ကျွန်မနဲ့ သူတို့ရဲ့ ဆက်သွယ်မှုက ခုလိုအချိန်မှာ သိပ်‌တော့မထူးခြား။

သူတို့အတွက်တော့ ကျွန်မကို ဆရာမဆိုတာတစ်လုံးထက် ပိုမသိ။ နာမည် မသိ။ ဘယ်အရပ်က လာမှန်းမသိ။

သူတို့သိတာ တစ်ခုပဲ ရှိတယ်။

ဆရာမ လာရင် သူတို့ရင်ထဲက စကားတွေကို နားထောင်တယ်၊ သူတို့ဖြစ်ချင်တာကို နားလည်ပြီး ဖြည့်ဆည်းပေးဖို့ ကြိုးစားတယ်၊ သူတို့ကို ချော့လိုက် ခြောက်လိုက် ဆက်ဆံတယ်။

တစ်နေ့
ကားနဲ့ ခရီးထွက်နေရတုန်း လမ်းတစ်နေရာအရောက်…

နယ်မြေတာဝန်ခံ။ ဆရာမရဲ့ ကလေး ၃ ယောက်ကို ဒီကို ပို့ထားတယ်။

ဆရာမ။ ဟုတ်လား… ကား ခဏရပ်ပေးလို့ ရမလား။

.
——————။ ။——————
.

ဆရာမ။ ဟေးးးးး

လူနာဟောင်း။ ဆရာမ မတွေ့တာ ကြာပြီ။ ကျွန်တော် တို့ ဆရာမကို ရှာနေကြတာ။ မေးတယ်လေ… သူတို့က ဆရာမကို မတွေ့ကြဘူး ဆိုလို့လေ။

ဆရာမ။ ဆိုင်ကယ်ပြင်ဆိုင် ဘယ်တော့ဖွင့်မလဲ အညော်။

လူနာဟောင်း။ (ပျော်သွားတဲ့ မျက်နှာနဲ့) ဆရာမက ကျွန်တော့ကို မှတ်မိတာပဲ။ ကျွန်တော် ပြောထားတာတွေရော မှတ်မိတယ်ပေါ့။

ဆရာမ။ မှတ်မိတာပေါ့။ ခု ပြင်နိုင်နေပြီလား။

လူနာဟောင်း။ သင်နေတုန်းပဲ။ သင်ရင်း ပြင်ရင်းပဲလေ။

ဆရာမ။ ဆရာမ ဆိုင်ကယ်လာပြင်လို့ ရပြီလား။

လူနာဟောင်း။ ဆရာမ ဆိုင်ကယ်ပြင်စရာ ရှိလို့လား။

ဆရာမ။ ဆိုင်ကယ် ပြင်နိုင်ကြပြီဆိုရင် ဆရာမ ဆိုင်ကယ်ဝယ်တော့မလို့လေ။

လူနာဟောင်း။ ဟားဟား ဝယ်လိုက်တော့လေ ဆရာမ။ ကျွန်တော်တို့ ဝိုင်းပြင်ပေးမှာပေါ့။

ဆရာမ။ ဆရာမ နောက်လူတွေကို ဒီပုံ ပြလို့ရမလား။

လူနာဟောင်း။ ရတယ်လေ။ အခုရော ကျွန်တော်တို့ ဆရာမနဲ့လိုက်လာပြီး တခြားလူတွေကို အားပေးစကား လိုက်ပြောရဦးမလား။

သိပ် ဂုဏ်ယူစရာကောင်းတဲ့ အခိုက်အတန့်လေး…။
..

..

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here