လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ဂနိုရောဂါ “Gonorrhoea” (April 2023)

” ဂနိုရောဂါ (Gonorrhoea) “

လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေထဲမှာ ဂနိုရောဂါဟာလည်း တစ်ခု အပါအဝင်ဖြစ်ပါတယ်။

ဒီရောဂါက ???????????????????????????????????? ???????????????????????????????????????????? လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့်ဖြစ်ပြီး အထူးသဖြင့် အမျိုးသားတွေမှာ ကူးစက်ခံရတာ များပါတယ်။

ဆီးလမ်းကြောင်း၊ လိင်အင်္ဂါနဲ့ တစ်ခါတလေ လိင်ဆက်ဆံမှုအပေါ် မူတည်ပြီး စအိုဝမှာလည်း ဖြစ်တတ်ပါသေးတယ်။ ဒါ့အပြင် လေပြွန်နဲ့ မျက်လုံးတို့မှာလည်း ရောဂါကူးစက်ခံရနိုင်ပါတယ်။

.

.

???? ရောဂါလက္ခဏာတွေက ဘာတွေလဲ ?

လိင်ဆက်ဆံပြီးနောက်ပိုင်း (၂) ရက်ကနေ (၁၀) ရက်၊ တစ်ခါတလေ (၃) ပတ်လောက်အထိ ကြာပြီးနောက်ပိုင်းမှာ လိင်ဆက်ဆံခဲ့တဲ့ လိင်အင်္ဂါ၊ စအိုပေါက်၊ ပါးစပ် စတဲ့နေရာတွေမှာ ရောဂါလက္ခဏာတွေ စပြီးပေါ်လာလေ့ရှိပါတယ်။

အဓိကလက္ခဏာကတော့ ဆီးပြွန်ရောင်ရမ်းတဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။ အဲ့ဒီလို ရောင်ရမ်းတဲ့အတွက် ဆီးသွားတဲ့အခါ ပူလောင်နေသလို ခံစားရတာ၊ ပြည်လိုမျိုး အဖြူရောင်၊ အဝါရောင်ရှိတဲ့ အရည်တွေထွက်နေတာ… စတာတွေကို စတင်သတိပြုမိကြတာပါ။

ဂနိုရောဂါရဲ့ ပထမဆုံး လက္ခဏာအနေနဲ့ ဆီးပေါက်တဲ့အခါမှာ မသက်မသာ၊ အဆင်မပြေတာ ခံစားရပြီး၊ နောက်ပိုင်းမှာတော့ ဆီးသွားတိုင်း နာကျင်လာမယ်၊ ပြီးရင်တော့ လိင်တံကနေ ပြည်တွေလိုမျိုး အရည်တွေ ကျဆင်းလာတာမျိုး ဖြစ်လေ့ရှိပါတယ်။

ဒါပေမယ့် တစ်ခါတလေမှာတော့ ဘာလက္ခဏာမှာ မပြတာမျိုးလည်း ဖြစ်တတ်ပါတယ်။

အမျိုးသမီးတွေမှာတော့ ရောဂါရှိသူရဲ့ ၈၀% လောက်က လက္ခဏာမပြတာကို တွေ့ရပါတယ်။ အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ လက္ခဏာတွေကတော့…

– မိန်းမကိုယ်ကနေ အရည်တွေဆင်းနေတာ (ဒါမှမဟုတ်) ဆီးသွားတဲ့အခါမှာ နာကျင်တာ

– တင်ပါးဆုံနာတာ

– ‌ဗိုက်အောက်ပိုင်း၊ ခါးစပ်နာတာ

– ဖျားတာ၊ နေထိုင်မကောင်းတာ

– လိင်ဆက်ဆံတဲ့အချိန် နာကျင်တာတွေ

– အချိန်မဟုတ်ဘဲ ရာသီသွေးဆင်းတာ…. စတာတွေ ခံစားရနိုင်ပါတယ်။

လေပြွန်ကိုကူးစက်ရင်တော့ ရောဂါလက္ခဏာ သိပ်ပြလေ့မရှိပါဘူး။

မျက်လုံးမှာ ဖြစ်ခဲ့ရင်တော့ မျက်လုံးအမြှေးပါးရောင်တဲ့ လက္ခဏာတွေ ဖြစ်တတ်ပါတယ်။ မျက်လုံးကနေ ပြည်တွေထွက်နေမယ်၊ မျက်လုံး ရောင်ကိုင်း ဖောင်းမို့လာမယ်၊ နာလာမယ်၊ အလင်းကိုမခံနိုင်တာတွေ ဖြစ်လာပါမယ်။

.

.

???? ဂနိုရောဂါကို ဘယ်လို စစ်ဆေးနိုင်လဲ ?

ရောဂါကူးခံရတဲ့နေရာကနေ အရည်ကို swab ယူပြီးဖြစ်စေ၊ မနက်အစော ပထမဆုံးသွားတဲ့ ဆီးကိုယူပြီး ဖြစ်စေ စစ်ဆေးနိုင်ပါတယ်။

.

.

???? ဂနိုရောဂါက ဘယ်လို ကူးစက်နိုင်လဲ ?

တစ်ဘက်လူမှာ ရောဂါပိုးရှိနေပြီဆိုရင်တော့ လိင်တူဖြစ်စေ၊ လိင်ကွဲဖြစ်စေ… မိန်းမကိုယ်၊ စအိုပေါက်နဲ့ ပါးစပ်ကတစ်ဆင့် လိင်ဆက်ဆံရာကနေ ကူးစက်နိုင်ပါတယ်။

.

.

???? ဂနိုရောဂါကို ဘယ်လို ကုသရမလဲ ?

ပိုးသတ်ဆေးသောက်ဖို့၊ ထိုးဖို့ လိုအပ်တဲ့အတွက် ဆရာဝန်နဲ့ စနစ်တကျ တိုင်ပင်ပြသဖို့ အရေးကြီးပါတယ်။

ရောဂါဖြစ်သူရဲ့ လိင်ဆက်ဆံဖော် ပါတနာကိုလည်း ပိုးစစ်ကြည့်ဖို့ လိုအပ်ပါတယ်။

ရောဂါကုသပျောက်ကင်းတဲ့အထိ လိင်ဆက်ဆံတာကို ‌ရှောင်ဖို့တော့ လိုအပ်ပါတယ်။

ကုသမှုကို နောက်ကျမှ ခံယူမယ်ဆိုရင်

– ဆီးအိမ်ရောင်တာ

– အမျိုးသား လိင်အင်္ဂါ၊ ပြွန်ရောင်ရမ်းတာ

– ဆီးပြွန်ကျဥ်းတာ

– အမျိုးသမီးတွေမှာတော့ သားအိမ်၊ မျိုးဥပြွန်ရောင်ရမ်းတဲ့ရောဂါကြောင့် သားသမီးမရနိုင်တာမျိုးတွေအထိ ဖြစ်နိုင်ပါတယ်။

.

.

???? ဂနို‌ရောဂါကို ကာကွယ်နိုင်လား?

ကာကွယ်လို့ ရပါတယ်….

လိင်ဆက်ဆံတဲ့အခါ အကာအကွယ် (condom) သုံးဖို့ မမေ့ပါနဲ့။

လိင်ဆက်ဆံဖော် ပါတနာများတဲ့သူတွေအနေနဲ့ နှစ်စဥ် ဂနိုရောဂါကို စစ်ကြည့်ဖို့ တိုက်တွန်းလိုပါတယ်။

.

.

???? ဂနိုရောဂါနဲ့ပတ်သက်ပြီး အရေးကြီး မှတ်သားဖွယ်တွေကတော့…

• ဆီးပူညောင်းကျလို့ပြောရင် အမျိုးသားတွေမှာပဲ ဖြစ်တတ်တာလို့ ပေါ့ဆတတ်ကြပါတယ်။

• ဂနိုဟာ အမျိုးသမီးတွေမှာလည်း ဖြစ်တတ်ပြီးတော့ တော်တော်များများက လက္ခဏာ မပြတတ်ကြပါဘူး။

• အထူးသဖြင့် အမျိုးသမီးတွေမှာ ကလေးမရနိုင်တာအထိ ဖြစ်တတ်ပါတယ်။

• ဆီးစစ်ကြည့်ပြီး ရောဂါပိုးရှိ/မရှိ သိနိုင်တာမို့ လွယ်ကူစွာ စစ်ဆေးလို့ရပါတယ်။

• ကိုယ့်ရဲ့ လိင်ဆက်ဆံဖော် ပါတနာကိုလည်း မိမိမှာ ရောဂါရှိတဲ့အကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောပြပြီး ရောဂါပိုးစစ်ကြည့်ဖို့ လိုအပ်ပါတယ်။

• ရောဂါကုသပျောက်ကင်းတဲ့အထိ လိင်မှုကိစ္စ ‌ရှောင်ရှားဖို့ လိုအပ်ပါတယ်။

• လိင်ဆက်ဆံတဲ့အခါ အကာအကွယ်သုံးခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ်။

.

???? အထက်ပါ ပြောပြပြီးခဲ့တဲ့အတိုင်း ဂနိုရောဂါဟာ ကာကွယ်လို့ရတဲ့ရောဂါ ဖြစ်တဲ့အတွက် “အကာအကွယ်သုံးဖို့” မမေ့ပါနဲ့။ မိမိမှာ ရောဂါရှိပြီလို့ စစ်ဆေးတွေ့ရှိတာနဲ့ အချိန်မနှောင့်နှေးစေဘဲ စောစီးစွာ ကုသဖို့ လိုအပ်ပါတယ်။

Reference ????

Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp. 133

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

* ပိတ်ရက်မရှိပါ *

( နေ့စဥ် မနက် ၈နာရီမှ ညနေ၆နာရီအထိ )

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

#nugmoh#telehealth#telemedicine

#teleconsultation#တယ်လီကျန်းမာ#Telekyanmar

#gonorrhoea#ဆီးပူညောင်းကျ#ဂနို

Ministry of Health,

National Unity Government.

Published on: 12 April 2023

Last updated: 12 April 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

မနက်နိုးနိုးချင်း ကော်ဖီ အပြေးအလွှား သောက်နေပြီလား

မနက်နိုးနိုးချင်း ကော်ဖီ အပြေးအလွှား သောက်နေပြီလား ☕️☕️ မနက်ခင်း အိပ်ရာကနိုးတာနဲ့ လူက လန်းလန်းဆန်းဆန်း ဖြစ်လာအောင်ဆိုပြီး ကော်ဖီတစ်ခွက်ကို အမြန်ဆုံး ဖျော်သောက်ပြီးမှ အလုပ်စတတ်ကြတယ်မို့လား။ ဒါပေမယ့် တကယ်တော့... မနက်နိုးနိုးချင်း ကော်ဖီချက်ချင်းသောက်တာဟာ ကော်ဖီရဲ့အာနိသင်ကို အပြည့်အဝ မရရှိစေတဲ့အပြင် ခန္ဓာကိုယ်ရဲ့ သဘာဝစနစ်ကိုပါ ကမောက်ကမ ဖြစ်စေတယ်ဆိုတာ အာရုံကြောသိပ္ပံနည်းအရ...

အယူအဆလွဲများ (၃၂)

❌ အယူအဆလွဲ >>> အလုပ်လုပ်ရက်တွေမှာ တစ်နေ့ ၄-၅ နာရီပဲအိပ်ပြီး ပိတ်ရက်ရောက်မှ တစ်နေ့လုံး အိပ်လိုက်ရင် ခန္ဓာကိုယ်က ပုံမှန်အတိုင်း ပြန်ဖြစ်သွားမယ်။ ☑️ အမှန် >>> အိပ်စက်ခြင်းဆိုတာ ဘဏ်အကောင့်ထဲ ငွေစုသလိုမျိုး မဟုတ်ပါဘူး။ အလုပ်ရက်တွေမှာ ဆုံးရှုံးသွားတဲ့ "အိပ်စက်မှု အကြွေး" (Sleep...

အဆိပ်အတောက်ဆန်တဲ့ အသိတရားတွေကို လက်ဆင့်မကမ်းမိကြစေဖို့

ဒီဘက်ခေတ် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ “Date Girl” လုပ်ရတာ အဆင်ပြေကြောင်း၊ ပိုက်ဆံအလွယ်ရကြောင်းနဲ့ လူမှုပတ်ဝန်းကျင်မှာ အထာကျကျ နေထိုင်နိုင်ကြောင်း ရေးသားဖော်ပြနေတဲ့ အဆိပ်အတောက် (Toxic) ဖြစ်စေမယ့် စာသားတွေကို ခပ်စိပ်စိပ် တွေ့လာရပါတယ်။ အထူးသဖြင့် လောကအကြောင်း နားမလည်သေးတဲ့ လူငယ်လေးတွေအတွက် ဒါဟာ တကယ့်ကို အန္တရာယ်ရှိတဲ့ ‌ကျော့ကွင်းတစ်ခုလိုပါပဲ။ ဒီအပေါ်မှာ...

အသည်းရောင်အသားဝါ A ရောဂါအကြောင်း

အသည်းရောင်အသားဝါ A ရောဂါကူးစက်မှုတွေက အဖြစ်များလာတာမို့ ဂရုစိုက်ဆင်ခြင်နိုင်ဖို့ မျှဝေလိုက်ရပါတယ်။ ဒီရောဂါဟာ Hepatitis A ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားတဲ့ အသည်းရောင်ရောဂါ ဖြစ်ပါတယ်။ ✓ ဗိုင်းရပ်စ်ရဲ့ သဘာဝ အသည်းရောင်အသားဝါ အေ ဗိုင်းရပ်စ်ဟာ ပတ်ဝန်းကျင်မှာ ခံနိုင်ရည် အလွန်မြင့်မားတဲ့ ပိုးဖြစ်ပါတယ်။ အပြင်ဘက်မှာ အဆီအမြှေးပါးမရှိတဲ့ ဗိုင်းရပ်စ်ဖြစ်လို့ အရက်ပြန်ပါတဲ့...