မီနူး

NUG MOH တယ်လီကျန်းမာ လူတိုင်းအတွက်ပါ

ပြည်သူ့ကျန်းမာရေးအတွက်

ပြည်သူ့အစိုးရထံမှ ကျန်းမာရေးစောင့်ရှောက်မှုခံယူပါ

တယ်လီကျန်းမာ အခမဲ့ဆေးခန်းကို မြန်မာပြည်သူလူထု၏ ကျန်းမာရေးအခက်အခဲများကို ဖြေရှင်းပေးနိုင်ရန်နှင့် ကျန်းမာရေးစနစ်အား ပံ့ပိုးပေးနိုင်စေရန် အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်ဖြင့် ဖွဲ့စည်းထားပါသည်

ဆေးခန်း ဘယ်လို ပြကြမလဲ

Facebook ပေ့ချ် မှာ စာပို့ရန် ဆိုတာကိိုနှိပ်ပါ

Facebook messenger ထဲကို ရောက်သွားရင် အလိုအလျောက် ပြန်စာလေးကိုရရှိပါလိမ့်မည်။ လူနာကုဒ်နံပါတ် မရှိသေးပါက ကုဒ်နံပါတ်အသစ်လုပ်ပါ။

သင့်အမည်၊ အသက်၊ တယ်လီဂရမ် အကောင့်အမည်၊ နေထိုင်ရာမြို့၊ မတည့်သော ဆေး၊ ပြလိုသောရောဂါနှင့် ပြချင်သော အချိန်ကို ပြောပြပေးလိုက်တာနဲ့ လူနာကုဒ် ကို ပြန်လည်ထုတ်ပေးမှာဖြစ်ပါတယ်

လူနာကုဒ် ရှိပြီးသားဆိုရင်တော့ ထိုကုဒ်နံပါတ်ကို ပြန်လည်ပြောပြပြီး ဆေးခန်းပြလိုသော အကြောင်းအရာနှင့် အချိန်ကို ပြောပြပေးရုံပါဘဲ၊

လူနာကုဒ် နံပါတ်၊ ဆေးခန်းပြရမယ့်အချိန်ရယ်၊ သွားပြရမယ့် ဆေးခန်း တယ်လီဂရမ် လင့်ကို ပြန်လည်ထုတ်ပေးမှာပါ

တယ်လီဂရမ် သုံးဖို့ အဆင်သင့်ပြင်ထားပေးပါနော်

ဆေးခန်းပြဖို့ အချိန်ကျလာရင်တော့ ပြရမယ့် တယ်လီဂရမ် ဆေးခန်းမှာ မိမိ၏ လူနာကုဒ်၊ အသက်၊ ဆေးခန်းချိန်နှင့်တကွ ခံစားရတဲ့ ဝေဒနာတွေကို ပွင့်ပွင့်လင်းလင်းဆွေးနွေးတိုင်ပင်လို့ရပါပြီ

Impact at a Glance (2025)

၂၀၂၅ခုနှစ်တွင် ကျွန်တော်တို့တယ်လီကျန်းမာဆေးခန်းမှ လူနာများအနေဖြင့် ပိုမို၍ လွယ်ကူသော ဆေးကုသများကို ပိုမိုထိရောက်၍ ကျယ်ပြန့်စွာ လုပ်ဆောင်နိုင်ရေးအတွက် စဉ်ဆက်မပြတ်ကြိုးစားလျက်ရှိပြီး ၂၀၂၅ခုနှစ်တွင် ပြည်တွင်းမြို့နယ် ၃၁၃ မြို့နယ်မှ လူနာ ၃သောင်းကျော်အား အွန်လိုင်းဆေးကုသမှု ပေးနိုင်ခဲ့ပါသည်။

41,558

Total
Consultation

30,997

Total
Patients Served

313

Township
Coverage

1,942

Zero Suicide Hotline
Services

Growth and Reach Over Time (2021-2025)

Zero Suicide Campaign

Started in 10th September, 2023
4,097 Services Provided
Covering 227 Myanmar Townships

Zero Suicide Campaign
New Publication Released by Telekyanmar
New Publication Released by Telekyanmar
Jan 06, 2025

Telekyanmar, a telehealth initiative launched after Myanmar’s military coup during the third wave of COVID-19, was established to meet urgent healthcare needs among vulnerable populations. This cross-sectional study (February–September 2023) assessed satisfaction among clients and clinicians using Telekyanmar’s services. Findings showed high satisfaction on both sides, highlighting Telekyanmar’s effectiveness in addressing healthcare needs in Myanmar’s post-coup context.

Check the full text

PlayPause
previous arrowprevious arrow
next arrownext arrow
New Publication Released by Telekyanmar
Telekyanmar Mobilizes Rapid Response Following Myanmar’s Devastating Earthquake
Online Survey Explores Community Perceptions and Use of Telekyanmar Services
Youth Perceptions and Satisfaction with Telekyanmar’s Sexual and Reproductive Health Services
previous arrow
next arrow

Number of feedback received

2843

Overall Star Rating

4.79

လူနာတို့၏ ရင်တွင်းစကားသံများ

ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားနဲ့ မလုံလောက်အောင်ပဲ စိတ်ရှည်စွာ နားထောင်ဆွေးနွေးကုသပေးပါတယ်။ အကြံဥာဏ်ကောင်းများ ရရှိ၍ Depression ကို ကျော်လွှားနိုင်မယ့် ယုံကြည်မှုခွန်အားများ ရရှိပါတယ်။ ဆရာနဲ့တကွ တယ်လီကျန်းမာအဖွဲ့သားများ အစစအရာရာ အဆင်ပြေပါစေရှင်။ "

အွန်လိုင်းစနစ်ဖြင့် မိမိကျန်းမာရေးနှင့် ပတ်သက်ပြီး သိလိုသည်များကို ရက်ချိန်းတိကျ မြန်ဆန် ချိတ်ဆက် အခမဲ့ ကူညီဖြေရှင်းမှုက ဆေးခန်းနဲ့ ဝေးလံသည့်အရပ်ရောက်နေသည့် လူနာများအတွက် များစွာ အထောက်အကူပြုပါတယ်။ တယ်လီကျန်းမာ အဖွဲ့သားများ ကိုယ်စိတ်နှလုံး ကျန်းမာချမ်းမြေ့ပါစေ။ "

စိတ်ရှည်ရှည်နဲ့ သေချာလေးရှင်းပြပြောပေးလို့ စိတ်ချမ်းသာရပါတယ်။ "

အရမ်းအဆင်ပြေပါတယ်။ စေတနာဆရာဝန်တွေပါ။ ခက်ခဲနေကြတဲ့အချိန်မှာ အခမဲ့ ကုသပေးတဲ့ အတွက်လဲ ကျေးဇူးတင်ပါတယ်။ "

Web

အကြံပြုချက်ပေးပို့ရန်

တယ်လီကျန်းမာ၏ ကျန်းမာရေးဝန်ဆောင်မှုများနှင့်ပတ်သက်၍ အကြံပြုသုံးသပ်ချက်များ ပေးပို့လိုပါက အောက်ဖော်ပြပါ link မှတစ်ဆင့် ပေးပို့နိုင်ပါသည်။

(အကြံပြုသူ၏ ကိုယ်ရေးအချက်အလက်များကို အထူးလျို့ဝှက်ထားမည်ဖြစ်ပြီး၊ ယခုအကြံပြုချက်အတွက် သင့်တွင် အကျိုးထိခိုက်မှု တစ်စုံတစ်ရာ ရှိမည်မဟုတ်ပါ)