❌ အယူအဆလွဲ >>> ချွေးထွက်များလေ အဆီကျလေပဲ။ လေ့ကျင့်ခန်းလုပ်တဲ့အခါ ချွေးတွေ ရွှဲနေအောင်ထွက်မှ၊ အင်္ကျီတွေစိုရွှဲနေမှ အဆီလောင်ကျွမ်းတာ ထိရောက်တယ်။
☑️ အမှန် >>> ချွေးထွက်တာဟာ ခန္ဓာကိုယ်ရဲ့ အပူချိန်ကို ထိန်းညှိတဲ့ (Thermoregulation) ဖြစ်စဉ်တစ်ခုသာ ဖြစ်ပါတယ်။ ချွေးထွက်လို့ ကျသွားတဲ့ ကိုယ်အလေးချိန်ဟာ အဆီကျတာမဟုတ်ဘဲ ရေဓာတ် (Water weight) ဆုံးရှုံးသွားတာ ဖြစ်ပါတယ်။ ရေပြန်သောက်လိုက်ရင် အလေးချိန်က ချက်ချင်း ပြန်တက်လာမှာပါ။
တကယ့်အဆီလောင်ကျွမ်းမှုက နှလုံးခုန်နှုန်းနဲ့ လှုပ်ရှားမှု ပြင်းအားပေါ်မှာပဲ မူတည်ပါတယ်။ ဥပမာ – အေးစိမ့်နေတဲ့ ရေကူးကန်ထဲမှာ ရေကူးအားကစားလုပ်လို့ ချွေးမထွက်ပေမယ့် လုပ်ခဲ့တဲ့လေ့ကျင့်ခန်း ပြင်းအားပေါ်မူတည်ပြီး အဆီကတော့ ထိရောက်စွာ လောင်ကျွမ်းနေနိုင်ပါတယ်။
ဒါကြောင့် ချွေးထွက်နှုန်းနဲ့ အဆီကျနှုန်းကို တိုက်ရိုက်နှိုင်းယှဉ်လို့ မရပါဘူး။ ကိုယ်အလေးချိန် လျှော့ချလိုသူများအနေနဲ့ ချွေးထွက်တာကိုပဲ အဓိကမထားဘဲ လေ့ကျင့်ခန်းရဲ့ ပြင်းအားနဲ့ ကိုယ်လက်လှုပ်ရှားမှု ပမာဏကိုသာ ပိုမိုအာရုံစိုက်သင့်ပါတယ်။
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

