Tooth Discoloration (သွားဝါခြင်း) (December, 2022)

” ဘာကြောင့် သွားဝါရသလဲနဲ့…
ဘယ်လိုကုသကြမလဲ “

သွားတွေဝါနေလို့ ယုံကြည်ချက်ရှိတဲ့အပြုံးလေးတွေ ပျောက်ဆုံးနေသူတွေအတွက် သွားဝါခြင်း ( Tooth discoloration ) အကြောင်း တင်ဆက်ပေးလိုက်ပါတယ်။ အများစုက သွားဝါတယ်လို့ ခြုံငုံခေါ်ကြပေမယ့် တကယ်ကတော့ သွားအရောင်ပြောင်းလဲပြီး သွားအရောင်က ဝါတာ၊ ညိုတာ၊ မဲတာအပြင် ဖြူလွန်းနေတာအားလုံးက Tooth Discoloration ထဲ ပါဝင်ပါတယ်။

သွားဝါစေတဲ့ အကြောင်းအရင်းတွေ အများကြီးရှိတဲ့ထဲကမှ အဓိက ၃ ချက်ကတော့

* Extrinsic ( အစားအသောက်စတဲ့ ပြင်ပအရာတွေနဲ့ သွားနဲ့ထိတွေ့ပြီး အရောင်ပြောင်းခြင်း )

* Intrinsic ( သွားတွင်းပြဿနာ သို့မဟုတ် ခန္ဓာကိုယ်တွင်းရောဂါတစ်ခုခုကြောင့် အရောင်ပြောင်းခြင်း )

* Age-related ( အသက်အရွယ်ကြီးရင့်လာခြင်းကြောင့် အရောင်ပြောင်းခြင်း )တို့ဖြစ်ပါတယ်။
..

အဖြစ်များတဲ့ သွားဝါစေတဲ့အချက်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်…

* ကော်ဖီ၊ လက်ဖက်ရည်၊ ကိုလာ၊ ဝိုင်၊ ပန်းသီး၊ အာလူးစတာတွေ အစားများခြင်း

* ဆေးလိပ်သောက်ခြင်း

* သွားပုံမှန်မတိုက်ခြင်း၊ သွားကိုပုံမှန်သန့်ရှင်းရေးမလုပ်ခြင်း၊ သွားကျန်းမာရေးကို ဂရုမစိုက်ခြင်း

* အချို့သောရောဂါတွေက သွားကြွေလွှာကို ထိခိုက်စေခြင်း

* ဦးခေါင်းနှင့်လည်ပင်း ဓာတ်ရောင်ခြည်ကုထုံးယူနေသူများ၊ ကင်ဆာဆေးသွင်းနေသူများ

* Tetracycline, Doxycycline စတဲ့ပိုးသတ်ဆေးဝါးများ သောက်သုံးနေရသူများ

* Chlorhexidine and Cetylpyridinium chloride ပါသော ပါးစပ်ဆေးရည်သုံးစွဲနေသူများ

* Benadryl ၊ သွေးတိုးကျဆေးနှင့် စိတ်ကျန်းမာရေးဆေးဝါးများ သုံးစွဲနေရသူများ

* အသက်အရွယ်ကြီးရင့်လာခြင်း

* မျိုးရိုးလိုက်ခြင်း

* ဖလိုရိုက်ဓာတ်များသောနေရာဒေသတွင် နေထိုင်ခြင်း

* ငယ်စဉ်က သွားကိုထိခိုက်ဒဏ်ရာရထားဖူးသူများ

* သွားပိုးပေါက်ဖာရာမှာ အသုံးပြုတဲ့ Silver sulfide က သွားအရောင်ကို အမဲရောင်ပြောင်းစေပါတယ်။

* ကိုယ်ဝန်ဆောင်ချိန်ရောဂါပိုးဝင်ခြင်းကလည်း သန္ဓေသားရဲ့ သွားကြွေလွှာကိုထိခိုက်စေပြီး သွားအရောင်ပြောင်းစေနိုင်ပါတယ်။
..
..

သွားမဝါအောင် သွားအရောင်မညစ်ထေးအောင် ဘယ်လိုကာကွယ်ကြမလဲ ?

သွားတွေမဖြူလို့ စိတ်ဓာတ်ကျနေစရာမလိုပါဘူးနော်။ ခုလိုခေတ်ကြီးမှာ သဘာဝနည်းတွေရော ဆေးဝါးကုထုံးနည်းတွေရောနဲ့ သင့်အပြုံးလေးတွေကို ယုံကြည်မှုပြန်ရအောင် လုပ်လို့ရနေပါပြီ။

* ကော်ဖီ၊ လက်ဖက်ရည်၊ ဆိုဒါ၊ ဝိုင်၊ ပဲငံပြာရည်စတာတွေကို ရှောင်ပါ။ မသောက်ရမနေနိုင်ဘူးဆိုရင်လည်း ပိုက်လေးနဲ့ သောက်ပါ။ ပိုက်နဲ့သောက်တဲ့အခါ သွားနဲ့ထိတွေ့မှုနည်းတော့ အရောင်မစွန်းစေတော့ပါဘူး။

* သွားကျန်းမာရေးကို ဂရုစိုက်ပြီး သွားသန့်ရှင်းရေးပုံမှန်လုပ်ပါ။ ၆ လ တစ်ခါ သွားဆရာဝန်နဲ့ ပြသသင့်ပါတယ်။

* သွားဖြူစေတဲ့ products တွေ သုံးပေးနိုင်ပါတယ်။ ကိုယ့်ရဲ့သွားဟာ ဘာကြောင့်အရောင်ပြောင်းရတယ်ဆိုတဲ့အပေါ်မူတည်ပြီး ဆေးအမျိုးမျိုးထဲကနေ ရွေးချယ်အသုံးပြုရမှာမို့ သွားနှင့်ခံတွင်းဆရာဝန်နဲ့ အရင်တိုင်ပင်ဖို့တော့ လိုပါတယ်။

* သွားအရောင်ချွတ်ခြင်း၊ သွားကြွေလွှာကပ်ခြင်းစတဲ့ ကုထုံးများလည်း ဆရာဝန်နဲ့တိုင်ပင်ကာ ကုသမှုခံယူနိုင်ပါတယ်။

( သွားနှင့်ခံတွင်းဆရာဝန်နဲ့ အခမဲ့ တိုင်ပင်ဆွေးနွေးလိုပါက တယ်လီကျန်းမာ messengerမှာ ဘိုကင်ယူပြီး ပြသလို့ရပါတယ် )

Reference: ????
https://www.webmd.com/oral-health/plaque-and-your-teeth

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#toothdiscoloration#သွားဝါခြင်း
#သွားအရောင်ပြောင်းခြင်း

Ministry of Health,

National Unity Government.

Published on: 19 December 2022
Last Updated: 19 December 2022

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

စိုးရိမ်စိတ်တွေနှင့် နေခဲ့ဖူးသူတစ်ယောက် – အပိုင်း (၃)(မုန်တိုင်းအလွန်က မျှော်လင့်ချက်ရောင်ခြည်လေး)

စိုးရိမ်စိတ်တွေနှင့် နေခဲ့ဖူးသူတစ်ယောက် - အပိုင်း (၃)(မုန်တိုင်းအလွန်က မျှော်လင့်ချက်ရောင်ခြည်လေး) ဘယ်လောက်ကြာကြာ ကျွန်တော် ဟန်ဆောင်နေနိုင်မှာလဲဆိုတာကို ကျွန်တော် မသိဘူး။ လူတွေရှေ့မှာ သန်မာဟန်ဆောင်ရင်း အတွင်းစိတ်မှာတော့ နေ့စဉ်နဲ့အမျှ အစိတ်စိတ်အမွှာမွှာ ပြိုကွဲနေရတဲ့ ဘဝဟာ တစ်နေ့မှာတော့ ရပ်တည်နိုင်စွမ်း အကန့်အသတ်ကို ရောက်လာခဲ့ပါတယ်။ နေ့တိုင်း ရင်ဆိုင်ရလွန်းတဲ့အခါ ကျွန်တော့်ရဲ့ စိတ်ဝိညာဉ်ဟာ...

ရာသီဥတု ပူပြင်းနေချိန်တွင် အရက်သောက်ပါက(မေလ၊ ၂၀၂၆ ခုနှစ်)

▪️ ရေဓာတ်ခန်းခြောက်ပြီး အရေးပေါ် အပူလျှပ်ခြင်း (Heat stroke) ကို ပိုမို ဖြစ်စေနိုင်သည်။▪️ အရက်ကို အလွန်အကျွံ မသောက်ပါနှင့်။▪️ အရက်ကို လုံးဝရှောင်ကြဉ်ပါ သိုမဟုတ် လျှော့သောက်ပါ။▪️ ရေများများ သောက်ပါ။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

တဖြည်းဖြည်းနဲ့ ပလတ်စတစ်ဖြစ်လာသော လူသားများ

"တဖြည်းဖြည်းနဲ့ ပလတ်စတစ်ဖြစ်လာသော လူသားများ" ပလတ်စတစ်ကို ရှာဖွေတွေ့ရှိပြီး အသုံးပြုလာကြတာတော့ (၂၀) ရာစု အစပိုင်းမှာပါ။ တဖြည်းဖြည်းနဲ့ ကျယ်ပြန့်စွာ နေ့စဥ်ဘ၀ထဲ ရောက်ရှိလာတာတော့ ဒုတိယကမ္ဘာစစ်အတွင်း လိုအပ်ချက်တွေကြောင့်လို့ပြောရမှာပဲ။ အသုံး၀င်တယ်။ သုံးလို့လည်း ကောင်းတာကိုး။ ဒီလိုနဲ့ ပလတ်စတစ်တွေ သုံးလာလိုက်ကြတာ ပလတ်စတစ်အမှိုက်တွေ စုပြုံပြီး ဘယ်လိုစွန့်ပစ်ရမလဲလို့ အခက်တွေ့ကြတဲ့အထိပါပဲ။ မယုံမရှိပါနဲ့။...

စိုးရိမ်စိတ်တွေနှင့် နေခဲ့ဖူးသူတစ်ယောက် – အပိုင်း (၂)(ဟန်ဆောင်မျက်နှာဖုံးအောက်က မမြင်ရသော စစ်ပွဲများ)

လူတွေက Anxiety ကို စိတ်ထားမတတ်လို့ ဖြစ်တာလို့ ထင်တတ်ကြတယ်။ တကယ်တော့ Anxiety ဆိုတာ စိတ်ကနေ စတင်ပြီး ခန္ဓာကိုယ် တစ်ခုလုံးကို ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်တဲ့ မမြင်ရတဲ့ ရောဂါဆိုးကြီး တစ်ခုပါ။ အပြင်ပန်းက ကြည့်ရင် အကောင်းပကတိလို ဖြစ်နေပေမယ့် ဝေဒနာရှင်ရဲ့ အတွင်းစိတ်နဲ့...