MENU

See our latest stories

written by our lovely staff members

ဗီတာမင်တွေအကြောင်း အခြေခံ သိမှတ်ဖွယ်

စနေနေ့တိုင်း အာဟာရနဲ့ပတ်သတ်ပြီး ဗဟုသုတလေးတွေ တင်ပေးနေကျနော်... ဒီတစ်ပတ်တော့ ဗီတာမင် တစ်ခုချင်းစီအကြောင်း အခြေခံသိမှတ်ဖွယ်လေးတွေ အတိုချုံးပေါ့ အာဟာရဆိုင်ရာအထူးကုဆရာဝန်ကြီးတစ်ဦးက ရေးပေးထားတာပါ ... Vitamin A အမြင်အာရုံအတွက်အရေးပါပါတယ်။ ချို့တဲ့ပါက ကြာစူးကဲ့သို့ အရေပြားအဖုလေးတွေပေါက်တာ ၊ ကိုယ်ခံအားမကောင်းတာ၊ ကြက်မျက်သင့်ကဲ့သို့ အမှောင်ထဲမှာ မမြင်လွယ်တာ ဖြစ်နိုင်ပါတယ် အလွန်များပြီး overdose ဖြစ်ပါက အသည်းရောင်နိုင်ပါတယ် ၊ တုပ်ကွေးကဲ့သို့...

CoQ10 ကြောင်းသိကောင်းစရာ ( December, 2022)

CoQ10 အကြောင်းသိကောင်းစရာ CoQ10 ( Coenzyme Q10 ) ဆိုတာ ခန္ဓာကိုယ်ထဲမှာ သဘာဝအတိုင်းရှိတဲ့ အာဟာရဓာတ်တစ်မျိုးပါ။ နေ့စဉ်စားသုံးနေတဲ့ အစားအစာအများစုမှာလည်း CoQ10 ပါဝင်ပါတယ်။ Antioxidant အနေနဲ့လည်း လုပ်ဆောင်လို့ ဆဲလ်တွေကို ပြန်လည်ပြုပြင်တဲ့နေရာမှာလည်း အရေးပါပါတယ်။ CoQ10 ဟာ ပုံမှန်ကျန်းမာရေးကောင်းသူတွေမှာ ခန္ဓာကိုယ်တွင်း လုံလောက်တဲ့ပမာဏရှိပေမယ့်...

ဆီးချိုသမားများအတွက်အာဟာရ အပိုင်း(၂)

" ဆီးချိုရှိသူများအတွက် အာဟာရဆိုင်ရာအကြံပြုချက်များ အပိုင်း(၂) " ဆေးပုံမှန်သောက်နေရသူတွေ (သို့) insulin ပုံမှန် ယူနစ်တစ်ခု ကိန်းသေထားထိုးနေရရင် တစ်ရက်တစ်ရက် စားတဲ့ပုံစံဟာ အကြမ်းဖျင်းတူသင့်ပါတယ်။ အစားစားတာ နည်းလိုက်များလိုက်ဆို ဆီးချိုအတက်အကျ မငြိမ်ဖြစ်တတ်ပါတယ်။ သင့်တော်တဲ့ အစားအစာအချိုးအစားကတော့ စုစုပေါင်းကယ်လိုရီရဲ့ ၅၀%ကို ကစီဓါတ် ၊ ၃၀%ကို အဆီ...

Electrolytes imbalance (ခန္ဓာကိုယ်တွင်း သတ္တုဓာတ်များ မညီမျှခြင်း ) (November, 2022)

ခန္ဓာကိုယ်တွင်း သတ္တုဓာတ်များ မညီမျှခြင်း ( Electrolytes imbalance ) ခန္ဓာကိုယ်ရဲ့အရည်များထဲမှာ သဘာဝအတိုင်းရှိနေတဲ့ ဓာတုအာဟာရဒြပ်စင်များကို Electrolytes လို့ခေါ်ပါတယ်။ အဲ့ထဲကမှ အရေးကြီးဆုံး electrolytes တွေကတော့ Chloride (ကလိုရိုက်)၊ Phosphate (ဖော့စဖိတ်)၊ Potassium (ပိုတက်ဆီယမ်)၊ Sodium (ဆိုဒီယမ်)နဲ့ Calcium...

Hangover( အရက်နာကျခြင်း ) (November, 2022)

အရက်နာကျတဲ့ ခံစားချက်က ဆိုးလွန်းလို့ ‘နောက်ဘယ်တော့မှ မသောက်တော့ဘူး’လို့ ပြောဖူးလား ? အရက်နာကျတဲ့ဝေဒနာ သက်သာအောင် အသုံးဝင်မယ့် ဆောင်ရန်၊ရှောင်ရန်နည်းလမ်းတွေ သိချင်ရင် ဆက်ဖတ်ကြည့်ပါနော်။ အရက်နာကျခြင်း ( Hangover ) အရက်နာကျတယ်ဆိုတာ ညဘက်အရက်အလွန်အကျွံသောက်ပြီး နောက်နေ့မနက်မှာ အားအင်ကုန်ခမ်းခြင်းနှင့်အတူ အခြားသောဆိုးရွားတဲ့လက္ခဏာတွေ ခံစားရခြင်းပဲ ဖြစ်ပါတယ်။တနည်းအားဖြင့် အယ်လ်ကိုဟောမှာပါဝင်တဲ့ ဓာတုပစ္စည်းတွေ အဆိပ်တက်ခြင်း...

ကျောက်ကပ်ဆေးနေသူတွေနဲ့ အာဟာရချို့တဲ့မှု Dietary Advices for Dialysis Patient (November, 2022)

ကျောက်ကပ်ဆေးနေသူတွေအနေနဲ့ အာဟာရချို့တဲ့မှုဖြစ်ဖို့ ပိုလွယ်တာ သိပါရဲလား ? ကျောက်ကပ်ဆေးသူတွေမှာ တစ်ခါတစ်ခါဆေးတိုင်း စွန့်ပစ်ရည်ထဲ ပရိုတင်းလို့ခေါ်တဲ့ အသားဓာတ်တွေ ပါသွားတဲ့အတွက် အသားဓာတ်ကို တစ်နေ့တာ လိုအပ်ချက်ပြည့်မှီအောင် စားပေးရပါမယ် နာတာရှည် ကျောက်ကပ်ဝေဒနာသည်တွေဟာ ကျောက်ကပ်တစ်ခါတစ်ခါ ဆေးဖို့အတွက် သွားလာရတာ ပင်ပန်းတာ၊ မောတာ ယူရီးယားလို အသားဓာတ်တက်တာတွေ ကိုယ်တွင်း မသိမသာ ရောင်ရမ်းမှုတွေရှိတာကြောင့်  ခံတွင်းမတွေ့ ဖြစ်လွယ်တာ အာဟာရဆုံးရှူံးမှုဖြစ်တာ ပျို့လွယ် အန်လွယ်...

ဗီတာမင်အေ ချို့တဲ့ခြင်း Vitamin A Deficiency (November, 2022)

" ဗီတာမင်အေ ချို့တဲ့ခြင်း " ◽Vitamin A ဟာ ခန္ဓာကိုယ်လုပ်ငန်းဆောင်တာများအတွက် အလွန်အရေးကြီးတဲ့ အဆီတွင်ပျော်ဝင်နိုင်သောဗီတာမင်အမျိုးအစားတစ်မျိုး ဖြစ်ပါတယ်။ ကျန်းမာသောအမြင်အာရုံ၊ ကောင်းမွန်သော ကိုယ်ခံစွမ်းအား၊ မျိုးပွါးခြင်းနှင့် နုပျိုကျန်းမာသော အသားအရေတို့အတွက် Vitamin A ဟာ အရေးကြီးတဲ့ကဏ္ဍက ပါဝင်ပါတယ်။ ◽အစားအစာများမှာ တွေ့ရတဲ့ Vitamin A...

ကလေးတွေမှာ အဖြစ်များတဲ့ infantile beriberi လို့ခေါ်တဲ့ ဗီတာမင် B1 ချို့တဲ့တဲ့ ရောဂါအကြောင်း (November, 2022)

မွေးကင်းစကလေးငယ်တွေဘဝမှာ လိုအပ်တဲ့အာဟာရတွေ တစ်နည်းအားဖြင့် ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပြည့်ဝနေဖို့ အလွန်အရေးကြီးလှပါတယ်။ ဒီနေ့မှာတော့ မွေးကင်းစကလေးတွေမှာ အဖြစ်များတဲ့ infantile beriberi လို့ခေါ်တဲ့ ဗီတာမင် B1ချို့တဲ့တဲ့ ရောဂါအကြောင်းကို ဖော်ပြလိုပါတယ်။ Infantile Beriberi ရောဂါဟာ မြန်မာနိုင်ငံက မွေးကင်းစ နို့စို့အရွယ်ကလေးတွေမှာ တော်တော့်ကို အဖြစ်များတဲ့...