နှလုံးဟာ ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှုစနစ်ရဲ့ အဓိကအင်္ဂါ ဖြစ်ပါတယ်။ နှလုံးအားနည်းသွားပြီဆိုရင်တော့ သွေးလည်ပတ်မှုစနစ်ချို့ယွင်းပြီး နောက်ဆက်တွဲ ဆိုးကျိုးများစွာ ဖြစ်ပေါ်စေမှာမို့ “ နှလုံးအားနည်းရောဂါ” အကြောင်း သိသင့်သိထိုက်တာလေးတွေကို မျှဝေပေးလိုက်ပါတယ်။
.

❓ဘာကြောင့်ဖြစ်ရတာလဲ။

အဓိကကတော့…
(၁) နှလုံးညှစ်အား မကောင်းတာရယ်
(၂) နှလုံးသွေးဝင်ခန်းကကြွက်သားတွေ တောင့်တင်းပြီး သွေးပြန်ကြောမှပြန်လာတဲ့ သွေးတွေကို ကောင်းကောင်းလက်မခံနိုင်တာရယ်ကြောင့် နှလုံးအားနည်းရောဂါကို ဖြစ်စေနိုင်ပါတယ်။
.

❓ဘယ်လိုလက္ခဏာတွေ ခံစားရမလဲ။

နှလုံးအားနည်းတဲ့ လက္ခဏာတွေကတော့ . . .

(၁) မောခြင်း၊ အသက်ရှူကျပ်ခြင်း၊ ပက်လက်လှဲအိပ်လျှင် အသက်ရှူပိုကျပ်ခြင်း

(၂) ပင်ပန်းနွမ်းနယ်ပြီး အားမရှိခြင်း၊ အမောမခံနိုင်ခြင်း

(၃) ရင်တုန်ခြင်း၊ မူးလဲမလို မိုက်ခနဲဖြစ်ခြင်း

(၄) ခြေလက်များ ဖောရောင်ခြင်း၊ အိပ်ရာထဲ လဲနေသူများတွင် မြှီးညှောင့်ရိုးအနီးတစ်ဝိုက်နှင့် ဝမ်းဗိုက် ဖောရောင်ခြင်းတို့ ဖြစ်ပါတယ်။
.

❓ဘယ်သူတွေမှာ နှလုံးအားနည်းရောဂါ ဖြစ်နိုင်လဲ။

(၁) သွေးတိုးရောဂါကို စနစ်တကျမထိန်းချုပ်နိုင်သူများ
(၂) ဆီးချိုရောဂါကို စနစ်တကျမထိန်းချုပ်နိုင်သူများ
(၃) နှလုံးသွေးကြောကျဥ်းရောဂါ ရှိသူများ
(၄) ကျောက်ကပ်ရောဂါ ရှိသူများ
(၅) နှလုံးလေးဖက်နာ ဖြစ်ဖူးသူများ
(၆) အဝလွန်ရောဂါ ရှိသူများ
(၇) အရက်အလွန်အကျွံသောက်သူများ
(၈) မွေးရာပါ နှလုံးရောဂါဝေဒနာရှင်များ (ဒီလိုလူတွေမှာ နှလုံးအားနည်းခြင်းဟာ မျိုးရိုးလိုက်တတ်ပါတယ်)
(၉) နှလုံးခုန်စည်းချက်မမှန်ရောဂါ ရှိသူများ
(၁၀) သိုင်းရွိုက်ရောဂါသည်များ
(၁၁) Auto Immune ရောဂါရှိသူများ
(၁၂) အသည်းရောင်အသားဝါ C ပိုးရှိသူများမှာ နှလုံးအားနည်းရောဂါ ဖြစ်နိုင်ပါတယ်။
.

❓ဘာတွေစစ်ဆေးဖို့ လိုမလဲ။

နှလုံးအားနည်းရောဂါကို ဖြစ်ပွားစေတဲ့အကြောင်းအချက်ရောဂါတွေကို ရှာဖွေဖို့ရယ်၊ ရောဂါရဲ့ပြင်းအားကို တွက်ဆဖို့ရယ်အတွက် ရှာဖွေစစ်ဆေးမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ရမှာပါ။ အဓိကအားဖြင့်တော့…

(၁) ECG ဆွဲကြည့်ရပါမယ်။
(၂) Echocardiogram လို့ခေါ်တဲ့ နှလုံးဓာတ်မှန် ရိုက်ရပါမယ်။
(၃) CXR အဆုတ်ဓာတ်မှန်လည်း ရိုက်ဖို့လိုအပ်ပါတယ်။
(၄) သွေးထဲမှာ ရေပါဝင်နှုန်းများနေခြင်းနဲ့ နှလုံးအားနည်းရောဂါအတွက် NT pro BNP ဆိုတဲ့ သွေးစစ်တာ ပြုလုပ်ရပါမယ်။
(၅) ဆီးဆေးသောက်နေရသူတွေနဲ့ နှလုံးဆေးသောက်နေရသူတွေအတွက် သွေးထဲမှာပါဝင်တဲ့ ဓာတ်ပစ္စည်းတချို့ကို ပုံမှန်စစ်ကြည့်နေဖို့ လိုအပ်ပါတယ်။
.

❓ကိုယ့်မှာ နှလုံးအားနည်းရောဂါရှိနေပြီဆိုရင် ဘာတွေလုပ်ရမလဲ။

👉 နှလုံးအထူးကုနဲ့ ပုံမှန်ပြသပါ။

👉 ဆေးကုသမှုခံယူနေစဥ်အတွင်း မောခြင်း၊ ဖောရောင်လာခြင်း၊ ရင်ဘတ်အောင့်ခြင်းနဲ့ ကိုယ်အလေးချိန်တက်လာခြင်းများရှိပါက ဆရာဝန်နှင့် အမြန်ဆုံးတိုင်ပင်ပါ။

👉 အငန် လျှော့စားပါ။

👉 ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပါ။

👉 သွေးတိုး၊ ဆီးချိုကို နိုင်အောင်ထိန်းပါ။

👉 ဆေးလိပ်၊ အရက် ဖြတ်ပါ။

👉 ဆေးအသစ်တစ်မျိုးမျိုး (အထူးသဖြင့် တိုင်းရင်းဆေးများ) မသောက်မီ နှလုံးအထူးကုနှင့် တိုင်ပင်ပါ။

အထက်ပါအချက်တွေကို လိုက်နာကျင့်သုံးခြင်းဖြင့် မိမိမှာဖြစ်ပွားနေတဲ့ နှလုံးအားနည်းရောဂါကို ကောင်းစွာထိန်းချုပ်ကုသနိုင်မှာဖြစ်ကြောင်း ပြောကြားရင်း “ နှလုံးအားနည်းရောဂါအကြောင်း” အခြေခံကျန်းမာရေးဗဟုသုတကို မျှဝေပေးလိုက်ပါတယ်။

ပြည်သူအားလုံး နှလုံးအားနည်းရောဂါမှ ကင်းဝေးကြပါစေ…။

နှလုံးအထူးကုဆရာဝန်ကြီးတစ်ဦး
Telekyanmar

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here