MENU

See our latest stories

written by our lovely staff members

ဆီးချိုရောဂါနှင့် ခြေထောက်ကျန်းမာရေး (December,2023)

သင့်မှာ ဆီးချိုရောဂါရှိလာပြီဆိုရင် မိမိကိုယ်ကို အရင်ကနဲ့မတူဘဲ ပြုပြင်စီစဉ်ရတာတွေ များစွာရှိပါတယ်။ ဆီးချိုစစ်ကြည့်ရတာ၊ ဆေးတွေ နေ့စဉ်မပြတ်သောက်ရတာ၊ လေ့ကျင့်ခန်းလုပ်ဖို့၊ မတည့်တဲ့ အစားအသောက်တွေ မစားမိဖို့၊ ရက်ချိန်းမှန်မှန်ပြဖို့ စသည်ဖြင့် စီမံရမှာတွေ များနေမှာပါ။ ဒီလို စီမံရတာတွေထဲမှာ လူအတော်များများက ခြေထောက်ကိုဂရုစိုက်ဖို့ မေ့နေတတ်ပါတယ်။ ဒီနေ့မှာတော့ ဆီးချို‌နှီးနွယ် ခြေထောက်ရောဂါအကြောင်း...

“ ဆီးချိုရောဂါကြောင့် အာရုံကြောထိခိုက်ခြင်း (သို့မဟုတ်) ဆီးချိုနှီးနွယ် အာရုံကြောရောဂါ” (December,2023)

ဆီးချိုရောဂါဟာ သင့်ရဲ့အာရုံကြောတွေကို ထိခိုက်စေနိုင်ပါတယ်။ ဆီးချိုရောဂါရှိသူတွေရဲ့ ထက်ဝက်ခန့်ဟာ အာရုံကြောထိခိုက်မှု ရှိတတ်ကြပြီး၊ ဒီလိုမျိုး ဆီးချိုကြောင့် အာရုံကြောထိခိုက်ခြင်းဟာ ခြေထောက်နဲ့ လက်တွေမှာသာမက ကိုယ်တွင်းအင်္ဂါတွေနဲ့ ကြွက်သားတွေမှာပါ ထိခိုက်နိုင်ပါတယ်။ ဒီအတွက် သိမှတ်ထားသင့်တဲ့ ဆီးချိုနှီးနွယ် အာရုံကြောရောဂါ အမျိုးအစားတွေကတော့... (၁) ဆီးချိုကြောင့် အစွန်အဖျား သိမှုအာရုံကြောများ ထိခိုက်ခြင်း (Symmetric...

စိတ်ဖိစီးမှုကြောင့်ဖြစ်တတ်တဲ့ ခေါင်းကိုက်ခြင်း Tension Headache (October,2023)

စိတ်ဖိစီးမှုကြောင့်ဖြစ်တတ်တဲ့ ခေါင်းကိုက်ခြင်း (Tension Headache) ခေါင်းကိုက်ခြင်းဝေဒနာဆိုတာ လူတိုင်း နေ့စဥ်ဘဝမှာ ရံဖန်ရံခါ (သို့) မကြာခဏ ကြုံတွေ့ခံစားရတဲ့ ပြဿနာ ဖြစ်ပါတယ်။ ခေါင်းကိုက်တယ်လို့ အလွယ်တကူ ပြောတတ်ကြပေမယ့် တကယ်တမ်းမှာ ပါရာစီတ‌မောသောက်ရုံလောက်နဲ့ အဆင်မပြေတဲ့ မပေါ့ဆသင့်တဲ့ ခေါင်းကိုက်ခြင်းတွေရှိသလို အန္တရာယ်မများတဲ့ ခေါင်းကိုက်ဝေဒနာတွေလည်း ရှိပါတယ်။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ခေါင်းကိုက်ဝေဒနာဟာ...

လေဖြတ်ရောဂါမဖြစ်အောင် ဘယ်လို စားသောက်နေထိုင်ရမလဲ “ Stroke Prevention” (May 2023)

ကိုယ်တစ်ခြမ်း မလှုပ်နိုင်၊ လမ်းမလျှောက်နိုင်၊ စကားပီပီသသ မပြောနိုင်...အစရှိတဲ့ လေဖြတ်ခံထားရတဲ့ လူနာမျိုးတွေနဲ့ တွေ့ဖူးကြုံဖူးကြမယ်လို့ ထင်ပါတယ်။ ဒီနေ့ ပြောပြချင်တဲ့အကြောင်းကတော့ လေဖြတ်ရောဂါမဖြစ်အောင် ဘယ်လို စားသောက်နေထိုင်ရမလဲ ဆိုတဲ့အကြောင်းလေး ဖြစ်ပါတယ်။ လေမဖြတ်အောင် အကောင်းဆုံးနေထိုင်နည်းလမ်းတွေကတော့ အာဟာရမျှတတဲ့ အစားအသောက် စားခြင်း၊ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်၊ ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ခြင်း၊...

မြွေကိုက်ခံရခြင်း “ Snake Bite” (May 2023)

ဒီရက်ပိုင်း မြွေကိုက်ခံရတဲ့လူနာတွေ ခပ်စိပ်စိပ်တွေ့နေရလို့.....မြွေအကြောင်း အခြေခံဗဟုသုတတွေနဲ့ မြွေကိုက်ခံရခြင်းနဲ့ ပတ်သတ်တဲ့အကြောင်းတွေကို မျှဝေပါရစေ....... မြန်မာနိုင်ငံမှာရှိတဲ့ အဆိပ်ရှိ (အဆိပ်ပြင်း) မြွေတွေကို Elapidae နဲ့ Viperidae ဆိုပြီး အဓိကအုပ်စု (၂) ခု ခွဲခြားထားပြီး၊ အတန်အသင့် အဆိပ်ရှိတဲ့မြွေတွေကတော့ Colubridae ဆိုတဲ့ တတိယအုပ်စုထဲမှာ ပါဝင်ပါတယ်။ ဒီလို...

အကိုက်အခဲပျောက်ဆေး အလွန်အကျွံသောက်သုံးခြင်းကြောင့် ဖြစ်တဲ့ ခေါင်းကိုက်ခြင်း Medication overuse headache (March, 2023)

အကိုက်အခဲပျောက်ဆေး အလွန်အကျွံသောက်သုံးခြင်းကြောင့် ဖြစ်တဲ့ ခေါင်းကိုက်ခြင်း (Medication overuse headache) ကျန်းမာခြင်းဟာ လာဘ်တစ်ပါးဆိုတဲ့အတိုင်း ကျန်းမာရေးကို ဂရုစိုက်ဖို့က အင်မတန် အရေးကြီးပါတယ်။ ဒါပေမယ့် “တန်ဆေး လွန်ဘေး” ဆိုတဲ့စကားအတိုင်း မိမိဂရုစိုက်တာဟာ လွန်လွန်ကျွံကျွံမဖြစ်ဖို့တော့ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ လိုတာထက်ပိုပြီး ဆေးတွေကို ပိုသုံးခဲ့ရင် ရှိရင်းစွဲရောဂါဟာ...

“ အာရုံကြောအားနည်းခြင်း (Peripheral Neuropathy)”

"အာရုံကြောအားနည်းခြင်း (Peripheral Neuropathy)" အာရုံကြောအားနည်းခြင်းဆိုတာ အာရုံကြောအဖွဲ့အစည်း ပျက်စီးခြင်းကြောင့်ဖြစ်ပြီး အထူးသဖြင့် ဦးနှောက်နဲ့ အာရုံကြောမကြီးဆီကနေ သတင်းအချက်အလက်တွေကို တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီကို ပို့ပေးတဲ့ အာရုံကြောတွေပျက်စီးတာကိုခေါ်ပါတယ်။ . အာရုံကြောအားနည်းစေတဲ့အကြောင်းအရင်းများမှာ ၁။ ဆီးချိုသွေးချိုကြောင့်ဖြစ်တာ (အဖြစ်အများဆုံး) ၂။ ကျောက်ကပ်မကောင်းတာ ၃။ ဟော်မုန်းဓာတ်မညီမျှတာ ၄။ မျိုးရိုးလိုက်တာ ၅။ ထိခိုက်ဒဏ်ရာတစ်ခုခုကြောင့်ဖြစ်တာ ၆။ အာရုံကြောတွေ ချို့ယွင်းလို့ဖြစ်တာ စသဖြင့် ဖြစ်နိုင်ပါတယ်။ . အာရုံကြောအားနည်းခြင်းအမျိုးအစားတွေကတော့......... အမျိုးအစားပေါင်း ၁၀၀...

လက်ကောက်ဝတ်အကြောညပ်တဲ့ရောဂါ Carpal Tunnel Syndrome

Carpal Tunnel Syndrome ဆိုတာကတော့ အလွယ်တကူပြောရရင် လက်ကောက်ဝတ်အကြောညပ်တဲ့ရောဂါပဲ ဖြစ်ပါတယ်။ လက်ကောက်ဝတ်ကို အာရုံကြောထောက်ပံ့ပေးနေတဲ့ median nerve လို့ခေါ်တဲ့ အာရုံကြော အဖိခံရတဲ့အတွက် ခံစားရတဲ့ ဝေဒနာဖြစ်ပါတယ်။ လက်ချောင်းတွေကို အာရုံခံစားမှု ထောက်ပံ့ပေးတဲ့ အဲ့ဒီ median nerve ဟာ လက်ကောက်ဝတ်မှာရှိတဲ့ carpal...