MENU

See our latest stories

written by our lovely staff members

နာတာရှည်ချောင်းဆိုးခြင်း Chronic Cough (March, 2023)

“နာတာရှည်ချောင်းဆိုးခြင်း (chronic cough)” အရွယ်ရောက်ပြီးလူကြီးတွေမှာ ချောင်းဆိုးတာ (၈) ပတ်ထက်ကြာရင်၊ ကလေးတွေမှာ လေးပတ်ထက် ပိုကြာရင် နာတာရှည်ချောင်းဆိုးတာလို့ ခေါ်ပါတယ်။ နာတာရှည် ချောင်းဆိုးတာဟာ သာမန် အာဂနုမဟုတ်ဘဲ နောက်ကွယ်က အရေးကြီးတဲ့ရောဂါအခံ အကြောင်းအရင်းတစ်ခုခု ရှိနေတာကို ပြပါတယ်။....  နာတာရှည်ချောင်းဆိုးတာနဲ့ တွဲတတ်တဲ့ အခြား လက္ခဏာတွေ အထူးအရေးကြီးတဲ့ လက္ခဏာတွေကတော့… – ချောင်းဆိုး...

“သွေးဆုံးချိန် သွေးတိုးခြင်း” Menopause and High Blood Pressure (March, 2023)

“သွေးဆုံးချိန် သွေးတိုးခြင်း” သွေးတိုးခြင်း/ သွေးပေါင်ချိန်တက်ခြင်းဆိုတာ သွေးကြောထဲစီးဆင်းနေတဲ့ သွေးရဲ့ဖိအားမြင့်လာခြင်း ဖြစ်ပါတယ်။ သွေးဆုံးခြင်းဆိုတာကတော့ အမျိုးသမီးတွေမှာ လစဉ်ပုံမှန်ဖြစ်တဲ့ ဓမ္မတာရာသီစက်ဝန်း ရပ်ဆိုင်းသွားခြင်း ဖြစ်ပါတယ်။ အသက်အရွယ်ကြီးရင့်လာတဲ့အခါ “မ” ဟော်မုန်းဖြစ်တဲ့ estrogen နည်းသွားခြင်းကြောင့် ဖြစ်ရပါတယ်။ သွေးပေါင်ချိန်တက်တာရော သွေးဆုံးတာရောဟာ ရောဂါရယ်လို့ မဆိုသာပေမယ့် သူတို့ကြောင့် အခြားသောရောဂါများစွာ ဖြစ်နိုင်ခြေများပါတယ်။...

ခြေလက် သွေးကြောများတွင် ဖြစ်သော သွေးလည်ပတ်မှု မကောင်းခြင်း သို့ သွေးကြောဆိုင်ရာ ရောဂါ Peripheral Vascular Disease (February, 2023)

ခြေလက် သွေးကြောများတွင် ဖြစ်သော သွေးလည်ပတ်မှု မကောင်းခြင်း သို့ သွေးကြောဆိုင်ရာ ရောဂါ ( Peripheral Vascular Disease) နှလုံးနဲ့ ဝေးရာ သွေးကြောများဖြစ်တဲ့ ခြေထောက်၊ လက် တို့မှာ သွေးလည်ပတ်မှု မကောင်းတာဟာ သွေးလွှတ်ကြောမှာ အဆီတွေ စုပုံလာပြီး သွေးကြောပိတ်တာ (ဒါမှမဟုတ်)...

” သွေးတိုးလူနာများအတွက် နေထိုင်စားသောက်မှုပုံစံ “

" သွေးတိုးလူနာများအတွက် နေထိုင်စားသောက်မှုပုံစံ " သွေးတိုးရောဂါဟာ အရှင်းပျောက်အောင် ကုသ၍မရတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ဆရာဝန်ညွှန်ကြားထားတဲ့ နေထိုင်စားသောက်မှုပုံစံအတိုင်း လိုက်နာပြီး ဆေးသေချာသောက်ပါက သွေးတိုးရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်ပွားတာကနေ ကာကွယ်နိုင်ပါတယ် ။ . . သွေးတိုးရောဂါအတွက် နေထိုင်စားသောက်မှုပုံစံတွေကတော့… (၁) တစ်နေ့လျှင် မိနစ် ၃၀ ခန့် အချိန်ပေးပြီး ကိုယ်လက်လှုပ်ရှားမှု...

အဆုတ်ကျန်းမာစေဖို့ နည်းလမ်းကောင်းများ

ခန္ဓာကိုယ်ရဲ့အဓိကလုပ်ငန်းဆောင်တာတွေ လုပ်ဆောင်တာနဲ့ အသက်ရှင်ဖို့ရာမှာ အဆုတ်က အရေးကြီးတဲ့ကဏ္ဍက ပါဝင်တာကြောင့် အဆုတ် ကျန်းမာအောင် လုပ်ရမယ့်နည်းလမ်းတချို့ကို ပြောပြပေးပါမယ်။ . (၁) ဆေးလိပ်မသောက်ပါနဲ့။ ဆေးလိပ်သောက်တာက အဆုတ်ကင်ဆာနဲ့ နာတာရှည်အဆုတ်ရောဂါ စတာတွေကို ဖြစ်စေတဲ့ အဓိကအကြောင်းအရင်းဖြစ်ပါတယ်။ ဆေးလိပ်ငွေ့တွေက လေပြွန်လမ်းကြောင်းကို ကျဉ်းစေပြီး အသက်ရှူရခက်စေတာကြောင့် နာတာရှည်လေပြွန်ရောင်ရမ်းတာတွေကို ဖြစ်စေတဲ့အပြင် အချိန်ကြာလာတာနဲ့အမျှ အဆုတ်တစ်သျှူးတွေ...

အသည်းကွဲလို့ ရင်ကွဲနာကျလို့ သေနိုင်လား ?

အသည်းကွဲလို့ ရင်ကွဲနာကျလို့ သေနိုင်လား ? အသည်းကွဲဝေဒနာ ( Broken Heart Syndrome ) ဆိုတာ ဆေးပညာမှာ တကယ်ရှိပါတယ်။ ဒီ Broken Heart Syndrome ဆိုတာ ကိုယ်ချစ်ရတဲ့သူတစ်ယောက်ယောက် ဆုံးပါးတာ၊ ချစ်ရသူနဲ့ လမ်းခွဲရတာ စတဲ့ဝမ်းနည်းကြေကွဲဖွယ်ကောင်းတဲ့အဖြစ်အပျက်တွေကြောင့် ရင်ဘတ်အောင့်တာ၊ အသက်ရှူမဝတာ...

အဆုတ်ကင်ဆာ (Lung cancer)

အဆုတ်ကင်ဆာ (Lung cancer) အဆုတ်ကင်ဆာအကြောင်း.... အဆုတ်ကင်ဆာကို အင်္ဂလိပ်လို Lung cancer လို့ခေါ်သလို နောက်တစ်မျိုး bronchial carcinoma လို့လည်း ခေါ်ပါတယ်။ အနောက်နိုင်ငံတွေမှာ ကင်ဆာအားလုံးထဲမှာမှ အသေအပျောက်အများဆုံးက အဆုတ်ကင်ဆာကြောင့် ဖြစ်ပါတယ်။ သြစတေးလျနိုင်ငံမှာဆိုရင် ကင်ဆာကြောင့် သေဆုံးမှုများရဲ့ ၂၅ ရာခိုင်နှုန်းဟာ အဆုတ်ကင်ဆာကြောင့်ဖြစ်ပြီး အမျိုးသမီးထုကြီးမှာ...

သတိလစ်မေ့မြောခြင်း (Fainting / Syncope)

( ဆေးပညာအရ syncope ၊ အရပ်အခေါ် fainting )ဆိုတာဟာ ဦးနှောက်ကိုရောက်တဲ့ အောက်စီဂျင်ပမာဏ နည်းလို့ ရုတ်တရက်ခဏတာ သတိလစ်တာကိုပြောတာပါ။ ဒီလိုသတိလစ်တာဟာ စက္ကန့်ပိုင်းကနေ ၃ မိနစ်လောက်ထိပဲ ကြာတတ်ပါတယ်။ ( vasovagal attack ဒါမှမဟုတ် passing out လို့လည်း သုံးကြပါတယ် ) လူနာအများစုမှာ...