နာတာရှည်ကျောက်ကပ်ရောဂါ ( Chronic Kidney Disease )

နာတာရှည်ကျောက်ကပ်ရောဂါ ( Chronic Kidney Disease )

???? နာတာရှည်ကျောက်ကပ်ရောဂါဟာ အချိန်ကာလ ကြာမြင့်စွာ ကျောက်ကပ်ယိုယွင်းပျက်စီးပြီး ကျောက်ကပ်ရဲ့လုပ်ငန်းဆောင်တာများ မဆောင်ရွက်နိုင်တော့ခြင်းဖြစ်ပါတယ် ။

..

????နာတာရှည်ကျောက်ကပ်ရောဂါ ဘာကြောင့်ဖြစ်ရသလဲ ?

အကြောင်းအမျိုးမျိုးကြောင့် ဖြစ်တတ်ပါတယ် ။

အများဆုံးကတော့ ဆီးချို နဲ့ သွေးတိုးရဲ့နောက်ဆက်ဆက်တွဲဆိုးကျိုးကြောင့် ဖြစ်ပါတယ် ။ ကျောက်တည်တာ ၊ ဆီးလမ်းကြောင်းပိတ်တာ ၊ အကိုက်အခဲပျောက်ဆေးတွေ ရေရှည်သုံးစွဲတာ ၊ ကျောက်ကပ်ရောင်တာ ၊ ဆီးပိုးရောဂါ မကြာခဏဖြစ်တာ ၊ ဆီးကျိတ်ကြီးတာတွေကြောင့်လည်း နာတာရှည်ကျောက်ကပ်ရောဂါ ဖြစ်တတ်ပါတယ်။

..

???? ကျောက်ကပ်ရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ ?

အထက်မှာ ဖော်ပြထားတဲ့ နာတာရှည်ကျောက်ကပ် ရောဂါ ဖြစ်ပွားစေနိုင်တဲ့အရာတွေ ကိုရှောင်ကြဉ်ပါ ။

ဆီးချိုနဲ့ သွေးတိုးရှိရင် ဆရာဝန်နဲ့ စနစ်တကျကုသမှု ခံယူပြီး ထိန်းထားပါ။ ကျောက်ကပ်ရောဂါ ရှိမရှိကို ပုံမှန် စစ်ဆေးမှုများပြုလုပ်ပေးပါ။

..

???? နာတာရှည်ကျောက်ကပ်ရောဂါဖြစ်ရင် ဘာ လက္ခဏာတွေ ပြမလဲ ?

ကျောက်ကပ်ဟာ ခန္ဓာကိုယ်အတွင်းက အညစ် အကြေးတွေ ၊ ပိုလျှံနေတဲ့ဓာတ်ပစ္စည်းတွေနဲ့ အရည်တို့ကို စွန့်ထုတ်ပေးပါတယ်။ ဒါကြောင့် ကျောက်ကပ် ရောဂါဖြစ်ရင် ပျို့အန်ခြင်း ၊ နုံးခြင်း ၊ ဖောရောင်ခြင်း ၊ မောခြင်း ၊ ခံတွင်းပျက်ခြ​င်း ၊ သွေးတိုးခြင်းတို့ ဖြစ်နိုင်သလို တစ်ခါတလေ အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အစပိုင်းမှာ ဘာလက္ခဏာမှ မပြတာလည်း ဖြစ်နိုင်ပါတယ် ။

..

???? နာတာရှည်ကျောက်ကပ်ရောဂါဖြစ်နေရင် ဘာလုပ်သင့်သလဲ ?

ကျောက်ကပ်အထူးကုဆရာဝန်နဲ့ ပြသပြီး စနစ်တကျကုသမှုခံယူသင့်ပါတယ်။ စနစ်တကျကုသမှုခံယူခြင်းဟာ နှစ်စဉ်ကျောက်ကပ်ပျက်စီးမှုနှုန်းကိုလည်း လျော့နည်းစေပါတယ် ။

ကုသမှုနည်းလမ်းတွေကတော့ ကျောက်ကပ်ပျက်စီးရတဲ့ အကြောင်းအရင်းတွေပေါ် မူတည်ပါတယ်။ ဆီးချို သွေးတိုးကို စနစ်တကျ ထိန်းသိမ်းခြင်း ၊ အကိုက်အခဲပျောက်ဆေး အလွန်အမင်းသုံးစွဲခြင်းကို ရှောင်ခြင်း ၊ ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ပေးခြင်း ၊ ဆေးလိပ်ဖြတ်ခြင်း စတာတွေဟာ နာတာရှည်ကျောက်ကပ်ရောဂါကုသမှုကို အထောက်အကူဖြစ်စေပါတယ်။

နာတာရှည်ကျောက်ကပ်ရောဂါကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကိုလည်း ဆေးဝါးနဲ့ အစား အသောက်ဆင်ခြင်ခြင်းတို့ဖြင့် ကာကွယ်ကုသနိုင်ပါတယ် ။

..

???? ကျောက်ကပ်ရောဂါ ပိုပိုပြီး ဆိုးလာရင် ဘာလုပ်သင့်သလဲ ?

နာတာရှည်ကျောက်ကပ်ရောဂါကို အရှင်းပျောက်အောင် ကုသမှု မပြုလုပ်နိုင်ပါ။ အခြေအနေကို ပိုပြီး ဆိုးမသွားအောင်သာ ထိန်းသိမ်းကုသရပါတယ် ။ ကျောက်ကပ် အလွန်ပျက်စီးနေပြီဆိုရင်တော့ ( အသက်ကိုပါ ထိခိုက်စေနိုင်တာမို့ ) ကျောက်ကပ် အထူးကုဆရာဝန်နဲ့တိုင်ပင်ပြီး ကျောက်ကပ်ဆေးတာ ၊ ကျောက်ကပ်အစားထိုးကုသတာတွေ ပြုလုပ်ရပါလိမ့်မယ်။

..

????အချုပ်အားဖြင့်

ကျောက်ကပ်ရောဂါဟာ ​အဖြစ်များတဲ့ရောဂါတစ်ခုဖြစ်ပါတယ်။ ကျောက်ကပ်ရောဂါ ဖြစ်စေနိုင်တာတွေကို ရှောင်ကြဉ်ပြီး အချိန်မှီကုသမှုခံယူခြင်းဖြင့် ကျန်းမာသောဘဝကိုပိုင်ဆိုင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ် ။

Reference ????

– Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp. ( page 298 )

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine

#teleconsultation#တယ်လီကျန်းမာ

#CKD#နာတာရှည်ကျောက်ကပ်ရောဂါ

Ministry of Health,

National Unity Government.

Published on: 27 December 2022
Last Updated: 27 December 2022

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

ဖောက်ပြန်ခံရတဲ့အခါ ….

ပတ်ဝန်းကျင်မှာ ဒါမှမဟုတ် ဆိုရှယ်မီဒီယာမှာ ခဏခဏ မြင်ဖူး၊ ကြားဖူးကြပါလိမ့်မယ်။ အိမ်ထောင်ဖက် ဒါမှမဟုတ် ချစ်သူက ဖောက်ပြန်သွားတဲ့အခါ.... ဖောက်ပြန်ခံရတဲ့သူကပဲ "ငါ ဘာတွေ လိုအပ်သွားလို့လဲ"၊ "ငါ့မှာ ဘာအားနည်းချက်ရှိလို့လဲ"၊ "ငါ့အပြစ်တွေပဲ" ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်ရှာ၊ လက်ညှိုးထိုးတတ်ကြပါတယ်။ တကယ်တော့ အမှားလုပ်တာက တစ်ဖက်လူဖြစ်ပြီး နာကျင်ရတာက...

ဒိုပါမင်း အလွန်အကျွံလှုံ့ဆော်မှုကို ခဏတာဖြတ်တောက်ခြင်း Dopamine Fasting

ဖုန်းသုံးနေရင်း social media ပေါ်က short videos တွေကို တစ်ခုပြီးတစ်ခု ပွတ်နေရင်း အချိန်တွေကုန်မှန်းမသိ ကုန်သွားတာမျိုး ကြုံဖူးပါသလား။ ဒီလိုဖြစ်ရတဲ့ အဓိကတရားခံကတော့ ဦးနှောက်ထဲက ဒိုပါမင်း (Dopamine) ဓာတ်တွေ အလွန်အကျွံ လှုံ့ဆော်ခံနေရလို့ပဲ ဖြစ်ပါတယ်။ ဒိုပါမင်း (Dopamine) ဆိုတာ အလွယ်ပြောရရင် ကျွန်မတို့...

သွေးစစ်ဖို့ နောက်မကျပါစေနဲ့

ဆေးခန်းရှေ့ရောက်မှ ရင်တွေတအားခုန်လာပြီး နောက်ပြန်လှည့်ပြေးချင်စိတ် ပေါက်ဖူးလား။ "အဖြေတစ်ခုခု ထွက်လာရင် ငါဘယ်လို ရှေ့ဆက်ရမလဲ" ဆိုတဲ့ အတွေးက လူကို အတော်လေး မွန်းကျပ်စေတာ အမှန်ပဲ။ HIV လို၊ ကာလသားရောဂါလို ကိစ္စတွေမှာ သွေးသွားစစ်ဖို့ ကြောက်နေတာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ လူတိုင်းလိုလို ဒီခံစားချက်ကို ဖြတ်သန်းဖူးကြတာချည်းပဲ။ ဒါပေမယ့်...

အယူအဆလွဲများ (၃၇)

❌ အယူအဆလွဲ >>> နှာခေါင်းသွေးယိုတဲ့အခါ သွေးတွေ အပြင်ကို ထပ်မထွက်လာစေဖို့ ခေါင်းကို အနောက်ဘက်ကို မော့ပစ်လိုက်တာ ဒါမှမဟုတ် ပက်လက်လှန်အိပ်ခိုင်းလိုက်တာ။ ☑️ အမှန် >>> ခေါင်းကို အနောက်ကို မော့လိုက်တဲ့အခါ နှာခေါင်းထဲက သွေးတွေဟာ အပြင်ကို မစီးတော့တာ မှန်ပေမယ့် အဲဒီသွေးတွေဟာ လည်ချောင်းထဲမှတစ်ဆင့်...