ဆရာဝန် စဖြစ်ကတည်းက “ရောဂါရာဇဝင် မေးမြန်းခြင်း (History taking)” ဆိုတဲ့ အနုပညာကို တတ်မြောက်အောင် သင်ကြားခဲ့ရပါတယ်။ သူက တကယ်လည်း အနုပညာဆန်ပါတယ်။ မေးတတ်မှပါ။ မမေးတတ်ရင် လိုရာမရောက်ဘဲ လမ်းချော်သွားရော။
ဒီအထဲကမှ ကျွန်မ ဆရာဝန်ပေါက်စဘဝ စကားပြော မကျွမ်းကျင်လို့ လွဲခဲ့ရတဲ့အဖြစ်အပျက်တချို့ကို ပြန်လည်မျှဝေပေးချင်တာပါ။
အခုကတော့ လူနာတွေကလည်း အများကြီး သင်ပေးခဲ့ပြီဆိုတော့ ဘယ်မေးခွန်းကို ဘယ်လိုမေးရမယ်ဆိုတာ လက်တွေ့လုပ်ရင်းကိုင်ရင်းနဲ့ပဲ ကျွမ်းကျင်လာရပြီပေါ့။
ကြုံဆုံခဲ့ရတဲ့ ကျွန်မနဲ့ လူနာတွေအကြား ဆရာဝန်-လူနာ အတိုင်အဖောက်ညီနေခဲ့ပုံလေးများကတော့ . . .
…
…
၁။
ကျွန်မ။ ညီမမှာ အရင်က တီဘီ ရှိဖူးလား။
လူနာ။ အိမ်မှာတော့ TV မရှိဘူး ဆရာမ။ ကြည့်တော့ ကြည့်ဖူးတယ်။ ဘာဖြစ်လို့လဲဟင်။
(မေးကတည်းက ရောဂါလို့ မထည့်မိတာ ကိုယ့်အမှား)
.
——။ ။——-
.
၂။
ကျွန်မ။ အရက်သောက်တတ်လား။
လူနာ။ မသောက်ပါဘူး ဆရာမ။
(ဪ Alcohol ကင်းတယ်ပေါ့။ ကောင်းလေစွ)
လူနာ။ ဘီယာတော့ တစ်ရက် ငါးခွက်လောက်သောက်တယ်နော် ဆရာမ။
.
—–။ ။——
.
၃။
ကျွန်မ။ ဆေးလိပ်သောက်လားဟင်။
လူနာ။ မသောက်ဘူး၊ ဖြတ်လိုက်ပြီ။
(Good ကောင်းလိုက်တာ…)
ကျွန်မ။ ဒါနဲ့ ဖြတ်တာ ကြာပြီလား။ ဘယ်လောက်ရှိပြီလဲ။
လူနာ။ မနေ့က ဖျားလို့ ဖြတ်လိုက်တာ ဆရာမ။ ချောင်းဆိုးလာလို့။
😌😌😌
.
—-။ ။—–
.
နောက်တစ်ယောက် –
ကျွန်မ။ ဆေးလိပ် ပုံမှန် သောက်တတ်လား။
လူနာ။ မသောက်ဘူး၊ ဖွာပဲ ဖွာတာ။
(ဘာထူးလဲ ကင်ဆာဖြစ်နိုင်ခြေ ရှိတာပဲ 🥺)
.
—-။ ။—-
.
၄။
ကျွန်မ။ အိမ်ထောင်ရှိလား။
လူနာ။ မရှိဘူး ဆရာမ။
(သေချာအောင် ပြန်မေးရသေး)
ကျွန်မ။ အိမ်ထောင် မကျဖူးတာလား။
လူနာ။ ဆုံးသွားပြီ ဆရာမ။
🥺🥺🥺
.
—-။ ။—-
.
၅။
ကျွန်မ။ ဗိုက်နာသေးလား။
လူနာ။ ဗိုက်မနာဘူး ဆရာမ၊
(တော်ပါသေးရဲ့)
လူနာ။ အောင့်ပဲ အောင့်တာ။
😌😌😌
…
…
ဒီလိုပါပဲ။ လူနာတွေနဲ့ စကားပြောရတာ စာအုပ်ထဲမှာ၊ အတန်းထဲမှာ သင်လို့မရတဲ့ သင်ခန်းစာ တစ်ခုပါ။ နေ့စဉ် သင်ယူလို့ မကုန်နိုင်ပါဘူး။ 😅
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.