သွေးနီဥဆဲလ်များ ပျက်စီးစေသည့် Thalassemia ရောဂါ (March, 2023)

” သွေးအားနည်းရောဂါတစ်မျိုး (သို့မဟုတ်) သွေးနီဥဆဲလ်များ ပျက်စီးစေသည့် Thalassemia ရောဂါ “

သလာဆီးမီးယား (Thalassemia) ဆိုတာ မျိုးရိုးလိုက်တတ်တဲ့ မွေးရာပါ သွေးရောဂါတစ်မျိုး ဖြစ်ပါတယ်။ Thalassemia ဟာ သွေးနီဥတွေ အောက်ဆီဂျင် သယ်ဆောင်ဖို့ လိုအပ်တဲ့ Hemoglobin ကို နည်းစေ/ပျက်စီးစေတာကြောင့် သွေးအားနည်းရောဂါလို့လည်း ခေါ်ကြပါသေးတယ်။

????Thalassemia ရောဂါ ဘာကြောင့်ဖြစ်ရသလဲ ?

Thalassemia ရောဂါဟာ သွေးနီဥတွေ အောက်ဆီဂျင်သယ်ဖို့ လိုအပ်တဲ့ Hemoglobin ထုတ်ပေးတဲ့ ဆဲလ် DNA မှာ ချို့ယွင်းပြောင်းလဲမှုရှိတာကြောင့် ဖြစ်ပါတယ်။ အဲ့လို ချို့ယွင်းချက်တွေဟာ မိဘဆီကနေ သားသမီးထံကို လက်ဆင့်ကမ်း သယ်ဆောင်လာတာ၊ မျိုးရိုးလိုက်တာမျိုး ဖြစ်တတ်ပါတယ်။ အဲ့လိုချို့ယွင်းပြောင်းလဲတာကို မူတည်ပြီး Thalassemia ရောဂါကို (၂) မျိုး ခွဲထားပါတယ်။
..
..

(၁) Alpha-Thalassemia

Alpha-Thalassemia ကတော့ Hemoglobin ရဲ့ မျိုးဗီဇ chain (၄) ခုထဲမှာ alpha chain တွေ ချို့ယွင်းတာကြောင့် ဖြစ်ပါတယ်။ ဒီအမျိုးအစားမှာဆိုရင် ရောဂါလက္ခဏာပြင်းထန်မှုက မျိုးဗီဇ ဘယ်လောက်ချို့ယွင်းလဲပေါ် မူတည်ပါတယ်။

– One mutated gene – မျိုးဗီဇတစ်ခုပဲ ချို့ယွင်းမယ်ဆိုရင် ရောဂါလက္ခဏာခံစားရတာမျိုးတောင် မရှိနိုင်ပါဘူး။ ဒါပေမယ့် သင်ဟာ ဒီ Thalassemia ရောဂါသယ်ဆောင်ထားသူ (carrier) ဖြစ်နေရင် သင့်ရဲ့မွေးလာမယ့်ကလေးတွေကို gene mutation လက်ဆင့်ကမ်းသွားမှာပဲ ဖြစ်ပါတယ်။

– Two mutated gene – မျိုးဗီဇနှစ်ခုချို့ယွင်းနေမယ်ဆိုရင်တော့ သာမန်ရောဂါလက္ခဏာတွေ ခံစားရနိုင်ပါတယ်။

– Three mutated gene – မျိုးဗီဇ (၃) ခုလောက် ပုံမှန်မဟုတ်ရင်တော့ ပြင်းထန်တဲ့ရောဂါလက္ခဏာတွေ ခံစားရနိုင်ပါတယ်။

– မျိုးဗီဇ (၄) ခုလုံး ချို့ယွင်းတာကတော့ အလွန်ရှားပြီး အကယ်၍ဖြစ်ခဲ့မယ်ဆိုရင်လည်း မွေးလာတဲ့ကလေးဟာ အသက်မရှင်ပဲ မွေးလာဖို့များသလို၊ အသက်ပါလာခဲ့မယ်ဆိုရင်လည်း ကြာကြာအသက်ရှင်ဖို့ ခက်ခဲပါတယ်။ ဒီလိုမွေးလာတဲ့ကလေးတွေကို သွေးလဲတာ၊ stem cell transplant လုပ်တာတွေနဲ့ ကုသနိုင်ပါတယ်။
..
..

(၂) Beta-Thalassemia

Hemoglobin ရဲ့ မျိုးဗီဇ chain (၂) ခုမှာ beta chain တွေ ချို့ယွင်းရင် Beta-Thalassemia ဖြစ်ပြီး ဒီအမျိုးအစားဟာ ပိုပြီးလည်းအဖြစ်များပါတယ်။ ဒီအမျိုးအစားမှာ ရောဂါလက္ခဏာပြင်းထန်မှုဟာ မျိုးဗီဇရဲ့ ဘယ်အပိုင်းမှာ ချို့ယွင်းတာလဲပေါ် မူတည်ပါတယ်။

– One mutated gene – သာမန်ရောဂါလက္ခဏာတွေ ခံစားရနိုင်ပြီး ဒီအမျိုးအစားကို Thalassemia minor or Beta-thalassemia လို့ ခေါ်ပါတယ်။

– Two mutated genes – ပြင်းထန်ရောဂါလက္ခဏာတွေ ခံစားရတတ်ပြီး သူ့ကိုတော့ Thalassemia major or Cooley anaemia လို့ခေါ်ပါတယ်။ ဒီအမျိုးအစားနဲ့မွေးလာတဲ့ကလေးတွေဟာ မွေးကာစမှာ ကျန်းကျန်းမာမာရှိတက်ပေမယ့် နောက်ပိုင်းမှာတော့ ရောဂါလက္ခဏာတွေ ပြလာတတ်ပါတယ်။
..
..

????Thalassemia ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ ?

ရောဂါလက္ခဏာတွေက ဖြစ်တဲ့အမျိုးအစား၊ ရောဂါအပြင်းအထန်ပေါ်မူတည်ပြီး ကွာခြားနိုင်ပါတယ်။ အဖြစ်များတဲ့ရောဂါလက္ခဏာတွေကတော့….

– နုံးချိခြင်း

– အားနည်းခြင်း

– အသားဝါခြင်း

– မျက်နှာအရိုးများ ပုံမှန်မဟုတ်ခြင်း

– ကြီးထွားဖွံ့ဖြိုးမှု နှေးခြင်း

– ဗိုက်ဖောင်းလာခြင်း

– ဆီးရောင်ရင့်ခြင်း တို့ဖြစ်ပါတယ်။

အချို့ကလေးတွေမှာ မွေးစထဲက Thalassemia ရောဂါလက္ခဏာတွေ ပြနိုင်ပေမယ့် အချို့ကတော့ အသက် ၂ နှစ်လောက်မှ စပြီး ရောဂါလက္ခဏာတွေပြတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
..
..

????ဘယ်သူတွေမှာ Thalassemia ဖြစ်နိုင်ခြေ ပိုများသလဲ?

မိဘတွေဆီမှာ Thalassemia ရောဂါရှိသူတွေနဲ့ အာဖရိကန်အမေရိက လူမျိုးစုတွေ၊ Mediterranean မှာနေထိုင်သူတွေနဲ့ အရှေ့တောင်အာရှလူမျိုးတွေမှာ ဒီရောဂါဖြစ်နိုင်ခြေ များပါတယ်။
..
..

????ဘယ်လိုနောက်ဆက်တွဲရောဂါတွေ ဖြစ်နိုင်သလဲ ?

Thalassemia ရောဂါ ပြင်းထန်မှုပေါ်မူတည်ပြီး ဖြစ်နိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကတော့…

– သံဓာတ်များလာခြင်း

– ကူးစက်ရောဂါပိုး ဝင်ရောက်လွယ်ခြင်း

– အရိုးများ ပုံပျက်ချို့ယွင်းခြင်း

– ဘေလုံးကြီးလာခြင်းနဲ့

– နှလုံးရောဂါများဖြစ်ခြင်းတို့ ဖြစ်ပါတယ်။
..
..

????ဘယ်လို ရောဂါရှာဖွေစစ်ဆေးခြင်းတွေ လုပ်ရမလဲ ?

ကလေးရဲ့သွေးကို စစ်တာ၊ DNA analysis လုပ်တာတွေအပြင် ကိုယ်ဝန် ၁၁ ပတ်နဲ့ ၁၆ ပတ်လောက်မှာ အချင်းနမူနာ၊ ရေမြွှာရည်နမူနာယူပြီး စစ်ဆေးတာတွေလုပ်နိုင်ပါတယ်။
..
..

????ဘယ်လိုကုသမှုတွေ လုပ်ကြမလဲ ?

သာမန်ရောဂါလက္ခဏာရှိသူတွေအနေနဲ့ကတော့ ကုသမှုခံယူစရာမလိုပါဘူး။

ရောဂါပြင်းထန်တဲ့သူတွေကတော့…..

– သွေးခဏခဏသွင်းခြင်း

– သွေးထဲက ပိုလျှံနေတဲ့ သံဓာတ်တွေဖယ်ရှားဖို့ Chelation therapy ဖြင့် ကုသခြင်း

– ရိုးတွင်းခြင်ဆီ အစားထိုးခြင်းနဲ့ Stem cell transplant စတာတွေ လုပ်လို့ရပါတယ်။

– ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေ စားတာ၊ သံဓာတ်မများအောင်နေတာနဲ့ ရောဂါပိုးမဝင်အောင်နေထိုင်တာ စတာတွေလည်း ပြုလုပ်နိုင်ပါတယ်။

Reference: ????
https: // www. Mayoclinic. org/diseases-conditions/thalassemia/diagnosis-treatment /drc-20355001

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#သွေးအားနည်းရောဂါ#Thalassemia

Ministry of Health,

National Unity Government.

Published on: 1 March 2023
Last Updated: 1 March 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

မျိုးရိုးလိုက်သော ဆီးချို

"မျိုးရိုးလိုက်သော ဆီးချို" (လူနာသည် ဆေးစစ်ချက် အဖြေစာရွက်ကို ကိုင်ကာ မျက်နှာမကောင်းစွာဖြင့် ဆရာဝန်ရှေ့သို့ ရောက်လာသည်) ဆရာဝန်။ ကိုဘမောင်… ခင်ဗျားရဲ့ သွေးစစ်တဲ့ အဖြေတွေထဲမှာ ဆီးချိုတွေက အတော်လေးကို တက်နေတာဗျ။ သတိထားမှ ရတော့မယ့် အနေအထားပဲ။ လူနာ။ ဟုတ်ကဲ့ ဆရာ။ ထင်တယ်။ ကျွန်တော်လည်း တစ်နေ့နေ့မှာ ဆီးချို...

မှတ်ဉာဏ်ချွတ်ယွင်းမှုရောဂါ (Dementia) ဝေဒနာရှင်ကို ပြုစုစောင့်ရှောက်သူများအတွက် အမှာစကား

ဒီအခန်းဆက် ဆောင်းပါးလေးမှာ နောက်ဆုံးနဲ့ အရေးအကြီးဆုံးအပိုင်း ဖြစ်ပါတယ်။ လူနာကိုလည်း ပြုစုရင်း မိမိကိုယ်ကိုယ်လည်း ပြန်လည်ရှာဖွေခြင်းလို့ အမည်ပေးထားပါတယ်။ မှတ်ဉာဏ်ချွတ်ယွင်းမှုရောဂါ (Dementia) ဝေဒနာရှင်တစ်ဦးကို အိမ်မှာ အနီးကပ်ပြုစုရတဲ့ မိသားစုဝင်တွေဟာ ကမ္ဘာပေါ်မှာ အပင်ပန်းဆုံးနဲ့ အနစ်နာအခံရဆုံးသူလေးတွေ ဖြစ်ကြပါတယ်။ လူနာရဲ့ စိတ်နေစိတ်ထား ပြောင်းလဲတာတွေ၊ ညဘက် မအိပ်တာတွေကို...

ခန္ဓာကိုယ်တွင်း ဇီဝနာရီ Circadian Rhythm

ဘာလို့ ညဘက်ဆို အလိုလို မျက်စိမှိတ်ချင်လာပြီး မနက်ခင်းဆို အချက်ပေးစက် မမြည်ခင်ကတည်းက အလိုလို နိုးလာတတ်တာလဲ။ ဒါက ကံတိုက်ဆိုင်တာ မဟုတ်သလို အလေ့အကျင့်သက်သက်ကြောင့်လည်း မဟုတ်ပါဘူး။ ကျွန်မတို့ ခန္ဓာကိုယ်ထဲမှာ ၂၄ နာရီပတ်လုံး တိတိကျကျ လည်ပတ်နေတဲ့ သဘာဝ "ဇီဝနာရီ" တစ်လုံး ရှိနေလို့ပဲ ဖြစ်ပါတယ်။...

အယူအဆလွဲများ (၄၀)

❌ အယူအဆလွဲ >>> ထိခိုက်ဒဏ်ရာ၊ အနာ ဒါမဟုတ် ခွဲစိတ်ထားမှုတစ်ခုခု ရှိနေချိန်မှာ ကြက်ဥစားလိုက်ရင် အနာပြည်တည်တတ်တယ်၊ ပုပ်လွယ်တယ်၊ အမာရွတ် ကျန်ခဲ့မယ်။ ☑️ အမှန် >>> ကြက်ဥဟာ အနာကျက်မြန်စေတဲ့ ပရိုတင်း (Protein) နဲ့ အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် အနာရှိချိန်မှာ...