“ပါးချိတ်ရောင်ခြင်း (Mumps)”

“ပါးချိတ်ရောင်ခြင်း (Mumps)”

ပါးချိတ်ရောင်တယ်ဆိုတာ တံတွေးဂလင်းတွေမှာ ဗိုင်းရပ်စ်ပိုးတွေ ကူးစက်ခံရလို့ ဖြစ်တဲ့ရောဂါပါ။

တံတွေးဂလင်းတွေထဲကမှ parotid gland လို့ခေါ်တဲ့ နားရွက်ရဲ့ အရှေ့ဘက်နဲ့ အောက်ဘက် (လွ​ယ်လွ​ယ်ပြောရရင် မေးရိုးနေရာ/ နားသယ်အစပ်က ဆံပင်ထောက်တဲ့နေရာ) က တံတွေးဂလင်းတွေ ရောင်ရမ်းတာ ဖြစ်ပါတယ်။

ပါးချိတ်ရောင်ရောဂါ (mumps) ဟာ ကလေးတွေမှာ တွေ့ရများတဲ့ ကူးစက်ရောဂါတစ်မျိုး ဖြစ်ခဲ့ပေမယ့် ယခုအခါ ကာကွယ်ဆေးထိုးနှံခြင်း အစီအစဥ်ကြောင့် ဒီရောဂါဖြစ်သူ အရေအတွက် မရှိသလောက်နည်းသွားတာကိုလည်း တွေ့ရပါတယ်။

..

..

???? ဘယ်လို ရောဂါလက္ခဏာတွေ ဖြစ်တတ်လဲ ?

တံတွေးဂလင်းတွေ ရောင်ရမ်းပြီး နာကျင်ပါတယ်။

အရင်ဦးဆုံး ဘယ် (သို့) ညာ တစ်ဘက်ဘက်မှာရှိတဲ့ parotid gland စတင် ရောင်ရမ်းပါတယ်။

ဒီထဲကမှ (၇၀) ရာခိုင်နှုန်းလောက်မှာတော့ ကျန်တစ်ဘက်ပါ ဆက်လက် ရောင်ရမ်းတတ်ပါတယ်။ ပထမတစ်ဘက် ရောင်ရမ်းပြီး (၁-၂) ရက်လောက် ကြာမှ ဒုတိယတစ်ဘက် ရောင်ရမ်းတတ်တာပါ။

မေးရိုးရဲ့အောက်မှာရှိတဲ့ တခြား တံတွေးဂလင်းတွေကိုလည်း ကူးစက်တတ်ပါတယ်။

ဒီလိုမျိုး တံတွေးဂလင်းတွေ ရောင်ရမ်းတာအပြင် တခြားလက္ခဏာတွေ အနေနဲ့…

• အဖျားတက်မယ်။

• အားအင်ကုန်ခမ်းပြီး လေးလံထိုင်းမှိုင်းနေမယ်။

• အာခြောက်မယ်။

• အစာစားတဲ့အခါ (ဒါမှမဟုတ်) ပါးစပ်ဟတဲ့အခါ မသက်မသာဖြစ်မယ်။

• ခေါင်းကိုက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

..

..

???? ပါးချိတ်ရောင်တာက ဘယ်လို ကူးစက်ပျံ့နှံ့လဲ ?

ချောင်းဆိုးတဲ့အခါ (ဒါမှမဟုတ်) နှာချေတဲ့အခါမှာ ကူးစက် ပျံနှံ့နိုင်ပါတယ်။ ဗိုင်းရပ်စ်နဲ့ ထိတွေ့ပြီး (၁၈) ရက် လောက်ကြာမှ ရောဂါလက္ခဏာတွေ စဖြစ်တတ်ပါတယ်။ ပါးချိတ်ရောင်ရောဂါဟာ အသင့်အတင့်သာ ကူးစက်နိုင်တဲ့ရောဂါ ဖြစ်ပါတယ်။

ဗိုင်းရပ်စ်နဲ့ထိတွေ့ပြီးနောက်ပိုင်း ရောဂါလက္ခဏာမပြခင် (၂) ရက်ကနေ ရောင်ရမ်းတာ သက်သာတဲ့အချိန်ထိ သူတစ်ပါးကို ပြန်လည်ကူးစက်နိုင်ခြေ များပါတယ်။

လူနာကို ပါးချိတ်ရောင်တာ မဖြစ်ဖူးသေးသူတွေနဲ့ သီးခြား ခွဲထားသင့်ပါတယ်။

..

..

???? ပါးချိတ်ရောင်တာကြောင့် ဘယ်လိုအန္တရာယ်တွေ ဖြစ်နိုင်လဲ ?

ပါးချိတ်ရောင်ရောဂါဟာ ​သိပ်မပြင်းထန်တာကို တွေ့ရပါတယ်။

တွေ့ရနည်းပေမယ့် နောက်ဆက်တွဲပြဿနာတစ်ခု အနေနဲ့ ယောကျ်ားလေးတွေမှာ ဝှေးစေ့ရောင်တာ (ဒါမှမဟုတ်) မိန်းကလေးတွေမှာ သားဥအိမ်ရောင်တာတွေ ဖြစ်တတ်ပါတယ်။ ဆယ်ကျော်သက်တွေ၊ လူငယ်တွေမှာ ဖြစ်တတ်ပြီး အထူးသဖြင့် ယောကျ်ားလေးတွေမှာ ​ပိုဖြစ်တတ်ပါတယ်။ များသောအားဖြင့် တစ်ဘက်ထဲသာ ရောင်ရမ်းတတ်ပြီး၊ ပါးချိတ်ရောင်ပြီး (၃-၄) ရက်နေမှ ဖြစ်တတ်ပါတယ်။

ရောင်ရမ်းမှုတွေ ဖြ၀်လာရင် (၁-၂) ရက်လောက် အရမ်းနာပြီး ပြန်လည်သက်သာဖို့ ရက်အနည်းငယ် ကြာတတ်ပါတယ်။

ဝှေးစေ့နှစ်ဘက်စလုံး ထိခိုက်သွားမိရင်တော့ မြုံသွားတာမျိုးဖြစ်တတ်ပေမယ့် တွေ့ရအလွန်ရှားပါတယ်။

တခြားဗိုင်းရပ်စ်ရောဂါတွေလို ရှားရှားပါးပါး ဦးနှောက်အ​မြှေးပါးရောင်တာ၊ ဦးနှောက်တစ်သျှူး ရောင်တာ၊ နားမကြားတာနဲ့ မုန့်ချိုအိတ်ရောင်တာတွေလည်း ဖြစ်နိုင်ပါတယ်။

..

..

???? Mumps ကို ဘယ်လို ကုသမလဲ ?

ပါးချိတ်ရောင်တာအတွက် အထူးကုသမှု မရှိပါဘူး။

ယေဘုယျအားဖြင့်….

– နာကျင်ကိုက်ခဲတာ (ဒါမှမဟုတ်) ဖျားနာတာအတွက် အကိုက်အခဲပျောက်ဆေးတစ်ခုခု (paracetamol) သောက်လို့ရပါတယ်။

– အဖျားသက်သာတဲ့အထိ အနားယူပါ။

– အစာပျော့ပျော့စားပြီး ရေများများသောက်ပါ။ ပိုက်နဲ့ သောက်ရင် ပိုပြီး သက်သောင့်သက်သာ ရှိပါတယ်။

– တံတွေးဂလင်းတွေ နာကျင်တာ သက်သာဖို့ ရေနွေး (ဒါမှမဟုတ်) ရေအေးကပ်လို့လည်း ရပါတယ်။

..

..

???? လုပ်ငန်းခွင် (ဒါမှမဟုတ်) ကျောင်းကနေ အနားယူဖို့/ ခွင့်ယူဖို့ လိုလား?

ရောဂါလက္ခဏာတွေ စဖြစ်ချိန်မှ (၉) ရက်အထိ (ဒါမှမဟုတ်) ပါးချိတ်ရောင်တာ သက်သာသွားတဲ့အချိန်အထိ ကျောင်းနားတာ၊ အလုပ်ကနေခွင့်ယူတာ လုပ်သင့်ပါတယ်။

ရောဂါပျံ့နှံ့တဲ့ အန္တရာယ်ကို လျှော့ချဖို့အတွက်လည်း လူနာအနေနဲ့ သီးသန့်နေထိုင်သင့်ပါတယ်။

..

..

???? ဘယ်အခါ ဆရာဝန်နဲ့ ပြမလဲ ?

– ယောကျ်ားလေးမှာ ဝှေးစေ့တွေ ရောင်ရမ်းရင် (ဒါမှမဟုတ်) နာကျင်ရင်

– မိန်းကလေးတွေမှာ ဝမ်းဗိုက်အောက်ပိုင်း နာကျင်ရင်

– လူနာဟာ အလွန်အမင်း နာမကျန်းဖြစ်ရင် (ဥပမာ- ဆိုးဆိုးဝါးဝါး အန်တာ၊ ခေါင်းကိုက်တာ)

– ကယောင်ကတမ်းဖြစ်ရင် (ဒါမှမဟုတ်) လည်ပင်းကြွက်သားတွေ တင်းမာပြီး နာကျင်ရင်

– အကြားအာရုံ ထိခိုက်ရင်…. ဆရာဝန်နဲ့ပြသပြီး ကုသမှုခံယူသင့်ပါတယ်။

..

..

???? ပါးချိတ်ရောင်တာ (Mumps) ကို ဘယ်လို ကာကွယ်နိုင်လဲ ?

Mumps အတွက် ကာကွယ်ဆေး (၂) ကြိမ် ထိုးရပါတယ်။

အသက် (၁၂) လနဲ့ (၁၅) လကြား တစ်ကြိမ်၊ အသက် (၄) နှစ်ကနေ (၆) နှစ်ကြားမှာ တစ်ကြိမ်… ဝက်သက်၊ ဂျိုက်သိုး ကာကွယ်ဆေးတွေနဲ့ ပေါင်းထိုးရပါတယ်။

Reference: ????

Murtagh,J ,2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.45

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine

#teleconsultation#တယ်လီကျန်းမာ

#mumps

Ministry of Health,

National Unity Government.

Published on: 26 March 2023
Last Updated: 26 March 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

အလုံပိတ်နေရာကို ကြောက်တဲ့ Claustrophobia အကြောင်း သိကောင်းစရာ

"အလုံပိတ်နေရာကို ကြောက်တဲ့ Claustrophobia အကြောင်း သိကောင်းစရာ" ဓာတ်လှေကားထဲ ခြေချမိတိုင်း ရင်ဘတ်က တင်းကျပ်လာတာ၊ အသက်ရှူကျပ်လာတာမျိုး ကြုံဖူးပါသလား။ ဒါမှမဟုတ် အခန်းကျဉ်းကျဉ်းလေးထဲ ရောက်သွားရင် ချက်ချင်း အော်ဟစ်ထွက်ပြေးချင်စိတ်‌ ပေါ်ဖူးပါသလား။ ဒီနေ့မှာတော့ စိတ်ကျန်းမာရေး ဗဟုသုတအနေနဲ့ အလုံပိတ်နေရာတွေကို ကြောက်ရွံ့ရတဲ့ Claustrophobia အကြောင်းကို မျှဝေပေးပါရစေ။...... Claustrophobia ဆိုတာ...

“ဆေးမပါရင် ဝမ်းမသွားတော့လို့ပါ ဆရာ”

တစ်နေ့သ၌ ကျွန်တော်ရှိသော ဆေးခန်းလေးသို့ လူနာ ကိုမှတ်တစ်ယောက် ရောက်လာလေသည်။ သူ၏မျက်နှာတွင် စိုးရိမ်ပူပန်မှုများ အပြည့်နှင့်။ လူနာ - "ဆရာရယ်... ကျွန်တော် ဝမ်းနုတ်ဆေး သောက်လာတာ နှစ်နဲ့ချီနေပြီ။ အခုဆို ဝမ်းနုတ်ဆေး မသောက်ရင် လုံးဝ ဝမ်းမသွားတော့ဘူး။ ဆေးကို အမြဲအားကိုးနေရတာ စိတ်လည်းညစ်လာပြီ။ တစ်ခုခုဖြစ်မှာလည်း...

နွားနိုနဲ့ သံပရာသီးက တကယ်ပဲ မတည့်တာလား

🥛နွားနို့နဲ့ 🍋‍🟩သံပရာသီးက တကယ်ပဲ မတည့်တာလား သင်္ဘောသီးထောင်းလေးကို ချဥ်ချဥ်စပ်စပ်လေး သံပရာသီးလေး ညှစ်စားပြီး ခဏနေတော့ လက်ဖက်ရည်ဆိုင်မှာ နွားနို့ပူပူလေးတစ်ခွက် မှာသောက်ဖို့ကြံနေတုန်း "ဟဲ့... နွားနို့နဲ့ သံပရာသီး တွဲစားရင် ဗိုက်ထဲမှာ နို့တွေခဲပြီး သေတတ်တယ်နော်" ဆိုတဲ့ လူကြီးတွေ ပြောစကားကို နားထဲ ကြားယောင်လာတယ်။ တချို့ကလည်း...

အယူအဆလွဲများ (၄၂)

❌ အယူအဆလွဲ >>>> အတက်ရောဂါ (ဥပမာ - ဝက်ရူးပြန်ရောဂါ) ကြောင့် တက်နေတဲ့သူကို လျှာကိုက်မိပြီး သွေးထွက်မှာစိုးလို့ ပါးစပ်ထဲကို ဇွန်း၊ တုတ် ဒါမှမဟုတ် လက်ချောင်းတွေ ထည့်ပြီး ကိုက်ထားခိုင်းလေ့ ရှိကြတာ။ ☑️ အမှန် >>>> တက်နေတဲ့အချိန်မှာ မေးရိုးကြွက်သားတွေက အလွန်အားပြင်းပါတယ်။...