MENU

See our latest stories

written by our lovely staff members

နှလုံးသားလေးမှာ မွေးရာပါအပေါက် ဖြစ်နေတဲ့အခါ Atrial Septal Defect (September,2023)

နှလုံးသားလေးမှာ မွေးရာပါအပေါက် ဖြစ်နေတဲ့အခါ (Atrial Septal Defect) Atrial Septal Defect ဆိုတာ နှလုံးရဲ့အပေါ်ခန်း (atria) ကို ပိုင်းခြားထားတဲ့ နံရံ (septum) မှာ အပေါက်ပါတဲ့ မွေးရာပါချို့ယွင်းချက် ဖြစ်ပါတယ်။ အပေါက်ဟာ အရွယ်အစား ကွဲပြားနိုင်ပြီး သူ့အလိုအလျောက် ပြန်ပိတ်သွားနိုင်သလို၊...

ကျောင်းကြောက်ခြင်း၊ ကျောင်းသွားရန်ငြင်းဆန်ခြင်း School Anxiety, School Refusal, School Avoidance or School Phobia (August,2023)

ကျောင်းကြောက်ခြင်း၊ ကျောင်းသွားရန်ငြင်းဆန်ခြင်း ကျောင်းသား/ကျောင်းသူတစ်ယောက်က တစ်စုံတစ်ခုကို စိုးရိမ်ကြောက်ရွံ့ပြီး ကျောင်းသွားဖို့ အကြောက်အကန်ငြင်းဆန်တဲ့ အခြေအနေမျိုးကို ဆိုလိုတာဖြစ်ပြီး စာမသင်ချင်လို့၊ ကျောင်းမှာမပျော်လို့ ကျောင်းပြေးတာမျိုးနဲ့မတူပါ။ ကျောင်းနေအရွယ် ကလေး (၁ - ၅ %) လောက်မှာ ဒီလိုပြဿနာမျိုးရှိနိုင်ပြီး အသက် ၅၊ ၆၊ ၁၀ နဲ့ ၁၁...

ဂိမ်းကစားမှုကို အလွန်အကျွံစွဲလမ်းခြင်း Gaming Disorder(August,2023)

ဂိမ်းကစားမှုကို အလွန်အကျွံစွဲလမ်းခြင်း (Gaming disorder) အွန်လိုင်းဂိမ်းတွေ အလွန်ခေတ်စားလာပြီး eSport ဆိုပြီး နိုင်ငံတကာပြိုင်ပွဲတွေပါ ဖြစ်လာတာနဲ့အတူ ဂိမ်းကို အလွန်အကျွံစွဲလမ်းပြီး ဘဝပျက်သွားတဲ့လူငယ်တွေရဲ့သတင်းတွေလည်း များသည်ထက်များလာပါတယ်။ ကွန်ပြူတာ၊ ဖုန်း စတာတွေ ဝယ်မယ်ဆိုရင်တောင် ဂိမ်းကစားလို့ကောင်းတဲ့ပစ္စည်းဆိုပြီး လိုအပ်ချက်တစ်ခုအနေနဲ့ ထည့်သွင်းရွေးချယ်ကြတာ များလာပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က နိုင်ငံတကာရောဂါအုပ်စုခွဲသတ်မှတ်ခြင်း အမှတ်စဉ်...

ကလေးငယ်တွေအတွက် တစ်ကိုယ်ရေသန့်ရှင်း​ရေး Personal Hygiene for Children(August,2023)

(ငယ်စဥ်ကတည်းက ကျန်းမာရေးနဲ့ ညီညွတ်အောင် ပြုမူနေထိုင်တတ်ဖို့ရယ်၊ ကလေးငယ်တွေကို ပုံလေးတွေပြပြီး အလွယ်တကူ ဖတ်ပြနိုင်ဖို့ရယ်အတွက် ယခုပိုစ့်လေးကို တင်ဆက်ပေးလိုက်ပါတယ်နော် ????) မင်္ဂလာပါ သားသား မီးမီးတို့​ရေ... အန်တီက တယ်လီကျန်းမာက က​လေးအထူးကုဆရာဝန်ပါ။ တယ်လီကျန်းမာရဲ့ စာတွေကို ဖတ်ထဲသူတွေထဲမှာ လူကြီး​တွေတင်မက ပရိသတ်ပိစိ​လေး​​​တွေလည်း ရှိမယ်လို့ ထင်ပါတယ်နော်။ ဒါ့​ကြောင့် အန်တီက သားသားတို့...

“ ကလေးသူငယ်များနဲ့ ချောင်းဆိုးပျောက်ဆေး” Children and Cough Relief (August,2023)

"ကလေးသူငယ်များနဲ့ ချောင်းဆိုးပျောက်ဆေး" ???? ကလေးသူငယ်များနဲ့ ချောင်းဆိုးခြင်း အသက်ရှူလမ်းကြောင်းကို ဒုက္ခပေးတဲ့ ဗိုင်းရပ်စ်တွေနဲ့ ထိတွေ့မှုနည်းနေသေးတဲ့အတွက် ကလေးများဟာ တစ်နှစ်ကို နှာစေးချောင်းဆိုး ၆ ကြိမ်ကနေ ၁၂ ကြိမ်လောက်အထိ ဖြစ်တတ်ကြပါတယ်။ တစ်ခါဖြစ်ရင်လည်း ၅ ရက်/တစ်ပတ်ကနေ နှစ်ပတ်လောက်အထိ ကြာနိုင်ပါတယ်။ အများစုက ဗိုင်းရပ်စ်ကြောင့်ဖြစ်ကြပြီး ဆေးသောက်စရာမလိုဘဲ ၅ ရက်/တစ်ပတ်လောက်မှာ အလိုလို...

တုပ်ကွေးကာကွယ်ဆေး Flu Vaccine(August,2023)

မိုးရာသီရောက်ပြီဆိုတာနဲ့ တုပ်ကွေးရာသီ စပြီဆိုတာ အားလုံး သိထားကြမှာပါ။ ဒါပေမယ့် တော်တော်များများ မေ့နေကြတာတစ်ခုက တုပ်ကွေးရောဂါဆိုတာ ကာကွယ်လို့ရတယ်၊ ကြိုတင်ကာကွယ်ဆေး ထိုးထားခြင်းအားဖြင့် ရောဂါမဖြစ်အောင်၊ ဆေးရုံတက်ရတဲ့အထိ မပြင်းထန်အောင် ခုခံကာကွယ်လို့ရတယ်ဆိုတဲ့ အချက်ပါပဲ။ ဒါကြောင့် တုပ်ကွေးကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ မေးခွန်းတချို့ကို အောက်မှာ ဖြေပေးထားပါတယ်။ .. .. ◼️တုပ်ကွေးကာကွယ်ဆေးဆိုတာ ဘာလဲ Influenza virus ကြောင့်ဖြစ်တဲ့...

သွေးလွန်တုပ်​ကွေး Dengue Fever (August,2023)

မိုးက​လေး​အေး​အေးနဲ့ အိပ်ရာထဲ​ကွေး​ပြီး Revo music ​က​နေ သီချင်း​လေး​တွေ နား​ထောင်​နေရတာ တကယ့်စည်းစိမ်ပဲ... "မိုး....ရွာမယ်ဆိုရင်​လေ...သည်းလိုက်စမ်းပါ့ကွယ် " ငယ်ကတည်းက သ​ဘောကျခဲ့တဲ့ မီမီဝင်း​ဖေသီချင်း​လေး။ ရွာပါ... မိုးတွင်းမှာ သူ့ဟာသူမိုးရွာတာ​က ကောင်း​ပေမယ့် ခြင်​တွေ​ပေါက်ဖွားတတ်ကြတာက​တော့ တကယ့်ပြဿနာပါ။ ​ခြင်​ကြောင့်ဖြစ်တဲ့ ​ရောဂါ​တွေထဲမှာ က​လေး​တွေကို ဒုက္ခအ​ပေးဆုံးက သွေးလွန်တုပ်​ကွေးပါ။ မြန်မာနိုင်ငံဟာ ​သွေးလွန်တုပ်​ကွေး အဖြစ်များတဲ့နိုင်ငံ​တွေထဲ ပါ​ပါတယ်။...

ကျောက်ကပ်တွင်ဖြစ်ပွားသော (Nephrotic Syndrome) လက္ခဏာစု

"ကျောက်ကပ်တွင်ဖြစ်ပွားသော (Nephrotic Syndrome) လက္ခဏာစု" Nephrotic Syndrome ဆိုတာ ကျောက်ကပ်တွေ ကောင်းစွာအလုပ်မလုပ်တဲ့အခါ ပေါ်လာတတ်တဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ ကျောက်ကပ်ရဲ့သွေးကြောငယ်တွေဟာ သွေးထဲက အညစ်အကြေးတွေနဲ့ ပိုနေတဲ့အရည်တွေကို ဖယ်ရှားစစ်ထုတ်ပေးပါတယ်။ အညစ်အကြေးနဲ့ အရည်တွေဟာ ဆီးအိမ်ကနေတစ်ဆင့် ခန္ဓာကိုယ်ပြင်ပကို ဆီးအဖြစ် စွန့်ထုတ်ပါတယ်။ ဒီလို စစ်ထုတ်ပေးတဲ့ ကျောက်ကပ်ရဲ့အစိတ်အပိုင်းတွေကို "glomeruli"...