MENU

Cannabis / Marijuana / Weed ( ဆေးခြောက် ) သိကောင်းစရာ ( December, 2022)

Cannabis / Marijuana / Weed
( ဆေးခြောက် )

Cannabis သည် Cannabis sativa (သို့မဟုတ်) Indian hemp plant မှ ရရှိသော ဆေးတစ်မျိုး ဖြစ်ပါသည်။

Tetrahydrocannabinol ဟု ခေါ်သော ဓာတုပစ္စည်းပါဝင်ပြီး မူးယစ်စေနိုင်ပါသည်။ Marijuana, grass, pot, dope, hash or hashish စသဖြင့် လူသိများကြ ပါသည်။ ဗန်းစကားအနေနှင့် weed, locoweed, smoke, joint, Mary Jane နှင့် Panama Red ဟုလည်း ခေါ် ကြပါသည်။

Marijuana ကို အရွက်များမှရရှိပြီး hashish သည် အမအပင်များ၏ အငြောင့်ရှိ သစ်စေးကော် ကဲ့သို့သောအရာမှရရှိသော အပြင်းစားပုံစံဖြစ်ပါသည်။

Cannabis ကို လွန်ခဲ့သော နှစ်ပေါင်း ၅၀၀၀ ခန့်က တရုတ်တိုင်းရင်းဆေးပညာတွင် သုံးစွဲခဲ့ကြပါသည်။

” Cannabis သုံးခြင်း၏ အကျိုး သက်ရောက်မှုများ “

ဆေးဘယ်လောက်သုံးလဲ၊ ဘယ်ပုံစံနဲ့ သုံးလဲ၊ ဘယ်နှစ်ကြိမ်သုံးလဲ၊ တခြား ဘယ်ဆေးတွေနဲ့အတူ သုံးလဲ၊ ဘယ်သူသုံးလဲတို့ပေါ် မူတည်ပါတယ်။

????​Cannabis ပမာဏ အနည်းငယ်မှ အသင့်အတင့် သုံးခြင်း၏ အကျိုးသက်ရောက်မှုများ

– ကျေနပ်ပျော်ရွှင်နေခြင်း၊ အေးအေးဆေးဆေး ​ဖြစ်နေခြင်း

– အထိန်းအချုပ်၊ အတားအဆီး လျော့သွားခြင်း

– ခေါင်းမူးပြီး လွင့်နေသလို ဖြစ်ခြင်း
( woozy, floating feeling )

– အားအင်ကုန်ခမ်းပြီး အိပ်ငိုက်ခြင်း

– စကားများခြင်း၊ ရယ်မောလွန်ခြင်း

– နှာခေါင်းနီခြင်း၊ အကြည့်စူးရှခြင်း
( gritty eyes )

– အာခြောက်ခြင်း

– အသံနှင့် အရောင်များကို တစ်မူထူးခြားစွာ သိမြင် နားလည်ခြင်း၊ အာရုံခံခြင်း

– စားချင်စိတ် တက်လာခြင်း

– အာရုံ မစိုက်နိုင်ခြင်း

– စိတ်ရှုတ်ထွေးခြင်း

– မေ့လွယ်ခြင်း

– ပူးပေါင်းဆောင်ရွက်နိုင်စွမ်း မရှိခြင်း

– ထင်ယောင်ထင်မှားဖြစ်ခြင်း၊ အာရုံချောက်ချားခြင်း ( အထူးသဖြင့် ပမာဏများများသုံးသူများတွင် တွေ့ရတတ်သည် )

ဆေးခြောက်ရှူခြင်း၏ အကျိုး သက်ရောက်မှုများကို မိနစ် ၂၀ အတွင်း ခံစားရတတ်ပြီး ဆေးအာနိသင် ၂ နာရီမှ ၅ နာရီအထိ ကြန့်ကြာတတ်ပါသည်။ ထို့နောက် ခေါင်းမူးနေတတ်ပါသည်။

Dose များများ သုံးသူများတွင် အထက်ပါ အကျိုးသက်ရောက်မှု များအပြင် စိတ်ရှုတ်ထွေးခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ တစ်ပါးသူအပေါ် ယုံမှားသံသယလွန်ကဲခြင်း၊ စိတ်လှုပ်ရှားခြင်း၊ စိုးရိမ်ပူပန်ခြင်း နှင့် ထိန်းမရအောင် ကြောက်လန့်ခြင်းတို့ ဖြစ်တတ်ပါသည်။

“ Cannabis ရေရှည်သုံးစွဲခြင်းနှင့် စွဲလမ်းမှီခိုခြင်း”

Cannabis သည် လူတစ်ယောက်၏ ပင်ကိုယ်စရိုက်( personality ) နှင့် စိတ်အားထက်သန်မှုကို ဆိုးဝါးစွာ ထိခိုက်စေပါသည်။ သုံးစွဲသူ၏ စွမ်းအင်၊ အရည်အချင်း၊ လုပ်ငန်းများ ကိုလည်း ထိခိုက်ဆုံးရှုံးစေပါသည်။ စိတ်ပါဝင်စားမှုမရှိတော့ဘဲ ဂရုမစိုက်၊ အလေးမထားဘဲ နေတတ်ကြသည်။

“ ဆေးခြောက်ရှူခြင်း၏ ဆိုးဝါးသော အကျိုးသက်ရောက်မှုများ”

Cannabis ကြောင့် အာရုံစူးစိုက်နိုင်စွမ်း၊ သင်ယူလေ့လာနိုင်စွမ်း ကျဆင်းလာပြီး မှတ်ဉာဏ်နည်းပါးလာပါသည်။

တခြား ဆိုးဝါးသော ပြသနာများအနေဖြင့်…

– ကျောင်း (သို့မဟုတ်) အလုပ်အကိုင်အခြေအနေ ဆုတ်ယုတ်ပျက်စီးလာခြင်း

– လူမှုရေးရာနှင့် ငွေကြေးဆိုင်ရာ အဆင်မပြေမှုများ

– မိသားစုနှင့် မိတ်ဆွေ အပေါင်းအသင်းများကြား အဆင်မပြေမှုများ

– Cannabis အသုံးပြုမှုကို ရပ်တန့်ရန် ခက်ခဲလာခြင်း

– အသက်ရှူလမ်းကြောင်းနှင့် ဆိုင်သော ရောဂါများ အထူးသဖြင့် ပန်းနာရင်ကျပ်ရောဂါ၊ အဆုတ်လေ​ပြွန်ရောင်ရောဂါ၊ အဆုတ်ကင်ဆာနှင့် ပါးစပ်ကင်ဆာ
( nicotine ထက် ပိုမိုပြင်းထန်သော အဆုတ်ရောဂါ များကို ဖြစ်စေ ပါသည်။)

–ဆေးခြောက်ရှူခြင်းသည် အပြင်းစား မူးယစ်ဆေးများ( hard drugs )အသုံးပြုခြင်းအတွက် ကနဦးအဆင့် ဖြစ်တတ်ခြင်း

– ပြင်းထန်သောစိတ်ဝေဒနာ ခံစားရခြင်း၊ ရူးသွပ်ခြင်း
( စိတ်ကစဉ့်ကလျားရောဂါနှင့် ဆင်တတ်သည်။ )

– ကားမမောင်းနိုင်ခြင်း၊ စက်ပစ္စည်းများနှင့် အလုပ်လုပ်နိုင်စွမ်း မရှိတော့ခြင်း

Cannabis သည် သုံးစွဲသူအား ရူးသွပ်စေနိုင်ပြီး နဂိုရှိပြီးသားစိတ်ဝေဒနာများကို ပိုဆိုးစေပါသည်။

Cannabis ကို ပမာဏများများနှင့် ကြာရှည်သုံးစွဲသူများသည် အာရုံချောက်ချားမှု ( hallucination ) ကို ခံစားရတတ်ပါသည်။
( Hallucination သည် ရက်အနည်းငယ် ကြာတတ်ပါသည်။)

“ Cannabis သုံးစွဲမှု ရုတ်တရက် ရပ်လိုက်ခြင်း၏ သက်ရောက်မှုများ ( Withdrawal effects)”

Cannabis သုံးစွဲမှုရပ်ပြီး ၁၂ နာရီခန့်တွင် withdrawal effect များ စတတ်ပါသည်။ သက်ရောက်မှုများသည် များသောအားဖြင့် မပြင်းထန်ဘဲ လူအများစုတွင် ရက်အနည်းငယ်သာ ကြာတတ်ပါသည်။ Cannabis စွဲလမ်းနေသော သူများတွင် ပိုမိုပြင်းထန်ပါသည်။

Cannabis ရုတ်တရက် ရပ်လိုက်ခြင်းကြောင့် ဖြစ်တတ်သော တချို့သော ရောဂါလက္ခဏာများမှာ

– ဒေါသထွက်ခြင်း၊ ရန်လိုခြင်း

– စိုးရိမ်ကြောင့်ကြခြင်း၊

– စိတ်ဓာတ်ကျတတ်ခြင်း၊

– အိပ်စက်ခြင်းကို အနှောင့်အယှက် ဖြစ်စေခြင်း၊ အိပ်မက်ဆိုးမက်ခြင်း

– ချွေးထွက်များခြင်း ( အထူးသဖြင့် ညအချိန် )

– တုန်ရီခြင်း

– ကြွက်တက်ခြင်း

– ဂနာမငြိမ်ဖြစ်ခြင်း၊ မောပန်းခြင်း

– ပျို့ခြင်း၊ တခြား အစာအိမ် ပြသနာများ

– မှတ်ဉာဏ်၊ အာရုံစူးစိုက်မှု လျော့နည်းလာခြင်း

Cannabis သုံးစွဲခြင်းသည် လွတ်လပ်ပေါ့ပါးခြင်းကို ဖြစ်စေသော်လည်း လိင်စိတ်ကိုလျော့နည်းစေပါသည်။ ရေရှည်အသုံးပြုခြင်းသည် sex ဟော်မုန်းများကို လျော့နည်းစေပြီး မျိုးပွားနိုင်စွမ်းကို ကျဆင်းစေသည်။

Cannabis သုံးပြီး ကားမောင်းခြင်း၊ လှိုင်းစီးကစားခြင်း( surfing )၊ waterski စီး​ခြင်းသည် အန္တရာယ် ဖြစ်စေနိုင်ပါသည်။

ကြိုတင်ကာကွယ်ခြင်းသည် အကောင်းဆုံးကုသမှု ဖြစ်သောကြောင့် Cannabis အသုံးပြုခြင်းကို ရှောင်ကျဥ်ပါ (သို့မဟုတ်) အန္တရာယ်ဖြစ်စေသည့်အတိုင်းအတာထိ အသုံးပြုခြင်းကို ရှောင်ကျဉ်ပါ။

မူးကစ်ဆေး စွဲနေပြီဆိုပါက ဆရာဝန်များနှင့် ကျန်းမာရေးဌာနများမှတစ်ဆင့် အကူအညီ ရယူနိုင်ပါသည်။

Reference: ????
Murtagh,J , 2016. Murtagh’s patient education.6th Ed.Australia:Mcgraw-Hill Australia,pp.240

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#cannabis#ဆေးခြောက်

Ministry of Health,

National Unity Government.

Published on: 10 December 2022
Last Updated: 10 December 2022

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

သွေးတွင်းသကြားဓာတ် ကျဆင်းခြင်း Hypoglycemia

လူအတော်အများများက ဆီးချိုနဲ့ သွေးတွင်းသကြားဓာတ် တက်တာကိုပဲ သတိပြုကြပြီး ကုသကြတာကို တွေ့ရပါတယ်။ သွေးတွင်းသကြားဓာတ်က လိုတာထက် ပိုကျသွားရင်လည်း ရောဂါလက္ခဏာတွေ ခံစားတတ်တာမို့ ဒီအကြောင်းကို သေချာသိရှိရအောင်လို့ ဖော်ပြပေးလိုက်ပါတယ်။…… ▫️Hypoglycemia (သွေးတွင်းသကြားဓာတ် ကျဆင်းခြင်း) ဆိုတာက နာမည်အတိုင်းပါပဲ… ခန္ဓာကိုယ်ရဲ့ အဓိကစွမ်းအင်အရင်းအမြစ်ထဲက တစ်ခုဖြစ်တဲ့ Glucose (ဂလူးကို့စ်) က...

ခါးနာခြင်း Back Pain

အခုနောက်ပိုင်း ကျွန်မဆီ လူနာသက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းအများစု လာပြရင် ခါးနာတဲ့လူနာလာပြတာ များလာပါတယ်။ ခါးနာတဲ့ လူနာအများစုဟာလည်း ဆရာပေါင်းစုံ၊ ဓာတ်မှန်ပေါင်းစုံ ရိုက်ထားပြီး မသက်သာလို့ လာပြတဲ့သူလည်း အတော်များလာပါတယ်။ ဒီနေရာမှာ တချို့ကလည်း ခါးနာတာ လူတိုင်းဖြစ်နေတာပါဆိုပြီး မိမိဘာသာ အကိုက်ခဲပျောက်ဆေးသောက်နေတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် . . . ခါးနာခြင်းက ၂...

ကျောဘက်ဝက်ခြံပေါက်ခြင်း Back Acne

ကျောဘက်ဝက်ခြံထွက်ခြင်းဆိုတာ ကျောပေါ်မှာဖြစ်တဲ့ ဝက်ခြံအမျိုးအစား ဖြစ်ပါတယ်။ အရေပြားအပေါက်လေးတွေ (အပေါက်ငယ်လေးတွေ) က အညစ်အကြေးတွေ၊ ဆဲလ်သေတွေ၊ ချွေးတွေနဲ့ ဆီဘမ်လို့ခေါ်တဲ့ အဆီရည်တစ်မျိုးနဲ့ ပိတ်ဆို့သွားတဲ့အခါဖြစ်တတ်ပါတယ်။. ❓ဘာကြောင့် ကျောဘက်ဝက်ခြံ ပေါက်ရတာလဲ။ သင့်ခန္ဓာကိုယ်က အဆီကို အလွန်အကျွံထုတ်လုပ်တာ ဒါမှမဟုတ် အရေပြားကို သေချာမသန့်စင်ဘူးဆိုရင် အပေါက်တွေ ပိတ်ဆို့နိုင်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းတွေကတော့ - ✅...

ဦးနှောက်အမြှေးရောင်ရောဂါ၏ လက္ခဏာများ (ဧပြီ၊ ၂၀၂၅)

ဦးနှောက်နှင့် အာရုံကြောမကြီး ဘေးပတ်လည်ရှိ အသားစများ ရောင်ရမ်းခြင်းကို ဦးနှောက်အမြှေးရောင်ခြင်းဟု ခေါ်ဆိုပါသည်။ အဖြစ်များသော ရောဂါလက္ခဏာများမှာ လည်ပင်းတောင့်တင်းခြင်း ဖျားခြင်း ခေါင်းကိုက်ခြင်း ပျိုခြင်း အန်ခြင်း တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ