောမန့်က လင့်တွင် ဖတ်ရှုနိုင်ပါတယ်။

Reference – https:// www. mayoclinic. org/healthy-lifestyle/pregnancy-week-by-week/in-depth/anemia-during-pregnancy/art-20114455#:~:text=Severe%20iron%20deficiency%20anemia%20during,weight%20baby%20and%20postpartum%20depression.

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
* ပိတ်ရက်မရှိပါ *

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#anaemia_in_pregnancy

Ministry of Health,

National Unity Government.

Published on: 5 February 2023
Last Updated: 5 February 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

မျိုးရိုးလိုက်သော ဆီးချို

"မျိုးရိုးလိုက်သော ဆီးချို" (လူနာသည် ဆေးစစ်ချက် အဖြေစာရွက်ကို ကိုင်ကာ မျက်နှာမကောင်းစွာဖြင့် ဆရာဝန်ရှေ့သို့ ရောက်လာသည်) ဆရာဝန်။ ကိုဘမောင်… ခင်ဗျားရဲ့ သွေးစစ်တဲ့ အဖြေတွေထဲမှာ ဆီးချိုတွေက အတော်လေးကို တက်နေတာဗျ။ သတိထားမှ ရတော့မယ့် အနေအထားပဲ။ လူနာ။ ဟုတ်ကဲ့ ဆရာ။ ထင်တယ်။ ကျွန်တော်လည်း တစ်နေ့နေ့မှာ ဆီးချို...

မှတ်ဉာဏ်ချွတ်ယွင်းမှုရောဂါ (Dementia) ဝေဒနာရှင်ကို ပြုစုစောင့်ရှောက်သူများအတွက် အမှာစကား

ဒီအခန်းဆက် ဆောင်းပါးလေးမှာ နောက်ဆုံးနဲ့ အရေးအကြီးဆုံးအပိုင်း ဖြစ်ပါတယ်။ လူနာကိုလည်း ပြုစုရင်း မိမိကိုယ်ကိုယ်လည်း ပြန်လည်ရှာဖွေခြင်းလို့ အမည်ပေးထားပါတယ်။ မှတ်ဉာဏ်ချွတ်ယွင်းမှုရောဂါ (Dementia) ဝေဒနာရှင်တစ်ဦးကို အိမ်မှာ အနီးကပ်ပြုစုရတဲ့ မိသားစုဝင်တွေဟာ ကမ္ဘာပေါ်မှာ အပင်ပန်းဆုံးနဲ့ အနစ်နာအခံရဆုံးသူလေးတွေ ဖြစ်ကြပါတယ်။ လူနာရဲ့ စိတ်နေစိတ်ထား ပြောင်းလဲတာတွေ၊ ညဘက် မအိပ်တာတွေကို...

ခန္ဓာကိုယ်တွင်း ဇီဝနာရီ Circadian Rhythm

ဘာလို့ ညဘက်ဆို အလိုလို မျက်စိမှိတ်ချင်လာပြီး မနက်ခင်းဆို အချက်ပေးစက် မမြည်ခင်ကတည်းက အလိုလို နိုးလာတတ်တာလဲ။ ဒါက ကံတိုက်ဆိုင်တာ မဟုတ်သလို အလေ့အကျင့်သက်သက်ကြောင့်လည်း မဟုတ်ပါဘူး။ ကျွန်မတို့ ခန္ဓာကိုယ်ထဲမှာ ၂၄ နာရီပတ်လုံး တိတိကျကျ လည်ပတ်နေတဲ့ သဘာဝ "ဇီဝနာရီ" တစ်လုံး ရှိနေလို့ပဲ ဖြစ်ပါတယ်။...

အယူအဆလွဲများ (၄၀)

❌ အယူအဆလွဲ >>> ထိခိုက်ဒဏ်ရာ၊ အနာ ဒါမဟုတ် ခွဲစိတ်ထားမှုတစ်ခုခု ရှိနေချိန်မှာ ကြက်ဥစားလိုက်ရင် အနာပြည်တည်တတ်တယ်၊ ပုပ်လွယ်တယ်၊ အမာရွတ် ကျန်ခဲ့မယ်။ ☑️ အမှန် >>> ကြက်ဥဟာ အနာကျက်မြန်စေတဲ့ ပရိုတင်း (Protein) နဲ့ အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် အနာရှိချိန်မှာ...