MENU

အမျိုးသားတွေရော သွေးဆုံးနိုင်သလား “ Male Menopause or Andropause” (April 2023)

အမျိုးသားတွေရော သွေးဆုံးနိုင်သလား (Male menopause or Andropause)

အမျိုးသမီးတွေ အသက်အရွယ်ကြီးလာတဲ့အခါ သွေးဆုံးတာကိုတော့ လူတိုင်းသိကြပေမယ့် အမျိုးသားတွေ သွေးဆုံးတယ်ဆိုတာကိုတော့ ကြားဖူးသူ ရှားပါလိမ့်မယ်။ တကယ်တော့ အမျိုးသားတွေလည်း သွေးဆုံးတတ်ပါတယ်။ အဲ့ဒါကို Male menopause or Andropause လို့ ခေါ်ကြပါတယ်။

???? အမျိုးသားတွေမှာလည်း အသက်အရွယ်ကြီးလာတဲ့အခါ ဟော်မုန်းအပြောင်းအလဲ ဖြစ်လာပါတယ်။ အဓိကအနေနဲ့ အမျိုးသားဟော်မုန်း နှစ်ခု (testosterone နဲ့ androgen) နည်းလာပြီး လိင်ဟော်မုန်းထုတ်တဲ့ ဂလင်း (sex gland) ကနေ ဟော်မုန်းထုတ်တာလည်း နည်းလာတာ (hypogonadism) ကြောင့် ဖြစ်ရပါတယ်။

???? အမျိုးသားတွေ အသက် (၅၀) ကျော်လာတဲ့အခါ ဝှေးစေ့ကနေ testosterone ဟော်မုန်းထုတ်လုပ်မှုပမာဏ လျော့နည်းလာပါတယ်။ Testosterone ဟော်မုန်းဟာ အမျိုးသားတွေရဲ့လိင်စိတ်ဆန္ဒလှုံ့ဆော်ဖို့အတွက်ပဲ မဟုတ်ပါဘူး။ လူပျိုဖော်ဝင်လာတဲ့အခါ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲဖွံ့ဖြိုးမှုတွေ၊ ကြွက်သားကြီးထွားမှုတွေကို ဖြစ်စေပြီး အခြားတုံ့ပြန်မှုဆိုင်ရာတွေကိုလည်း ပိုကောင်းမွန်အောင် လုပ်ဆောင်ပေးပါတယ်။

???? အမျိုးသားတွေသွေးဆုံးတာနဲ့ အမျိုးသမီးတွေသွေးဆုံးတာမှာ ကွာခြားချက်တွေများစွာရှိပါတယ်။ Male menopause က အမျိုးသားတိုင်း တွေ့ကြုံခံစားရတာ မဟုတ်ပါဘူး။ မျိုးပွါးအင်္ဂါတွေ လုံးဝအလုပ်မလုပ်တော့တာမျိုးလည်း မဟုတ်ပါဘူး။ ဟော်မုန်းပမာဏနည်းသွားတာကြောင့် လိင်စိတ်ဆန္ဒလျော့နည်းတာ စတာမျိုးတွေတော့ ခံစားရတတ်ပါတယ်။

..

..

♦️ အမျိုးသားတွေ သွေးဆုံးတဲ့အခါမှ ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်လဲ ?

Male menopause ဖြစ်တဲ့အခါ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ လိင်ပိုင်းဆိုင်ရာပြဿနာတွေ ကြုံရတတ်ပါတယ်။ အသက်ကြီးလာတဲ့အခါ ခံစားရတဲ့လက္ခဏာတွေက ပိုဆိုးလာတတ်ပါတယ်။

???? အဖြစ်များတဲ့ ရောဂါလက္ခဏာတွေကတော့….

* အားအင်ကုန်ခမ်းခြင်း

* စိတ်ဓာတ်ကျ ဝမ်းနည်းလွယ်ခြင်း

* တက်ကြွမှုမရှိခြင်း

* ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်မရှိခြင်း

* အာရုံစူးစိုက်လို့မရခြင်း

* အိပ်မပျော်ခြင်း

* ခန္ဓာကိုယ်အဆီများလာခြင်း

* ကြွက်သားများကျုံလှီလာခြင်း

* ခန္ဓာကိုယ်အားနည်းလာခြင်း

* ရင်သားကြီးလာခြင်း

* အရိုးသိပ်သည်းဆ နည်းလာခြင်း

* လိင်တံမထောင်မတ်နိုင်ခြင်း (erectile dysfunction)

* လိင်စိတ်ဆန္နလျော့နည်းလာခြင်း

* မျိုးမပွားနိုင်တော့ခြင်း/ မြုံလာခြင်း…. တို့ ဖြစ်ပါတယ်။

.

???? ဒါ့အပြင် အမျိုးသားတွေအနေနဲ့

– ရင်သားဆူလာပြီးနာလာတာ

– ဝှေးစေ့အရွယ်အစား သေးလာတာ

– ခန္ဓာကိုယ်အမွှေးအမျှင်တွေ နည်းလာတာ

– ကိုယ်ခန္ဓာအပေါ်ပိုင်း ရုတ်တရက်ပူလာတာ…. စတဲ့ လက္ခဏာတွေလည်း ခံစားရနိုင်ပါတယ်။

Testosterone ပမာဏ နည်းလာတာဟာ အရိုးပွခြင်းနဲ့လည်း ဆက်စပ်နေတာတွေ့ရပါတယ်။

..

..

♦️ ခန္ဓာကိုယ်ထဲမှာ testosterone က ဘယ်လိုလုပ်ဆောင်သလဲ ?

လူပျိုဖော်မဝင်ခင်မှာ ခန္ဓာကိုယ်ထဲက testosterone ပမာဏဟာ နည်းပါတယ်။

တဖြည်းဖြည်းအရွယ်ရောက်လာတဲ့အခါ testosterone ပမာဏလည်း များလာပြီး ကြွက်သားဖွံ့ဖြိုးစေခြင်း၊ ခန္ဓာကိုယ်အမွှေးအမျှင်များ ပေါက်လာစေခြင်း၊ အသံဩလာစေခြင်းနဲ့ လိင်ပိုင်းဆိုင်ရာပြောင်းလဲခြင်းတွေကို ဖြစ်စေပါတယ်။

အဲ့ဒီ့အခြေအနေကနေ အသက်အရွယ်ကြီးရင့်လာတဲ့အခါ testosterone ပမာဏက ပြန်ကျသွားပါတယ်။ အမျိုးသားတွေ အသက် ၃၀ နောက်ပိုင်းမှာ testosterone ပမာဏက တစ်နှစ်ကို ၁% ခန့် ကျသွားတယ်လို့လည်း ဆိုပါတယ်။

အချို့ရောဂါရှိသူတွေမှာ ဟော်မုန်းနည်းလာတာက ပိုပြီးမြန်တတ်ပါတယ်။

..

..

♦️ အမျိုးသားတွေ သွေးဆုံးခြင်းကို ဘယ်လို ရောဂါရှာဖွေကုသမှုတွေ လုပ်ကြမလဲ ?

Testosterone ဟော်မုန်းပမာဏကို စစ်ကြည့်ဖို့ သွေးစစ်တာမျိုး လုပ်နိုင်ပါတယ်။

ထူးထူးခြားခြားရောဂါဝေဒနာ ခံစားရတာမျိုးမရှိရင် ကုသမှုမခံယူလည်း ရပါတယ်။

ရောဂါလက္ခဏာတွေ ဆိုးလာရင်တော့ ဆရာဝန်နဲ့ ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးပြသဖို့ လိုပါမယ်။

.

** အမျိုးသားသွေးဆုံးခြင်းအတွက် အကောင်းဆုံးကုသနည်းကတော့…. ကျန်းမာရေးနဲ့ညီညွတ်တဲ့ lifestyle changes တွေလုပ်ခြင်းပဲ ဖြစ်ပါတယ် **

ကျန်းမာရေးနဲ့ညီညွတ်အောင် စားသောက်ခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း၊ အိပ်ရေးဝအောင်အိပ်ခြင်း၊ စိတ်ဖိစီးမှုတွေကို လျှော့ချခြင်းစတာတွေ လုပ်ဆောင်နိုင်ပါတယ်။

ဒီလိုပြောင်းလဲမှုတွေလုပ်တဲ့အခါ ခံစားရတဲ့လက္ခဏာတွေ သိသိသာသာ သက်သာလာတာကို တွေ့ရတတ်ပါတယ်။

စိတ်ဓာတ်ကျတာမျိုး ခံစားနေရတယ်ဆိုရင် ဆရာဝန်က စိတ်ပိုင်းဆိုင်ရာကုထုံးတွေ၊ စိတ်ဆေးတွေပေးတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

.

** နောက်ထပ်ကုသနိုင်တဲ့နည်းကတော့ ဟော်မုန်းအစားထိုးကုသခြင်း ဖြစ်ပါတယ်။ ဒီလိုကုသခြင်းကလည်း ကောင်းကျိုး/ဆိုးကျိုး ဒွန်တွဲနေပါတယ်။ စတီးရွိုက်နဲ့ testosterone ဖြည့်စွက်ဆေးတွေဟာ ဆိုးကျိုးများစွာ ရှိပါတယ်။ ဆီးကျိတ်ကင်ဆာရှိသူတွေမှာ ကင်ဆာဆဲလ်တွေကို ပိုပွားစေနိုင်ပါတယ်။ ဒါ့ကြောင့် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီးမှသာ ဟော်မုန်းအစားထိုးကုသမှုတွေ လုပ်သင့်ပါတယ်။

Reference: ???? https://www.healthline.com/health/menopause/male…

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine

#teleconsultation#တယ်လီကျန်းမာ

#andropause#အမျိုးသားသွေးဆုံးခြင်း

Ministry of Health,

National Unity Government.

Published on: 4 April 2023

Last Updated: 4 April 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

သွေးတွင်းသကြားဓာတ် ကျဆင်းခြင်း Hypoglycemia

လူအတော်အများများက ဆီးချိုနဲ့ သွေးတွင်းသကြားဓာတ် တက်တာကိုပဲ သတိပြုကြပြီး ကုသကြတာကို တွေ့ရပါတယ်။ သွေးတွင်းသကြားဓာတ်က လိုတာထက် ပိုကျသွားရင်လည်း ရောဂါလက္ခဏာတွေ ခံစားတတ်တာမို့ ဒီအကြောင်းကို သေချာသိရှိရအောင်လို့ ဖော်ပြပေးလိုက်ပါတယ်။…… ▫️Hypoglycemia (သွေးတွင်းသကြားဓာတ် ကျဆင်းခြင်း) ဆိုတာက နာမည်အတိုင်းပါပဲ… ခန္ဓာကိုယ်ရဲ့ အဓိကစွမ်းအင်အရင်းအမြစ်ထဲက တစ်ခုဖြစ်တဲ့ Glucose (ဂလူးကို့စ်) က...

ခါးနာခြင်း Back Pain

အခုနောက်ပိုင်း ကျွန်မဆီ လူနာသက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းအများစု လာပြရင် ခါးနာတဲ့လူနာလာပြတာ များလာပါတယ်။ ခါးနာတဲ့ လူနာအများစုဟာလည်း ဆရာပေါင်းစုံ၊ ဓာတ်မှန်ပေါင်းစုံ ရိုက်ထားပြီး မသက်သာလို့ လာပြတဲ့သူလည်း အတော်များလာပါတယ်။ ဒီနေရာမှာ တချို့ကလည်း ခါးနာတာ လူတိုင်းဖြစ်နေတာပါဆိုပြီး မိမိဘာသာ အကိုက်ခဲပျောက်ဆေးသောက်နေတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် . . . ခါးနာခြင်းက ၂...

ကျောဘက်ဝက်ခြံပေါက်ခြင်း Back Acne

ကျောဘက်ဝက်ခြံထွက်ခြင်းဆိုတာ ကျောပေါ်မှာဖြစ်တဲ့ ဝက်ခြံအမျိုးအစား ဖြစ်ပါတယ်။ အရေပြားအပေါက်လေးတွေ (အပေါက်ငယ်လေးတွေ) က အညစ်အကြေးတွေ၊ ဆဲလ်သေတွေ၊ ချွေးတွေနဲ့ ဆီဘမ်လို့ခေါ်တဲ့ အဆီရည်တစ်မျိုးနဲ့ ပိတ်ဆို့သွားတဲ့အခါဖြစ်တတ်ပါတယ်။. ❓ဘာကြောင့် ကျောဘက်ဝက်ခြံ ပေါက်ရတာလဲ။ သင့်ခန္ဓာကိုယ်က အဆီကို အလွန်အကျွံထုတ်လုပ်တာ ဒါမှမဟုတ် အရေပြားကို သေချာမသန့်စင်ဘူးဆိုရင် အပေါက်တွေ ပိတ်ဆို့နိုင်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းတွေကတော့ - ✅...

ဦးနှောက်အမြှေးရောင်ရောဂါ၏ လက္ခဏာများ (ဧပြီ၊ ၂၀၂၅)

ဦးနှောက်နှင့် အာရုံကြောမကြီး ဘေးပတ်လည်ရှိ အသားစများ ရောင်ရမ်းခြင်းကို ဦးနှောက်အမြှေးရောင်ခြင်းဟု ခေါ်ဆိုပါသည်။ အဖြစ်များသော ရောဂါလက္ခဏာများမှာ လည်ပင်းတောင့်တင်းခြင်း ဖျားခြင်း ခေါင်းကိုက်ခြင်း ပျိုခြင်း အန်ခြင်း တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ