MENU

“ သေးငယ်တဲ့ ချီယာစေ့လေးတွေရဲ့ ကျန်းမာရေးအကျိုးပြုပုံ ” Health Benefits of Chia Seeds (March, 2023)

“ သေးငယ်တဲ့ ချီယာစေ့လေးတွေရဲ့ ကျန်းမာရေးအကျိုးပြုပုံ ”

Chia seeds ဆိုတာ မက္ကဆီကိုမှာ အဓိကပေါက်တဲ့ Salvia hispanica L. ဆိုတဲ့ အပင်ကရတဲ့ အစေ့လေးတွေ ဖြစ်ပါတယ်။

ချီယာစေ့မှာ အမျှင်ဓာတ်၊ အသားဓာတ်၊ ခန္ဓာကိုယ်အကျိုးပြု အဆီဓာတ် omega-3, omega-6၊ ကယ်လ်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants)စတဲ့ ခန္ဓာကိုယ်အကျိုးပြုတဲ့ အာဟာရဓာတ်တွေ ကြွယ်ဝတာမို့ အာဟာရပညာရှင်တွေက “စူပါအစားအစာ (super food)” လို့တောင် တင်စားကြပါတယ်။

ဒါဆို ချီယာစေ့ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေနဲ့ သိထားသင့်တဲ့ သတိထားစရာ အချက်လေးတွေကို ဆက်ဖတ်ကြည့်ပါနော်…
..
..

???? ကျန်းမာရေး အကျိုးကျေးဇူးများ

➤ သွေးတွင်း အဆီဓာတ်ကို ညီမျှစေပြီး နှလုံးကျန်းမာရေးကို အထောက်အကူပြုစေပါတယ်။

Chia စေ့မှာ omega-3, omega-6 စတဲ့ အကျိုးပြု အဆီဓာတ်တွေ ပါဝင်လို့ ခန္ဓာကိုယ်တွင်း မကောင်းတဲ့ ကိုလတ်စထရောပမာဏကို လျော့ချနိုင်တဲ့အတွက် သွေးတိုးရောဂါနဲ့ နှလုံးကျန်းမာရေးကို အကျိုးပြုပါတယ်။
.

➤ သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးပါတယ်။

Chia စေ့က ဇီဝဓာတု ဖြစ်စဉ်ဆိုင်ရာ လက္ခဏာစု (အမျိုးအစား၂ သွေးချို ဆီးချို၊ အဝလွန်ခြင်း၊ သွေးဖိအားများခြင်း၊ သွေးတွင်း ကိုလက်စထရောများခြင်း၊ သွေးကြောများ ပိတ်ဆို့ခြင်း လက္ခဏာစု) ဖြစ်နိုင်တဲ့ အန္တရာယ်ကို လျော့ကျစေပြီး၊ သွေးတွင်းသကြားဓာတ်မြင့်တက်ခြင်းကို ကာကွယ်ထိန်းညှိပေးပါတယ်။
.

➤ အစာအိမ်နဲ့ အူလမ်းကြောင်းကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

အမျှင်ဓာတ်ကြွယ်ဝတာမို့ အစာခြေစနစ်ကို အထောက်အကူပြုရုံသာမက အမျှင်ဓာတ်ရဲ့ ရေကိုစုပ်ယူနိုင်တဲ့ အာနိသင်ကြောင့် ဝမ်းချုပ်သက်သာစေပြီး အူမကြီးလှုပ်ရှားမှုကို တိုးတက်စေပါတယ်။
.

➤ အရိုးနဲ့ သွားတွေကို သန်မာစေပါတယ်။

Chia စေ့မှာပါဝင်တဲ့ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖရပ် စတဲ့ သတ္တုဓာတ်တွေက အရိုးနဲ့သွားကျန်းမာရေးကို မြှင့်တင်ပေးပါတယ်။
.

➤ ဓာတ်တိုးဆန့်ကျင်သတ္တိ (antioxidants) အာနိသင်ကြွယ်ဝတာကြောင့် ဆဲလ်တွေ ဓာတ်တိုးပျက်စီးခြင်းကနေ ကာကွယ်ပေးပြီး ကင်ဆာနဲ့ တခြားရောဂါတွေ ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။
.

➤ ကိုယ်အလေးချိန်‌ လျှော့ချ‌ရာမှာလည်း တစ်စိတ်တစ်ပိုင်း အထောက်အကူပြုပါတယ်။

ချီယာစေ့မှာပါတဲ့ အမျှင်ဓာတ်က ရေကိုစုပ်ယူတာကြောင့် စားပြီး အချိန်ကြာကြာ ပြည့်အင့်နေစေတဲ့ ခံစားမှုကိုပေးပြီး အစာစားချင်စိတ်ကို လျော့ကျစေပါတယ်။

မကောင်းတဲ့ ကိုလတ်စထရော (LDL) ကိုလည်း လောင်ကျွမ်းစေတာမို့ ဝိတ်ချနေသူများအတွက် စူပါ food ပါပဲ။
..
..

???? Chia စေ့ကို နေ့စဉ်စားသောက်နေတဲ့ အခြားအစားအစာတွေနဲ့ ဘယ်လိုတွဲဖက် စားလို့ရမလဲ?

ချီယာစေ့ကို တစ်နေ့ ထမင်းစားဇွန်း ၁ ဇွန်းမှ အများဆုံး ထမင်းစားဇွန်း ၂ ဇွန်း (30g) စားပေးလို့ ရပါတယ်။

ချီယာစေ့ကို ရေနဲ့ နာရီဝက်ခန့်စိမ်ပြီး အစေ့လေးတွေပွလာရင် နှစ်သက်သလို စားသုံးလို့ရပါတယ်။
.

✔︎ မိမိနှစ်သက်ရာ ဖျော်ရည်၊ ဒိန်ချဉ်၊ နွားနို့၊ ရေခဲမုန့် တို့နဲ့ တွဲဖက်စားသုံးလို့ ရပါတယ်။

✔︎ အုတ်ဂျုံ (oat) ၊ အရွက်သုတ် (salad) တွေမှာလည်း ဖြူးပြီး စားလေ့ရှိသလို

✔︎ ပူတင်း၊ ကွတ်ကီး၊ ကျောက်ကျော စတဲ့ အိမ်လုပ်အချိုပွဲတွေမှာလည်း ထည့်လို့ရပါတယ်။

✔︎ တချို့ကတော့ ရေကျက်အေး တစ်ဖန်ခွက်ထဲကို ချီယာစေ့ ၁ ဇွန်း၊ သံပုရာသီး၊ ပျားရည်၊ ပူစီနံရွက် ထည့်ပြီး detox water အဖြစ် နံနက်ပိုင်းမှာ သောက်လေ့ရှိပါတယ်။
..
..

???? သတိထားရမယ့် အချက်တွေကတော့-

➤ ဓာတ်မတည့်ခြင်း – ဖြစ်နိုင်ခြေနည်းပေမယ့် တစ်ချို့သူတွေအတွက် ချီယာစေ့စားပြီး ပျို့အန်ခြင်း၊ ဝမ်းသွားခြင်း၊ အရေပြား ယားယံခြင်း စတဲ့လက္ခဏာတွေ ဖြစ်ခဲ့ရင် ဆက်ပြီးမစားသင့်ပါဘူး။
.

➤ သီးစေနိုင်ခြင်း၊ လည်ချောင်း၌ တစ်ခြင်း

လုံလောက်စွာ ရေမစိမ်ထားတဲ့ ချီယာစေ့ကို စားလိုက်ခြင်းဖြင့် လည်ချောင်းမှာ ပွလာပြီး သီးတာ၊ မျိုချရခက်တာတွေ ဖြစ်စေနိုင်လို့ ရေနဲ့အရင်ရောစပ်ပြီးမှ စားသင့်ပါတယ်။
..
..

???? ချီယာစေ့နှင့် ဆေးများဓာတ်ပြုခြင်း

သွေးကျဲဆေး ( anticoagulants, antiplatelets ) ၊ Omega3 fatty acids နဲ့ သွေးတိုးကျဆေးတွေဟာ ချီယာစေ့နဲ့ ဓာတ်ပြုပြီး မကောင်းတဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ဒီဆေးတွေ သောက်သုံးနေသူတွေမှာ ချီယာစေ့ သုံးစွဲတာကို သတိထားရပါမယ်။
..
..

Chia စေ့ အလွန်အကျွံစားခြင်းဖြင့် ဝမ်းပျက်တာ၊ လေပွတာနဲ့ ဗိုက်အောင့်တာ၊ အူလမ်းကြောင်း ရောင်ရမ်းတာ စတဲ့လက္ခဏာတွေ ခံစားရနိုင်ပါတယ်။ အဲ့တာကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်းရောဂါ ရှိသူတွေမှာ စားသုံးဖို့ မသင့်ပါဘူး။

ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေမှာ ချီယာစေ့ စားသုံးတာနဲ့ပတ်သတ်ပြီး အလုံအလောက် စမ်းသပ်ထားခြင်းမရှိတာမို့ အန္တရာယ်ကင်းရှင်းကြောင်း အာမ မခံနိုင်ပါဘူး။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ စားသုံးဖို့ မသင့်ပါဘူး။

ချီယာစေ့မှာ သဘာဝအစွမ်းသတ္တိတွေ များစွာရှိတယ်ဆိုပေမယ့့်လည်း လုံလောက်စွာ စမ်းသပ်ထားခြင်းမရှိသေးတာကြောင့် သွေးတိုး၊ ဆီးချို၊ နှလုံးနဲ့ သွေးတွင်းအဆီဓာတ်များတဲ့ ရောဂါရှင်တွေအဖို့ ချီယာစေ့ဟာ မိမိအသုံးပြုနေတဲ့ ဆေးဝါးတွေအတွက် အစားထိုးခြင်းမဟုတ်ပါဘူး။ ရောဂါရှိသူတွေအဖို့ မစားသုံးမီ တည့်မတည့် ဆရာဝန်နဲ့ အရင်တိုင်ပင်ပြီး ချင့်ချိန်စားသုံးသင့်ပါတယ်။

???? Reference
https: //www. webmd.com/diet/health-benefits-chia- seeds#:~:text=Chia%20seeds %20have%20several%20nutrients,%2C%20muscle%2C%20and%20nerve%20functioning

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် (https://m.me/telehealthmm) ကို နှိပ်ပါ
( နေ့စဉ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#chia_seed#chia

Ministry of Health,

National Unity Government.

Published on: 13 March 2023
Last Updated: 13 March 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

လူတစ်ယောက်ကို အကဲဖြတ်မိတဲ့အခါ ကျွန်မတို့ ဘာတွေ မှားတတ်ကြသလဲ (Fundamental Attribution Error)

လူတစ်ယောက်ကို အကဲဖြတ်မိတဲ့အခါ ကျွန်မတို့ ဘာတွေ မှားတတ်ကြသလဲ (Fundamental Attribution Error) ကျွန်မတို့ လူမှုပတ်ဝန်းကျင်မှာ နေ့စဉ် ကြုံတွေ့နေရတဲ့ နားလည်မှုလွဲတာတွေ၊ စိတ်ဝမ်းကွဲရတာတွေရဲ့ အဓိက တရားခံဟာ Fundamental Attribution Error (FAE) လို့ခေါ်တဲ့ အခြေခံကျတဲ့ အတွေးအမှားတစ်ခု ဖြစ်နေတတ်ပါတယ်။ ဒါကို...

အေသုံးလုံးနှင့် စူပါဆန်းဒေး

"အေသုံးလုံးနှင့် စူပါဆန်းဒေး" တစ်နေ့သော တနင်္ဂနွေနေ့တစ်ရက် ရုံးပိတ်ရက်ပေါ့လေ။ နှလုံးခွဲစိတ်ဆရာဝန်တစ်ယောက် မနက်စောစော ဆေးရုံမှာ Ward Round ဖို့ ထွက်လာခဲ့တယ်။ ဆေးရုံရောက်တော့ ပြီးခဲ့တဲ့ရက်တွေက ခွဲထားတဲ့ လူနာလေးတွေ၊ ခွဲဖို့စောင့်နေတဲ့ လူနာတွေ ကြည့်နေစဥ် အရေးပေါ်မှ ဖုန်းလာပါလေရော။ "အေသုံးလုံးပါ ဆရာ. . . လူနာ အရေးပေါ်ခန်းထဲမှာပါ။...

ခန္ဓာကိုယ်ထဲသို မေးခိုင်ပိုး ဝင်ရောက်နိုင်သည့် အဖြစ်များသော နည်းလမ်းများ (ဇန်နဝါရီ၊ ၂၀၂၆)

ခန္ဓာကိုယ်ထဲသို့ မေးခိုင်ပိုး ဝင်ရောက်နိုင်သည့် အဖြစ်များသော နည်းလမ်းများ (ဇန်နဝါရီ၊ ၂၀၂၆) ▪️ထိုးသွင်းဒဏ်ရာများ (လက်သည်း သို့မဟုတ် အပ်ကဲ့သို့သော အရာဝတ္ထု တစ်ခုခုကြောင့် ဖြစ်သော ဒဏ်ရာများ သို့မဟုတ် တိရစ္ဆာန်ကိုက်ခြင်း)▪️အညစ်အကြေး၊ ဝမ်း သို့မဟုတ် တံတွေးတို့ဖြင့် ပေကျံနေသော ဒဏ်ရာများ▪️တစ်ရှူးသေများပါရှိသော ဒဏ်ရာများ (ဥပမာ- မီးလောင်ဒဏ်ရာ၊...

သေဆုံးနှုန်း ၄၀% ကျော်ရှိပြီး လတ်တလော အိန္ဒိယမှာ ဖြစ်ပွားနေတဲ့ နီပါ (Nipah) ဗိုင်းရပ်စ်အကြောင်း

❗️သေဆုံးနှုန်း ၄၀% ကျော်ရှိပြီး လတ်တလော အိန္ဒိယမှာ ဖြစ်ပွားနေတဲ့ နီပါ (Nipah) ဗိုင်းရပ်စ်အကြောင်း Nipah ဗိုင်းရပ်စ်ဆိုတာ တိရိစ္ဆာန်များမှ လူသို့ ကူးစက်နိုင်သော (zoonotic) ဗိုင်းရပ်စ်တစ်မျိုး ဖြစ်ပါတယ်။ သစ်သီးစားလင်းနို့ အမျိုးအစားတွေဖြစ်တဲ့ (fruit bats/ flying foxes) တွေဟာ ဒီဗိုင်းရပ်စ်ရဲ့...