အလွဲ ❌ ခန္ဓာကိုယ်အလေးချိန် လျှော့ချရန်အတွက် ဆရာဝန်ညွှန်ကြားချက်မပါဘဲ အဆီကျဆေး (သို့မဟုတ်) ဝမ်းနုတ်ဆေးပြင်းပြင်းကို မှီဝဲခြင်းသည် ဘေးကင်းပြီး ထိရောက်သည်။

အမှန် ✅ ဆေးဆိုင်များမှ အလွယ်တကူ ဝယ်ယူရရှိနိုင်သော ဝမ်းနုတ်ဆေးများ သို့မဟုတ် တရားမဝင် ရောင်းချနေသည့် အဆီကျဆေးများသည် ကိုယ်အလေးချိန်ကျဆင်းမှုကို မပေးနိုင်သည့်အပြင် ကျန်းမာရေးကို ပြင်းထန်စွာ ထိခိုက်စေနိုင်ပါသည်။

  • ဝမ်းနုတ်ဆေးများကို အလွန်အကျွံ သုံးစွဲခြင်းသည် ရေဓာတ်ခမ်းခြောက်ခြင်း၊ အာဟာရချို့တဲ့ခြင်းနှင့် ခန္ဓာကိုယ်အတွင်းရှိ ဓာတ်များ (Electrolytes) မညီမျှခြင်းတို့ကို ဖြစ်ပေါ်စေပြီး နှလုံးနှင့်ကျောက်ကပ်ကို ထိခိုက်စေနိုင်သည်။
  • တရားမဝင် အဆီကျဆေးများစွာတွင် တားမြစ်ထားသော ဓာတုပစ္စည်းများ ပါဝင်လေ့ရှိပြီး ၎င်းတို့သည် နှလုံးခုန်မြန်ခြင်း၊ သွေးတိုးခြင်း၊ လေဖြတ်ခြင်း သို့မဟုတ် နှလုံးဖောက်ခြင်းကဲ့သို့သော အသက်အန္တရာယ်ရှိသည့် ဘေးထွက်ဆိုးကျိုးများကို ဖြစ်စေနိုင်သည်။
  • ကိုယ်အလေးချိန် ထိရောက်စွာ လျှော့ချလိုပါက ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်၊ ပုံမှန် ကိုယ်လက်လှုပ်ရှားမှုနှင့် လိုအပ်ပါက ဆရာဝန် သို့မဟုတ် အာဟာရပညာရှင်၏ အကြံဉာဏ်တို့ကို ရယူသင့်ပါသည်…။

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here