ဆရာဝန်။ မင်္ဂလာပါ… ကျွန်တော် တာဝန်ကျဆရာဝန်ပါ ခင်ဗျ။ ဆေးခန်းပြလိုတဲ့ အကြောင်းရင်းလေး ပြောပါဦးဗျ။

မေမေ။ ဆရာရေ ကျွန်မသားလေးကိုစိတ်ပူလို့ လာပြတာပါ။ ညနေက မိုးရေထဲကစားပြီးတဲ့နောက် နှာခဏခဏချေနေတယ် ဆရာ။ ညဆိုရင်တော့ နေမကောင်းဖြစ်တော့မယ် ထင်တယ်။

ဆရာဝန်။ ဟုတ်ကဲ့ပါဗျ။ အမေ စိုးရိမ်နေတာကိုနားလည်ပါတယ်။ မိဘအတော်များများလည်း ဒီလိုပဲစိတ်ပူတတ်ကြပါတယ်။ ဒါပေမယ့် မိုးရေထဲကစားပြီး ချက်ချင်းနှာချေတိုင်း နေမကောင်းဖြစ်တတ်တာတော့ မဟုတ်ပါဘူးဗျ အမေရေ။

မေမေ။ ဟုတ်လား ဆရာ။ ဒါပေမယ့် အအေးမိဖျားနာကြတာ မိုးရေထဲကစားလို့ပဲ မဟုတ်ဘူးလား ဆရာ။

ဆရာဝန်။ ဒီလိုပါ မေမေ။ တကယ်တော့ တိုက်ရိုက် မသက်ဆိုင်ပါဘူး။ အအေးမိတာ၊ တုပ်ကွေးဖျားနာကြတယ်ဆိုတာ ဗိုင်းရပ်စ်တွေကြောင့်ဖြစ်တာ။ မိုးစိုတာ၊ ရေစိုတာကြောင့် မဟုတ်ပါဘူး။ ကလေးက ဖျားနေသူတစ်ဦးဆီကနေ ဗိုင်းရပ်စ်နဲ့ထိတွေ့မှသာ အအေးမိဖျားနာနိုင်တာပါ။

မေမေ။ ဒါဆိုရင် ဖျားတဲ့သူတစ်ယောက်ယောက်ဆီကနေ ဗိုင်းရပ်စ်နဲ့မထိတွေ့ရင် မိုးထဲကစားရုံနဲ့ နေမကောင်းမဖြစ်ဘူးပေါ့နော် ဆရာ။

ဆရာဝန်။ ဟုတ်တာပေါ့ မေမေရေ။ ဒါပေမယ့် မိုးရေထဲ ဆော့ထားတော့ အေးပြီးစိုစွတ်နေရင် ခန္ဓာကိုယ်ရဲ့ကိုယ်ခံစွမ်းအား ခဏအားနည်းသွားနိုင်တယ်။ ဒါကြောင့် ကလေးကို မိုးရေထဲ ဆော့ပြီးပြီးချင်း တစ်ကိုယ်ရေသန့်ရှင်းရေး သေချာလုပ်၊ ရေခြောက်အောင်သုတ်၊ အဝတ်လဲပေးပြီး နွေးနွေးထွေးထွေးထားဖို့တော့ အကြံပြုပါတယ်။

မေမေ။ ဟုတ်ကဲ့ပါ ဆရာ နားလည်ပါပြီရှင်။ အခုတော့ သားသားမှာ ဖျားတာ၊ ချောင်းဆိုးတာမရှိဘူး၊ နှာချေနေတာပဲ ရှိတယ်ဆရာ။ ဘာလုပ်ထားသင့်လဲရှင့်။

ဆရာဝန်။ ဟုတ်ကဲ့ လောလောဆယ် နှာချေတာပဲဆိုရင် အအေးမိစဖြစ်တာ (သို့) ဓာတ်မတည့်အလာဂျီ ဖြစ်နိုင်တယ်။ ခဏတော့ သတိထားကြည့်ပါဗျ။ အနားယူခိုင်းပါ၊ ရေများများတိုက်ပါ။ ပူပူနွေးနွေး အစားအသောက်လေးတွေ ကျွေးပေးပါ။ တကယ်လို့ ဖျားတာ၊ ချောင်းဆိုးတာ၊ လည်ချောင်းနာတာတွေဖြစ်လာရင် ဆေးခန်းပြန်လာပြပါ မေမေ။

မေမေ။ ကျေးဇူးတင်ပါတယ် ဆရာရှင့်။ အခုတော့ ကောင်းကောင်းနားလည်သွားပါပြီ။

ဆရာဝန်။ ဟုတ်ကဲ့ ရပါတယ် မေမေ။ ကိုယ့်ကလေးကို သေချာဂရုစိုက်တာ ကောင်းပါတယ်။ တစ်ခုခု မရှင်းတာရှိရင် တယ်လီကျန်းမာကို အမြဲလာမေးနိုင်ပါတယ်ခင်ဗျာ…။

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here