MENU

Childhood Obesity(ကလေး အဝလွန်ခြင်း) (December, 2022)

ကျွန်မတို့ရဲ့ ကလေး ဝတုတ်လေးများ

ကလေး ဝဝကစ်ကစ်လေးတွေဆို ကျွန်မတို့ လူကြီးတွေ သိပ်ချစ်ကြတာ။ ကလေးဝတုတ်လေးတွေဆို ချစ်ကြလွန်လို့ လုံးလုံး / ဆူမို / ဖောင်းဖောင်း လို့တောင် အိမ်နာမည်လေးတွေပေးကြတာနော်
( ဒီလိုနာမည်ကလေးတိုင်း ဝတယ်မဆိုလိုပါဘူးနော်)

တကယ်တော့ ကလေး အဝလွန်ခြင်း (Childhood Obesity) ဟာ ရောဂါတခုပါ။

၅နှစ်ကျော်ကနေ ၁၂ကြားအတွေ့ရများပါတယ်

ကိုယ်ကလေး (သို့) ကိုယ်ဘေးနားက တူ တူမလေးတွေ အသိကလေးတွေ အဝလွန်ခြင်းဖြစ်မဖြစ် ကွန်မန့့်ကပုံမှာပြထားတဲ့အတိုင်း BMIနဲ့ ဆန်းစစ်ကြည့်လို့ရပါတယ်

အခုဆို ကလေးအဝလွန်ခြင်းက မြန်မာပြည်မှာပါ အတွေ့များလာရပါတယ်

ကလေးအဝလွန်ခြင်း ပြဿနာက လူကြီးအဝလွန်ခြင်းနဲ့ ကိုင်တွယ်ရမယ့်နည်းလမ်းအများစု တူကြပေမယ့် ကလေးကိုကျ အုပ်ထိန်းသူက သေချာလမ်းပြပေးဖို့လိုပါတယ်

????‍♀️ ဘာကြောင့် ကလေးအဝလွန်ကြသလဲ ?

(၁) မျိုးရိုးဇီဗ (မိဘ တစ်ယောက်ယောက်က အဝလွန်ခြင်း)

(၂) ဟော်မုန်းပြဿနာ ( သိုင်းရွိုက် Hormone နည်းခြင်း)

(၃) ရောဂါအခံတစ်ခုခုရှိခြင်း နှင့် ရောဂါကြောင့်ဆေးသောက်နေရခြင်း ( Steriod / အတက်ကျဆေး)

ဒီအချက်တွေထက် အဓိကကျပြီး မိဘတွေ ဂရုစိုက် ဆင်ခြင်ပေးသင့်တဲ့အချက်ကတော့

(၄) အစားအသောက် Diet

အစားအသောက်ကို အိမ်မှာပြင်ဆင်မချက်ပြုတ်ပေးနိုင်တဲ့အခါ အပြင်စာ/ အသင့်စား အစားသောက်/ Snack / အချိုများသောမုန့် / အချိုရည်/ ဆိုဒါပါ အအေးတွေ ကလေးတွေ ကျွေးမိခြင်း

ကလေးကြိုက်တဲ့ ကယ်လိုရီများတဲ့ အစားသောက်တွေ (ချောကလတ် / ပီဇာ) များ လိုသည်ထက်ပိုကျွေးမိခြင်း

အချိန်မရလို့ ကလေးကို အစားအသောက် အချိန်မှန်မကျွေးမိခြင်း

(၅) ကလေးကို ပုံမှန်ထက် TV / Tablets / ဖုန်း အချိန်ကြာမြင့်စွာ ပေးဆော့ခြင်း / ကလေးကို တစ်ယောက်ထဲ အဖော်မဲ့ အိမ်တွင်းထားခြင်း

ဒီအချက်ဟာ အဝလွန်ခြင်းသာမက ကလေးရဲ့စိတ်ပိုင်းဆိုင်ရာပြသာနာပါ ဖြစ်စေပါတယ်

ကလေးတစ်ယောက်က TV / ဖုန်း အသုံးများလာတဲ့ချိန် အစားအသောက် သတိမထားမိဘဲ အလွန်ကြူးစားမိခြင်း ၊ လှုပ်လှုပ်ရှားရှား ဆော့ကစားခြင်း အပေါင်းအသင်းတူတူနေခြင်းမျိုးမရှိတော့ဘဲ တစ်ယောက်ထဲနေတက်လာခြင်း ဖြစ်စေပါတယ်

အထီးကျန်ခြင်းဟာ စိတ်ဖိစီးမှု စိတ်ဓာတ်ကျခြင်းဖြစ်စေပါတယ်

(၆) နောက်ထပ်အရေးကြီးဆုံးက ကလေးတစ်ယောက်အိပ်ချိန်ကို အနည်းဆုံး ၈-၁၀ နာရီ ရအောင်အိပ်ခိုင်းပါ

ကလေးတယောက်အဝလွန်လာပြီးဆို လူကြီးတွေလိုပဲ အမောမခံနိုင်တာ ၊အိပ်ရင်ဟောက်လာတာ ၊ဆီးချို သွေးတိုး အစရှိသော ရောဂါတွေ ခံစားရတဲ့အပြင် မိန်းကလေးဆို အပျိုဝင်စောတာ ယောင်္ကျားလေးဆို လူပျိုဖြစ်နောက်ကျခြင်း စတဲ့ဆိုးကျိုးတွေအပြင် ကျောင်းနေအရွယ်မှာ ခွဲခြားဆက်ဆံခံရခြင်း ၊စနောက်ခံရခြင်း စသောလူမှုရေးပြသာနာတွေကြုံတွေ့နိုင်ရပါတယ်

❤️ ဒါကြောင့် မေမေတို့ ဖေဖေတို့အနေနဲ့ ကိုယ့်ကလေးကို အချိန်မှန် အစားအသောက်ကျွေးပေးပါ

အစားအသောက်ရွေးချယ်ရာမှာလည်း ငယ်စဉ်ထဲက Healthy food ရွေးချယ်တက်အောင် သေချာအိမ်မှာ ပြင်ဆင်ပေးပါ ၊အစာအုပ်စုမျှတအောင်ကျွေးပါ အသီးအရွက်စားတတ်အောင်သင်ကြားပေးပါ ၊အချိုသရေစာမုန့်များကို ကန့်သတ်ကျွေးပါ

မိမိကလေးကို ပိုမိုအချိန်ပေးပြီး တူတူကစားပေးတာမျိုး ၊ကလေးအတွက် လုံခြုံပြီး ပြေးလွှားကစားရမယ့်နေရာပို့ပေးခြင်း (သို့) တူတူ လမ်းလျှောက်တာမျိုး စတဲ့ကိုယ်လက်လှုပ်ရှားမှုမျိုး ငယ်စဉ်ထဲက အလေ့အကျင့်လုပ်ပေးပါလို့ ​အကြံပေးပါရစေ

ကလေးများအားလုံးအပြင် လူကြီး မိဘအကုန် ဒီ Post လေးဖတ်ပြီး အဝလွန်ခြင်းမှကင်းဝေးပြီး ကျန်းမာ ပျော်ရွှင်ကြပါစေရှင်….

Reference ????
https://www. endocrineweb .com/conditions/childhood-obesity

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#obesity#childhoodobesity#ကလေးအဝလွန်ခြင်း

Ministry of Health,

National Unity Government.

Published on: 15 December 2022
Last Updated: 15 December 2022

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

‎တစ်ယောက်တည်း စကားပြောတတ်တဲ့အကျင့်

‎တစ်ယောက်တည်း စကားပြောတတ်တဲ့အကျင့်က စိတ်ရောဂါလား…။‎‎"ဟင်… ဒီဟာက ဘယ်မှာထားမိလိုက်တာလဲ"‎"ကဲ… အခု ဒီဖိုင်ကို အရင်ပို့မယ်၊ ပြီးရင် ဟိုဘက်ကို ဖုန်းဆက်မယ်"‎"အေး… ငါလုပ်နိုင်တယ်၊ စိတ်မပူနဲ့"‎‎တစ်ယောက်တည်းရှိနေချိန် ဒါမှမဟုတ် အလုပ်လုပ်နေချိန်မှာ အပေါ်မှာ ရေးပြထားသလိုမျိုး ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်း ရေရွတ်နေမိတယ်။ အဲဒီအခါမှာ "ငါ့စိတ်က ပုံမှန်များ မဟုတ်တော့တာလား"...

လေ့ကျင့်ခန်း အညွှန်း Exercise Prescription

‎ဆေးစာရွက်ပေါ်မှာ ဆေးနာမည် မဟုတ်ဘဲ "တစ်ပတ် ၅ ရက်၊ တစ်ရက်ကို ၃၀ မိနစ် လမ်းလျှောက်ပါ" လို့ ရေးထားတာကို မြင်ဖူးကြပါရဲ့လား။‎‎တကယ်ရှိပါတယ်။ အဲဒါကို “ဆေးညွှန်း” မဟုတ်ဘဲ Exercise Prescription (လေ့ကျင့်ခန်း အညွှန်း) လို့ ခေါ်ပါတယ်။‎‎အရာရာ မလုံခြုံတဲ့၊ ခုလို...

‎အမူအယာ တုပမိခြင်း (သို့မဟုတ်) Echopraxia

‎လူသားတစ်ဦး၏ လှုပ်ရှားမှုများနှင့် အမူအရာများသည် ပုံမှန်အားဖြင့် မိမိ၏ စိတ်ဆန္ဒနှင့် ဦးနှောက်၏ အမိန့်ပေးမှုပေါ်တွင် အခြေခံပါသည်။ သို့သော် တစ်ခါတစ်ရံတွင် ကျွန်ုပ်တို့၏ ခန္ဓာကိုယ်သည် မိမိ၏ အလိုကို မလိုက်ဘဲ ရှေ့တွင် မြင်တွေ့နေရသောသူ၏ လှုပ်ရှားမှုများကို အလိုအလျောက် လိုက်လံတုပမိပြီး ချက်ချင်းလုပ်ဆောင်တတ်ပါသည်။ ဤကဲ့သို့ ထိန်းချုပ်မရသော...

စိတ်စွဲလမ်းလွန်ခြင်းနှင့် မလုပ်ရမနေနိုင်သောဝေဒနာ OCD

‎"ငါက OCD (စိတ်စွဲလမ်းလွန်ခြင်းနှင့် မလုပ်ရမနေနိုင်သောဝေဒနာ) ဖြစ်နေပြီလား"‎‎အိပ်ရာဝင်ခါနီးမှ "မီးပိတ်ခဲ့ရဲ့လား"၊ "တံခါးသော့ခတ်ခဲ့ရဲ့လား" ဆိုပြီး ပြန်စစ်မိတာမျိုး၊ လှေကားတက်တဲ့အခါ တစ်ထစ်ချင်း ရေတွက်နေမိတာမျိုး၊ အခန်းထဲက ပစ္စည်းတစ်ခုခု နေရာမကျနေရင် သည်းမခံနိုင်ဘဲ ပြန်စီမိနေတာမျိုးတွေ ဖြစ်ဖူးကြတယ်မလား။ ဒါတွေဟာ လူတိုင်းနီးပါး ကြုံဖူးတဲ့ သာမန်အလေ့အထပါပဲ။‎ဒါပေမယ့် ဒီလိုအလေ့အကျင့်ဖြစ်ဖူးရုံနဲ့ "ငါတော့...