အလွဲ ❌ ထိခိုက်ဒဏ်ရာရရင် ချက်ချင်း ရေခဲကပ်ရမယ်။
အမှန် ✅ ဒဏ်ရာအမျိုးအစားပေါ် မူတည်ပါတယ်။
ရောင်ရမ်းတတ်တဲ့ ထိခိုက်ဒဏ်ရာများ (ဥပမာ။ ခြေကျင်းဝတ်လွဲခြင်း၊ ကြွက်သား သို့မဟုတ် အရွတ်စုတ်ပြဲခြင်း စတာတွေ) အတွက် ဒဏ်ရာရပြီး ပထမ ၄၈ နာရီအတွင်း ရေခဲကပ်ပေးခြင်းဟာ ရောင်ရမ်းမှုနဲ့ နာကျင်မှုကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။ ရေခဲဟာ သွေးကြောတွေကို ကျဉ်းစေပြီး သွေးစီးဆင်းမှုကို နှေးစေလို့ပါ။
ဒါပေမယ့့် ပြတ်ရှဒဏ်ရာ၊ အရေပြားပွင့်ထွက်နေတဲ့ သွေးထွက်ဒဏ်ရာ၊ အရိုးကျိုးဒဏ်ရာ ဒါမှမဟုတ် အာရုံကြော ထိခိုက်ဒဏ်ရာတွေမှာတော့ ရေခဲကပ်ဖို့ လုံးဝ မသင့်တော်ပါဘူး။
အပူလောင်တာလိုမျိုး ဒဏ်ရာတွေမှာလည်း ရေခဲတိုက်ရိုက်ကပ်ခြင်းက ပိုပြီး ဆိုးရွားစေနိုင်ပါတယ်။
…
…
ရေခဲ ဘယ်လိုကပ်ရမလဲ။
ရောင်ရမ်းတဲ့ဒဏ်ရာဆိုရင် ၁၅ မိနစ်ကနေ ၂၀ မိနစ်ခန့်ကို တစ်နေ့တာမှာ အကြိမ်များများ ရေခဲကပ်နိုင်ပါတယ်။
ကပ်တဲ့အခါ ရေခဲကို အရေပြားနဲ့ တိုက်ရိုက် မထိစေဘဲ ပါးလွှာတဲ့အဝတ် (သို့မဟုတ်) တဘက်နဲ့ ပတ်ပြီးမှသာ ကပ်သင့်ပါတယ်။
ရေခဲကပ်ခြင်းနဲ့အတူ ဒဏ်ရာကို မြှင့်ထားပေးတာ၊ လှုပ်ရှားမှုကို အနားပေးတာကိုလည်း တွဲလုပ်ပေးလို့ ရပါတယ်။
ဒါပေမယ့် နာကျင်မှု မသက်သာဘဲ ရောင်ရမ်းမှုက ပိုဆိုးလာမယ် ဒါမှမဟုတ် လှုပ်ရှားလို့ လုံးဝမရတဲ့ ပြင်းထန်တဲ့ဒဏ်ရာဆိုရင်တော့ ချက်ချင်း ဆေးရုံ/ဆေးခန်း သွားရောက် ပြသသင့်ပါတယ်။
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

