Back Exercise (နောက်ကျောပြင် အပေါ်ဘက် နာကျင်ခြင်းကို သက်သာစေသော လေ့ကျင့်ခန်းများ) (August, 2022)

နောက်ကျောပြင် အပေါ်ဘက် နာကျင်ခြင်းကို သက်သာစေသော လေ့ကျင့်ခန်းများ (August, 2022)

ဖုန်း၊ ကွန်ပြူတာတွေ အကြာကြီးကြည့်ပြီးတဲ့အခါ (သို့) အကြောင်းတစ်ခုခုကြောင့် အကြာကြီးထိုင်ပြီးတဲ့အခါ ပခုံးနဲ့ နောက်ကျောပြင် တဝိုက် ညောင်းညာ‌နေတာကို အတော်များများ ခံစားဖူးကြမှာပါနော်။

လည်ပင်းအောက်ပိုင်းက‌နေ ဝမ်းဗိုက်ဧရိယာနားအထိ ကျောရိုး‌နေရာကို Thoracic Spine လို့ခေါ်ပါတယ်။ ကျောရိုးရဲ့ အရှည်ဆုံးအပိုင်းဖြစ်ပြီး နံရိုးတွေနဲ့ ထိစပ်နေတဲ့ တစ်ခုတည်းသော အပိုင်းလည်း ဖြစ်ပါတယ်။

Thoracic Spine ထိခိုက်နာကျင်ခြင်း (အပေါ်ကျောပြင် ညောင်းညာနာကျင်ခြင်း) က ဖုန်း၊ ကွန်ပြူတာ Screen Time များပြားတဲ့ ယနေ့ခေတ် လူနေမှုပုံစံကြောင့် အများဆုံး ဖြစ်ပေါ်တတ်ပါတယ်။

• ဖုန်းကို အချိန်ကြာကြာ ခေါင်းငုံ့ပြီးကြည့်နေခြင်း

• ကွန်ပြူတာရှေ့မှာ အာရုံစိုက်ပြီး အလုပ်လုပ်ရခြင်း

• မတ်မတ်မထိုင်ပဲ ခန္ဓာကိုယ် ခွေခေါက်နေခြင်းတို့ကြောင့် ဖြစ်စေ၊ ထိမိခိုက်မိပြီး ဒဏ်ဖြစ်ရာမှဖြစ်စေ Myofasial Pain (ကြွက်သား တောင့်တင်းနာကျင်ခြင်း) ဖြစ်လာပါတယ်။

ဒါတင်မကပါဘူး။ အရိုးနု စုတ်ပြဲထိခိုက်ခြင်း၊ အဆစ်ရောင်ခြင်း၊ အရိုးအဆစ်ရောင်ရမ်းခြင်း၊ အရိုးပွခြင်း တို့ကြောင့်လည်း အပေါ်ကျောပြင် နာကျင်မှု ဖြစ်တတ်ပါသေးတယ်။

ထိခိုက်နာကျင်မှု အတိုင်းအတာပေါ်မူတည်ပြီး ဆေးသောက်ခြင်း၊ ဆေးထိုးခြင်း၊ Regenerative Medicine Therapy များ ပြုလုပ်ခြင်း၊ Spinal Cord Stimulation Treatment ခံယူခြင်းများကို နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တွေ ၊ ကျွမ်းကျင်ပညာရှင်တွေနဲ့ တိုင်ပင်ဆွေး‌နွေးပြီး ကုသမှုခံယူနိုင်ပါတယ်။

ကိုယ်နေဟန်ထား မမှန်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ နာကျင်မှုကို သက်သာစေဖို့နဲ့ လှုပ်ရှားမှု ပိုမို‌ချောမောအဆင်ပြေစေဖို့အတွက် အောက်ပါလေ့ကျင့်ခန်းများကို လေ့ကျင့်နိုင်ပါတယ်။

ဒါဆို တစ်ပုံချင်းစီထောက်ကြည့်ပြီး အပေါ်ကျောပြင် နာကျင်ခြင်း သက်သာစေမယ့် လေ့ကျင့်ခန်းများ လုပ်ကြည့်ရအောင်နော် ။

Reference ????

Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.187.

Spine-health.com

❤️NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဉ် မနက် ၈နာရီမှ ညနေ၆နာရီအထိ

ည၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

Published on: 8 August 2022
Last Updated: 8 August 2022

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

ဖောက်ပြန်ခံရတဲ့အခါ ….

ပတ်ဝန်းကျင်မှာ ဒါမှမဟုတ် ဆိုရှယ်မီဒီယာမှာ ခဏခဏ မြင်ဖူး၊ ကြားဖူးကြပါလိမ့်မယ်။ အိမ်ထောင်ဖက် ဒါမှမဟုတ် ချစ်သူက ဖောက်ပြန်သွားတဲ့အခါ.... ဖောက်ပြန်ခံရတဲ့သူကပဲ "ငါ ဘာတွေ လိုအပ်သွားလို့လဲ"၊ "ငါ့မှာ ဘာအားနည်းချက်ရှိလို့လဲ"၊ "ငါ့အပြစ်တွေပဲ" ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်ရှာ၊ လက်ညှိုးထိုးတတ်ကြပါတယ်။ တကယ်တော့ အမှားလုပ်တာက တစ်ဖက်လူဖြစ်ပြီး နာကျင်ရတာက...

ဒိုပါမင်း အလွန်အကျွံလှုံ့ဆော်မှုကို ခဏတာဖြတ်တောက်ခြင်း Dopamine Fasting

ဖုန်းသုံးနေရင်း social media ပေါ်က short videos တွေကို တစ်ခုပြီးတစ်ခု ပွတ်နေရင်း အချိန်တွေကုန်မှန်းမသိ ကုန်သွားတာမျိုး ကြုံဖူးပါသလား။ ဒီလိုဖြစ်ရတဲ့ အဓိကတရားခံကတော့ ဦးနှောက်ထဲက ဒိုပါမင်း (Dopamine) ဓာတ်တွေ အလွန်အကျွံ လှုံ့ဆော်ခံနေရလို့ပဲ ဖြစ်ပါတယ်။ ဒိုပါမင်း (Dopamine) ဆိုတာ အလွယ်ပြောရရင် ကျွန်မတို့...

သွေးစစ်ဖို့ နောက်မကျပါစေနဲ့

ဆေးခန်းရှေ့ရောက်မှ ရင်တွေတအားခုန်လာပြီး နောက်ပြန်လှည့်ပြေးချင်စိတ် ပေါက်ဖူးလား။ "အဖြေတစ်ခုခု ထွက်လာရင် ငါဘယ်လို ရှေ့ဆက်ရမလဲ" ဆိုတဲ့ အတွေးက လူကို အတော်လေး မွန်းကျပ်စေတာ အမှန်ပဲ။ HIV လို၊ ကာလသားရောဂါလို ကိစ္စတွေမှာ သွေးသွားစစ်ဖို့ ကြောက်နေတာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ လူတိုင်းလိုလို ဒီခံစားချက်ကို ဖြတ်သန်းဖူးကြတာချည်းပဲ။ ဒါပေမယ့်...

အယူအဆလွဲများ (၃၇)

❌ အယူအဆလွဲ >>> နှာခေါင်းသွေးယိုတဲ့အခါ သွေးတွေ အပြင်ကို ထပ်မထွက်လာစေဖို့ ခေါင်းကို အနောက်ဘက်ကို မော့ပစ်လိုက်တာ ဒါမှမဟုတ် ပက်လက်လှန်အိပ်ခိုင်းလိုက်တာ။ ☑️ အမှန် >>> ခေါင်းကို အနောက်ကို မော့လိုက်တဲ့အခါ နှာခေါင်းထဲက သွေးတွေဟာ အပြင်ကို မစီးတော့တာ မှန်ပေမယ့် အဲဒီသွေးတွေဟာ လည်ချောင်းထဲမှတစ်ဆင့်...