အမေး။ ကလေးငယ်စဉ် လသားအရွယ်ထဲက မုန်ညင်းဆီလိမ်းပြီး ခြေထောက်ဖြောင့်ပေးရင် ကလေးခြေထောက်မခွင်စေဖို့ အထောက်အကူပြုပါသလား။
အဖြေ။ ကလေးငယ်များ၏ ပေါင်ရင်း၊ တင်ပါးဆုံတို့သည် လသားအရွယ်တွင် ကောင်းစွာ မဖွံဖြိုးသေးပါ။ ထို့ကြောင့် ပက်လက်အနေအထားတွင် ခြေကားယား လက်ကားယား ဖားပြုတ်လေးကဲ့သို့ ပုံစံသည် ပုံမှန် ဖြစ်ပါသည်။ လုံးဝ မပြင်ရပါ။ ဖြောင့်ပေးတာမျိုး မလုပ်ရပါ။ တင်ပါးဆုံ ပုံပျက်နိုင်ပါသည်။
မုန်ညင်းဆီလူးပါက ချွေးပေါက်ပိတ်ခြင်း၊ အသားလောင်ခြင်းများ ဖြစ်နိုင်ပါသဖြင့် ရာသီဥတုအေးပြီး ကလေးခြေထောက်တွင် အသားပတ်မှသာ baby oil လိမ်းပါ။
ညင်သာစွာ အားမပါဘဲ ခြေဖဝါးကို နှိပ်ခြင်း၊ ကြွက်သားနေရာကို နှိပ်ခြင်း၊ စက်ဘီးစီးသည့် ပုံစံဖြင့်လသားလေး၏ ခြေထောက်ကို လှုပ်ရှားပေးခြင်းတို့ကိုမူ ပြုလုပ်နိုင်ပါသည်။
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.


