MENU

Statin Drugs( သွေးတွင်းအဆီကျဆေးအကြောင်း) (December, 2022)

သွေးတွင်းအဆီကျဆေး ( Statin Drugs ) အကြောင်း

????သွေးတွင်းအဆီကျဆေးတွေထဲမှာမှ Statin အုပ်စုက LDL လို့ခေါ်တဲ့ ခန္ဓာကိုယ်အတွက်မကောင်းတဲ့အဆီဓာတ်ကို အဓိကကျစေပါတယ်။ Statin အုပ်စုမှာ Atorvastatin, Fluvastatin, Lovastatin, Pitavastatin, Paravastatin, Rosuvastatin နဲ့ Simvastatin စသဖြင့် အမျိုးအစားများစွာရှိပါတယ်။

????Statin ဆေးတွေက ဘယ်လိုလုပ်ဆောင်သလဲ ?

Statin ဟာ အသည်းကနေ ကိုလက်စထရောထုတ်တာကို နည်းစေဖို့ HMG-CoA Reductase enzyme ကို ပိတ်ပေးပြီး မကောင်းတဲ့ LDL အမျိုးအစားကိုလက်စထရောကို ကျဆင်းစေပါတယ်။

????ဘယ်လိုလူတွေက Statin သွေးတွင်းအဆီကျဆေးကို သောက်သင့်လဲ ?

Statin ဆေးအမျိုးအစားဟာ ဆရာဝန်ညွှန်ကြားချက်နဲ့သာ သောက်သုံးရတဲ့ဆေးဖြစ်ပါတယ်။ ဆီးချို၊ သွေးတိုးနဲ့ ဆေးလိပ်သောက်သူတွေမှာ နှလုံးရောဂါဖြစ်နိုင်ခြေများတာကြောင့် ထိုသူတွေဟာ အောက်ပါအခြေအနေတွေမှာ Statin ဆေးကို သောက်သုံးရနိုင်ပါတယ်…

* LDL 190mg/dl အထက်ရှိသူတွေ

* လေဖြတ်ဖူးသူ၊ နှလုံးသွေးကြောပိတ်ဖူးသူတွေ

* အသက် ၄၀ နှင့် ၇၅ ကြား ဆီးချိုရှိပြီး LDL 70mg/dl ခန့်ရှိသူတွေ

* ဆေးပညာရအရ စနစ်တကျတွက်ချက်ပြီး နှလုံးရောဂါဖြစ်နိုင်ခြေများသူတွေ….စသူတွေကို statins ဆေးများ ညွှန်ကြားလေ့ရှိပါတယ်။

????ဘာကြောင့် Statin ဆေးကို သောက်သုံးကြရသလဲ ?

သွေးထဲ ကိုလက်စထရောတွေများလာတဲ့အခါ အဆီခဲလေးတွေက သွေးကြောနံရံမှာ စုပုံလာပြီး သွေးကြောပိတ်စေပါတယ်။ ဒါ့ကြောင့် Statin ဆေးတွေကို နှလုံးသွေးကြောရုတ်တရက်ပိတ်ခြင်းနဲ့ လေဖြတ်ခြင်းစတာတွေကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ သောက်သုံးရပါတယ်။

????Statin ဆေးတွေရဲ့ ဆိုးကျိုးတွေကရော ဘာတွေလဲ ?

Statin ဆေးတွေဟာ ကမ္ဘာတစ်ဝန်းမှာ အလွန်အသုံးများပါတယ်။ Statin ဆေးသောက်တဲ့အခါ…

* ခေါင်းကိုက်ခြင်း
* မူးဝေခြင်း
* ဝမ်းလျှောခြင်း
* ဝမ်းချုပ်ခြင်း
* ကြွက်သားနာကျင်ကိုက်ခဲခြင်း
* မှတ်ဥာဏ်အားနည်းလာခြင်း
* အသည်းနှင့် ကျောက်ကပ်ထိခိုက်ခြင်း
* သွေးတွင်းသကြားဓာတ်တက်စေပြီး Type 2 ဆီးချိုရောဂါ ဖြစ်စေနိုင်ခြင်းစတဲ့ ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။

????Statin ဆေးသောက်သုံးနေသူတွေအနေနဲ့ သတိထားရမယ့်အချက်တွေ ရှိပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့တိုက်မိခင်တွေနဲ့ အသည်းရောဂါရှိသူတွေဟာ Statin ဆေးကို သောက်သုံးရန်မသင့်ပါဘူး။ ဆီးချိုရှိသူတွေဟာလည်း ဆေးမသောက်ခင် ဆရာဝန်နဲ့ သေချာတိုင်ပင်ဆွေးနွေးသင့်ပါတယ်။ အခြားသောဆေးဝါးများသောက်သုံးနေရသူတွေအနေနဲ့လည်း ဆရာဝန်ကို သေချာပြောပြပြီးမှသာ သောက်သင့်ပါတယ်။ သလဲသီးနဲ့ Grapefruit သီး စတာတွေကလည်း Statin ဆေးကို ခန္ဓာကိုယ်ကချေဖျက်တဲ့နေရာမှာ အတားအဆီးဖြစ်စေတာကြောင့် ရှောင်ရှားသင့်ပါတယ်။ Statin သွေးတွင်းအဆီကျဆေးသောက်နေတဲ့ကာလအတွင်း ကြွက်သားနဲ့ အရိုးဆစ်များ နာကျင်ကိုက်ခဲတဲ့အခါ ဆီးရောင်ရင့်လာတဲ့အခါ ဆရာဝန်နဲ့ ပြသဆွေးနွေးသင့်ပါတယ်။

Reference: ????
https://my.clevelandclinic.org/…/treatments/22282-statins

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#lipidloweringagent#statins
#သွေးတွင်းအဆီကျဆေး

Ministry of Health,

National Unity Government.

Published on: 21 December 2022
Last Updated: 21 December 2022

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

အိမ်လေးတစ်လုံးနဲ့ တူတဲ့သူ (A Person Like a Home)

‎🏡 အိမ်လေးတစ်လုံးနဲ့ တူတဲ့သူ (A Person Like a Home)‎‎လူ့ဘဝဆိုတာ ခရီးရှည်ကြီးတစ်ခုပါ။ ဒီခရီးလမ်းမှာ ကျွန်တော်တို့အားလုံးဟာ ခရီးသွားတွေသာ ဖြစ်ကြပါတယ်။ နေပူကျဲကျဲ လမ်းမတွေထက်မှာ လျှောက်လှမ်းရတဲ့အခါရှိသလို မိုးသည်းထန်စွာ ရွာသွန်းတဲ့ မုန်တိုင်းတွေကြား ဖြတ်သန်းရတဲ့ အခါတွေလည်း ရှိပါတယ်။‎ဒီလို ပင်ပန်းနွမ်းနယ်လာတဲ့အခါ လူတိုင်း...

အချဉ်ဖောက်ထားသောအစားအစာများ

‎အစားအစာတွေကို တစ်ခေတ်ဆန်းသစ်စေတဲ့ နည်းလမ်းအမျိုးမျိုးရှိတဲ့အနက် တစ်မျိုးကတော့ အချဉ်ဖောက်ထားတာလို့ဆိုရင် မမှားပါဘူး။ ‎သူတို့ရဲ့ အရသာဟာ ချိုချဉ်ငန်ခါးလို သာမန်အရသာမျိုးမဟုတ်ဘဲ တစ်မျိုးလေး ထူးဆန်းနေတတ်ပါတယ်။‎ဒီလိုအချဥ်ဖောက်ထားတာတွေက ‎ကျန်းမာရေးအတွက်လည်း အကျိုးပြုနေတတ်ပါတယ်။ ဘာလို့လဲဆိုတော့ အူလမ်းကြောင်းထဲမှာ အကျိုးပြုပိုးကောင်လေးတွေကို များပြား၊ ပွားများလာစေပြီး အူလမ်းကြောင်းရဲ့ကိုယ်ခံအားကို ကောင်းစေလို့ပါ။ အဲဒီကနေတစ်ဆင့် တစ်ကိုယ်လုံးရဲ့ ကိုယ်ခံအားကိုလည်း...

Dr Harry နှင့် လည်ပင်းသွေးကြောဒဏ်ရာ

Helloကျွန်တော် Dr Harry ပါ။ တိုက်ပွဲတွေက ဆက်တိုက်ဖြစ်ပြီး ခွဲခန်းမှာ ရဲဘော်တွေ ရော၊ စစ်ရှောင်တွေရော လက်မလည်အောင် ရှုပ်ရှက်ခတ်နေတာနဲ့ စာရေးဖို့ကို ဘယ်လိုမှအာရုံစိုက်လို့မရ ဖြစ်နေတာနဲ့ မရေးဖြစ်တာ ကြာသွားပြန်ပြီ။ လူနာမျိုးစုံ၊ ဒဏ်ရာမျိုးစုံ၊ အဖြစ်အပျက်မျိုးစုံနဲ့ စာရေးမယ်ဆို ရေးစရာတွေက အများကြီးပေမယ့် အချိန်လေးရတုန်း အိပ်ချင်တာနဲ့၊ ပင်ပန်းတာနဲ့၊...

ပြောင်းလဲခြင်းကို အလှပဆုံး လက်ခံတတ်ဖို့‎

‎ကျွန်မတို့ဟာ မိခင်ရဲ့ဝမ်းကနေ မွေးဖွားလာချိန်ကစပြီး ဒီကနေ့အထိ ပြောင်းလဲခြင်းများစွာကို ဖြတ်သန်းခဲ့ကြရပါတယ်။ တချို့သော ပြောင်းလဲမှုတွေက သိမ်မွေ့လွန်းတာကြောင့် ကိုယ်တိုင်တောင် သတိမထားမိဘဲ သဘာဝကျကျ ဖြတ်ကျော်နိုင်ခဲ့ကြပါတယ်။ ‎ဥပမာ - ကလေးဘဝကနေ လူငယ်ဘဝကို ကူးပြောင်းတာမျိုး၊ ကျောင်းသားဘဝကနေ လုပ်ငန်းခွင်ထဲ ရောက်သွားတာမျိုးတွေပေါ့။ ဒီလို အဆင့်ဆင့်ပြောင်းလဲတာတွေက တဖြည်းဖြည်းချင်း ဖြစ်ပေါ်လာတာမို့...