See our latest stories

written by our lovely staff members

မျက်နှာတစ်ခြမ်းရှိကြွက်သား အားနည်းခြင်း Bell’s Palsy (October, 2022)

Bell’s Palsy (မျက်နှာတစ်ခြမ်းရှိကြွက်သား အားနည်းခြင်း) Bell’s palsy ဆိုတာဟာ အာရုံကြောထိခိုက်ပျက်စီးမှုကြောင့် မျက်နှာတစ်ခြမ်းမှာရှိတဲ့ ကြွက်သားတွေ ၊ ဂလင်းတွေ အားနည်းသွားတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ မျက်နှာတစ်ခြမ်း လေဖြတ်တယ်လို့ သုံးနှုန်းကြပေမယ့် တကယ်တမ်းတော့ ဦးနှောက်သွေးကြောပေါက်တာ /ပိတ်တာကြောင့်ဖြစ်တဲ့ လေဖြတ်တာမျိုးနဲ့ မတူပါဘူး အဲဒီ့အစား...ခါးရိုးအာရုံကြောညပ်တဲ့အခါ ခြေထောက်တွေ အားနည်းသွားသလိုမျိုးနဲ့ ပိုဆင်တူပါတယ်။...

Epilepsy (အတက်ရောဂါ) (September, 2022)

Epilepsy (အတက်ရောဂါ) ဆိုတာဘာလဲ မျက်ဖြူလန် အကြောဆွဲပြီး ထိန်းမရအောင် "တက်" နေတဲ့သူတွေကို တချို့လည်း မြင်ဖူးကြမှာပါ။ ၀က်ရူးပြန်တယ် ခေါ်ကြတာပေါ့... ၀မ်းရူးပြန်တယ်ပြောရင် အရပ်ထဲမှာ လူကြီးတွေက ခြေမချိုး ၊ လက်မချိုး ၊ ကြေးသော့နဲ့ခြေဖဝါးလှည့်....အဲ့လိုတွေ ပြောကုန်ကြတာကိုလည်း ကြားဖူး ကြပါလိမ့်မယ်။( ဒီလို ပြုလုပ်ခြင်းတွေဟာ မလိုအပ်ပါဘူး။...

အာရုံကြောအားနည်းတဲ့အကြောင်း (September, 2022)

" အာရုံကြောအားနည်းတဲ့အကြောင်းလေး ရေးပေးပါ "ဆိုတော့ ဘယ်ကစပြီး ဘယ်လို ရေးရမယ်မှန်းလည်းမသိ...အစလည်း ရှာမရ ဖြစ်နေပါတယ် ဒါ့ကြောင့် စကားလုံး အသုံးအနှုန်းကနေပဲ အရင်စပြီး ရေးလိုက်ပါတော့တယ် ... ... အားနည်းတယ် ဆိုတဲ့အသုံးအနှုန်းပါ "အား" ဆိုတဲ့အသုံးအနှုန်းဟာ ဒီနေရာမှာ Force , Power , Energy ကို ရည်ညွှန်းခြင်းမဟုတ်ကြောင်း ဦးစွာပြောပါရစေ ခန္ဓာကိုယ်မှာ...

Stroke: Part (2) (လေဖြတ်ခြင်း အပိုင်း(၂) ( လေ့ကျင့်ခန်းများ ) ) ( August, 2022 )

လေဖြတ်ခြင်း အပိုင်း(၂) ( လေ့ကျင့်ခန်းများ ) Flaccdity after stroke (လေဖြတ်ပြီးနောက်ကြွက်သားလျော့ကျပြီး အားနည်းခြင်း) လေဖြတ်ပြီးနောက် ကြွက်သားများအားနည်းခြင်းဟာ ပြန်လည်ထူထောင်လာခြင်း အစောပိုင်းရက်တွေမှာ ဖြစ်တတ်ပါတယ်။ အရမ်းပြင်းထန်တဲ့ case တွေမှာတော့ အားနည်းတာဟာ ဆက်လက်ဖြစ်သွားနိုင်ပါတယ်။ ကြွက်သားအားလျော့တယ်ဆိုတာကတော့ ဦးနှောက်ထဲမှာရှိတဲ့ အာရုံကြောလမ်းကြောင်းတွေကိုထိခိုက်ပြီး ပုံမှန်လှုပ်ရှားနိုင်မှုမရှိတော့တာ ဖြစ်ပါတယ်။ လေဖြတ်ပြီးတဲ့နောက်မှာ ဦးနှောက်နဲ့ကြွက်သားကြားထဲမှာရှိတဲ့ အာရုံကြောချိတ်ဆက်မှုတွေဟာ...

ဘာကြောင့်လေဖြတ်ရတယ် Stroke (Part 1) ( August, 2022 )

ဒီနေ့မှာတော့ တယ်လီကျန်းမာကို ပူးပေါင်းကူညီပေးနေကြတဲ့ အကြောအဆစ်ပြန်လည်သန်စွမ်းရေးပညာရှင်များ ရေးသားပေးပို့ထားတဲ့ လေဖြတ်ခြင်း အပိုင်း(၁)အကြောင်းလေး တင်ပြပေးပါရစေနော်... အခုအပိုင်း (၁)မှာတော့ ဘာကြောင့်လေဖြတ်ရတယ်ဆိုတဲ့ အခြေခံအကြောင်းရင်းလေးတွေနဲ့ ရောဂါလက္ခဏာတွေကို အဓိကဖော်ပြပေးသွားမှာဖြစ်ပြီး...အပိုင်း(၂)မှာတော့ လေဖြတ်ပြီးနောက် လုပ်ဆောင်ရမယ့် ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းများကို တင်ဆက်ပေးသွားမှာပါ။ တခြားရောဂါအမျိုးမျိုးအတွက် ပြန်လည်သန်စွမ်းခြင်းဆိုင်ရာ လေ့ကျင့်ခန်းများကိုလည်း အောက်ပါ pageမှာ ဝင်ရောက်လေ့လာနိုင်ပါကြောင်း သတင်းကောင်းပါးရင်း.....https://www.facebook.com/Tele-Physiotherapy-102788082130988/ ----------------------။ ။----------------------- လေဖြတ်ခြင်း...

ရေများနေတဲ့ ဦးခေါင်း Hydrocephalus ( June, 2022 )

လူတော်တော်များများ ဦးခေါင်းခွံကြီးပြီး ခေါင်းမထောင်နိုင်တဲ့ မွေးကင်းစလေးတွေ တွေ့ဖူးကြမယ်ထင်ပါတယ်။ ဒီရောဂါကိုတော့ Hydrocephalus လို့ခေါ်ပါတယ်။ Hydro ဆိုတာကတော့ “ရေ”ကိုဆိုလိုတာဖြစ်ပြီး Cephalus ဆိုတာကတော့ “ဦးခေါင်း”ကို ပြောတာပါ။ အကြမ်းဖျင်းဘာသာပြန်ရရင်တော့ ရေများနေတဲ့ ဦးခေါင်းလို့ ဆိုလိုတာပေါ့။ ဒီနေ့မှာတော့ ဒီ Hydrocephalus ဆိုတဲ့ ရောဂါနဲ့ ပတ်သက်ပြီး ဗဟုသုတပြောပြပေးသွားမှာပဲ...

ခေါင်းတစ်ခြမ်းကိုက်ခြင်း Migraine ( May,2022 )

ခေါင်းတစ်ခြမ်းကိုက်ခြင်း????(Migraine) လူ ၁၀ယောက်မှာ ၁ယောက်လောက် ဖြစ်လေ့ရှိတဲ့ခေါင်းတစ်ခြမ်းကိုက်ခြင်း (ခေါ်) Migraine အကြာင်းလေး ဒီနေ့ပြောပြပေးပါ့မယ်.... ❓Migraine ကဘယ်သူတွေမှာ ဖြစ်တတ်တာလဲ - များသောအားဖြင့် အမျိုးသမီးတွေမှာပိုဖြစ်လေ့ရှိပြီး- အသက် (၂၀) နဲ့ (၅၀)ကြားမှာလက္ခဏာပိုပြတတ်ပါတယ်- မျိုးရိုးလည်းလိုက်တတ်ပါတယ် ❓ဘယ်လိုလက္ခဏာတွေပြတာက Migraine လို့ပြောလို့ရလဲ ခေါင်းမကိုက်ခင်ဖြစ်တတ်တဲ့ ( Aura )ရှေ့ပြေးလက္ခဏာတွေဖြစ်တဲ့ - ပျို့အန်တာ-...

ကလေးတွေမှာ ဦးခေါင်းအနည်းငယ်ထိခိုက်ဒဏ်ရာရခြင်း Minor Head Injuries in Children ( February 2022 )

ကလေးတွေမှာ ဦးခေါင်းအနည်းငယ်ထိခိုက်ဒဏ်ရာရခြင်း တစ်ခါတလေ ကလေးတွေဆော့ကစားရင်းဖြစ်စေ မတော်တဆဖြစ်စေ ခေါင်းကိုထိခိုက်မှုဖြစ်တဲ့အခါ မိဘအုပ်ထိန်းသူတွေအနေနဲ့ ဆေးရုံပို့ရမှာလား၊ ဦးနှောက်ထိပြီး ဉာဏ်ရည်များနိမ့်သွားတော့မှာလား၊ အသက်အန္တရာယ်များရှိလား စသဖြင့် စိုးရိမ်ပူပန်မှုများစွာ ဖြစ်စေပါတယ်။ ဦးခေါင်းအနည်းငယ် ထိခိုက်ဒဏ်ရာရတယ်ဆိုတာ ဘာလဲ ? သဘာဝတရားကြီးက အရမ်းနုနယ်တဲ့ဦးနှောက်ကို ကာကွယ်ဖို့အတွက် ဦးခေါင်းခွံမာကြီးနဲ့ အုပ်ပေးထားပါတယ်။ ခေါင်းကို တစ်ခုခုနဲ့ဆောင့်မိတဲ့အခါ ဦးနှောက်က အနည်းငယ်ခါယမ်းသွားပြီး...