ရေနွေးသောက်ခြင်းဆိုင်ရာ အယူအဆအလွဲများနှင့် အမှန်တရား

❌ အယူအဆလွဲ >>> ရေနွေးပူပူလေး သောက်လိုက်ရင် အစာအိမ်နဲ့ အူလမ်းကြောင်းထဲက အဆီခဲတွေ အရည်ပျော်ပြီး ဝိတ်ကျသွားမယ်။

☑️ အမှန် >>> ရေနွေးက ပန်းကန်ဆေးသလိုမျိုး ခန္ဓာကိုယ်ထဲက အဆီတွေကို တိုက်ရိုက် အရည်ပျော်ကျစေတာ မဟုတ်ပါဘူး။ ဒါပေမယ့် ရေနွေး (သို့) ရေနွေးနွေးသောက်ခြင်းက ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ် (Metabolism) ကို ခဏတာ မြှင့်တင်ပေးနိုင်လို့ ကယ်လိုရီလောင်ကျွမ်းမှုကို အနည်းငယ် အထောက်အကူပြုတာတော့ မှန်ပါတယ်။

တကယ့်တကယ် ဝိတ်ကျဖို့ကတော့ အစားအသောက် မျှတစွာစားခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှု လုပ်ခြင်းကသာ အဓိကပါ။

❌ အယူအဆလွဲ >>> ရေနွေးသောက်တယ်ဆိုတာ တစ်ငွေ့ငွေ့နဲ့ ပူလောင်နေမှ ဆေးဖက်ဝင်တယ်၊ ပိုပြီး အာနိသင်ရှိတယ်။

☑️ အမှန် >>> အရမ်းပူလွန်းတဲ့ ရေနွေး (ဥပမာ – 65°C အထက်) ကို အမြဲတမ်း သောက်တာက လျှာနဲ့ ခံတွင်းကိုတင် မဟုတ်ဘဲ အစာရေမျိုပြွန် (Esophagus) ရဲ့ အတွင်းပိုင်း နံရံဆဲလ်တွေကို ထိခိုက်ပျက်စီးစေပါတယ်။

ဒါက ရေရှည်မှာ အစာရေမျိုပြွန် ကင်ဆာဖြစ်နိုင်ခြေကို ပိုပြီးမြင့်တက်စေနိုင်လို့ ရေနွေးပူပူကြီးထက် ခန္ဓာကိုယ်အပူချိန်နဲ့ သင့်တော်တဲ့ ရေနွေးနွေးလေးကိုပဲ ရွေးချယ်သောက်သင့်ပါတယ်။

❌ အယူအဆလွဲ >>> ရေနွေးသောက်မှပဲ Detox ဖြစ်ပြီး ခန္ဓာကိုယ်ထဲက အဆိပ်တွေ အကုန်စင်သွားမယ်။

☑️ အမှန် >>> ခန္ဓာကိုယ်ရဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့ အဓိက အစိတ်အပိုင်းတွေက အသည်းနဲ့ ကျောက်ကပ် ဖြစ်ပါတယ်။

ရေနွေးဖြစ်ဖြစ်၊ ရေအေးဖြစ်ဖြစ် ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ပြည့်ဝနေအောင် သောက်ပေးဖို့ကသာ အဓိကပါ။ ရေဓာတ်ပြည့်ဝမှ ကျောက်ကပ်နဲ့ အသည်းက အလုပ်ကောင်းကောင်း လုပ်နိုင်ပြီး အဆိပ်အတောက်တွေကို ဆီး၊ ချွေးတို့ကနေတစ်ဆင့် သဘာဝအတိုင်း စွန့်ထုတ်ပေးတာ ဖြစ်ပါတယ်။

ရေနွေးမှ သီးသန့် Detox လုပ်ပေးနိုင်တာမျိုး မဟုတ်ပါဘူး။

အနှစ်ချုပ်အားဖြင့်

ရေနွေးနွေးလေး သောက်တာက လည်ချောင်းနာတာ သက်သာစေတယ်၊ ကြွက်သားတွေကို ပြေလျော့စေတယ်၊ အစာခြေစနစ်ကို အထောက်အကူပြုစေတယ်ဆိုတာ မှန်ပေမယ့် အရမ်းပူလွန်းတဲ့ ရေမဖြစ်ဖို့နဲ့ ရေဓာတ်ပြည့်ဝဖို့ကသာ အရေးကြီးတာဖြစ်ပါတယ်။ 🙏

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here