အလွဲ ❌ ရာသီလာနေစဉ်အတွင်း လေ့ကျင့်ခန်း (အထူးသဖြင့် ပြင်းထန်သော လေ့ကျင့်ခန်းများ) လုပ်ခြင်းသည် ခန္ဓာကိုယ်ကို ပင်ပန်းစေပြီး သွေးဆင်းခြင်းကို ပိုမိုဆိုးရွားစေနိုင်သောကြောင့် လုံးဝရှောင်သင့်သည်။
အမှန် ✅ ရာသီလာစဉ် ပုံမှန်အတိုင်း ကိုယ်လက်လှုပ်ရှားမှုနှင့် လေ့ကျင့်ခန်းများကို ဆက်လက်ပြုလုပ်နိုင်ပြီး ၎င်းသည် ကျန်းမာရေးအတွက် အကျိုးရှိစေပါသည်။
လေ့ကျင့်ခန်းလုပ်ခြင်းသည် ခန္ဓာကိုယ်မှ အန်ဒေါ်ဖင် (Endorphins) ဟော်မုန်းများ ထွက်လာစေပြီး ရာသီလာစဉ် ဖြစ်တတ်သည့် ဗိုက်အောင့်ခြင်း (Cramps)၊ စိတ်ဖိစီးမှုနှင့် စိတ်ဓာတ်ကျခြင်း (PMS လက္ခဏာများ) တို့ကို သက်သာစေပါသည်။
အလယ်အလတ်အဆင့် လေ့ကျင့်ခန်းများသည် သွေးဆင်းမှုပမာဏကို သိသိသာသာ ပြောင်းလဲစေခြင်းမရှိပါ။
📌 သတိပြုရန်
အကယ်၍ ရာသီလာစဉ် ပင်ပန်းလွန်းခြင်း သို့မဟုတ် နာကျင်လွန်းခြင်းကြောင့် လေ့ကျင့်ခန်းကို မလုပ်နိုင်ပါက အနားယူသင့်ပါသည်။ မိမိခံနိုင်ရည်အလိုက် လမ်းလျှောက်ခြင်း၊ အကြောလျှော့ခြင်းကဲ့သို့သော ပေါ့ပါးသော လှုပ်ရှားမှုများကို ပြုလုပ်ပေးနိုင်ပါသည်။
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

