MENU

လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ဂနိုရောဂါ “ Gonorrhoea” (April 2023)

” ဂနိုရောဂါ (Gonorrhoea) “

လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေထဲမှာ ဂနိုရောဂါဟာလည်း တစ်ခု အပါအဝင်ဖြစ်ပါတယ်။

ဒီရောဂါက ???????????????????????????????????? ???????????????????????????????????????????? လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့်ဖြစ်ပြီး အထူးသဖြင့် အမျိုးသားတွေမှာ ကူးစက်ခံရတာ များပါတယ်။

ဆီးလမ်းကြောင်း၊ လိင်အင်္ဂါနဲ့ တစ်ခါတလေ လိင်ဆက်ဆံမှုအပေါ် မူတည်ပြီး စအိုဝမှာလည်း ဖြစ်တတ်ပါသေးတယ်။ ဒါ့အပြင် လေပြွန်နဲ့ မျက်လုံးတို့မှာလည်း ရောဂါကူးစက်ခံရနိုင်ပါတယ်။

.

.

???? ရောဂါလက္ခဏာတွေက ဘာတွေလဲ ?

လိင်ဆက်ဆံပြီးနောက်ပိုင်း (၂) ရက်ကနေ (၁၀) ရက်၊ တစ်ခါတလေ (၃) ပတ်လောက်အထိ ကြာပြီးနောက်ပိုင်းမှာ လိင်ဆက်ဆံခဲ့တဲ့ လိင်အင်္ဂါ၊ စအိုပေါက်၊ ပါးစပ် စတဲ့နေရာတွေမှာ ရောဂါလက္ခဏာတွေ စပြီးပေါ်လာလေ့ရှိပါတယ်။

အဓိကလက္ခဏာကတော့ ဆီးပြွန်ရောင်ရမ်းတဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။ အဲ့ဒီလို ရောင်ရမ်းတဲ့အတွက် ဆီးသွားတဲ့အခါ ပူလောင်နေသလို ခံစားရတာ၊ ပြည်လိုမျိုး အဖြူရောင်၊ အဝါရောင်ရှိတဲ့ အရည်တွေထွက်နေတာ… စတာတွေကို စတင်သတိပြုမိကြတာပါ။

ဂနိုရောဂါရဲ့ ပထမဆုံး လက္ခဏာအနေနဲ့ ဆီးပေါက်တဲ့အခါမှာ မသက်မသာ၊ အဆင်မပြေတာ ခံစားရပြီး၊ နောက်ပိုင်းမှာတော့ ဆီးသွားတိုင်း နာကျင်လာမယ်၊ ပြီးရင်တော့ လိင်တံကနေ ပြည်တွေလိုမျိုး အရည်တွေ ကျဆင်းလာတာမျိုး ဖြစ်လေ့ရှိပါတယ်။

ဒါပေမယ့် တစ်ခါတလေမှာတော့ ဘာလက္ခဏာမှာ မပြတာမျိုးလည်း ဖြစ်တတ်ပါတယ်။

အမျိုးသမီးတွေမှာတော့ ရောဂါရှိသူရဲ့ ၈၀% လောက်က လက္ခဏာမပြတာကို တွေ့ရပါတယ်။ အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ လက္ခဏာတွေကတော့…

– မိန်းမကိုယ်ကနေ အရည်တွေဆင်းနေတာ (ဒါမှမဟုတ်) ဆီးသွားတဲ့အခါမှာ နာကျင်တာ

– တင်ပါးဆုံနာတာ

– ‌ဗိုက်အောက်ပိုင်း၊ ခါးစပ်နာတာ

– ဖျားတာ၊ နေထိုင်မကောင်းတာ

– လိင်ဆက်ဆံတဲ့အချိန် နာကျင်တာတွေ

– အချိန်မဟုတ်ဘဲ ရာသီသွေးဆင်းတာ…. စတာတွေ ခံစားရနိုင်ပါတယ်။

လေပြွန်ကိုကူးစက်ရင်တော့ ရောဂါလက္ခဏာ သိပ်ပြလေ့မရှိပါဘူး။

မျက်လုံးမှာ ဖြစ်ခဲ့ရင်တော့ မျက်လုံးအမြှေးပါးရောင်တဲ့ လက္ခဏာတွေ ဖြစ်တတ်ပါတယ်။ မျက်လုံးကနေ ပြည်တွေထွက်နေမယ်၊ မျက်လုံး ရောင်ကိုင်း ဖောင်းမို့လာမယ်၊ နာလာမယ်၊ အလင်းကိုမခံနိုင်တာတွေ ဖြစ်လာပါမယ်။

.

.

???? ဂနိုရောဂါကို ဘယ်လို စစ်ဆေးနိုင်လဲ ?

ရောဂါကူးခံရတဲ့နေရာကနေ အရည်ကို swab ယူပြီးဖြစ်စေ၊ မနက်အစော ပထမဆုံးသွားတဲ့ ဆီးကိုယူပြီး ဖြစ်စေ စစ်ဆေးနိုင်ပါတယ်။

.

.

???? ဂနိုရောဂါက ဘယ်လို ကူးစက်နိုင်လဲ ?

တစ်ဘက်လူမှာ ရောဂါပိုးရှိနေပြီဆိုရင်တော့ လိင်တူဖြစ်စေ၊ လိင်ကွဲဖြစ်စေ… မိန်းမကိုယ်၊ စအိုပေါက်နဲ့ ပါးစပ်ကတစ်ဆင့် လိင်ဆက်ဆံရာကနေ ကူးစက်နိုင်ပါတယ်။

.

.

???? ဂနိုရောဂါကို ဘယ်လို ကုသရမလဲ ?

ပိုးသတ်ဆေးသောက်ဖို့၊ ထိုးဖို့ လိုအပ်တဲ့အတွက် ဆရာဝန်နဲ့ စနစ်တကျ တိုင်ပင်ပြသဖို့ အရေးကြီးပါတယ်။

ရောဂါဖြစ်သူရဲ့ လိင်ဆက်ဆံဖော် ပါတနာကိုလည်း ပိုးစစ်ကြည့်ဖို့ လိုအပ်ပါတယ်။

ရောဂါကုသပျောက်ကင်းတဲ့အထိ လိင်ဆက်ဆံတာကို ‌ရှောင်ဖို့တော့ လိုအပ်ပါတယ်။

ကုသမှုကို နောက်ကျမှ ခံယူမယ်ဆိုရင်

– ဆီးအိမ်ရောင်တာ

– အမျိုးသား လိင်အင်္ဂါ၊ ပြွန်ရောင်ရမ်းတာ

– ဆီးပြွန်ကျဥ်းတာ

– အမျိုးသမီးတွေမှာတော့ သားအိမ်၊ မျိုးဥပြွန်ရောင်ရမ်းတဲ့ရောဂါကြောင့် သားသမီးမရနိုင်တာမျိုးတွေအထိ ဖြစ်နိုင်ပါတယ်။

.

.

???? ဂနို‌ရောဂါကို ကာကွယ်နိုင်လား?

ကာကွယ်လို့ ရပါတယ်….

လိင်ဆက်ဆံတဲ့အခါ အကာအကွယ် (condom) သုံးဖို့ မမေ့ပါနဲ့။

လိင်ဆက်ဆံဖော် ပါတနာများတဲ့သူတွေအနေနဲ့ နှစ်စဥ် ဂနိုရောဂါကို စစ်ကြည့်ဖို့ တိုက်တွန်းလိုပါတယ်။

.

.

???? ဂနိုရောဂါနဲ့ပတ်သက်ပြီး အရေးကြီး မှတ်သားဖွယ်တွေကတော့…

• ဆီးပူညောင်းကျလို့ပြောရင် အမျိုးသားတွေမှာပဲ ဖြစ်တတ်တာလို့ ပေါ့ဆတတ်ကြပါတယ်။

• ဂနိုဟာ အမျိုးသမီးတွေမှာလည်း ဖြစ်တတ်ပြီးတော့ တော်တော်များများက လက္ခဏာ မပြတတ်ကြပါဘူး။

• အထူးသဖြင့် အမျိုးသမီးတွေမှာ ကလေးမရနိုင်တာအထိ ဖြစ်တတ်ပါတယ်။

• ဆီးစစ်ကြည့်ပြီး ရောဂါပိုးရှိ/မရှိ သိနိုင်တာမို့ လွယ်ကူစွာ စစ်ဆေးလို့ရပါတယ်။

• ကိုယ့်ရဲ့ လိင်ဆက်ဆံဖော် ပါတနာကိုလည်း မိမိမှာ ရောဂါရှိတဲ့အကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောပြပြီး ရောဂါပိုးစစ်ကြည့်ဖို့ လိုအပ်ပါတယ်။

• ရောဂါကုသပျောက်ကင်းတဲ့အထိ လိင်မှုကိစ္စ ‌ရှောင်ရှားဖို့ လိုအပ်ပါတယ်။

• လိင်ဆက်ဆံတဲ့အခါ အကာအကွယ်သုံးခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ်။

.

???? အထက်ပါ ပြောပြပြီးခဲ့တဲ့အတိုင်း ဂနိုရောဂါဟာ ကာကွယ်လို့ရတဲ့ရောဂါ ဖြစ်တဲ့အတွက် “အကာအကွယ်သုံးဖို့” မမေ့ပါနဲ့။ မိမိမှာ ရောဂါရှိပြီလို့ စစ်ဆေးတွေ့ရှိတာနဲ့ အချိန်မနှောင့်နှေးစေဘဲ စောစီးစွာ ကုသဖို့ လိုအပ်ပါတယ်။

Reference ????

Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp. 133

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

* ပိတ်ရက်မရှိပါ *

( နေ့စဥ် မနက် ၈နာရီမှ ညနေ၆နာရီအထိ )

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

#nugmoh#telehealth#telemedicine

#teleconsultation#တယ်လီကျန်းမာ#Telekyanmar

#gonorrhoea#ဆီးပူညောင်းကျ#ဂနို

Ministry of Health,

National Unity Government.

Published on: 12 April 2023

Last updated: 12 April 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

အယူအဆအလွဲများ (၉)

အလွဲ ❌ သွေးတိုး ဒါမှမဟုတ် ဆီးချိုအတွက် ဆေးသောက်နေရင်း သွေးပေါင်ချိန်/ သွေးတွင်းသကြားဓာတ်က ပုံမှန်ဖြစ်လာပြီဆိုရင် ရောဂါပျောက်သွားပြီမို့ ဆေးကို ရပ်ပစ်လို့ရတယ်။ အမှန် ✅ သွေးတိုးနဲ့ ဆီးချိုလို နာတာရှည်ရောဂါတွေဟာ များသောအားဖြင့် လုံးဝပျောက်ကင်းသွားတာမျိုး မဟုတ်ဘဲ ဆေးမှန်မှန်သောက်ခြင်းဖြင့် ရောဂါကို ပိုပြီး မဆိုးလာအောင် ထိန်းညှိထားခြင်းသာ...

အယူအဆအလွဲများ (၈)

အလွဲ ❌ ဆီးချိုရောဂါသည် သကြားအလွန်အကျွံစားမိခြင်းကြောင့်သာ ဖြစ်သည်။ အမှန် ✅ ဆီးချိုရောဂါသည် သကြားတစ်ခုတည်းကြောင့် ဖြစ်သည်မဟုတ်ပါ။ ဆီးချိုသွေးချိုဖြစ်စေရန် အကြောင်းအရင်းများစွာ ရှိပါသည်။ အဓိကအကြောင်းအရင်းများမှာ မျိုးရိုးဗီဇ (Gene)မျိုးရိုးလိုက်ခြင်းကြောင့် ဖြစ်တတ်သည်။ ခန္ဓာကိုယ်အလေးချိန်အဝလွန်ခြင်း သို့မဟုတ် ဗိုက်ပတ်လည်မှာ အဆီစုနေခြင်းသည် ရောဂါဖြစ်စေဖို့ တွန်းအားပေးသည်။ လူနေမှုပုံစံကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်းသည် အင်ဆူလင် ခုခံအားကို မြင့်တက်စေသည်။. သကြားဓာတ်များသော အစားအစာများ (အချိုရည်၊...

အမြည်းလေးတော့ စားပါ

ဟိုတစ်နေ့က ကိုရင်မောင်နှင့် အငယ်ကောင် အရက်သောက်သည့်အကြောင်းတွေ ရေးတာတွေ့တော့ အရင်က အဖြစ်အပျက်လေးတစ်ခု သတိရသွားသည်။ ကြုံလို့ ပြောပြချင်ပါသည်။ “ဆရာရေ… ဆရာ… ကျွန်မနဲ့ ခဏလောက်ဖြစ်ဖြစ် လိုက်ခဲ့ပေးပါဦး။ ခဏလေးပါ။” “ဘာဖြစ်လို့လဲ မအေးရယ်။" ကျွန်တော် ဆေးခန်းမှာ လူနာတွေကြည့်နေတုန်း ထန်းသီးရောင်းသည့် မအေး အူယားဖားယား ပြေးလာခေါ်၍ မေးလိုက်ရသည်။ “ကျွန်မ အစ်ကို…...

နတ်စားခြင်း

"ဆရာရယ် …ကျွန်မသမီးလေးအတွက် နတ်ပြန်စားမှ ဖြစ်မှာပါ။ ကျွန်မတို့ကို ဆေးရုံဆင်းခွင့်ပေးပါနော်။" "ဟင်..ဘာဖြစ်လို့လဲ ..ကလေးမလေးက ဆေးထိုးနေတာ ဆေးပတ်လည်တော့မယ့်ဟာ" အသက် ၁၆ နှစ် ကလေးမလေး အသက်ရှူလမ်းကြောင်းပိုးဝင်၍ ပိုးသတ်ဆေးများ ထိုးထားသည်မှာ နက်ဖြန်ဆို ၃ ရက်ပြည့်တော့မည်။ ရင်ကျပ်အခံရှိ၍ လေပြွန်ကျယ်ဆေးများလည်း ရှူခိုင်းထားရသည်။ အိမ်တွင် ဆေးမြီးတိုများနှင့် ကုနေသည်မှာ...