မေး။ ကလေးငယ်တွေကို အစားအသောက် ဝါးကျွေးသင့်လား 🤔
ဖြေ။ ကလေးငယ်တွေကို မိမိတို့ရဲ့ပါးစပ်နဲ့ဝါးပြီး ခွံ့ကျွေးတာဟာ အလွန်အန္တရာယ်များတဲ့ အပြုအမူတစ်ခုပါ။
အချို့မိဘဘိုးဘွားတွေက ကလေးတွေ အစာကြေလွယ်ဖို့ ဒါမှမဟုတ် အစာစားရန် လွယ်ကူစေဖို့လို့ ယူဆပြီး ဒီလိုဝါးကျွေးတတ်ကြပါတယ်။ ဒါဟာ ကျန်းမာရေးရှုထောင့်ကကြည့်ရင် လုံးဝ လုံးဝ ရှောင်ရှားသင့်တဲ့ အလေ့အကျင့်တစ်ခုပဲ ဖြစ်ပါတယ်။
…
…
မေး။ ဘာကြောင့် ဝါးမကျွေးသင့်တာလဲ 😬
ဖြေ။ 📍ရောဂါပိုး ကူးစက်ခြင်း- လူကြီးတွေရဲ့ပါးစပ်ထဲမှာ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ မှို စတဲ့ရောဂါပိုးမွှားများစွာ ရှိနေနိုင်ပါတယ်။
ဒီရောဂါပိုးတွေဟာ အစာဝါးကျွေးခြင်းကြောင့် ကိုယ်ခံအားစနစ် မပြည့်ဝသေးတဲ့ ကလေးငယ်ရဲ့ခန္ဓာကိုယ်ထဲသို့ အလွယ်တကူ ဝင်ရောက်ကူးစက်နိုင်ပါတယ်။
ဥပမာအားဖြင့် သွားပိုးစားစေသော ဘက်တီးရီးယား (Streptococcus mutans) တွေဟာ ကလေးငယ်တွေရဲ့သွားကို ပျက်စီးစေနိုင်ပါတယ်။ ဒါ့အပြင် အသည်းရောင်အသားဝါဘီပိုး၊ တုပ်ကွေး၊ အအေးမိခြင်း၊ လည်ချောင်းနာခြင်းနဲ့ အစာအိမ်ရောဂါဖြစ်စေသော ပိုးများလည်း ကူးစက်နိုင်ပါသေးတယ်။
.
📍သန့်ရှင်းမှု ကင်းမဲ့ခြင်း- မိမိတို့ရဲ့ ပါးစပ်၊ ခံတွင်းဟာ မည်မျှပင် သန့်ရှင်းသည်ဆိုစေကာမူ အစာနဲ့ ရောနှောလိုက်တဲ့အခါ သန့်ရှင်းမှု အားနည်းသွားကြပါတယ်။ မျက်စိနဲ့မမြင်နိုင်တဲ့ ပိုးတွေဟာလည်း သွားကြားနဲ့ လျှာတို့မှာ ကပ်ငြိနေနိုင်ပါတယ်။
.
📍အာဟာရဓာတ် လျော့နည်းခြင်း- အစားအစာကို လူကြီးက ဝါးပေးလိုက်ခြင်းဖြင့် အစားအစာထဲမှာရှိနေတဲ့ လိုအပ်တဲ့အာဟာရဓာတ်တွေ လျော့နည်းသွားနိုင်ပါတယ်။
ဒါကြောင့်
ကလေးငယ်တွေအတွက် အစာကို ပြင်ဆင်တဲ့အခါ သန့်ရှင်းမှုကို အထူးဂရုပြုဖို့ လိုအပ်ပါသည်။ အစားအသောက်တွေကို သေချာချက်ပြုတ်ပြီး အသက်အရွယ်အလိုက် သင့်တော်တဲ့အနေအထား (ဥပမာ- နူးညံ့အောင် ချေခြင်း၊ အတုံးသေးသေးလေးများ လှီးခြင်း) ဖြင့် ကျွေးမွေးသင့်ပါတယ်။
ကလေးငယ်တွေအတွက် လုံလောက်တဲ့ အာဟာရ ပြည့်ဝဖို့ဟာ လွန်စွာအရေးကြီးတဲ့အတွက် အုပ်ထိန်းသူများအနေနဲ့ ကလေးငယ်တွေရဲ့ ကျန်းမာရေးကို ရှေးရှုပြီး အစားအသောက်ကို ကိုယ်တိုင် ဝါးမကျွေးဘဲ သင့်လျော်သော နည်းလမ်းများဖြင့် ပြင်ဆင်ပေးခြင်းဟာ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်….။
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.