Cosmos

1085 POSTS
0 COMMENTS

ပျော်ရွှင်စေသောငိုသံလေးများ

ပျော်ရွှင်စေသောငိုသံလေးများ ခေါင်းစဉ်က တစ်မျိုးတော့ ဖြစ်နေနိုင်ပါသည်။ ငိုသံပါဆိုမှဖြင့် ဘယ်လိုပျော်ရွှင်စေပါလိမ့်။ ငိုကြွေးခြင်းကို ဝမ်းနည်းနာကျင်ရခြင်းဖြင့်သာ အများအားဖြင့် ဆက်စပ်မိကြသော်လည်း ဆေးရုံလုပ်ငန်းခွင်ရှိ ဆရာဝန်ဆရာမများအတွက်မူ ငိုသံလေးကြားရမှ ရင်အေးရသော၊ စိတ်ချမ်းသာရသော အခြေအနေများ အမှန်တကယ်ရှိပါသည်။ မီးဖွားခြင်းကိစ္စတွင် ရိုးရိုးဖြစ်စေ ခွဲသည်ဖြစ်စေ ကလေးငယ်၏ ငိုကြွေးသံမကြားမချင်း မွေးဖွားပေးသူအနေဖြင့် စိုးရိမ်ပူပန်ရမြဲဖြစ်သလို အသက်ရှူရပ်၊ နှလုံးခုန်ရပ်သွားသည့် ကလေးငယ်များအား...

အယူအဆအလွဲ (၂၃)

အလွဲ ❌ ညဘက်တွင် ခေါင်းလျှော်ပြီး ဆံပင်မခြောက်သွေ့သေးခင် ချက်ချင်း အိပ်ရာဝင်ပါက ဦးနှောက်ထိခိုက်ခြင်း၊ လေဖြတ်ခြင်း (သို့) အအေးမိခြင်းတို့ ဖြစ်စေနိုင်သည်။ အမှန် ✅ ဆံပင်မခြောက်သွေ့သေးခင် အိပ်ရာဝင်ခြင်းသည် ခေါင်းကိုက်ခြင်းကို ဖြစ်စေနိုင်သော်လည်း ဦးနှောက်ကို ထိခိုက်စေခြင်း သို့မဟုတ် ဖျားနာခြင်းကို တိုက်ရိုက်ဖြစ်စေခြင်း မရှိပါ။ ဆံပင်စိုနေချိန်တွင် ဦးရေပြားအပူချိန်...

မပေါ့သင့်တဲ့ အသည်းအဆီဖုံးခြင်း

အမေး။ အရက်သောက်သူတွေ သို့ ဘီပိုးစီပိုးရှိတဲ့သူတွေပဲ အသည်းကင်ဆာ ဖြစ်ကြတာလား။ အဖြေ။ အသည်းကိုထိခိုက်စေတဲ့ အရာတိုင်းက အသည်းကင်ဆာ ဖြစ်နိုင်ပါတယ်။ အသည်းခြောက်တဲ့သူတွေက ကင်ဆာပိုဖြစ်ကြပေမယ့် အသည်းမခြောက်လည်း ဖြစ်နိုင်ပါတယ်။ အသည်းကို ရေရှည်ထိခိုက်စေတာကတော့ အရက်၊ ဘီယာ၊ ယာမကာတွေ၊ ဘီပိုးစီပိုးတို့အပြင် အချိုရည်များလည်း ပါပါတယ်။ အသည်းအဆီဖုံးတာ ကြာရှည်လာပြီဆို အသည်းကို ထိခိုက်စေတာမို့...

နှာချေ၊ ချောင်းဆိုးလျှင် ဖုံးအုပ်ပါ (ဒီဇင်ဘာ၊ ၂၀၂၅)

နှာချေ၊ ချောင်းဆိုးလျှင် ဖုံးအုပ်ပါ မိမိနှင့် အခြားသူများအား နာမကျန်းဖြစ်စေနိုင်သည့် ရောဂါပိုးများ ကူးစက်ပြန့်ပွားမှုကို ရပ်တန့်ရန်- နှာချေ၊ ချောင်းဆိုးပါက မိမိ၏ ပါးစပ်နှင့် နှာခေါင်းကို တစ်သျှူးဖြင့် ဖုံးအုပ်ပါ။ သိုမဟုတ် လက်မောင်းဖြင့် ဖုံးအုပ်ပါ။ လက်ဖဝါးဖြင့် မဖုံးအုပ်ရ။ အသုံးပြုပြီးသော တစ်သျှူးကို အမှိက်ပုံးထဲသို စွန့်ပစ်ပါ။ လိုအပ်ပါက နှာခေါင်းစည်း တပ်သင့်လျှင် တပ်ရမည်။ နှာချေ၊ ချောင်းဆိုးပြီးပါက...

စောင့်ရတာကို ဘာလို မုန်းတာလဲ

⏳ စောင့်ရတာကို ဘာလို့ မုန်းတာလဲ တစ်သက်နဲ့တစ်ကိုယ် ဘယ်သူ့ကို၊ ဘာကိုမှ တစ်ခါမှ မစောင့်ဖူးတဲ့သူဆိုတာ တော်တော်ရှားပါးပါလိမ့်မယ်။ ဘတ်စ်ကား စောင့်ရတာ၊ ချိန်းထားတဲ့ သူငယ်ချင်းကို စောင့်ရတာ၊ အွန်လိုင်းက မှာထားတဲ့ ပစ္စည်းလေး ရောက်လာဖို့ စောင့်ရတာ… ဒါတွေဟယ ကျွန်မတို့ရဲ့နေ့စဉ်ဘဝမှာ အမြဲကြုံနေရတဲ့ ကိစ္စတွေပါ။ အဲဒီလို စောင့်နေရတဲ့အခါ သည်းမခံနိုင်တာ၊...

အယူအဆအလွဲ (၂၂)

အလွဲ ❌ နေ့စဉ်ခေါင်းလျှော်ခြင်းသည် ဦးရေပြားရှိ အဆီဓာတ် (Sebum) ကို ဖယ်ရှားလိုက်သောကြောင့် ဆံပင်ကိုခြောက်သွေ့စေပြီး ပျက်စီးစေကာ ပိုမိုကျွတ်စေသည်။ အမှန် ✅ ခေါင်းလျှော်သင့်သော အကြိမ်ရေသည် လူတစ်ဦးချင်းစီ၏ ဦးရေပြားအမျိုးအစား၊ ဆံပင်အမျိုးအစားနှင့် လူနေမှုပုံစံအပေါ်တွင် မူတည်ပါသည်။ ဆံပင်အမျိုးအစားများတွင် အဆီများသော ဦးရေပြား ရှိသူများ သို့မဟုတ် နေ့စဉ်...

သင့်စိတ်ကို ဂရုစိုက်ပါ။ (ဒီဇင်ဘာ၊ ၂၀၂၅)

သင့်စိတ်ကို ဂရုစိုက်ပါ။ သင့်ကိုယ်သင်နှင့် အခြားသူများကို ကြင်နာပါ။ အပြုသဘောဆောင်သော ခင်မင်ရင်းနှီးမှုများကို ဖန်တီးပါ။ ကျန်းမာရေးကောင်းမွန်စေသော အစားအစာများကို စားသုံးပါ။ သင့် စိတ်ခံစားချက်များကို ဖော်ထုတ်ပြသပါ။ အိမ်အပြင် ထွက်ပါ။ သင်၏ စိတ်ကျန်းမာရေးသည် အရေးကြီးပါသည်။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ Ref: doe. sd. gov

ထန်းလျက်နှင့် သကြားဓာတ်

ပြီးခဲ့တဲ့အပတ်က သကြားဖြတ်တဲ့အကြောင်းဆောင်းပါးမှာ ထန်းလျက်အကြောင်း အမေးများလို့ ပြောပြပါရစေ။ ထန်းလျက်ဆိုတဲ့ မြန်မာချောကလက်ဟာဖြင့် တို့မြန်မာတွေ မကြိုက်တဲ့သူ မရှိလောက်ပါနော်။ အာဟာရရှုထောင့်အရ စောင်းငဲ့ကြည့်မယ်ဆိုရင်တော့ ထန်းလျက်ဟာ သကြားဓာတ်ပါ။ ဘာတွေ ပါဝင်လဲဆိုရင် glucose နဲ့ အခြားသကြားဓာတ်တွေ ပါပါတယ်။ ဒါဖြင့်ရင် ထမင်းစားအပြီး ထန်းလျက်ခဲလေး စားလိုက်တယ်ဆို ရင်ချောင်သွားတယ်၊ အစာကြေသွားတယ်လို့ ခံစားရတာကရော။...