ဦးခေါင်းနှင့် လည်ပင်းဆိုင်ရာ
အမြင်အာရုံကြော ရောင်ရမ်းခြင်း Optic Neuritis (February, 2024)
အမြင်အာရုံကြော ရောင်ရမ်းခြင်း (Optic neuritis)
Optic neuritis ဆိုတာကတော့ မျက်လုံးရဲ့ အမြင်အာရုံကြော ရောင်ရမ်းတဲ့ရောဂါ ဖြစ်ပါတယ်။ အဲဒီ အမြင်အာရုံကြောဟာ မျက်လုံးနဲ့ ဦးနှောက်ကို ကေဘယ်ကြိုးတွေလို ဆက်သွယ်ပေးထားတဲ့ အာရုံကြောအမျှင်အစုဖြစ်ပြီး မျက်လုံးကနေ အမြင်အာရုံနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ဦးနှောက်ဆီ ပို့ဆောင်ပေးပါတယ်။ အာရုံကြောအမျှင်တွေပေါ်မှာ...
မေးရိုးဆစ်မှာ ဒါမှမဟုတ် အဲဒီမှာရှိတဲ့ ကြွက်သားတွေမှာ ရောဂါတွေခံစားရတာ Temporomadibular Joint Disorder (TMD)
လူတွေရဲ့ခန္ဓာကိုယ်မှာ မေးရိုးဆစ်ဟာ မေးရိုးနဲ့ ဦးခေါင်းခွံကို ဆက်သွယ်ပေးထားတဲ့ တံခါးပတ္တာတစ်ခုလိုပါပဲ။ မေးရိုးတစ်ဖက်တစ်ချက်ဆီမှာ ဦးခေါင်းခွံနဲ့မေးရိုးကို ဆက်သွယ်ထားတဲ့ မေးရိုးဆစ်တွေ ရှိပါတယ်။ မေးရိုးဆစ်တွေဟာ အစာစားတဲ့အခါ ဝါးတာ၊ ကြိတ်ခြေတာ အစရှိတဲ့ လုပ်ငန်းစဥ်တွေကို လုပ်ဆောင်ပေးပါတယ်။
Temporomadibular joint disorder (TMD) ဆိုတာကတော့ မေးရိုးဆစ်မှာ ဒါမှမဟုတ်...
ငိုကျွေးခြင်း၏ ကျန်းမာရေးအကျိုး (January, 2024)
ငိုကြွေးခြင်းက သင့်ကျန်းမာရေးအတွက် ကောင်းကျိုးပြုပါရဲ့လား.......
ငိုကြွေးခြင်းဟာ လူသားတွေရဲ့ စိတ်ခံစားချက် အခြေအနေအမျိုးမျိုးမှာ ဖြစ်ပေါ်လာတတ်တဲ့ သဘာဝဖြစ်စဉ်တစ်ခုပါ။ ကျွန်မတို့ အူလှိုက်သည်းလှိုက် ရယ်မောရင်၊ နာကျင်ဝမ်းနည်းရင်၊ ပျော်ရွှင်ရင် မျက်ရည်ကျတတ်ကြပါတယ်။ ဒါပေမယ့် ငိုကြွေးခြင်းဟာ တကယ်လိုအပ်လား၊ ကျန်းမာရေးအတွက်ရော ကောင်းလို့လားဆိုတာကို သိချင်ရင် ဆက်ဖတ်ကြည့်ပါနော်။
...
...
????ကျွန်မတို့ ဘာကြောင့် ငိုကြွေးကြတာလဲ.......
ကျွန်မတို့ ကျတဲ့...
ကလေးတွေမှာ ဖြစ်တတ်တဲ့ Croup ရောဂါ (လေပြွန်ရောင်ခြင်းမှတစ်ဆင့်ဖြစ်တဲ့ ချောင်းဆိုးရောဂါ)(January, 2024)
ဒီနေ့အတွက် ဆောင်းတွင်းမှာ ရောဂါပိုးဝင်ရောက်မှုကြောင့် ကလေးတွေမှာ ဖြစ်တတ်တဲ့ Croup ရောဂါ (လေပြွန်ရောင်ခြင်းမှတစ်ဆင့်ဖြစ်တဲ့ ချောင်းဆိုးရောဂါ) အကြောင်းကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
Croup မှာဆိုရင်တော့ အသက်ရှူလမ်းကြောင်းအပေါ်ပိုင်းမှာ ပိုးဝင်တာဖြစ်ပြီး လေပြွန်ကျဥ်းလာ၊ အသက်ရှူရ ကျပ်လာပြီး ကျယ်ကျယ်လောင်လောင် ဆူညံတဲ့ ချောင်းဆိုးခြင်းကို ဖြစ်စေနိုင်ပါတယ်။
ချောင်းဆိုးခြင်းနဲ့အတူ တခြားလက္ခဏာတွေကတော့ အသံအိုးနဲ့...
Screen Time နှင့် မျက်စိကျန်းမာရေး (January,2024)
ဖုန်း၊ တီဗီ၊ ကွန်ပျူတာ အစရှိသော ဒစ်ဂျစ်တယ်ဖန်သားမျက်နှာပြင်ကို ကြည့်ရှုချိန် (Screen time) များကြသူများအတွက် မျက်စိကျန်းမာရေး
ကိုဗစ် - 19 ရောဂါ ဖြစ်ပြီးနောက်ပိုင်းနဲ့ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကိုယ့်အိမ်မှာပဲ အလုပ်လုပ်၊ စာသင် စသဖြင့် လုပ်ကြရင်း Screen time များလာကြပါတယ်။ နည်းပညာဖွံ့ဖြိုးမှုတွေနောက်ကို...
“ဘေဘီလေးတွေမှာ အဖြစ်များတဲ့ လေပြွန်ရောင်ရမ်းခြင်း” Bronchiolitis in Children (January,2024)
“ဘေဘီလေးတွေမှာ အဖြစ်များတဲ့ လေပြွန်ရောင်ရမ်းခြင်း”
အသက် ၁ နှစ်အောက်ကလေးတွေမှာ ဖျားတာနဲ့အတူ နှာစေး၊ ချောင်းဆိုးပြီး အသက်ရှူသံ တရွှီရွှီမြည်နေတယ်ဆိုရင် ဖြစ်နိုင်ခြေအမြင့်ဆုံးက လေပြွန်ရောင်တာပါ။
ကလေးငယ်တွေမှာ လေပြွန်ရောင်ခြင်းကို အဓိကဖြစ်စေတာကတော့ အသက်ရှူလမ်းကြောင်းဗိုင်းရပ်စ် (RSV - respiratory syncytial virus) ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဘတ်တီးရီးယားပိုး၊...
ရုတ်တရက် ဖိအားပြောင်းလဲခြင်းကြောင့် ခန္ဓာကိုယ်ထိခိုက်ခြင်း Barotrauma (January,2024)
ရုတ်တရက် ဖိအားပြောင်းလဲခြင်းကြောင့် ခန္ဓာကိုယ်ထိခိုက်ခြင်း (Barotrauma)
လေဖိအား သို့မဟုတ် ရေဖိအား ရုတ်တရက်ပြောင်းလဲသွားတဲ့အခါ ခန္ဓာကိုယ်မှာ ထိခိုက်ပျက်စီးစေတာကို Barotrauma လို့ခေါ်ပါတယ်။ Airplane ear လို့ခေါ်တဲ့ လေယာဉ်ပျံစီးတဲ့အခါ နားအူခြင်းက barotrauma ရဲ့ အဖြစ်များတဲ့ဥပမာ ဖြစ်ပါတယ်။ Barotrauma ဟာ တစ်ခါတလေ ပြင်းထန်တဲ့...
မျက်လုံးခြောက်သွေ့ခြင်း Dry Eye (December,2023)
မျက်လုံးခြောက်သွေ့ခြင်း (Dry Eye)
ပုံမှန်အားဖြင့် လူတွေမှာ မျက်လုံးကို မခြောက်သွေ့နေစေဖို့အတွက် ခဏခဏမျက်တောင်ခတ်ပြီး မျက်ရည်တွေ ထုတ်ပေးရာကနေတစ်ဆင့် မျက်လုံးစကို စိုစွတ်နေအောင် ပြုလုပ်လေ့ရှိပါတယ်။
Dry eye ဆိုတာကတော့ မျက်လုံးကို စိုစွတ်အောင် ပြုလုပ်ပေးမယ့် မျက်ရည် လုံလုံလောက်လောက် မထုတ်လုပ်နိုင်တာကြောင့်ဖြစ်တဲ့ မျက်လုံးခြောက်ခြင်း ရောဂါတစ်မျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။...
မျက်ခွံနဲ့ မျက်ခမ်းစပ်လှုပ်ခြင်း Eye Twitching (December,2023)
မျက်ခွံလေး ဖျတ်ခနဲ လှုပ်လှုပ်သွားရင် ကံကောင်းတာလား၊ ကံဆိုးတာလား ဆိုတာကိုပဲ အရင်စဉ်းစားနေကြတုန်းလား .......
...
...
မျက်ခွံနဲ့ မျက်ခမ်းစပ်လှုပ်ခြင်း (Eye Twitching) က ကျန်းမာရေးနဲ့ရော ဘယ်လိုဆက်စပ်နေလဲဆိုတာ ဖတ်ကြည့်လိုက်ကြရအောင်။
...
...
ဘာကြောင့် မျက်ခွံလှုပ်တာလဲ.......
အဖြစ်အများဆုံး မျက်ခွံလှုပ်ခြင်းကို Ocular Myokymia လို့ ခေါ်ပါတယ်။ ကျန်းမာရေးချို့ယွင်းမှုတွေ၊ ဆိုးကျိုးတွေ ဆက်မရှိဘဲ...
“ ဆီးချိုရောဂါကြောင့် အာရုံကြောထိခိုက်ခြင်း (သို့မဟုတ်) ဆီးချိုနှီးနွယ် အာရုံကြောရောဂါ” (December,2023)
ဆီးချိုရောဂါဟာ သင့်ရဲ့အာရုံကြောတွေကို ထိခိုက်စေနိုင်ပါတယ်။ ဆီးချိုရောဂါရှိသူတွေရဲ့ ထက်ဝက်ခန့်ဟာ အာရုံကြောထိခိုက်မှု ရှိတတ်ကြပြီး၊ ဒီလိုမျိုး ဆီးချိုကြောင့် အာရုံကြောထိခိုက်ခြင်းဟာ ခြေထောက်နဲ့ လက်တွေမှာသာမက ကိုယ်တွင်းအင်္ဂါတွေနဲ့ ကြွက်သားတွေမှာပါ ထိခိုက်နိုင်ပါတယ်။
ဒီအတွက် သိမှတ်ထားသင့်တဲ့ ဆီးချိုနှီးနွယ် အာရုံကြောရောဂါ အမျိုးအစားတွေကတော့...
(၁) ဆီးချိုကြောင့် အစွန်အဖျား သိမှုအာရုံကြောများ ထိခိုက်ခြင်း (Symmetric...
ဆောင်းရာသီတွင်အဖြစ်များသော နာမကျန်းမှုများ အကြောင်း (Video) (December,2023)
မှုန်ပြာရီ ရာသီတွေပြောင်း တဆောင်းသစ်ပြန်ပြီဆိုတဲ့ ကိုသန်းလှိုင်သီချင်းထဲကလိုပါပဲ... ခုဆိုရင် ဆောင်းရာသီ ရောက်လာပြီ ဖြစ်ပါတယ်။ ဆောင်းရက်တွေဟာ အအေးဓာတ်နဲ့အတူ အဖြစ်များတဲ့ရောဂါတချို့ကိုလည်း လက်ဆောင်ပေးလေ့ရှိပါတယ်။ ဒီ video မှာတော့ ဆောင်းရာသီမှာ လူကြီးတွေရော၊ ကလေးသူငယ်တွေမှာပါ အဖြစ်များတဲ့ ရောဂါ (၆) မျိုးအကြောင်းကို ကူးစက်ပုံ၊ သတိထားရမည့်အချက်တွေနဲ့...
ချာချာလည်မူးခြင်း Vertigo (November,2023)
မသောက်ဘဲ ချာချာလည်အောင် မူးတယ်ဆိုတာမျိုး ကြားဖူးကြသလို ဖြစ်လည်း ဖြစ်ဖူးကြမှာပါ။
ဒီလို ချာချာလည်မူးတာကို ဆေးပညာအခေါ်အဝေါ် အရဆိုရင်တော့ vertigo လို့ ခေါ်ပါတယ်။
.
????ချာချာလည်မူးခြင်း (Vertigo) ဘာကြောင့် ဖြစ်ရလဲ။
လူခန္ဓာကိုယ် လှုပ်ရှားသွားလာတဲ့အချိန်မှာ ဟန်ချက်ညီညီ လှုပ်ရှားနိုင်ဖို့ နားအတွင်းမှာရှိတဲ့ ခရုခွေလေးတွေနဲ့ အဲဒီအထဲက အရည်လေးတွေက ထိန်းညှိပေးပါတယ်။ ဒီအရည်လေးတွေ...
အပြင်နားလမ်းကြောင်း ရောင်ရမ်းခြင်း Swimmer’s ear (November,2023)
Swimmer’s ear (အပြင်နားလမ်းကြောင်း ရောင်ရမ်းခြင်း)
Swimmer’s ear ဆိုတာကတော့ အတွင်းဘက် နားစည်ကနေ အပြင်ဘက် နားအပေါက်ဝအထိ ဆက်ထားတဲ့ အပြင်နားလမ်းကြောင်းမှာ ပိုးဝင်တာကို ဆိုလိုတာ ဖြစ်ပါတယ်။ နားထဲမှာ ရေဝင်နေတဲ့အခါတွေမှာ စိုစိုစွတ်စွတ်ဖြစ်နေတာကြောင့် ဘက်တီးရီးယားပေါက်ပွားဖို့ ပိုလွယ်ကူတဲ့အတွက်ကြောင့် ဖြစ်လေ့ရှိပါတယ်။
နားထဲကို လက်ချောင်းတွေ၊ ဂွမ်းစတွေနဲ့ တခြားသောအရာဝတ္ထုပစ္စည်းတွေကို...
စိတ်ဖိစီးမှုကြောင့်ဖြစ်တတ်တဲ့ ခေါင်းကိုက်ခြင်း Tension Headache (October,2023)
စိတ်ဖိစီးမှုကြောင့်ဖြစ်တတ်တဲ့ ခေါင်းကိုက်ခြင်း (Tension Headache)
ခေါင်းကိုက်ခြင်းဝေဒနာဆိုတာ လူတိုင်း နေ့စဥ်ဘဝမှာ ရံဖန်ရံခါ (သို့) မကြာခဏ ကြုံတွေ့ခံစားရတဲ့ ပြဿနာ ဖြစ်ပါတယ်။
ခေါင်းကိုက်တယ်လို့ အလွယ်တကူ ပြောတတ်ကြပေမယ့် တကယ်တမ်းမှာ ပါရာစီတမောသောက်ရုံလောက်နဲ့ အဆင်မပြေတဲ့ မပေါ့ဆသင့်တဲ့ ခေါင်းကိုက်ခြင်းတွေရှိသလို အန္တရာယ်မများတဲ့ ခေါင်းကိုက်ဝေဒနာတွေလည်း ရှိပါတယ်။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ခေါင်းကိုက်ဝေဒနာဟာ...
မျက်စိစွန်တဲ့အကြောင်း Stye & Chalazion (October,2023)
မျက်စိစွန်တဲ့ အကြောင်းလေး ပြောပြမယ်။ ကြီးမှ ဝက်သက်ပေါက်တယ်လို့ ပြောကြသလို မျက်စိစွန်ရင် လူပါစွံတော့မယ်ဆိုလား။
မျက်စိစွန်တာ ၂ မျိုး ရှိပါတယ်။
၁။ Stye မျက်စိအပြင်စွန်
၂။ Chalazion မျက်စိအတွင်းစွန်
မျက်စိအပြင်စွန်ထက် မျက်စိအတွင်းစွန်က ပိုအဖြစ်များပါတယ်။ မျက်စိအပြင်စွန်က မျက်တောင်မွှေးအရင်းကို ပိုးဝင်တာကြောင့် ဖြစ်ပါတယ်။
အဖြစ်များတာက မျက်စိအတွင်းစွန်ပါ။ ပြောပြမယ်နော်။
မျက်ခမ်းမှာ မျက်ရည်အဆီထွက်တဲ့...
အဖြစ်များနေတဲ့ မျက်စိနာခြင်းအကြောင်း (Video)(October,2023)
ခုတလော ရာသီအကူးအပြောင်းမှာ ရာသီတုတ်ကွေးတွေအဖြစ်များနေသလို မျက်စိနာတာတွေလည်း အဖြစ်များတာ တွေ့ရပါတယ်။ အဲသည်လို မျက်စိနာတာတွေက ဘာကြောင့်ဖြစ်တာလဲ၊ မျက်စိနာလာရင်ဘယ်လိုပြုမူနေထိုင်ကုသရမလဲ၊ ဘယ်လိုအပြုအမူတွေကြောင့် တယောက်နဲ့တယောက် မျက်စိနာရောဂါကူးစက်ကြသလဲ စတဲ့ သိထားသင့်တဲ့ အကြောင်းအရာတွေကို ဒေါက်တာဆုတောင်းပြည့်က မျှဝေပေးထားပါတယ်။
Ministry of Health,
National Unity Government.
https://youtu.be/BoyhCUG7EaI?si=fzQIeQXyOwJg1HoP
ကျီးကန်းပါးစပ်နာ Angular Stomatitis (October,2023)
နှုတ်ခမ်းထောင့်မှာ ဖြစ်လေ့ရှိတဲ့ ကျီးကန်းပါးစပ်ဆိုတာ…
အရပ်ထဲမှာ “ကျီးကန်းပါးစပ်နာ” လို့ ခေါ်လေ့ရှိတဲ့အနာကို ဆေးပညာအရ “angular stomatitis” (သို့မဟုတ်) “angular cheilitis” လို့ ခေါ်ပါတယ်။
.
???? ကျီးကန်းပါးစပ် ဆိုတာ
အပေါ်နှုတ်ခမ်းနဲ့ အောက်နှုတ်ခမ်းဆုံရာ ပါးစပ်ထောင့်မှာ ကွဲအက်ပြီး နီရဲရောင်ရမ်းတာမျိုး ဖြစ်ပါတယ်။ တစ်ဖက်တည်းမှာဖြစ်နိုင်သလို တစ်ချိန်တည်းမှာ နှုတ်ခမ်းထောင့်...
အရက်သောက်ပြီးနောက် မျက်နှာနီမြန်းခြင်း Asian Flush (September,2023)
“အရက်သောက်ပြီးနောက် မျက်နှာနီမြန်းခြင်း (Asian flush)”
တချို့လူတွေက အရက်သောက်ပြီးရင် မျက်နှာတွေ နီရဲလာတတ်ပါတယ်။ ဒါဟာခန္ဓာကိုယ်က အရက်ကို ထိရောက်စွာ မချေဖျက်နိုင်တာကြောင့် Acetaldehyde လို့ခေါ်တဲ့ ဓာတ်တွေ အလွန်အကျွံများလာတာကြောင့် ဖြစ်ပါတယ်။ ဒီဓာတ်ပစ္စည်းဟာ အဆိပ်အတောက်ဖြစ်စေပြီး histamine ထွက်စေကာ နီမြန်းခြင်းနှင့် အခြားလက္ခဏာတွေကို ဖြစ်စေနိုင်ပါတယ်။
အချို့လူတွေဟာ မျိုးရိုးဗီဇလက္ခဏာတွေကြောင့်...
လည်ပင်းကျီးပေါင်း Cervical Spondylosis (September,2023)
"လည်ပင်းကျီးပေါင်း (Cervical Spondylosis)"
လူတော်တော်များများ ကြားဖူးနားဝရှိကြတဲ့ လည်ပင်းကျီးပေါင်းဆိုတာဟာ တကယ်တော့ အသက်အရွယ်အရ ဖြစ်ပေါ်လာတဲ့ အရိုးနဲ့အရွတ်အချို့ ထိခိုက်ပျက်စီးလာတဲ့ ရောဂါတစ်မျိုး (Degenerative disease) ဖြစ်ပြီး အဓိကအားဖြင့် လည်ပင်းနားတစ်ဝိုက်မှာ နာကျင်တောင့်တင်းမှုကို ခံစားရလေ့ ရှိပါတယ်။
.
???? ရောဂါဖြစ်ပေါ်လာပုံ
အသက်အရွယ်ရလာတာနဲ့အမျှ ကျောရိုးဆစ်တွေကြားမှာရှိတဲ့ (intervertebral disc) လို့ခေါ်တဲ့...
ပြင်းထန် ဓာတ်မတည့်တုံ့ပြန်မှု Anaphylaxis(August,2023)
ပြင်းထန် ဓာတ်မတည့်တုံ့ပြန်မှု ( Anaphylaxis )
ပြင်းထန်သော ဓာတ်မတည့်သည့် တုံ့ပြန်မှုတစ်ခုကို ဆေးပညာစကားအရ Anaphylaxis လို့ ခေါ်ပါတယ်။
မတည့်တဲ့အစားအစာ၊ အင်းဆက်ပိုးမွှားကိုက်ခံရခြင်းနဲ့ အခြားအကြောင်းအရင်းတွေကြောင့် ဖြစ်နိုင်ပြီး၊ အဖြစ်များတဲ့ လက္ခဏာတွေကတော့ ရောင်ရမ်းခြင်း၊ အင်ပျဉ်ထခြင်းနဲ့ အသက်ရှူရခက်ခဲခြင်းတို့ ဖြစ်ပါတယ်။
Asthma and Allergy Foundation of...
ဓာတ်မတည့်မှုကြောင့်ဖြစ်သော ဖောရောင်ခြင်း Angioedema(August,2023)
"ဓာတ်မတည့်မှုကြောင့်ဖြစ်သော ဖောရောင်ခြင်း (Angioedema)"
Angioedema ဆိုတာ အရေပြားအောက် (သို့) အရည်ထုတ်ပေးနိုင်တဲ့ အမြှေးပါးအောက်ရှိ တစ်သျူးအလွှာ ရောင်ရမ်းခြင်းဖြစ်ပြီး အရည်တွေစုလာကာ သွေးကြောများကျယ်လာခြင်း ဖြစ်ပါတယ်။
ဒီလိုရောင်ရမ်းခြင်းဟာ မျက်နှာ၊ လျှာ၊ နှုတ်ခမ်း၊ လည်ချောင်း၊ လက်နဲ့ ခြေထောက်တို့မှာ အများဆုံးဖြစ်ပွားတတ်ပြီး လည်ချောင်း၊ အဆုတ် (သို့) အစာအိမ်နဲ့...
“ ကလေးသူငယ်များနဲ့ ချောင်းဆိုးပျောက်ဆေး” Children and Cough Relief (August,2023)
"ကလေးသူငယ်များနဲ့ ချောင်းဆိုးပျောက်ဆေး"
???? ကလေးသူငယ်များနဲ့ ချောင်းဆိုးခြင်း
အသက်ရှူလမ်းကြောင်းကို ဒုက္ခပေးတဲ့ ဗိုင်းရပ်စ်တွေနဲ့ ထိတွေ့မှုနည်းနေသေးတဲ့အတွက် ကလေးများဟာ တစ်နှစ်ကို နှာစေးချောင်းဆိုး ၆ ကြိမ်ကနေ ၁၂ ကြိမ်လောက်အထိ ဖြစ်တတ်ကြပါတယ်။
တစ်ခါဖြစ်ရင်လည်း ၅ ရက်/တစ်ပတ်ကနေ နှစ်ပတ်လောက်အထိ ကြာနိုင်ပါတယ်။
အများစုက ဗိုင်းရပ်စ်ကြောင့်ဖြစ်ကြပြီး ဆေးသောက်စရာမလိုဘဲ ၅ ရက်/တစ်ပတ်လောက်မှာ အလိုလို...
အသက်ရှူလမ်းကြောင်းဆိုင်ရာ ပိုးဝင်ခြင်းအကြောင်း Respiratory Tract Infection (August,2023)
"အသက်ရှူလမ်းကြောင်းဆိုင်ရာ ပိုးဝင်ခြင်းအကြောင်း သိကောင်းစရာ"
???? အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းဆိုတာ ဘာလဲ?
ရက်တိုအသက်ရှူလမ်းကြောင်းဆိုင်ရာ ပိုးဝင်ခြင်းဆိုတာ ပုံမှန်အသက်ရှူခြင်းကို အနှောင့်အယှက်ဖြစ်စေတဲ့ ရောဂါပိုးဝင်ခြင်း ဖြစ်ပါတယ်။
ဒီလိုအသက်ရှူလမ်းကြောင်းပိုးဝင်တဲ့အခါ နှာခေါင်းထိပ် (sinus) ကနေ အသံကြိုး (vocal cord) အထိ ပါတတ်ပြီး တစ်ခါတလေ အသံကြိုး (vocal cords) ကစပြီး...
Stroke Prevention” (May 2023)
ကိုယ်တစ်ခြမ်း မလှုပ်နိုင်၊ လမ်းမလျှောက်နိုင်၊ စကားပီပီသသ မပြောနိုင်…အစရှိတဲ့ လေဖြတ်ခံထားရတဲ့ လူနာမျိုးတွေနဲ့ တွေ့ဖူးကြုံဖူးကြမယ်လို့ ထင်ပါတယ်။
ဒီနေ့ ပြောပြချင်တဲ့အကြောင်းကတော့ လေဖြတ်ရောဂါမဖြစ်အောင် ဘယ်လို စားသောက်နေထိုင်ရမလဲ ဆိုတဲ့အကြောင်းလေး ဖြစ်ပါတယ်။
လေမဖြတ်အောင် အကောင်းဆုံးနေထိုင်နည်းလမ်းတွေကတော့ အာဟာရမျှတတဲ့ အစားအသောက် စားခြင်း၊ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်၊ ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ခြင်း၊ အရက်အလွန်အကျွံသောက်သုံးခြင်းကို...
Stye
“မျက်စိစွန်ခြင်း (Stye)”
မျက်စိစွန်ခြင်းဟာ လူတိုင်းနဲ့ မစိမ်းလှတဲ့ မျက်စိနာရောဂါတစ်မျိုး ဖြစ်ပါတယ်။ မျက်စိနီရဲ ရောင်ရမ်းပြီး နာကျင်ခံခက်ဖြစ်စေတဲ့ ဒီမျက်စိရောဂါအကြောင်းလေးကို ဆက်လက်ဖတ်ရှုရအောင်နော် …
မျက်စိစွန်တယ်ဆိုတာ…
မျက်ခွံအပြင်ဘက်မှာ ရောင်ရမ်းနာကျင်စေတဲ့ အဖုအလုံးရဲရဲလေးဖြစ်ပေါ်လာတာကို မျက်စိနာတယ်၊ မျက်စိစွန်တယ်လို့ ဆိုကြပါတယ်။
တစ်ခါတစ်ရံ မျက်ခွံအတွင်းဘက်မှာလည်း ဖြစ်တတ်ပါတယ်။ မွှေးကျွတ်နာ၊ အနာစိမ်း၊ ဝက်ခြံဖုပုံမျိုးနဲ့ ဆင်တူပြီး တစ်ခါတစ်ရံ...
“ Vaping” (Video) (April 2023)
တချို့က ဆေးလိပ်ဖြတ်ဖို့ Vape သောက်ကြပါတယ်။ တချို့ကလည်း ဆေးလိပ်ထက် Vape က ကျန်းမာရေးကို ထိခိုက်မှုနည်းတယ်ဆိုပြီး Vape သောက်ကြပါတယ်။ ဒီ Video ထဲမှာတော့ Vaping ဆိုတာ ဘာလဲ၊ ဘာတွေ ပါဝင်သလဲ၊ ဆိုးကျိုးတွေက ဘာတွေလဲ၊ ဆေးလိပ်ကို Vaping...
ချွဲသလိပ်အရောင်တွေနဲ့ သင့်ကျန်းမာရေး “ Colors of Sputum” (April 2023)
“ချွဲသလိပ်အရောင်တွေနဲ့ သင့်ကျန်းမာရေး…”
အဆုတ်မှာပြဿနာတစ်ခုခုဖြစ်တဲ့အခါ ထွက်တဲ့အချွဲ အရောင်၊ သလိပ်အရောင်ကို ပြောင်းစေပါတယ်။ အဆုတ်ပိုးဝင်တဲ့အခါမျိုးမှာ အစိမ်းရောင် (သို့) အဝါရောင်ဖြစ်တတ်ပြီး၊ အဆုတ်မှာသွေးထွက်နေတဲ့အခါ အညိုရောင် ဖြစ်တတ်ပါတယ်။
ပုံမှန်အားဖြင့် ချွဲသလိပ်ဟာ အရောင်မရှိ၊ မပျစ်ပါဘူး။ နေမကောင်းဖြစ်တဲ့အခါ၊ ရောဂါပိုးဝင်တဲ့အခါတွေမှာ ချွဲတွေဟာ ပိုပျစ်လာပြီး အရောင်လည်းပြောင်းလာတတ်ပါတယ်။ အခြားအချက်တွေကလည်း ချွဲသလိပ်အရောင်ပြောင်းခြင်းကို ဖြစ်စေနိုင်ပါတယ်။
ချွဲသလိပ်အရောင်ပြောင်းခြင်းက...
မြင်ကွင်းထဲမှာ အမည်း (ဒါမှမဟုတ်) ခဲရောင် အချောင်းလေးတွေကို မြင်နေရခြင်း “ Eye Floater” (April...
မျက်စိရောဂါတစ်မျိုး (Eye Floater)
Eye Floater ဆိုတာ ဘာလဲ
Eye Floater ဆိုတာ မျက်လုံးထဲမှာရှိတဲ့ ဂျယ်လီလိုအရည်တစ်မျိုး (vitreous humor) ဟာ အကြောင်းအမျိုးမျိုးကြောင့် အရည်ပျော်လာပြီး၊ ဂျယ်လီလိုမနေ တော့ဘဲ အရည်ဖြစ်သွားတဲ့အခါ အထဲမှာရှိတဲ့ အမှုန်အမွှားလေးတွေ အချောင်းလေးတွေကို မြင်နေရတာမျိုးပါ။
ကိုယ့်မြင်ကွင်းထဲမှာ...
နာတာရှည် ပင်ပန်းနွမ်းနယ်ပြီး ညောင်းကိုက်နေတတ်တဲ့ ရောဂါတစ်မျိုး “ Chronic Fatigue Syndrome (CFS)/ Myalgic Encephalomyelitis”...
"နာတာရှည် ပင်ပန်းနွမ်းနယ်ပြီး ညောင်းကိုက်နေတတ်တဲ့ ရောဂါတစ်မျိုး (သို့) Chronic Fatigue Syndrome (CFS) / Myalgic Encephalomyelitis"
CFS ဆိုတာ ရက်ရှည် ပင်ပန်းနွမ်းနယ်တဲ့ (ဒါမှမဟုတ်) အားအင်ကုန်ခမ်းသွားတဲ့ ခံစားချက် ဖြစ်ပြီး ဆက်တိုက်ဖြစ်နိုင်သလို၊ (၆) လကျော်ထိ ပြန်ပြန်ဖြစ်နေတတ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။...
How to Prevent Heat Stroke (Video) (April, 2023)
အပူဒဏ်အန္တရာယ်ကို ဘယ်လိုကာကွယ်ကြမလဲ
ခုချိန်မှာ ပူပြင်းလွန်းတဲ့ နွေရာသီကို ရောက်လာပြီဖြစ်လို့ ပြင်းထန်တဲ့ နေ့အပူချိန်ကို ခံစားကြရပါတယ်။ အပူချိန်ပြင်းထန်လွန်းတဲ့အတွက်ကြောင့်ဖြစ်တဲ့ ကျန်းမာရေးပြဿနာတွေ၊ အပူဒဏ်ကို ဘယ်လိုရင်ဆိုင်ကျော်လွှားရမလဲဆိုတာတွေနဲ့ အပူဒဏ်ကြောင့်ဖြစ်တဲ့ ကျန်းမာရေးပြဿနာတွေအတွက် အရေးပေါ်ရှေးဦးပြုစုနည်းတွေကို ဒေါက်တာဆုတောင်းပြည့်က ရှင်းလင်းစွာ မျှဝေပေးထားပါတယ်။
Ministry of Health,
National Unity Government.
https://www.youtube.com/watch?v=n2F7P1zMjao
Published on: 2...
” လျှာမြေပုံ (သို့မဟုတ်) Geographic tongue “
" လျှာမြေပုံ (သို့မဟုတ်) Geographic tongue "
"Geographic tongue" တဲ့။ တိုက်ရိုက်ဘာသာပြန်ရရင် ပထဝီဝင်လျှာဆိုတော့ နည်းနည်းတော့ စဥ်းစားရကျပ်တာပေါ့။
ဟုတ်ပါတယ် သူ့နာမည်အတိုင်းပါပဲ။ ဘာကြောင့်လဲဆိုတော့ နာမည်အတိုင်း လျှာပေါ်မှာ မြေပုံလို အကွက်လိုက် အကွက်လိုက် ဖြစ်နေတဲ့ရောဂါမို့ပါ။ ဒါကို လိုလိုနဲ့တိုရှင်း လျှာမြေပုံလို့ပဲ ခေါ်ကြပါတယ်။
လျှာမြေပုံဆိုတာကတော့...
“ မွှေးကျွတ်နာ (Folliculitis)” (March,2023)
"မွှေးကျွတ်နာ ( Folliculitis)"
အခုလို အလှအပကို အလေးထားလာကြတဲ့ခေတ်ကြီးမှာ အမွှေးကင်းရှင်းပြီး ဖြူဝင်းတဲ့ အသားအရည်ကို ပိုင်ဆိုင်ဖို့ အမျိုးမျိုး ကြိုးစားလာကြပါတယ်။ ဒါကြောင့် အမွှေးအမျှင်ရှိတာ မကြိုက်တဲ့သူတွေအတွက် အမွှေးအမျှင်တွေကို ဖယ်ရှားတဲ့နည်းတွေဖြစ်တဲ့ shaving တို့၊ waxing တို့ကလည်း နေရာတိုင်းလိုလိုမှာ ခေတ်စားလာကြပါတယ်။ ဒါပေမယ့် သေချာစနစ်တကျ...
“ ပါးချိတ်ရောင်ခြင်း (Mumps)”
"ပါးချိတ်ရောင်ခြင်း (Mumps)"
ပါးချိတ်ရောင်တယ်ဆိုတာ တံတွေးဂလင်းတွေမှာ ဗိုင်းရပ်စ်ပိုးတွေ ကူးစက်ခံရလို့ ဖြစ်တဲ့ရောဂါပါ။
တံတွေးဂလင်းတွေထဲကမှ parotid gland လို့ခေါ်တဲ့ နားရွက်ရဲ့ အရှေ့ဘက်နဲ့ အောက်ဘက် (လွယ်လွယ်ပြောရရင် မေးရိုးနေရာ/ နားသယ်အစပ်က ဆံပင်ထောက်တဲ့နေရာ) က တံတွေးဂလင်းတွေ ရောင်ရမ်းတာ ဖြစ်ပါတယ်။
ပါးချိတ်ရောင်ရောဂါ (mumps) ဟာ ကလေးတွေမှာ တွေ့ရများတဲ့...
အယ်လ်ဇိုင်းမား သတိမေ့ရောဂါ Alzheimer’s Disease (October, 2022)
အယ်လ်ဇိုင်းမား သတိမေ့ရောဂါ (Alzheimer's Disease)
ခေတ်ရေစီးကြောင်းတွေပြောင်းလာတာနဲ့အမျှ generation gap အရ လူငယ်ကနေ လူကြီး၊ လူကြီးကနေ လူငယ် အပြန်အလှန်နားလည်ဖို့ ခက်လာချိန်မှာ တချို့လူကြီးရောဂါတွေကို သိနားလည်ထားဖို့ လိုအပ်လာပါတယ်။
အဲဒီ့အထဲမှာ သတိမေ့တတ်တာမဆန်းပေမယ့် လူကြီးတွေမှာ ရောဂါတစ်ခုအနေနဲ့လည်း ဖြစ်နိုင်ပါတယ်။ သတိမေ့တတ်တဲ့ရောဂါအုပ်စုကြီး Dementiaရဲ့အောက်မှာ သတိမေ့တတ်တဲ့ရောဂါမျိုးခွဲတွေအများကြီးရှိတဲ့ထဲက ၆၀-၇၀%ဟာ...
သိုင်းရွိုက်ဟော်မုန်းရောဂါများ Hypothyroidism and Hyperthyroidism (October, 2022)
“ သိုင်းရွိုက်ဟော်မုန်းရောဂါများ ( Hypothyroidism and Hyperthyroidism ) ”
အရှေ့တစ်ပတ်က လည်ပင်းကြီးရောဂါ ( Goitre ) အကြောင်း ပြောပြပြီးပြီဆိုတော့ ခုက သိုင်းရွိုက်ဟော်မုန်းရောဂါတွေအကြောင်း ပြောပြပါမယ်။
သိုင်းရွိုက်ဂလင်းဆိုတာ ဘာလဲက ပြန်စလိုက်ရအောင် …..
သိုင်းရွိုက်ဆိုတာ လည်ပင်းရှေ့တည့်တည့် အောက်ခြေနားလောက်မှာရှိတဲ့ လိပ်ပြာပုံစံ gland...
မျက်နှာတစ်ခြမ်းရှိကြွက်သား အားနည်းခြင်း Bell’s Palsy (October, 2022)
Bell’s Palsy (မျက်နှာတစ်ခြမ်းရှိကြွက်သား အားနည်းခြင်း)
Bell’s palsy ဆိုတာဟာ အာရုံကြောထိခိုက်ပျက်စီးမှုကြောင့် မျက်နှာတစ်ခြမ်းမှာရှိတဲ့ ကြွက်သားတွေ ၊ ဂလင်းတွေ အားနည်းသွားတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ မျက်နှာတစ်ခြမ်း လေဖြတ်တယ်လို့ သုံးနှုန်းကြပေမယ့် တကယ်တမ်းတော့ ဦးနှောက်သွေးကြောပေါက်တာ /ပိတ်တာကြောင့်ဖြစ်တဲ့ လေဖြတ်တာမျိုးနဲ့ မတူပါဘူး
အဲဒီ့အစား...ခါးရိုးအာရုံကြောညပ်တဲ့အခါ ခြေထောက်တွေ အားနည်းသွားသလိုမျိုးနဲ့ ပိုဆင်တူပါတယ်။...
အိပ်တဲ့အချိန် ဟောက်ခြင်း Snoring (October, 2022)
သင်ဟာ အိပ်ချိန်မှာ ဟောက်တတ်တဲ့ လူတစ်ယောက်လား? ဒါမှမဟုတ် သင့်မိသားစုထဲမှာ ညအိပ်တဲ့အခါ ဟောက်တတ်တဲ့သူရှိလို့ ညဘက် မအိပ်နိုင်ဘဲ စိတ်အနှောင့်အယှက်ဖြစ်နေရလား?
ကိုယ်ကိုယ်တိုင် အိပ်တဲ့အချိန် မဟောက်တတ်ဘူးဆိုရင်တောင်မှ အိမ်မှာ လူကြီးသူမတွေ အိပ်နေတုန်း ဟောက်တဲ့အသံကို ကြားဖူးကြမယ်လို့ ထင်ပါတယ်။ တချို့ကတော့ အရမ်းပင်ပင်ပန်းပန်း အလုပ်လုပ်ရတဲ့နေ့တွေဆို ညဘက်အိပ်တဲ့အချိန်တွေမှာ ဟောက်တတ်တယ်လို့...
လည်ပင်းကြီးရောဂါ Goitre (October, 2022)
လည်ပင်းကြီးရောဂါ ( Goitre )
လည်ပင်းကြီးရောဂါဟာ သိုင်းရွိုက်ဂလင်း ပုံမှန်မဟုတ်ဘဲ ကြီးထွားလာတဲ့အခြေအနေတစ်ခုပါ။ သိုင်းရွိုက်ဂလင်းတစ်ခုလုံး ကြီးတာဖြစ်နိုင်သလို တစ်စိတ်တစ်ပိုင်းပဲ ကြီးတာလည်း ဖြစ်နိုင်ပါတယ်။ သိုင်းရွိုက်ဂလင်းဆိုတာက လည်ပင်းအောက်နားက လေပြွန်ရှေ့မှာရှိတဲ့ လိပ်ပြာပုံစံ ဂလင်းပဲ ဖြစ်ပါတယ်။
????လည်ပင်းကြီးရောဂါ အမျိုးအစားတွေကတော့ ….(၁) Diffuse smooth goitre
ဒီအမျိုးအစားမှာတော့ သိုင်းရွိုက်ဂလင်းတစ်ခုလုံး...
လျှာကပေးတဲ့ ဝေဒနာများ Sore Tongue (October, 2022)
Sore Tongue (သင့်ရဲ့လျှာက ပေးတဲ့ ဝေဒနာများ )
လျှာပြင်ဝယ် နာကျင်တယ် ဆိုတာ အင်မတန်ခံရခက်တဲ့ ဝေဒနာပါ။ အစာလမ်းကြောင်းကြီးရဲ့ အရသာအထူးဆုံး အမြိန်ဆုံး အပိုင်းမှာမှ ခံရတာဆိုတော့ ဖြစ်လာပြီဆို အမြန်ဆုံး ပျောက်ကင်းချင်တတ်ကြတာ မဆန်းပါဘူး။ သည်တော့ အမျိုးမျိုးသော အရင်းခံအကြောင်းတွေ ဆက်စပ်အခြေအနေတွေကို...
တံတွေးဂလင်းအကျိတ်ရောဂါ Salivary Gland Tumour (October, 2022)
ရှားပါးသော်ငြား မေ့မထားသင့်တဲ့ တံတွေးဂလင်းအကျိတ်ရောဂါ (Salivary gland tumour)
????တံတွေးဂလင်းဆိုတာကို ရှေးဦးစွာ ရှင်းပြပါရစေ...
တံတွေးဂလင်း (salivary gland)ဆိုတာ အာခေါင်ခံတွင်းအတွင်း တံတွေးထုတ်ပေးတဲ့ အရည်အိတ်လေးတွေပါ။ အစာစားရာမှာ အထောက်အကူဖြစ်သလို မိမိတို့ပါးစပ်ကို ခြောက်သွေ့မနေစေဖို့နဲ့ သွားတွေ ကျန်းမာဖို့အတွက်လည်း အထောက်အကူဖြစ်စေပါတယ်။
တံတွေးဂလင်းတွေ အများကြီးရှိတဲ့ထဲက အရေးကြီးတဲ့ တံတွေးဂလင်းကတော့ (၃)ခုလောက်ရှိပါတယ်။...
Common Cold (အအေးမိဝေဒနာ) (September, 2022)
မိုးတွင်းနဲ့ ဆောင်းရာသီရောက်ပြီဆိုရင် နှာစေးချင်သလိုလို လည်ချောင်းနာချင်သလိုလို ဖြစ်လာပြီ။ ဟိုနားတဆစ်ဆစ် ဒီနားတဆစ်ဆစ်နဲ့ နေလို့ထိုင်လို့ကလည်း မကောင်းဘူး...
ဒါဆိုရင်တော့ အအေးမိတဲ့လက္ခဏာတွေ ခံစားနေရတာ သေချာနေပါပြီ
ဒီလို လက္ခဏာတွေဟာ လူတိုင်းကြုံရလေ့ရှိတာမို့ အအေးမိတဲ့အကြောင်းကို အားလုံးအနေနဲ့ သိထားသင့်ပါတယ်
အအေးမိရောဂါအကြောင်းလေးကို ဆက်လေ့လာကြည့်ရအောင်ပါနော်
ဘာကြောင့် အအေးမိတာလဲ ?
အသက်ရှူလမ်းကြောင်းရဲ့ အပေါ်ပိုင်း( upper respiratory tract)မှာ...
Epilepsy (အတက်ရောဂါ) (September, 2022)
Epilepsy (အတက်ရောဂါ) ဆိုတာဘာလဲ
မျက်ဖြူလန် အကြောဆွဲပြီး ထိန်းမရအောင် "တက်" နေတဲ့သူတွေကို တချို့လည်း မြင်ဖူးကြမှာပါ။ ၀က်ရူးပြန်တယ် ခေါ်ကြတာပေါ့...
၀မ်းရူးပြန်တယ်ပြောရင် အရပ်ထဲမှာ လူကြီးတွေက ခြေမချိုး ၊ လက်မချိုး ၊ ကြေးသော့နဲ့ခြေဖဝါးလှည့်....အဲ့လိုတွေ ပြောကုန်ကြတာကိုလည်း ကြားဖူး ကြပါလိမ့်မယ်။( ဒီလို ပြုလုပ်ခြင်းတွေဟာ မလိုအပ်ပါဘူး။...
နှာခေါင်းနဲ့ နှာခေါင်းတွင်းလမ်းကြောင်းတလျှောက်မှာ ဖြစ်တတ်တဲ့ အလုံးအကျိတ် တစ်မျိုး Nasal Polyps (September, 2022)
Nasal Polyps ဆိုတာ နှာခေါင်းနဲ့ နှာခေါင်းတွင်းလမ်းကြောင်းတလျှောက်မှာ ဖြစ်တတ်တဲ့ အလုံးအကျိတ် တစ်မျိုးပါ။ စိုးရိမ်စရာ ကင်ဆာဖြစ်စေတဲ့ အလုံးမျိုးတော့ မဟုတ်ပါ။
အများအားဖြင့် ပန်းနာရင်ကျပ်သမားတွေ၊ ဓာတ်မတည့်ရောဂါ ရှိတဲ့သူတွေ၊ မကြာခဏ အသက်ရှုလမ်းကြောင်းမှာ ရောဂါပိုးဝင်ပြီး ရောင်ရမ်းလေ့ ရှိတဲ့သူတွေမှာ Nasal Polyps အလုံးအကျိတ် ပေါ်တတ်ပါတယ်။...
ကလေးများနဲ့ ပန်းနာရင်ကျပ်ရောဂါ Childhood Asthma (September,2022)
ကလေးများနဲ့ ပန်းနာရင်ကျပ်ရောဂါ (Asthma)
ကလေးတွေ တဟွတ်ဟွတ်နဲ့ ချောင်းဆိုနေပြီ၊ ချွဲထနေပြီ၊ ရင်ကျပ်လာပြီဆိုတာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ အချိုစားမိလို့လား၊ အအေးမိတုပ်ကွေးများလား၊ အသက်ရှူလမ်းကြောင်း ပိုးဝင်တာများလား၊ ဘာနဲ့များ ဓာတ်မတည့်လို့လဲ....စသဖြင့်ပေါ့နော်။
နောက်ထပ် ထည့်တွက်စရာ အခြေအနေတစ်ခုက ကလေးမှာ ပန်းနာရင်ကျပ်များ ဖြစ်နေမလားဆိုတာပါပဲ။
“ပန်းနာရင်ကျပ်” ဆိုတာ အဆုတ်ထဲက လေပြွန် (bronchus)တွေ...
Basal Cell Carcinoma (သို့) အရေပြားကင်ဆာတစ်မျိုး ( August, 2022 )
Basal Cell Carcinoma (သို့) အရေပြားကင်ဆာတစ်မျိုး
◼️ ဘာကြောင့် အရေပြားကင်ဆာဖြစ်ရလဲ ?အဓိကကတော့ နေရောင်ပြင်းပြင်းနဲ့ အချိန်ကြာကြာ အထိအတွေ့များခြင်းကြောင့် အရေပြားအတွင်းပိုင်းကဆဲလ်တွေ ပျက်စီးပြောင်းလဲလာတာပါပဲ။ ပြောင်းလဲရာကနေ ကင်ဆာ အလုံးအကျိတ်တည်ပြီး အဲ့သည်ကနေ အနာဖြစ်လာတယ်။ အဲ့သည့်နောက် အနာတဖြည်းဖြည်းကြီးလာပြီး ကင်ဆာဆဲလ်ပြန့်သမျှ နေရာတိုင်းမှာ တစ်ရှူးတွေ ပျက်ဆီးကုန်ပါတယ်။...
ထိပ်ပြောင်ခြင်း Male Pattern Baldness (August, 2022)
ထိပ်ပြောင်တာ ရှက်စရာလား (Male Pattern Baldness)
"အမျိုးသားတို့ ထိပ်ပြောင်တာ ရှက်စရာမဟုတ်၊ ထိပ်ပြောင်တာ သဘာဝဖြစ်စဉ်တစ်ခုပါ"
ဆံပင်ဟာ ဒုတိယမျက်နှာလို့ ဆိုကြတော့ ဆံပင်ကျွတ် ထိပ်ကွက် ထိပ်ပြောင်ဖြစ်မှာကို စိုးရိမ်တတ်ကြတာကလည်း သဘာဝပါပဲ။ အမျိုးသားတို့ ထိပ်ကွက်ထိပ်ပြောင်ဖြစ်စေရတဲ့ အကြောင်းတရားတွေနဲ့ ပြုလုပ်နိုင်တဲ့ နည်းလမ်းတွေကို ဆက်လက်ဖတ်ရှုလိုက်ရအောင်ပါ....
ထိပ်ပြောင်ရခြင်း အကြောင်းတရားများ
✅ မျိုးရိုးလိုက်ခြင်း...
ဘာကြောင့်လေဖြတ်ရတယ် Stroke (Part 1) ( August, 2022 )
ဒီနေ့မှာတော့ တယ်လီကျန်းမာကို ပူးပေါင်းကူညီပေးနေကြတဲ့ အကြောအဆစ်ပြန်လည်သန်စွမ်းရေးပညာရှင်များ ရေးသားပေးပို့ထားတဲ့ လေဖြတ်ခြင်း အပိုင်း(၁)အကြောင်းလေး တင်ပြပေးပါရစေနော်...
အခုအပိုင်း (၁)မှာတော့ ဘာကြောင့်လေဖြတ်ရတယ်ဆိုတဲ့ အခြေခံအကြောင်းရင်းလေးတွေနဲ့ ရောဂါလက္ခဏာတွေကို အဓိကဖော်ပြပေးသွားမှာဖြစ်ပြီး...အပိုင်း(၂)မှာတော့ လေဖြတ်ပြီးနောက် လုပ်ဆောင်ရမယ့် ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းများကို တင်ဆက်ပေးသွားမှာပါ။
တခြားရောဂါအမျိုးမျိုးအတွက် ပြန်လည်သန်စွမ်းခြင်းဆိုင်ရာ လေ့ကျင့်ခန်းများကိုလည်း အောက်ပါ pageမှာ ဝင်ရောက်လေ့လာနိုင်ပါကြောင်း သတင်းကောင်းပါးရင်း.....https://www.facebook.com/Tele-Physiotherapy-102788082130988/
----------------------။ ။-----------------------
လေဖြတ်ခြင်း...
အသားထူအရေပြားရောဂါ Psoriasis ( August, 2022 )
အသားထူအရေပြားရောဂါ ( Psoriasis )
ခန္ဓာကိုယ်မှာ ရောဂါတစ်ခုရယ်လို့ ဖြစ်လာပြီဆိုရင် လူအနည်းနဲ့အများ stress ဖြစ်ကြတာ ဓမ္မတာပါပဲ။ ရောဂါတွေထဲကမှ အရေပြားရောဂါဖြစ်ရင်တော့ confidence မရှိ ၊ စိတ်က ပိုပြီးထိလွယ်ရှလွယ် ဖြစ်တတ်ကြပါတယ်။ အဓိကကတော့ ကိုယ့်ရဲ့အရေပြားအသားအရေဟာ လူတွေမြင်နေနိုင်တဲ့အစိတ်အပိုင်း ဖြစ်တဲ့အတွက်ကြောင့်ပါပဲ။
ဒါကြောင့် ဒီနေ့မှာတော့ အရေပြားရောဂါတွေထဲကတွေထဲက...
စိုးရိမ်ပူပန်တတ်တဲ့စိတ် ANXIETY ( August, 2022)
ANXIETY ( စိုးရိမ်ပူပန်တတ်တဲ့စိတ် )
စိုးရိမ်ပူပန်ခြင်းဆိုတာ❓
စိုးရိမ်ပူပန်ခြင်းဆိုတာကြောက်စိတ်နှင့်အတူဖြစ်ပေါ်လာတဲ့ စိတ်မသက်မသာဖြစ်စေတဲ့ ခံစားချက်တစ်ခု (သို့မဟုတ်)ဘေးအန္တရာယ်တစ်ခုခုနဲ့ရင်ဆိုင်ရတဲ့အခါ ခန္ဓာကိုယ်ရဲ့သဘာဝအလျောက်တုံ့ပြန်မှုတစ်ခုဖြစ်ပါတယ်။
ကျွန်တော်တို့နေ့စဉ်ဘဝမှာ စိုးရိမ်ပူပန်မှုက အနည်းနဲ့အများရှိတတ်လေ့ရှိပါတယ်။လူတွေမှာ ဖိအားတွေကြောင့် စိုးရိမ်ပူပန်တတ်တာ ပုံမှန် reaction ဆိုပေမယ့် တစ်ချို့သူတွေမှာ စိုးရိမ်ပူပန်မှုလွန်ကဲခြင်းနှင့် ရင်ဆိုင်ရပြီး ကိုယ့်ရဲ့တစ်နေ့တာ လုပ်ငန်းဆောင်တာတွေပါ ထိခိုက်လာနိုင်ပါတယ်။♦️နောက်ဆက်တွဲအနေနဲ့ စိုးရိမ်မှုလွန်ကဲရောဂါ (Anxiety disorder)၊...
ဓာတ်မတည့်ခြင်းကြောင့် နှာခေါင်းရောင်ရမ်းခြင်း Allergic Rhinitis ( August, 2022)
"ဓာတ်မတည့်ခြင်းကြောင့် နှာခေါင်းရောင်ရမ်းခြင်း"
ရာသီဥတုလေး အေးလာပြီဆို နှာရည်က တရှုံ့ရှုံ့နဲ့ နှာခေါင်းတွေပိတ်လိုက် နှာချေလိုက်နဲ့ လူကလည်း ထိုင်းထိုင်းမှိုင်းမှိုင်း နေလို့မကောင်း...အပြင်ထွက်ရလို့ ဖုန်တောထဲရောက်သွားရင် နှာခေါင်းတွေယားပြီး နှာက ခဏခဏချေရပြန်ပြီ။ အိမ်မွေးတိရစ္ဆာန်ဆို မွေးလို့ကိုမရဘူး။ အနားကပ်လိုက်တာနဲ့ နှာခေါင်းက ယားသလိုလို နှာချေချင်သလိုလို စန်းစန်းတင့်တွေ ဖြစ်လာ...
ဒါမျိုးတွေ ကြုံနေရပြီဆိုရင်တော့...
Allergic rhinitis...
အင်ပျဉ်ထခြင်း Urticaria ( August, 2022 )
အင်ပျဉ်ထခြင်း ( Urticaria )
အင်ပျဉ်ထခြင်းဟာ လူတိုင်း အသက်အရွယ် အချိန်အခါမရွေး ကြုံတွေ့ရတတ်တဲ့ ဓာတ်မတည့် ယားနာတစ်မျိုး ဖြစ်ပါတယ်။ အရေပြားမှာ အနီအပိမ့်တွေ အပျဉ်လိုက်ထပြီး ယားယံတတ်တာမို့ စိတ်ကိုပါ အတော်လေး ကသိကအောက် ဒုက္ခပေးတတ်ပါတယ်။
အင်ပျဉ်ကွက်တွေဟာ ခန္ဓာကိုယ်ရဲ့ နေရာအနှံ့ ခြေဖဝါး လက်ဖဝါးပါမကျန် ပေါ်တတ်ပြီး...
မပေါ့ဆသင့်သည့် နှလုံးအောင့်ခြင်း Angina ( August, 2022 )
မပေါ့ဆသင့်သည့် နှလုံးအောင့်ခြင်း ( Angina )
● နှလုံးဟာ ခန္ဓာကိုယ်တစ်ခုလုံးကို သွေးလည်ပတ်စီးဆင်းအောင် လုပ်ဆောင်ပေးနေတဲ့ အရေးကြီးတဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။● နှလုံးမှာ ရောဂါတစ်ခုခုဖြစ်လာခဲ့ရင် အသက်အန္တရာယ်ကိုပါ ဖြစ်စေတတ်ပါတယ် ။● ဒါ့ကြောင့် နှလုံးရောဂါမဖြစ်ခင် ရှေ့ပြေးနိမိတ်ကိုကြိုသိထားရ် ရောဂါအခြေအနေမဆိုးအောင် ကာကွယ်နိုင်ပြီး အသက်အန္တရာယ်လျော့ပါးသွားမှာဖြစ်ပါတယ်။● ဒီနေ့မှာတော့ နှလုံးနဲ့ပတ်သတ်ပြီး...
အရေပြားလေးဘက်နာ Systemic Lupus Erythematosus (SLE)( July, 2022 )
SLE (သို့) အရေပြားလေးဘက်နာ
အရေပြားလေးဘက်နာရောဂါ ကို ဆေးပညာလို ( Systemic Lupus Erythematosus) လို့ ခေါ်ပြီး အတိုကောက်အနေနဲ့ SLE / Lupus လို့ မှတ်ထားနိုင်ပါတယ် ။ မိမိရဲ့ ခုခံကာကွယ်စနစ်က မိမိရဲ့ကိုယ်တွင်းဆဲလ်တွေကိုပြန်တိုက်နေလို့ ခုခံအားကမောက်ကမ ဖြစ်တဲ့ (Autoimmune...
ကလေးများ အကြားအာရုံချို့ယွင်းခြင်း Hearing Problem in Children ( July, 2022)
ကလေးများ အကြားအာရုံချို့ယွင်းခြင်း
ချစ်ရတဲ့ရင်သွေးငယ်တွေမှာ မွေးရာပါ (သို့) အကြောင်းတစ်ခုခုကြောင့် အကြားအာရုံဆုံးရှုံးတဲ့ ပြဿနာကို ကြုံတွေ့ရမယ်ဆိုရင် ဒါဟာမိဘတွေ အတွက် အတော်လေးကိုချောက်ချားစရာကိစ္စပါ။
မွေးရာပါဖြစ်လာတဲ့ပြဿနာအပြင် တချို့ကျ ကလေးမှာအဖြစ်များတဲ့ မကြာခဏနားပိုးဝင်ခြင်းရဲ့နောက်ဆက်တွဲအနေနဲ့ နားပြွန်ချောင်းအလယ်မှာ အရည်ပိတ်ဆို့ရင်းကနေ နားမကြားပြဿနာပါ ဆက်ဖြစ်တတ်တဲ့အတွက် မိဘတွေအနေနဲ့ ဒါကို ဂရုပြုသင့် သိထားသင့်ပါတယ်။
ဒါပေမယ့် အရမ်းတော့စိတ်မပူစေချင်တာက ဒီလိုပြဿနာကြုံလာရပြီဆိုလည်း...
ရာသီလာခါနီး အပြောင်းအလဲဖြစ်စဉ်များ Premenstrual Syndrome ( July, 2022 )
ရာသီလာခါနီး အပြောင်းအလဲဖြစ်စဉ်များ
“ဒီနေ့ ဘာလုပ်လုပ် စိတ်မကြည်ဘူး။ စိတ်ဆတ်နေတယ်။ အလုပ်လုပ်တာလည်း အာရုံမစူးစိုက်နိုင်ဘူး။ အချိုတွေပဲ စားချင်နေတယ်။ ငိုပဲငိုချင်နေတယ်။”
အမျိုးသမီးတွေအနေနဲ့ တစ်လမှာတစ်ခါလောက်တော့ ဒါမျိုး လက္ခဏာတွေ ကြုံဖူးကြမှာပေါ့။ ဒါတွေက ဘယ်အချိန်မှာ ဖြစ်တတ်လဲဆိုတာ ဗေဒင်မေးစရာတောင် မလိုပါဘူး။ သေချာပေါက် ဓမ္မတာမလာခင်ရက်တွေပဲပေါ့။ ဒါကို PMS လို့ခေါ်ကြတာကို...
အော်တစ်ဇင် ကလေးငယ်များ Autism Spectrum Disorder( July, 2022)
အော်တစ်ဇင် ကလေးငယ်များ
အားလုံးပဲ မိမိပတ်ဝန်းကျင်မှာ အော်တဇင်လို့ ပြောပြောနေတဲ့ ရောဂါတစ်ခုအကြောင်းကို ကြားဖူးကြမယ်ထင်ပါတယ်။ ဒီနေ့မှာတော့ တော်တော်များများ အမေးများနေကြတဲ့ autism spectrum disorder လေးအကြောင်းကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
Autism Spectrum disorder (ASD) ဆိုတာ ဘာလဲ?
• ASD ဆိုတာကတော့ ဖွံ့ဖြိုးမှုနဲ့သက်ဆိုင်တဲ့...
အံဆုံးကပေးတဲ့ ဝေဒနာများ ( July, 2022 )
" အံဆုံးကပေးတဲ့ ဝေဒနာများ "
“ အံဆုံးပေါက်နေလို့ နာလိုက်တာ၊ ဘာမှတောင်မစားနိုင်ဘူး” လို့ ညည်းညူသံတွေကို ကြားဖူးပါသလား?
အံဆုံးသွားဆိုတာ ဘယ်နေရာက သွား ကိုခေါ်တာလဲ၊ဘယ်အရွယ်မှာပေါက်တတ်လဲ၊ အန္တရာယ်ရှိပြီး နှုတ်ပစ်ဖို့လိုလား...အစရှိတဲ့ အကြောင်းအရာတွေကို ပြောပြပေးချင်ပါတယ်။
အံဆုံး (Wisdom tooth) ဆိုတဲ့ နာမည်အတိုင်း အံသွားတွေရဲ့ နောက်ဆုံးမှာ...
သားဥအိမ်ရေအိတ်တည်ခြင်း PCOS (Polycystic Ovarian Syndrome) ( July, 2022 )
အမျိုးသမီးများအတွက် သတိပြုစရာ သားဥအိမ်ရေအိတ်တည်ခြင်း
PCOS ရောဂါဆိုတာ ဘာလဲ?
• PCOSဆိုတာကတော့ polycystic ovarian syndrome လို့ခေါ်တဲ့ သားဥအိမ်ရေအိတ်တည်တဲ့ ရောဂါကို ဆိုလိုပါတယ်။• PCOS မှာဆိုရင်တော့ ရေအိတ်တည်တာ တစ်မျိုးတည်းမဟုတ်ဘဲ hyperandrogenism လို့ခေါ်တဲ့ ကျားဟော်မုန်းတွေပါ များနေတဲ့အတွက်ကြောင့် သူနဲ့သက်ဆိုင်တဲ့ ရောဂါလက္ခဏာတွေကိုပါ ခံစားရတတ်ပါတယ်။
PCOS...
ဒေါင်းစင်ဒရုန်းရောဂါ Down Syndrome ( July, 2022 )
ဒေါင်းစင်ဒရုန်း (Down syndrome) ဆိုတဲ့ အခေါ်အဝေါ်နဲ့ ပတ်သက်ပြီး အရပ်ထဲ မကြာခဏကြားဖူးကြမှာပါ။ ဒီရောဂါက အဖြစ်များတဲ့ ရောဂါတစ်မျိုးလည်း ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဒေါင်းစင်ဒရုန်းရောဂါဟာ ဘာကြောင့်ဖြစ်တာလဲ ဘယ်သူတွေမှာ ဖြစ်တာလဲဆိုတာတွေကို ဗဟုသုတ ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။
❓Down Syndrome ဆိုတာ ဘာလဲ
• ပုံမှန်ဆိုရင်...
ရေတိမ် Glaucoma ( July, 2022 )
ရေတိမ် (Glaucoma)
မျက်စိရောဂါတွေထဲမှာ အတွင်းတိမ်အကြောင်းလည်း သိသင့်သလောက် သိရှိပြီးပြီဆိုတော့ ဒီနေ့မှာတော့ မသိမဖြစ်တဲ့ ရေတိမ်ရောဂါအကြောင်းလည်း ပြောပြဆွေးနွေးပေးသွားပါ့မယ်။
❓ရေတိမ်ဆိုတာ ဘာလဲ?• ရေတိမ်ဆိုတာကတော့ တော်တော်များများ ဖြစ်လေ့ရှိကြတဲ့ မျက်စိရောဂါတွေထဲက တစ်မျိုးဖြစ်ပြီး အန္တရာယ်ရှိတဲ့ ရောဂါတစ်မျိုးလို့ဆိုလည်း မမှားပါဘူး။ မျက်လုံးအတွင်းမှာရှိတဲ့ ဖိအားမြင့်တက်တာကြောင့် သေးငယ်ပါးလွှာတဲ့ သွေးကြောအသေးလေးတွေနဲ့ အာရုံကြောမျှင်လေးတွေကို...
အတွင်းတိမ် Cataract ( July, 2022 )
အတွင်းတိမ် ( Cataract )
ဒီနေ့တော့ မျက်စိရောဂါတွေထဲမှာ အတွေ့များတဲ့ အတွင်းတိမ် (cataract) အကြောင်းနဲ့ ပတ်သက်ပြီး လေ့လာကြရအောင်ပါနော်...
ဘာကြောင့် အတွင်းတိမ်ကို cataractလို့ခေါ်ကြတာလဲ?
• Cataract ရဲ့ အဓိပ္ပာယ် အစစ်အမှန်ကတော့ မတ်စောက်တဲ့နေရာတစ်နေရာကနေ စီးဆင်းနေတဲ့ ရေတံခွန်ကို ဆိုလိုပါတယ်။ အလားတူပဲ အတွင်းတိမ်ကလည်း မိုးရွာတဲ့အချိန်...
“ ခွေးရူးပြန်ခြင်း” ???????????????????????? ???????????????????? ( June, 2022 )
"ခွေးရူးပြန်ခြင်း" ???????????????????????? ???????????????????? ခွေးရူးပြန်ရောဂါဟာ Rabid (ခွေးရူးရောဂါ စွဲကပ်နေသော) တိရစ္ဆာန်တို့မှ တစ်ဆင့် ကူးစက်တတ်သော ရောဂါဖြစ်ပါတယ်။ မြန်မာပြည်သူများနှင့်လည်း မစိမ်းဘူးထင်ပါတယ်နော်။
ဘယ်တိရစ္ဆာန်တွေကနေ အများဆုံးကူးတတ်လဲ❓
ခွေးရူးပြန်ဆိုတိုင်း ခွေးကနေပဲ ကူးစက်တတ်တယ်လို့ အထင်မှားတတ်ကြပါတယ်။ လင်းဆွဲ၊ကြွက်၊ ကြောင်၊ ယုန်၊ မြင်း၊ မျောက် နဲ့ အခြားတိရစ္ဆာန်တွေမှလည်း...
ဆံပင်ကျွတ်ခြင်းအကြောင်း Hair Loss or Alopecia( June, 2022 )
"ဆံပင်ကျွတ်ခြင်းအကြောင်း ပြောပြမယ် ၊ ခင်ပျိုမေတို့နားထောင်ကွယ်"
"ဆံပင်တွေ အရမ်းကျွတ်တာပဲ" ဆိုပြီး ခင်ပျိုမေတော်တော်များများ ညည်းညူဖူးကြမှာပါ။ ဒါဆို ဘာကြောင့် ဆံပင်ကျွတ်ရတယ်၊ ဘယ်လိုသက်သာအောင်လုပ်ရမလဲဆိုတာတွေကို ဗဟုသုတအလို့ငှာ မျှဝေပေးသွားမယ်နော်။
ခင်ပျိုမေတို့ရဲ့ဆံပင်တွေဟာ သဘာဝအရ ကျွတ်လိုက်၊ အသစ်ပြန်ပေါက်လိုက်...စတဲ့သဘောတရားရှိတာကိုတော့ ဦးစွာနားလည်ထားရပါမယ်။
တစ်ရက်ကို ဆံချည်မျှင်(၅၀)ကနေ (၁၀၀)အထိဟာ ပုံမှန်ကျွတ်လေ့ရှိပြီး ဆံချည်တစ်မျှင်တိုင်းဟာ ၃...
လက်မ စုပ်တဲ့ကလေး Thumb Sucking Baby ( June, 2022 )
“လက်မ စုပ်တဲ့ကလေး”
ကလေးပိစိလေး လက်မ (သို့) လက်ချောင်းလေးတွေ စုပ်နေရင် မေမေတို့အတွက် ချစ်စရာကောင်းတယ်ထင်သမျှ နည်းနည်းလေးကြီးလာလို့ ဒီအကျင့်က ဆက်ရှိနေသေးရင် မေမေတို့ စိတ်ထဲမှာ သရိုးသရီဖြစ်လာပါပြီ။ ကလေးလက်စုပ်တာနဲ့ပတ်သက်ပြီး ပတ်ဝန်းကျင်ကလူတွေရဲ့ ဝေဖန်သံတွေ၊ အကြံပြုခေါင်းလောင်းသံတွေ စမြည်လာပါပြီ။ အဲဒီအခါ ကလေးက လက်မစုပ်နေတာနဲ့ အတင်းဆွဲဖြုတ်၊ ကလေးလေးကစိတ်ဆိုးပြီး...
ကြွက်နို့အကြောင်း သိကောင်းစရာ Warts ( June, 2022 )
ကြွက်နို့အကြောင်း သိကောင်းစရာ (Warts)
ကြွက်နို့ဆိုတာ Human Papillomavirus (HPV ဗိုင်းရပ်စ်) ကြောင့်ဖြစ်ရတဲ့ ခန္ဓာကိုယ်ခြေလက်အနှံ့နဲ့ လိင်အင်္ဂါတစ်ဝိုက်ပါမကျန်ဖြစ်ပွားတဲ့ အရေပြားရောဂါတစ်ခုပါ။
❓ကြွက်နို့ဘာလို့ဖြစ်
ကြွက်နို့ဟာ Human Papillomavirus (HPV ဗိုင်းရပ်စ်)ကြောင့်ဖြစ်ရတယ်။ HPV ဗိုင်းရပ်စ်မျိုးကွဲပေါင်း ရာနဲ့ချီရှိတဲ့အနက် ဖြစ်ပွားတဲ့ခန္ဓာကိုယ်နေရာနဲ့ ကြွက်နို့အမျိုးအစားပေါ်မူတည်ပြီး HPV ဗိုင်းရပ်စ် အမျိုးအစားကွဲတွေလည်း မတူတတ်ကြပါဘူး။...
နာတာရှည် လေပြွန်ကျဉ်းခြင်း Chronic Obstructive Pulmonary Disease ( COPD ) ( June,...
နာတာရှည် လေပြွန်ကျဉ်းခြင်း (COPD)
????ဆေးလိပ်ကို တစ်နေ့တစ်နေ့အလိပ်ပေါင်းများစွာ၊ နှစ်ရှည်သောက်ခဲ့ပြီး ချောင်းတဟွတ်ဟွတ်ဆိုးနေပြီဆိုရင်တော့ နာတာရှည်လေပြွန်ကျဉ်းနေပြီလား ဆိုပြီးစဉ်းစားရပါတယ်
????ဆေးလိပ်က အသက်ရှူလမ်းကြောင်းကို ဘယ်လိုထိခိုက်စေလဲဆိုရင်...
- လေပြွန်ကိုထိခိုက်စေကာ ရောင်ရမ်းစေခြင်း- လေပြွန်အတွင်းအချွဲ(mucous)များစွာထွက်စေခြင်း- နောက်ပိုင်းတွင် လေပြွန်ကျဥ်းသွားခြင်း- အဆုတ်အတွင်းရှိ လေအိတ်များ ပျက်စီးစေခြင်းတို့ဖြစ်စေပါတယ်။
????ဆေးလိပ်အပြင်- ခြင်ဆေး၊ အမွှေးတိုင်က အငွေ့တွေ- သစ်ရွက်/ အမှိုက်မီးရှို့တဲ့အခါထွက်လာတဲ့ မီးခိုးငွေ့တွေ-...
Tetanus ( မေးခိုင်ရောဂါ ) ( June, 2022 )
မေး - ဟိုတစ်ရက်က ဦးလေးဦးကျော်တစ်ယောက် ခြံထဲမှာ သံရိုက်နေရာကနေ အမှတ်တမဲ့ သံစူးသွားတယ်တဲ့။ တော်တော်နက်နက်စူးပြီး သွေးတွေအများကြီးထွက်တယ်လို့လည်း ကြားတယ်။ ဘာမှမဖြစ်ပါဘူးဆိုပြီး အမှုမဲ့ အမှတ်မဲ့နေရာကနေ တစ်ပတ်လောက်ကြာတော့ ပါးစပ်လည်းဖွင့်မရ တစ်ကိုယ်လုံးတောင့်သွားတယ်လို့ ပြောသံကြားတယ်။ အဲ့ဒါ ဘာဖြစ်တာလဲ မသိဘူးနော်။
ဖြေ - အဲ့ဒါ မေးခိုင်ပိုးဝင်တာလေ။
မေး...
ရေများနေတဲ့ ဦးခေါင်း Hydrocephalus ( June, 2022 )
လူတော်တော်များများ ဦးခေါင်းခွံကြီးပြီး ခေါင်းမထောင်နိုင်တဲ့ မွေးကင်းစလေးတွေ တွေ့ဖူးကြမယ်ထင်ပါတယ်။ ဒီရောဂါကိုတော့ Hydrocephalus လို့ခေါ်ပါတယ်။
Hydro ဆိုတာကတော့ “ရေ”ကိုဆိုလိုတာဖြစ်ပြီး Cephalus ဆိုတာကတော့ “ဦးခေါင်း”ကို ပြောတာပါ။ အကြမ်းဖျင်းဘာသာပြန်ရရင်တော့ ရေများနေတဲ့ ဦးခေါင်းလို့ ဆိုလိုတာပေါ့။
ဒီနေ့မှာတော့ ဒီ Hydrocephalus ဆိုတဲ့ ရောဂါနဲ့ ပတ်သက်ပြီး ဗဟုသုတပြောပြပေးသွားမှာပဲ...
ပန်းနာရင်ကြပ်ရောဂါ Asthma(June,2022)
ပန်းနာရင်ကြပ်ရောဂါ (Asthma)
❓ပန်းနာရင်ကြပ်ဆိုတာဘာလဲ
ပန်းနာရင်ကြပ်ခြင်းဆိုတာဟာ သူများတွေထက်မိမိတို့ရဲ့လေပြွန်(bronchus)က ပိုတုန့်ပြန်မှုအားကောင်းပြီး ယာယီကျဥ်းသွားတာပါ
ကျဥ်းသွားတယ်ဆိုတာဟာ
(၁) လေပြွန်ရောင်ခြင်း
(၂) လေပြွန်ပတ်လည်ရှိ ကြွက်သားညှစ်ထားခြင်း
(၃) လေပြွန်အတွင်း အချွဲ(mucous) များနေခြင်း
တို့ကြောင့်ဖြစ်ပါတယ်။
❓ဘယ်လိုအရာတွေက လေပြွန်ကျဥ်းတာကိုလှုံ့ဆော်ပေးတာလဲ
ဓာတ်မတည့်ခြင်း (ဖုန်မှုန့်၊ ပိုလန်၊ မှို)
အလုပ်လုပ်ရာတွင် အိမ်သုတ်ဆေး၊ ဖျန်းဆေး၊ ဓာတုဆေးဝါး တို့နဲ့ထိတွေ့ခြင်း၊ ရှူမိခြင်း
ဆေးလိပ်ငွေ့နှင့် အခြားသောအငွေ့များ(ခြင်ဆေး၊သစ်ရွက်မီးရှို့ခြင်း၊ ဖယောင်းတိုင်)
ရာသီဥတုအပြောင်းအလဲမြန်ခြင်း၊ အအေးမိခြင်း
အေးတဲ့အချိန်တွင် အားကစားပြုလုပ်ခြင်း
မတည့်သောအစာများ...
သွေးလွန်တုပ်ကွေး Dengue Hemorrhagic Fever ( May, 2022 )
သွေးလွန်တုပ်ကွေး
သွေးလွန်တုပ်ကွေးရောဂါဆိုတာ သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်ကိုသယ်ဆောင်ထားတဲ့ အေးဒီးစ် (Aedes)လို့ခေါ်တဲ့ ခြင်ကိုက်လို့ ဖြစ်တာပါ။
❓ဘယ်သူတွေမှာဖြစ်လေ့ရှိလဲ
အသက်သုံးနှစ်ကနေ ဆယ့်ငါးနှစ်အတွင်းကလေးတွေမှာအဖြစ်များပါတယ်။ ဒါပေမယ့် အသက်အရွယ်မရွေး ဖြစ်နိုင်ပြီး ရောဂါလက္ခဏာတွေကလဲ အသက်အရွယ်ပေါ်မူတည်ပြီး နည်းနည်းကွာပါတယ်။
❓ရောဂါလက္ခဏာဘာတွေလဲ။
အများအားဖြင့် ပြင်းထန်တဲ့တုပ်ကွေးရဲ့ရောဂါလက္ခဏာတွေဖြစ်လေ့ရှိပါတယ်။ အရိုးကွဲအဖျားလို့တောင်ခေါ်ရလောက်အောင် တစ်ခါတရံ အရိုးအဆစ်တွေ ကိုက်ခဲနာကျင်တတ်ပါတယ်။
ရောဂါဖြစ်စေတဲ့ခြင်ကိုက်ခံရပြီး သုံးရက်ကနေဆယ့်လေးရက်လောက်အတွင်းမှာ...
- ချမ်းတုန်ပြီး အဖျားကြီးခြင်း- မျက်လုံးအောင့်ပြီး ခေါင်းအရမ်းကိုက်ခြင်း-...
ထိပ်ကပ်နာ Sinusitis ( May, 2022 )
ထိပ်ကပ်နာ (Sinusitis)
ထိပ်ကပ်နာ (ခေါ်) Sinuses ရောင်ခြင်းဆိုတာဘာလဲ မပြောခင်....Sinusesဆိုတာ ဘာလဲ ၊ ဘာတွေလုပ်ပေးတာလဲ ၊ ဘယ်နေရာမှာရှိတာလဲဆိုတဲ့အကြောင်းလေး အရင်ဆုံးပြောချင်ပါတယ်။
Sinuses ဆိုတာဟာ ဦးခေါင်းခွံအတွင်းက အမှေးပါးလေးတွေအုပ်ထားတဲ့ ဂလိုင်ပေါက်လေးတွေဖြစ်ပြီး ၊ နှာခေါင်းကိုစ်ိုစွတ်အောင် အချွဲရည် (mucous) တွေထုတ်ပေးပါတယ်။
sinuses ရှိတဲ့နေရာတွေကတော့
Frontal sinuses (...
ခေါင်းတစ်ခြမ်းကိုက်ခြင်း Migraine ( May,2022 )
ခေါင်းတစ်ခြမ်းကိုက်ခြင်း????(Migraine)
လူ ၁၀ယောက်မှာ ၁ယောက်လောက် ဖြစ်လေ့ရှိတဲ့ခေါင်းတစ်ခြမ်းကိုက်ခြင်း (ခေါ်) Migraine အကြာင်းလေး ဒီနေ့ပြောပြပေးပါ့မယ်....
❓Migraine ကဘယ်သူတွေမှာ ဖြစ်တတ်တာလဲ
- များသောအားဖြင့် အမျိုးသမီးတွေမှာပိုဖြစ်လေ့ရှိပြီး- အသက် (၂၀) နဲ့ (၅၀)ကြားမှာလက္ခဏာပိုပြတတ်ပါတယ်- မျိုးရိုးလည်းလိုက်တတ်ပါတယ်
❓ဘယ်လိုလက္ခဏာတွေပြတာက Migraine လို့ပြောလို့ရလဲ
ခေါင်းမကိုက်ခင်ဖြစ်တတ်တဲ့ ( Aura )ရှေ့ပြေးလက္ခဏာတွေဖြစ်တဲ့
- ပျို့အန်တာ-...
ခံတွင်းမှာပေါက်လေ့ရှိတဲ့ အပူနာအကြောင်း Apthous Ulcer ( May, 2022 )
ခံတွင်းမှာပေါက်လေ့ရှိတဲ့ အပူနာအကြောင်း ( Apthous Ulcer )
ပါးစပ်ထဲမှာ ခဏခဏပေါက်လေ့ရှိတဲ့ aphthous ulcer ကိုတော့ မြန်မာလို ခံတွင်းပူနာလို့ အလွယ်မှတ်နိုင်ပါတယ်။ ပါးစပ်အတွင်းထဲ နေရာစုံမှာ ပေါက်လေ့ရှိပြီး တော်တော်လေးခံရခက်လောက်အောင်ကို နာကျင်တတ်ပါတယ်။ အများအားဖြင့်တော့ အောက်နှုတ်ခမ်းအတွင်းပိုင်းနဲ့ သွားဖုံးတို့မှာပေါက်လေ့ရှိတတ်ပါတယ်။
အထူးသဖြင့် အစားအသောက်တွေ စားတဲ့အချိန်ဆို အနာကို...
ချာချာလည်မူးခြင်း Vertigo ( May, 2022 )
ချာချာလည်မူးခြင်း (Vertigo)
ဒီနေ့တော့ချာချာလည် မူးစေတဲ့ အကြောင်းအရင်းများနဲ့ ဘယ်လိုဖြေရှင်းကြမလဲ ဆိုတာလေးတင်ပေးလိုက်ပါတယ်။
မူးတတ်စေတဲ့အကြောင်းတွေကတော့ ဦးနှောက်ကြောင့်(central causes)၊ နားကြောင့် (peripheral causes)၊ မျက်စိကြောင့်(peripheral causes)၊ ခြေထောက်ကြွက်သားဟန်ချက်ထိန်းခြင်း(proprioception)(peripheral causes) တို့ကြောင့်လို့ မှတ်ယူရပါမယ်။
အခုကတော့ နားကြောင့်ဖြစ်တတ်တဲ့ ချာချာလည်မူးခြင်းကို အကြမ်းဖျင်း မျှဝေမှာပါ။
???? ပထမဦးစွာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ခေါင်းလေးလှုပ်တာနဲ့ ချာချာလည်မူးတဲ့...
မျက်စိထဲ အမှုန်၀င်ခြင်း သို့ အရာ၀တ္ထု၀င်ခြင်း Foreign Bodies in Eye ( May, 2022...
မျက်စိထဲ အမှုန်၀င်ခြင်း သို့ အရာ၀တ္ထု၀င်ခြင်း
"မျက်စိထဲ ဖုန်၀င်သွားလို့" "မျက်စိထဲခဲချွန်၀င်သွားလို့" "ရန်ဖြစ်ရင်း သူငယ်ချင်းက မျက်လုံးကို ခဲတံနဲ့ထိုးလိုက်လို့" စတဲ့ ငယ်ငယ်ကတည်းက မစိမ်းတဲ့ကြားနေကျစကားများနဲ့ပတ်သက်ပြီး ဆောင်ရန်၊ရှောင်ရန်နဲ့ အရေးပေါ်ပြုလုပ်ပေးစရာလေးတွေကို ဆွေးနွေးပြောပြသွားမှာ ဖြစ်ပါတယ်။
❓ဘာတွေ၀င်နိုင်ပါသလဲ
မျက်စိထဲကတော့ ပေါင်းစုံ၀င်နိုင်ပါတယ်။ ဖုန်၊သံစ၊ သစ်စ၊ မှန်စ အမှုန်ကနေအစ မျိုးစုံ ၀င်နိုင်ပါတယ်။
❓ဘယ်နေရာတွေ...
ဗောက်ထခြင်းအကြောင်း သိကောင်းစရာ Dandruff ( May, 2022 )
ဗောက်ထခြင်းအကြောင်း သိကောင်းစရာ
❓ဗောက်ထတယ်ဆိုတာ ဘာလဲ
လူ့ခန္ဓာကိုယ်မှာ epidermis လို့ခေါ်တဲ့ အရေပြားရဲ့ အပေါ်ဆုံးအလွှာက ဆဲလ်အသေ(dead cells)တွေဟာ တစ်လတစ်ခါ ပုံမှန် မသိမသာကွာကျလေ့ရှိပါတယ်။ ဒါက ပုံမှန်ဖြစ်စဉ်တစ်ခုပါ။
ဦးရေပြားမှာလဲ ထိုနည်းတူပါပဲ။ ဒါပေမယ့် ဦးရေပြားက dead cells တွေ ပုံမှန်ထက် ပိုကွာကျလာတဲ့အခါ ဗောက်ထခြင်းဆိုတာ ဖြစ်လာပါတယ်။...
နှာခေါင်းသွေးလျှံခြင်း/နှာခေါင်းသွေးယိုခြင်း Epistaxis ( May, 2022 )
နှာခေါင်းသွေးလျှံခြင်း/နှာခေါင်းသွေးယိုခြင်း
❓ဘာကြောင့် နှာခေါင်းသွေးယို/လျှံကြတာပါလဲ
နှာခေါင်း သွေးယိုခြင်းသည် ထိပ်ကပ်နာရှိသူများတွင် ပိုး၀င်၍သော်လည်းကောင်း၊ နှာခေါင်းခဏခဏနှိုက်ခြင်း ကြောင့်သော်လည်းကောင်း၊ နှပ်ခဏခဏ ညှစ်၍သော်လည်းကောင်း၊ အပူအအေးပြောင်းလဲလျင်သော်လည်းကောင်း၊ သွေးတိုးလျင်သော်လည်းကောင်း၊ နှာခေါင်းတွင်းကင်ဆာအမျိုးမျိုး၊ သွေးကြောထုံးအကြိတ်တို့ကြောင့် ဖြစ်တတ်ပါတယ်။
❓နှာခေါင်းသွေးယို/လျှံရင် အရေးကြီးပါသလား၊ ဘယ်လိုဖြစ်တတ်ပါသလဲ
နှာခေါင်းသွေးယိုခြင်းကို ရုတ်တရက် နှာခေါင်းပေါက်တစ်ဖက်မှ ယိုစီးလာတာကို စခံစားရတတ်ပါတယ်။ နှစ်ဘက်လုံးလဲ ယိုနိုင်ပါတယ်။ နှာခေါင်းသွေးယိုခြင်းက တစ်ခါ၊...
နားထဲရေ၀င်ပြီး နားအူခြင်း ၊ နားပြည်ယိုခြင်း နှင့် နားမှိုစွဲခြင်း ( April, 2022 )
နားထဲရေ၀င်ပြီး နားအူခြင်း ၊ နားပြည်ယိုခြင်း နှင့် နားမှိုစွဲခြင်း
ဘယ်အချိန်တွေမှာ (သို့) ဘာလုပ်ရင် ဖြစ်တတ်ပါ သလဲ?️???? အဓိကကတော့ နားထဲ ပိုး၀င်သွားလို့ပါ။ ဘာကြောင့်ပိုး၀င်လဲဆိုတော့ မသန့်တဲ့ရေတွေ နားထဲ၀င်တာနဲ့ နားကလော် နားကြပ်တာတွေ၊ ရေကူးတဲ့သူတွေ (swimmer's ear)၊ ရေလွှာလှိုင်းစီးတဲ့သူတွေမှာ (...
ဖုန်းနဲ့ ကွန်ပြူတာ အသုံးများသူများအတွက် ကျန်းမာရေး Spondylosis and Screen Time ( April, 2022...
"ယနေ့ခေတ်ရဲ့ ဖုန်းနဲ့ ကွန်ပြူတာ အသုံးများသူများအတွက် ကျန်းမာရေး"
ဒီခေတ်မှာ ဖုန်းတွေ၊ ကွန်ပြူတာတွေ ပိုအသုံးများလာတာဟာ ခေတ်ရေစီးကြောင်းဖြစ်သလို work from home, clicker, gamer တွေကလည်း လက်ရှိ အနေအထားအရ ဖုန်းတွေ၊ ကွန်ပြူတာတွေကို အရင်ကထက် ပိုပြီး သုံးလာဖြစ်ပါတယ်။ အဲလို...
ရေယုန်/ခါးပတ်ရေယုန် Herpes Zoster (Shingles)( April, 2022 )
ရေယုန် / ခါးပတ်ရေယုန်
❓ ဘာကြောင့်ဖြစ်တာလဲ
ရေကျောက်ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် ဖြစ်တာပါ။ အများအားဖြင့်တော့ ကိုယ်ခန္ဓာတစ်ခြမ်းမှာ အနီပြင်တွေပတ်ပြီးဖြစ်တတ်လို့ ခါးပတ်ရေယုန်လို့ ခေါ်လေ့ရှိပြီး ခန္ဓာကိုယ်တခြားနေရာတွေမှာဖြစ်ရင် ရေယုန်လို့ခေါ်ကြပါတယ်။
❓ ဘယ်လိုဖြစ်တာလဲ
ရေကျောက်ဖြစ်ဖူးတဲ့သူဆိုရင် ဗိုင်းရပ်ပိုးက ကိုယ်ခန္ဓာထဲကို တခါဝင်ပြီးရင် တစ်သက်လုံးမပျောက်တော့ဘဲ ဦးနှောက်၊ ကျောရိုးအာရုံကြောမကြီးရဲ့ တစ်နေရာမှာ ဗိုင်းရပ်စ်ပိုးက ဝင်အောင်းနေလေ့ရှိပြီး စိတ်ပင်ပန်းချိန်၊...
မျက်စိစွန်ခြင်း Stye( March, 2022 )
မျက်စိစွန်ခြင်း
မျက်စိစွန်တယ်ဆိုတာ မျက်တောင်မွှေးအခြေနား မျက်ခမ်းအစပ်မှာ နာကျင်ရောင်ရမ်းနေတဲ့ အလုံး(အဖု) ဖြစ်လာတာပါ။
❓ဘာကြောင့်ဖြစ်တာလဲ
- ဖြစ်ရတဲ့ အကြောင်းအရင်းတိတိပပပြောလို့မရပါဘူး။- ဖြစ်နိုင်ခြေရှိတာက မျက်လုံးကို လက်နဲ့ပွတ်လို့ပါ။- မျက်ခမ်းသားတွေ မျက်လုံးသားတွေဟာအရမ်းနုနယ်တဲ့အတွက် လက်နဲ့ပွတ်တဲ့အခါ သာမာန်မျက်စိနဲ့ မမြင်ရနိုင်တဲ့ ပွန်းပဲ့သွားတာမျိုးဖြစ်သွားပါတယ်။- အရေပြားပေါ်မှာ ကပ်နေလေ့ရှိတဲ့ ရောဂါပိုးမွှားတွေက သာမန်အချိန် ဘာပြဿနာမှမပေးပေမယ့် ပွန်းပဲ့သွားတဲ့အရေပြားလွှာလေးကတစ်ဆင့် မျက်တောင်အမြစ်အိတ်ကလေးတွေထဲ...
အပူဒဏ်ကို ကာကွယ်ကြစို့ Heat Stroke ( March, 2022 )
????နွေရောက်ပြီမို့ ... အပူဒဏ်ကို ကာကွယ်ကြစို့????
နှစ်စဥ်နှစ်တိုင်း ပူပြင်းတဲ့ နွေရာသီရောက်ချိန်မှာ သက်ကြီးရွယ်အိုများအပါအဝင် ပြည်သူအများစုဟာ အပူဒဏ်ကြောင့် ကျန်းမာရေးထိခိုက်ခံစားရလျက် ရှိပါတယ်။
အထူးသဖြင့် ရောဂါအခံရှိသူများ၊ ကျန်းမာရေးဗဟုသုတ အားနည်းသူများ၊ အနေအထိုင်မဆင်ခြင်သူများဟာ အပူဒဏ်ကြောင့် အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးကြရပါတယ်။
အသက်အရွယ်ကြီးရင့်သူများ၊ မွေးကင်းစကလေးငယ်များနဲ့ အရက်သေစာသောက်သုံးသူများဟာ အပူဒဏ်ကြောင့် ကျန်းမာရေးထိခိုက်နိုင်ခြေ ပိုများပါတယ်။
???? ရာသီဥတု...
ကလေးတွေမှာ ဦးခေါင်းအနည်းငယ်ထိခိုက်ဒဏ်ရာရခြင်း Minor Head Injuries in Children ( February 2022 )
ကလေးတွေမှာ ဦးခေါင်းအနည်းငယ်ထိခိုက်ဒဏ်ရာရခြင်း
တစ်ခါတလေ ကလေးတွေဆော့ကစားရင်းဖြစ်စေ မတော်တဆဖြစ်စေ ခေါင်းကိုထိခိုက်မှုဖြစ်တဲ့အခါ မိဘအုပ်ထိန်းသူတွေအနေနဲ့ ဆေးရုံပို့ရမှာလား၊ ဦးနှောက်ထိပြီး ဉာဏ်ရည်များနိမ့်သွားတော့မှာလား၊ အသက်အန္တရာယ်များရှိလား စသဖြင့် စိုးရိမ်ပူပန်မှုများစွာ ဖြစ်စေပါတယ်။
ဦးခေါင်းအနည်းငယ် ထိခိုက်ဒဏ်ရာရတယ်ဆိုတာ ဘာလဲ ?
သဘာဝတရားကြီးက အရမ်းနုနယ်တဲ့ဦးနှောက်ကို ကာကွယ်ဖို့အတွက် ဦးခေါင်းခွံမာကြီးနဲ့ အုပ်ပေးထားပါတယ်။ ခေါင်းကို တစ်ခုခုနဲ့ဆောင့်မိတဲ့အခါ ဦးနှောက်က အနည်းငယ်ခါယမ်းသွားပြီး...
ပခုံးခဲ၊ ပခုံးကပ် ရောဂါ Frozen Shoulder (January 2022)
ပခုံးခဲ၊ ပခုံးကပ် ရောဂါ
အထက်ပါရောဂါသည် ပြင်ပလူနာအဖြစ် ပြသခံယူရသော အဖြစ်များသည့်ရောဂါ တစ်ခုဖြစ်ပါသည်။ လူနာများအနေဖြင့် အရိုးအထူးကုဆရာဝန်၊ ပြန်လည်သန်စွမ်းရေးဆရာဝန်၊ အဆစ်အမြစ်သမားတော်၊ အထွေထွေရောဂါကုဆရာဝန် စသည်တို့ထံတွင် ပြသကုသမှုခံယူလေ့ရှိပါသည်။ သို့ဖြစ်ရာ ပခုံးခဲရောဂါ သဘာဝနှင့် စပ်လျဉ်း၍ သိသင့် သတိပြုအပ်သော အချက်များကို တင်ပြအပ်ပါသည်။
ရောဂါသဘာဝ
ပခုံးခဲရောဂါသည် ပခုံးပတ်လည်ရှိ...
ကလေးပါးစပ်တွင်းက မှက်ခရု Childhood Oral Candidiasis
"ကလေးပါးစပ်တွင်းက မှက်ခရု"
မှက်ခရုကတော့ Candida လို့ခေါ်တဲ့ Yeast မှိုတစ်မျိုးကြောင့်ဖြစ်တာပါ။ အဖြူဖတ်လေးကို ဖယ်လိုက်ရင် သွေးထွက်တတ်ပါတယ်။ အဖြူဖတ်တွေရဲ့ အောက်ခြေမှာ ရောင်နေတတ်တာကြောင့် (တစ်ခါတစ်ရံ) လျာ/ခံတွင်း နာကျင်ခြင်း၊ မအီမသာဖြစ်ခြင်၊း အစားအသောက်ပျက်ခြင်း၊ နို့ မစို့နိုင်ခြင်းတို့ ဖြစ်နိုင်ပါတယ်။
ရောဂါကူးစက်ပုံ
Candida က လူတို့၏ အရေပြား၊...
မျက်သားတက်ခြင်း Pterygium
မျက်သားတက်ခြင်း
==============
မျက်သားတက်တယ်ဆိုတာ အများအားဖြင့် မျက်လုံးရဲ့အဖြူရောင်နေရာမှာ တြိဂံပုံစံ (နောက်ထပ်)အဖြူဖတ်လေး ကပ်ပြီး ၊ နေရတာ ခိုးလိုးခုလုဖြစ်နေတတ်ပါတယ်။ တခါတလေ သွေးကြောမျှင်လေးတွေ မြင်နေရနိုင်ပါတယ်။ အများအားဖြင့် နာလေ့မရှိပါဘူး။ အကယ်၍ ရောင်ယမ်းလာမယ်ဆိုရင်တော့ နာလာတာ၊ နီရဲလာတာမျိုးဖြစ်တတ်ပါတယ်။ မျက်စိရဲ့ အမဲရောင်နေရာအထိ မျက်သားတက်လာရင်တော့ ကြည့်ရတာ အဆင်မပြေဖြစ်လာတတ်ပါတယ်။
ဘယ်သူတွေ ဖြစ်လဲ။...
Hand, Foot, and Mouth Disease (HFMD) (January 2022)
Hand, Foot, and Mouth Disease (HFMD) ဆိုတာ တကယ်တော့ ကလေးတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါပါ။ တစ်ခါတလေတော့ လူကြီးပိုင်းတွေမှာလည်း ဖြစ်တတ်ပါတယ်။ အများအားဖြင့် ပါးစပ်တစ်ဝိုက်၊ နှုတ်ခမ်းအတွင်းနံရံတွေနဲ့ လက်ဖဝါးခြေဖဝါးတွေမှာ အနီစက်တွေ၊ အရည်ဖုလေးတွေ ဖြစ်တာပါ။ ခန္ဓာကိုယ်မှာ ဖြစ်တာရှားပါတယ်။ တချို့မှာတော့...