‎” ချစ်ခြင်းတရားလေးလည်း ကျန်းမာစေလို”

‎ချစ်ခြင်းတရားလို့ ပြောလိုက်ရင် အမျိုးမျိုးသော ချစ်ပုံချစ်နည်းတွေ၊ သံယောဇဉ်ဆက်နွယ်မှုတွေကို ပြေးမြင်ကြပါလိမ့်မယ်။ မိဘနဲ့ သားသမီး၊ သူငယ်ချင်းအပေါင်းအသင်း၊ ချစ်သူရည်စား ဒါမှမဟုတ် ကိုယ့်ပတ်ဝန်းကျင်က လူသားတွေအပေါ်ထားရှိတဲ့ မေတ္တာတရားတွေပေါ့။

‎စုန်ရေ၊ ဆန်ရေလို အပြန်အလှန် ချစ်ခြင်းမျိုးတွေတင်မက ဖြူစင်တဲ့၊ ပြင်းပြတဲ့၊ နူးညံ့တဲ့၊ ပေးဆပ်တဲ့ ချစ်ခြင်း‌တွေဟာ ကျွန်မတို့ရဲ့ ရှင်သန်မှုကို သူနည်းသူ့ဟန်နဲ့တော့ အဓိပ္ပာယ်ရှိစေပါတယ်။

‎ဘယ်လိုဆက်ဆံရေးမျိုးမှာမဆို တစ်ဦးနဲ့တစ်ဦး ချစ်ခင်ကြင်နာတယ်ဆိုတာဟာ ကောင်းတဲ့အရာပါ။ တစ်ဦးအပေါ်တစ်ဦး သို့မဟုတ် အခြားသူအပေါ်ကို မထိခိုက်၊ မနာကျင်စေမယ့် ချစ်ခြင်းမျိုးဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့။ ဒါပေမယ့် ကျွန်မတို့ သတိပြုရမှာက “ ချစ်ခြင်းတရားဟာလည်း ကျန်းမာဖို့ လိုအပ်တယ်” ဆိုတာပါပဲ။

‎…

‎စိတ်ကျန်းမာရေးရှုထောင့်က ကြည့်မယ်ဆိုရင်လည်း ကျန်းမာတဲ့ချစ်ခြင်းတစ်ခုကို ဖန်တီးနိုင်ဖို့အတွက် အခြေခံလိုအပ်ချက်တွေဆိုတာဟာ ရှိပါတယ်။

‎💕 အပြန်အလှန် လေးစားမှု (Mutual Respect)

တစ်ဖက်လူရဲ့ ဆုံးဖြတ်ချက်၊ ပုဂ္ဂိုလ်ရေး နယ်နိမိတ် (Boundaries) နဲ့ ခံစားချက်တွေကို နားလည်ပေးတာတွေဟာ ချစ်ခြင်းရဲ့ အခြေခံအုတ်မြစ်တွေပါ။

‎💕 ပွင့်လင်းသော ဆက်ဆံရေး (Open Communication)

‎နာကျင်မှုကို မျိုသိပ်မထားဘဲ အပြစ်တင်ခြင်းကင်းစွာနဲ့ ကိုယ့်ရဲ့လိုအပ်ချက်တွေကို ရိုးရိုးသားသားဖလှယ်တာဟာ ဆက်ဆံရေးကို ပိုမိုခိုင်မာစေပါတယ်။

‎💕 မိမိကိုယ်ကို အရင်ချစ်တတ်ဖို့ (Self-love)

ဒါကတော့ အရေးအကြီးဆုံးပါပဲ။ လူဆိုတာ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်၊ ဂရုစိုက်တတ်ပြီး စိတ်ပိုင်းဆိုင်ရာလိုအပ်မှုတွေ ပြည့်စုံနေမှသာ တစ်ဖက်လူကိုလည်း အမှီအခိုကင်းကင်းနဲ့ ကျန်းမာစွာချစ်နိုင်မှာပါ။
‎.

‎ဒါတွေကို လက်တွေ့အကောင်အထည်ဖော်ဖို့ဆိုရင်

✍️ နှလုံးသားနဲ့ နားထောင်ပေးခြင်းကို အရင်စတင်ပါ။ တစ်ဖက်လူက စကားပြောနေချိန်မှာ စိတ်ရင်းနဲ့ နားထောင်ပေးတာဟာ အကောင်းဆုံး ကုသမှုပါပဲ။

‎✍️ ပြီးတော့ ကိုယ်ချင်းစာစိတ် (Empathy) ကို အမြဲရှေ့တန်းတင်ပါ။

‎✍️ အသေးအဖွဲလေးတွေအတွက်တောင် ကျေးဇူးတင်စကားပြောဖို့ မမေ့ပါနဲ့။

‎ဘာလို့လဲဆိုရင် ဒီအလေ့အကျင့်လေးတွေက ကျွန်မတို့ရဲ့ ချစ်ခြင်းတရားကို နေ့စဥ်နေ့တိုင်း ပိုပြီးသက်ဝင်ရှင်သန်စေမှာ ဖြစ်လို့ပါပဲ။

‎ချစ်ခြင်းတရားနဲ့ လွှမ်းခြုံတဲ့ ကိုယ်ပိုင်ကမ္ဘာငယ်လေးကနေ နွေးထွေးမှု၊ ဘေးကင်းမှု၊ လွတ်လပ်မှုနဲ့ နားလည်မှုတွေ ပြည့်နှက်နေတဲ့ ကမ္ဘာကြီးတစ်ခုဖြစ်လာအောင် ဖြည်းဖြည်းချင်း တည်ဆောက်ယူရပါမယ်။
‎…
‎…

‎ဆိုတော့…

‎ကိုယ့်ရဲ့ ချစ်ခြင်းတရားနဲ့ နားလည်မှုတွေကို ကိုယ့်ရဲ့ အနီးဆုံးသူတွေဆီကို အရင်စီးဆင်းစေပါ။

‎ဒီလိုနဲ့ တစ်ဦးကနေ တစ်ဦးကို ဆက်ပြီးအေးချမ်းစေပါ။

‎အဆုံးမှာတော့ ပူလောင်မှုကင်းတဲ့ ကမ္ဘာ့ Valentine’s day ကြီးကို ကျွန်မတို့ဟာ နေ့စဉ်တိုင်းမှာ ဆင်နွှဲနိုင်ကြမှာပါ။

‎ချစ်ခြင်းမေတ္တာဟာ တကယ်တမ်းတော့ အပြန်အလှန်လေးစားမှုနဲ့ နားလည်ခြင်းမှာ ပိုပြီး သက်ဝင်လှပတယ် မဟုတ်ပါလားရှင်….။

‎#သင်၏စိတ်ကလေး ကျန်းမာစေဖို့
‎#ဒေါက်တာမီ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here