သတင်းအရင်းအမြစ်များစွာကို စိစစ်လေ့လာပြီးနောက် တယ်လီကျန်းမာအနေဖြင့် အောက်ဖော်ပြပါ အချက်အလက်များကို သိရှိခဲ့ရပါသည်။

  • အဆိုပါ ချောင်းဆိုးပျောက်ဆေးရည်ကြောင့် အနည်းဆုံး ကလေးငယ် ၁၁ ဦးအထိ သေဆုံးစေခဲ့ပါသည်။
  • ချောင်းဆိုးပျောက်ဆေးတွင် ပါဝင်သော အဆိပ်အတောက်ပစ္စည်းမှာ 48.6% diethylene glycol ဖြစ်ပြီး ကျောက်ကပ်ပျက်စီးရာမှတစ်ဆင့် ကလေးငယ်များ သေဆုံးခဲ့ခြင်းဖြစ်ပါသည်။
  • ချောင်းဆိုးပျောက်ဆေး၏အမည်မှာ “ Coldrif” ဖြစ်ပြီး၊ Sresan Pharmaceuticals က ထုတ်လုပ်ကာ Kayson Pharma က တင်သွင်းဖြန့်ဖြူးပါသည်။
  • လက်ရှိတွင် အဆိုပါကုမ္ပဏီက ဖြန့်ဖြူးသော (အခြား) ဆေးရည်များအားလုံးကို ဈေးကွက်အတွင်း ရောင်းချခြင်း ပိတ်ပင်ထားပြီး စိစစ်မှုများ ဆက်လက်လုပ်ဆောင်နေပါသည်။

ကိုးကား >>> The Economic Times, AI Zazeera, The Hindu, NDTV, Indian Express, Deccan Herald, Times of India

ကဲ… တယ်လီကျန်းမာက ဟိုနေ့ကပြောထားတဲ့အတိုင်း အခုရက်ပိုင်းအတွင်း အိန္ဒိယကထုတ်တဲ့ ချောင်းဆိုးပျောက်ဆေးရည်ဆို သတိထားပြီး ရှောင်ပေးကြပါနော်။

လူတော်တော်များများက ဘာတံဆိပ်လဲဆိုတာကိုပဲ ဦးစားပေး သိချင်နေကြတာပါ။ ဒါပေမယ့် ဘာတံဆိပ်လဲဆိုတာထက် အချို့ကိစ္စတွေက ပိုအရေးကြီးပါတယ်။

လက်ရှိ သက်ဆိုင်ရာတာဝန်ရှိသူတွေ ထိန်းချုပ်ကိုင်တွယ်နေသလိုမျိုး… ဒီကုမ္ပဏီကထွက်တဲ့ ဆေးရည်အားလုံးကို ပြန်လည်စိစစ်နေတာမျိုးက သဘာဝကျပါတယ်။

  • ဘာလို့ ဒီလိုအဆိပ်အတောက်ပစ္စည်းက ဒီဆေးရည်ထဲမှာ ပါဝင်နေတာလဲ
  • ဒီကုမ္ပဏီကဖြန့်ဖြူးတဲ့ အခြားသောဆေးရည်တွေထဲမှာလည်း ဒီပစ္စည်း ပါဝင်နေနိုင်လား

ဒါတွေ သေချာအချိန်ယူ စိစစ်ရမှာပါ။

ဒါကြောင့်

ဘာဆေးပဲသောက်သောက် နားလည်တတ်ကျွမ်းသူ ဆရာဝန်များရဲ့ အကြံဉာဏ်ကို ရယူပါ။ လိုအပ်ရင် တယ်လီကျန်းမာရဲ့ messenger ကိုလည်း လာမေးလို့ ရပါတယ်။

(အခုတောင် ချောင်းဆိုးပျောက်ဆေးဘူးတွေ ဓာတ်ပုံရိုက်ပြီး လာလာမေးနေကြလွန်းလို့ ဖြေပေးရတဲ့ ဆရာ၊ ဆရာမလေးတွေ တော်တော်အလုပ်ရှုပ်နေတယ် ကြားပါတယ် 😅)

အလုပ်ရှုပ်ပေမယ့် အများပြည်သူအတွက်ဆို ကြိုးစားလို့ ဖြေပေးနေမှာပါနော်…။

❤️ ချစ်တဲ့ … တယ်လီကျန်းမာ ❤️
(ကြင်စိုး မပါ)

..

..

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here