MENU

See our latest stories

written by our lovely staff members

HIV ရောဂါပိုး ကူးစက်ပုံနှင့် စစ်ဆေးပုံ

HIV အကြောင်း သင်သိထားတာတွေ ပြည့်ရောပြည့်စုံရဲ့လား။ သိထားသင့်ပြီး တကယ်မသိတာတွေများ ရှိနေသေးလား 🤔 ကိုယ်မသိသေးတာ ဘာတွေများထွက်လာမလဲလို့ ဖတ်ကြည့်ရအောင်လေနော်။ တကယ် မသိသေးတာတွေလည်း ထွက်လာမှာပါ။ အကျိုးလည်း ရှိစေမှာပေါ့။ စမယ်နော်…👇👇👇…… ပထမဆုံးအနေနဲ့ အများစု သိထားပြီးသားတွေဖြစ်တဲ့… အရေပြားချင်းထိတွေ့တာ (ဥပမာ - လက်ဆွဲနှုတ်ဆက်တာ၊ ဖက်တာ) အိမ်သာ ရေချိုးခန်း ဘုံသုံးတာ ထမင်းစား ပန်းကန်ခွက်ယောက်...

ကာလဝမ်းရောဂါ (Cholera) နှင့် လူနာကုသမှု အတွေ့အကြုံများ

ကျွန်တော် ၂၀၀၇- ၂၀၀၈ လောက်က ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ ပြင်ရွာတိုက်နယ်ဆေးရုံမှာ တာဝန်ကျခဲ့တုန်းက ပြင်းထန်ကာလဝမ်းရောဂါ (cholera) လို့ ထင်ရတာတွေ အများကြီးကြုံခဲ့ရပါတယ်။ ကောင်းသွားတာတွေလည်းရှိသလို အသက်ဆုံးရှုံးသွားတာတွေလည်း ရှိပေါ့ဗျာ။ ဧရာဝတီတိုင်းမှာ ဘယ်အချိန် cholera ဖြစ်သလဲဆိုတော့ မတ်လ၊ ဧပြီလလောက်မှာဗျ။ တစ်မိုးတွင်းလုံးကတော့ မိုးရေပဲသောက်ကြရတယ်။ တစ်ဆောင်းလုံးလည်း...

လူသိနည်းနေတဲ့ ဆင်ခြေထောက်ရောဂါအကြောင်း Elephantiasis or Lymphatic Filariasis

"လူသိနည်းနေတဲ့ ဆင်ခြေထောက်ရောဂါအကြောင်း"(Elephantiasis or Lymphatic filariasis) ဆင်ခြေထောက်ရောဂါဆိုတာ ခြင်ကနေတစ်ဆင့်ကူးစက်တတ်တဲ့ ကူးစက်ရောဂါတစ်မျိုးပါ။ ခြင်မှတစ်ဆင့်ကူးစက်တဲ့ filarial worm ကြောင့် ဖြစ်တာပါ။ ဆင်ခြေထောက်ရောဂါက အရေပြားကို ထူထဲရောင်ရမ်းစေပြီး ပုံပျက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ဆင်ခြေထောက်ရောဂါပိုးဟာ လူ့ခန္ဓာကိုယ်ထဲက ပြန်ရည်ကြောစနစ်ထဲမှာ ရှင်သန်ကြီးထွားတာဖြစ်ပြီး သွေးကြောမှတစ်ဆင့် မျိုးပွားပျံ့နှံ့ကြပါတယ်။ ပြန်ရည်ကြောစနစ်ထဲမှာ ပိတ်နေနိုင်ပြီး...

ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်စေတဲ့ တိုက်ဖိုက်မျိုးစိတ် Salmonella ရောဂါပိုးအကြောင်း

Salmonella ဆိုတာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတစ်မျိုးဖြစ်ပါတယ်။ Salmonella ကူးစက်မှုရဲ့ အဖြစ်များတဲ့ လက္ခဏာတွေကတော့ ဝမ်းလျှောခြင်း၊ ဗိုက်အောင့်ခြင်း၊ အဖျားတက်ခြင်းနဲ့ အော့အန်ခြင်းတို့ပါ။ Salmonella ဘက်တီးရီးယား မျိုးကွဲအမျိုးအစားများစွာရှိပြီး ၎င်းတို့ဟာ တိုက်ဖွိုက်အဖျားနဲ့ အစာအိမ်ရောဂါအပါအဝင် ရောဂါအမျိုးမျိုးကို ဖြစ်စေနိုင်ပါတယ်။ Salmonella ကူးစက်ခံရသူအများစုဟာ ရောဂါလက္ခဏာမပြင်းထန်တာကြောင့် ကုသမှုမခံယူဘဲ...

ကလေးများ ဝမ်းပျက်ဝမ်းလျှောဖြစ်လျှင် သတိပြုရမည့်အချက်များ

ကလေးတွေ ဝမ်းပျက်ဝမ်းလျှော ဖြစ်လာကြရင်… အခုတလော ကလေးတွေရော လူကြီးတွေပါ ဝမ်းပျက်ဝမ်းလျှောဖြစ်နေကြတာမို့ ဝမ်းလျှောတဲ့ကလေးငယ်တွေအတွက် သတိပြုရမယ့်အချက်‌ကလေးတွေ ပြန်ပြောပြချင်ပါတယ်။ ဝမ်းလျှောတဲ့အခါ ခန္ဓာကိုယ်က ရေဓာတ်လျော့နည်းသွားပါတယ်။ ကလေးငယ်တွေဟာ ရေဓာတ်ခန်းခြောက်မှုကို လူကြီးတွေလို ခံနိုင်ရည်မရှိပါဘူး။ ဒါ့ကြောင့် အရေးအကြီးဆုံးက ရေဓာတ်မခန်းခြောက်စေဖို့ပါ။ အဝင်အထွက်မျှရပါမယ်။ ခန္ဓာကိုယ်ကထွက်သလောက် (ဝမ်းလျှောသလောက်/အန်သလောက်) အရည်ပြန်ဝင်အောင် တိုက်သင့်ပါတယ်။ အရည်များများ...

ရေမှတဆင့်ကူးစက်တတ်သော ရောဂါများအကြောင်း Waterborne Diseases

🌧️မိုးရာသီရောက်လာတာနဲ့အမျှ ရေကြီးတာတွေကလည်း နောက်ဆက်တွဲအနေနဲ့ ပါလာကြစမြဲပါပဲ…… မိမိတို့‌ နေထိုင်တဲ့အရပ်မှာ ရေဝင်လာတဲ့အခါ၊ ရေကြီးတဲ့နေရာတွေကို သွားရတဲ့အခါမှာဆိုရင် ရေကနေကူးစက်တတ်တဲ့ ရောဂါတွေအကြောင်းကို သိထားပြီး သတိထားမိစေနိုင်ဖို့အတွက် အဖြစ်အများဆုံး ရောဂါ (၃) မျိုးကို တင်ပြပေးလိုက်ပါတယ်နော်။…… နှစ်စဥ်တိုင်းလိုလို ဖွံ့ဖြိုးဆဲနိုင်ငံတွေက လူဦးရေ အတော်များများဟာ ရေကနေ ကူးစက်တဲ့ရောဂါတွေကို ခံစားနေကြရပါတယ်။. ❓ရေကနေဘယ်လိုကူးစက်တာလဲ…… ရေမှပေါက်ဖွားတဲ့ သို့မဟုတ်...

မိုးရာသီနှင့် မှိုပိုးများအကြောင်း

"တစ်နှစ်တစ်ခါပေါ်လို့လာ၊ ငါသာမင်းလောင်း ထီးဖြူဆောင်း" ဆိုသလို ခုလို မိုးရာသီအချိန်အခါဟာ မှိုပွင့်လေးတွေ ပေါ်ပေါက်ချိန်ပါပဲ။ မိုးရာသီဟာ ဒီလိုမျိုး လူသားတွေကို အာဟာရအကျိုးပြုတဲ့ မှိုတွေပေါ်ထွက်ရုံသာမက သာမာန်လူမျက်စိနဲ့မမြင်နိုင်တဲ့ အဏုကြည့်မှန်ပြောင်းအောက်မှာသာ မြင်နိုင်တဲ့ မှိုပိုးတွေ အမြောက်အများပေါ်ထွန်းရာ၊ မှိုပိုးနဲ့ပတ်သက်တဲ့ရောဂါတွေ ဖြစ်ပွားလေ့ရှိရာ ရာသီတစ်ခုလည်း ဖြစ်နေပြန်ပါတယ်။ ပူနွေးစွတ်စိုတဲ့ ရာသီဥတု​က မှိုပိုးတွေပေါက်ဖွားစေဖို့ အားပေးတဲ့နေရာ...

မသန့်ရှင်းသော ဆေးထိုးအပ်ကြောင့်ဖြစ်သော အနာ Injection Abscess

Injection Abscess မြန်မာလို ဘယ်လိုပြောရမလဲမသန့်ရှင်းသော ဆေးထိုးအပ်ဖြင့်၊ မထိုးသင့်သောဆေးကို၊ မထိုး‌ပေးသင့်သော လူနာအား၊ ဆေးထိုးခွင့်မရှိသော အပ်ပုန်းရမ်းကုများက လူနာ၏တင်ပါးတွင် ထိုးပေးပြီးနောက် တင်ပါးတွင် အသားဆွေးပြည်တည်နာ ဖြစ်ခြင်း။ အံမယ်လေး မောတာ ရှင်းပြရတာ…ခု အဲဒီလိုလူနာ ရောက်နေလို့ဗျ။ အသက်က ငါးဆယ်ကျော် မိန်းမကြီး။ ကလေးက ဆယ်ယောက်မွေးထားတယ်။ စစ်ကြည့်လိုက်တော့ ဆီးချိုရှိတယ်။...