MENU

သွေးနီဥဆဲလ်များ ပျက်စီးစေသည့် Thalassemia ရောဂါ (March, 2023)

” သွေးအားနည်းရောဂါတစ်မျိုး (သို့မဟုတ်) သွေးနီဥဆဲလ်များ ပျက်စီးစေသည့် Thalassemia ရောဂါ “

သလာဆီးမီးယား (Thalassemia) ဆိုတာ မျိုးရိုးလိုက်တတ်တဲ့ မွေးရာပါ သွေးရောဂါတစ်မျိုး ဖြစ်ပါတယ်။ Thalassemia ဟာ သွေးနီဥတွေ အောက်ဆီဂျင် သယ်ဆောင်ဖို့ လိုအပ်တဲ့ Hemoglobin ကို နည်းစေ/ပျက်စီးစေတာကြောင့် သွေးအားနည်းရောဂါလို့လည်း ခေါ်ကြပါသေးတယ်။

????Thalassemia ရောဂါ ဘာကြောင့်ဖြစ်ရသလဲ ?

Thalassemia ရောဂါဟာ သွေးနီဥတွေ အောက်ဆီဂျင်သယ်ဖို့ လိုအပ်တဲ့ Hemoglobin ထုတ်ပေးတဲ့ ဆဲလ် DNA မှာ ချို့ယွင်းပြောင်းလဲမှုရှိတာကြောင့် ဖြစ်ပါတယ်။ အဲ့လို ချို့ယွင်းချက်တွေဟာ မိဘဆီကနေ သားသမီးထံကို လက်ဆင့်ကမ်း သယ်ဆောင်လာတာ၊ မျိုးရိုးလိုက်တာမျိုး ဖြစ်တတ်ပါတယ်။ အဲ့လိုချို့ယွင်းပြောင်းလဲတာကို မူတည်ပြီး Thalassemia ရောဂါကို (၂) မျိုး ခွဲထားပါတယ်။
..
..

(၁) Alpha-Thalassemia

Alpha-Thalassemia ကတော့ Hemoglobin ရဲ့ မျိုးဗီဇ chain (၄) ခုထဲမှာ alpha chain တွေ ချို့ယွင်းတာကြောင့် ဖြစ်ပါတယ်။ ဒီအမျိုးအစားမှာဆိုရင် ရောဂါလက္ခဏာပြင်းထန်မှုက မျိုးဗီဇ ဘယ်လောက်ချို့ယွင်းလဲပေါ် မူတည်ပါတယ်။

– One mutated gene – မျိုးဗီဇတစ်ခုပဲ ချို့ယွင်းမယ်ဆိုရင် ရောဂါလက္ခဏာခံစားရတာမျိုးတောင် မရှိနိုင်ပါဘူး။ ဒါပေမယ့် သင်ဟာ ဒီ Thalassemia ရောဂါသယ်ဆောင်ထားသူ (carrier) ဖြစ်နေရင် သင့်ရဲ့မွေးလာမယ့်ကလေးတွေကို gene mutation လက်ဆင့်ကမ်းသွားမှာပဲ ဖြစ်ပါတယ်။

– Two mutated gene – မျိုးဗီဇနှစ်ခုချို့ယွင်းနေမယ်ဆိုရင်တော့ သာမန်ရောဂါလက္ခဏာတွေ ခံစားရနိုင်ပါတယ်။

– Three mutated gene – မျိုးဗီဇ (၃) ခုလောက် ပုံမှန်မဟုတ်ရင်တော့ ပြင်းထန်တဲ့ရောဂါလက္ခဏာတွေ ခံစားရနိုင်ပါတယ်။

– မျိုးဗီဇ (၄) ခုလုံး ချို့ယွင်းတာကတော့ အလွန်ရှားပြီး အကယ်၍ဖြစ်ခဲ့မယ်ဆိုရင်လည်း မွေးလာတဲ့ကလေးဟာ အသက်မရှင်ပဲ မွေးလာဖို့များသလို၊ အသက်ပါလာခဲ့မယ်ဆိုရင်လည်း ကြာကြာအသက်ရှင်ဖို့ ခက်ခဲပါတယ်။ ဒီလိုမွေးလာတဲ့ကလေးတွေကို သွေးလဲတာ၊ stem cell transplant လုပ်တာတွေနဲ့ ကုသနိုင်ပါတယ်။
..
..

(၂) Beta-Thalassemia

Hemoglobin ရဲ့ မျိုးဗီဇ chain (၂) ခုမှာ beta chain တွေ ချို့ယွင်းရင် Beta-Thalassemia ဖြစ်ပြီး ဒီအမျိုးအစားဟာ ပိုပြီးလည်းအဖြစ်များပါတယ်။ ဒီအမျိုးအစားမှာ ရောဂါလက္ခဏာပြင်းထန်မှုဟာ မျိုးဗီဇရဲ့ ဘယ်အပိုင်းမှာ ချို့ယွင်းတာလဲပေါ် မူတည်ပါတယ်။

– One mutated gene – သာမန်ရောဂါလက္ခဏာတွေ ခံစားရနိုင်ပြီး ဒီအမျိုးအစားကို Thalassemia minor or Beta-thalassemia လို့ ခေါ်ပါတယ်။

– Two mutated genes – ပြင်းထန်ရောဂါလက္ခဏာတွေ ခံစားရတတ်ပြီး သူ့ကိုတော့ Thalassemia major or Cooley anaemia လို့ခေါ်ပါတယ်။ ဒီအမျိုးအစားနဲ့မွေးလာတဲ့ကလေးတွေဟာ မွေးကာစမှာ ကျန်းကျန်းမာမာရှိတက်ပေမယ့် နောက်ပိုင်းမှာတော့ ရောဂါလက္ခဏာတွေ ပြလာတတ်ပါတယ်။
..
..

????Thalassemia ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ ?

ရောဂါလက္ခဏာတွေက ဖြစ်တဲ့အမျိုးအစား၊ ရောဂါအပြင်းအထန်ပေါ်မူတည်ပြီး ကွာခြားနိုင်ပါတယ်။ အဖြစ်များတဲ့ရောဂါလက္ခဏာတွေကတော့….

– နုံးချိခြင်း

– အားနည်းခြင်း

– အသားဝါခြင်း

– မျက်နှာအရိုးများ ပုံမှန်မဟုတ်ခြင်း

– ကြီးထွားဖွံ့ဖြိုးမှု နှေးခြင်း

– ဗိုက်ဖောင်းလာခြင်း

– ဆီးရောင်ရင့်ခြင်း တို့ဖြစ်ပါတယ်။

အချို့ကလေးတွေမှာ မွေးစထဲက Thalassemia ရောဂါလက္ခဏာတွေ ပြနိုင်ပေမယ့် အချို့ကတော့ အသက် ၂ နှစ်လောက်မှ စပြီး ရောဂါလက္ခဏာတွေပြတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
..
..

????ဘယ်သူတွေမှာ Thalassemia ဖြစ်နိုင်ခြေ ပိုများသလဲ?

မိဘတွေဆီမှာ Thalassemia ရောဂါရှိသူတွေနဲ့ အာဖရိကန်အမေရိက လူမျိုးစုတွေ၊ Mediterranean မှာနေထိုင်သူတွေနဲ့ အရှေ့တောင်အာရှလူမျိုးတွေမှာ ဒီရောဂါဖြစ်နိုင်ခြေ များပါတယ်။
..
..

????ဘယ်လိုနောက်ဆက်တွဲရောဂါတွေ ဖြစ်နိုင်သလဲ ?

Thalassemia ရောဂါ ပြင်းထန်မှုပေါ်မူတည်ပြီး ဖြစ်နိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကတော့…

– သံဓာတ်များလာခြင်း

– ကူးစက်ရောဂါပိုး ဝင်ရောက်လွယ်ခြင်း

– အရိုးများ ပုံပျက်ချို့ယွင်းခြင်း

– ဘေလုံးကြီးလာခြင်းနဲ့

– နှလုံးရောဂါများဖြစ်ခြင်းတို့ ဖြစ်ပါတယ်။
..
..

????ဘယ်လို ရောဂါရှာဖွေစစ်ဆေးခြင်းတွေ လုပ်ရမလဲ ?

ကလေးရဲ့သွေးကို စစ်တာ၊ DNA analysis လုပ်တာတွေအပြင် ကိုယ်ဝန် ၁၁ ပတ်နဲ့ ၁၆ ပတ်လောက်မှာ အချင်းနမူနာ၊ ရေမြွှာရည်နမူနာယူပြီး စစ်ဆေးတာတွေလုပ်နိုင်ပါတယ်။
..
..

????ဘယ်လိုကုသမှုတွေ လုပ်ကြမလဲ ?

သာမန်ရောဂါလက္ခဏာရှိသူတွေအနေနဲ့ကတော့ ကုသမှုခံယူစရာမလိုပါဘူး။

ရောဂါပြင်းထန်တဲ့သူတွေကတော့…..

– သွေးခဏခဏသွင်းခြင်း

– သွေးထဲက ပိုလျှံနေတဲ့ သံဓာတ်တွေဖယ်ရှားဖို့ Chelation therapy ဖြင့် ကုသခြင်း

– ရိုးတွင်းခြင်ဆီ အစားထိုးခြင်းနဲ့ Stem cell transplant စတာတွေ လုပ်လို့ရပါတယ်။

– ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေ စားတာ၊ သံဓာတ်မများအောင်နေတာနဲ့ ရောဂါပိုးမဝင်အောင်နေထိုင်တာ စတာတွေလည်း ပြုလုပ်နိုင်ပါတယ်။

Reference: ????
https: // www. Mayoclinic. org/diseases-conditions/thalassemia/diagnosis-treatment /drc-20355001

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#သွေးအားနည်းရောဂါ#Thalassemia

Ministry of Health,

National Unity Government.

Published on: 1 March 2023
Last Updated: 1 March 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

ဒီနေ့ တစ်ရက်ပဲ ရှင်သန်ခွင့်ရတော့မယ်ဆိုရင် ဘာလုပ်မလဲ

ဒီမေးခွန်းကို ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်တဲ့အခါ ခေါင်းထဲမှာ ပေါ်လာတဲ့ အတွေးတွေ ဆန္ဒတွေကို တစ်ချက်လောက် သတိထားကြည့်ကြရအောင်။ မေးခွန်းက ကြောင်တောင်တောင်နိုင်နေမလား။ဝမ်းနည်းစရာ ကောင်းနေမလား။ဟာသတစ်ခု ဖြစ်နေမလား စတာတွေကို မစဉ်းစားဘဲ ရုတ်တရက်ပေါ်လာတဲ့ အတွေးပေါ်မှာပဲ အာရုံထားကြည့်ပါ။ သေချာပေါက်တော့ ဒီမေးခွန်းကို ကြားလိုက်ရင် လူအများစုရဲ့ ခေါင်းထဲမှာ ပေါ်လာတဲ့ အတွေးတွေက လုံးဝ...

မီးပိုးကောင်အန္တရာယ် Paederus Dermatitis

မြန်မာလို အများအားဖြင့် "မီးပိုးကောင်” လို့ ခေါ်ကြတဲ့ Rove beetle ခေါ် Paederus မျိုးနွယ်ဝင် အင်းဆက် တစ်မျိုးရဲ့အဆိပ်ဟာ လူရဲ့ ခန္ဓာကိုယ်အရေပြားကို ရောင်ရမ်းမှုတွေ ဖြစ်စေတတ်ပါတယ်။ ဒါကို မီးပိုးကောင်လောင်ခြင်း (Paederus dermatitis) လို့ ခေါ်ပါတယ်။ ဒီပိုးကောင်တွေဟာ ကိုက်တာ၊ တုပ်တာ...

စိတ်ကျန်းမာရေးအကူအညီများရယူဖို့

စိတ်ကျန်းမာရေးကုသမှုခံယူတာကို ရှက်စရာတစ်ခုလို့ မြင်နေကြတုန်းလား။ လူတိုင်းမှာ စိတ်ပူပန်မှု၊ စိတ်ဖိစီးမှု၊ ဝမ်းနည်းမှု၊ စိုးရိမ်မှုတွေ ရှိတတ်ပါတယ်။ မရှိမှတော့ လူသားရယ်လို့ ဘယ်ခေါ်နိုင်တော့မလဲနော်။ အနည်းဆုံးတော့ ဖြေရှင်းလို့မတတ်တော့တဲ့ ပြဿနာတွေ၊ ကိုယ့်အတွေးနဲ့ကိုယ် ဒုက္ခ‌ရောက်တာတွေ၊ ဒီနေ့ မနက်စာကို ဘာနဲ့စားခဲ့လဲဆိုတာတောင် ရုတ်တရက်စဉ်းစားလို့ မရတော့အောင် အလုပ်ရှုပ်နေသူတွေ၊ မွန်းကျပ်နေသူတွေ ရှိနေကြတာပဲ မဟုတ်လား။ တချို့က...

ကလေးငယ်များ သေဆုံးစေခဲ့သော အိန္ဒိယထုတ် ချောင်းဆိုးပျောက်ဆေးရည်၏ နောက်ဆက်တွဲ သတင်းအချက်အလက်များ

သတင်းအရင်းအမြစ်များစွာကို စိစစ်လေ့လာပြီးနောက် တယ်လီကျန်းမာအနေဖြင့် အောက်ဖော်ပြပါ အချက်အလက်များကို သိရှိခဲ့ရပါသည်။ အဆိုပါ ချောင်းဆိုးပျောက်ဆေးရည်ကြောင့် အနည်းဆုံး ကလေးငယ် ၁၁ ဦးအထိ သေဆုံးစေခဲ့ပါသည်။ ချောင်းဆိုးပျောက်ဆေးတွင် ပါဝင်သော အဆိပ်အတောက်ပစ္စည်းမှာ 48.6% diethylene glycol ဖြစ်ပြီး ကျောက်ကပ်ပျက်စီးရာမှတစ်ဆင့် ကလေးငယ်များ သေဆုံးခဲ့ခြင်းဖြစ်ပါသည်။ ချောင်းဆိုးပျောက်ဆေး၏အမည်မှာ "Coldrif" ဖြစ်ပြီး၊ Sresan...